Contenu connexe
Similaire à Statement (20)
Statement
- 1. နေ့စွဲ ၁၁.၈.၀၉
စာအမှတ် ၃/၂၀၀၉
မြန်မာနိုင်ငံသူ နိုင်ငံသား တိုင်းရင်းသား ပြည်သူများ ခင်ဗျား………
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နအဖ အာဏာပိုင်များက မတရားအမှုစင် ဖမ်းဆီး၍
သြဂုတ်လ (၁၁)ရက် ၂၀၀၉ ခုနှစ်တွင် အင်းစိန်ထောင်တွင်း အထူးတရားရုံှး၌ နှစ်ရှည်ထောင်ဒဏ်ချမှတ်လိုက်ခြင်းကို
ကျွန်ုပ်တို့ Generation Wave (မျိုးဆက်သစ် လူငယ်များ အစည်းအရုံး ) မှ ပြင်းပြင်းထန်ထန် ကန့်ကွက်
ရှုတ်ချလိုက်ပါကြောင်း ကြေငြာအပ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည် သည် ကျွန်ုပ်တို့ မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်
အနာဂတ်ဒီမိုကရေစီရေးအတွက် အဓိက အခန်းကဏ္ဍမှ ပါ ၀င်ဆောင်ရွက်ရန် မရှိမဖြစ်လိုအပ်သော
အရေးပါသူတစ်ဦးဖြစ်သည်မှာ မြန်မာနိုင်ငံသူ နိုင်ငံသား တိုင်းရင်းသားပြည်သူများသာမက ကမ္ဘာ့ပြည်သူများပါ
အသိပင်ဖြစ်ပေသည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ယခင်က မတရားချမှတ်ထားသော
နေအိမ်အကျယ်ချူပ်သက်တမ်းမှာလည်း ကုန်ဆုံးကျော်လွန်ခဲ့ပြီဖြစ်သည်။
ယင်းသို့သောအခြေအနေများတွင် ယခုကဲ့သို့ထပ်မံဖမ်း ဆီးထောင်ချလိုက်ခြင်းသည် နအဖ
စစ်အာဏာရှင်များအနေဖြင့် မြန်မာနိုင်ငံ၏ အနာဂတ်နိုင်ငံရေး လုပ်ငန်းစဉ်များကို
တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ဆန္ဒများနှင့် ဆန့်ကျင်စွာ မိမိတို့စိတ်ကြိုက် တစ်ဖက်သတ်ပုံဖော်သွားမည်ဟူသည့်
သဘောသက်ရောက်ပေသည်။
ထို့ကြောင့် နအဖ အာဏာပိုင်များအနေဖြင့် တိုင်းရင်းသားပြည်သူများနှင့် နိုင်ငံတကာမိသားစုများ၏ သဘောထား
ဆန္ဒများကို လေးစားအသိအမှတ် ပြုကာ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံးကို အမြန်ဆုံး
ချွင်းချက် မရှိပြန်လွှတ်ပေးပြီး မြန်မာနိုင်ငံ၏ အနာဂတ်နိုင်ငံရေးလုပ်ငန်းစဉ်များကို တရားန ည်းလမ်းကျစွာ
လက်တွဲဆောင်ရွက်သွားရန် ကျွန်ုပ်တို့ Generation Wave ( မျိုးဆက်သစ် လူငယ်များ အစည်းအရုံး ) မှ အလေးအနက်
တိုက်တွန်းတောင်းဆိုလိုက်သည်။
တိုင်းရင်းသားပြည်သူများ၏ သဘောထားဆန္ဒများ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ၏ တိုက်တွန်းတောင်းဆိုမှုများကို
လျစ်လျူရှုပြီး ယခုကဲ့ သို့ မတရားဖိနှိပ်မှုများကို ဆက်လက်ကျူးလွန်သွားမည်ဆိုပါက ဖြစ်ပေါ်လာနိုင်သည့်
အကျိုးဆက်များအားလုံးမှာ နအဖ အာဏာရှင်များ၏ တာဝန်သာဖြစ်ပေသည်။
ကျွန်ုပ်တို့ Generation Wave (မျိုးဆက်သစ် လူငယ်များ အစည်းအရုံး )အနေဖြင့်လည်း
တိုင်းရင်းသားပြည်သူများ၊ မြန်မာ့ဒီမိုကရေစီေ ရးအင်အားစုများနှင့်အတူ လက်တွဲရပ်တည်ကာ နအဖ အာဏာပိုင်များ၏
တစ်ဖက်သတ် လုပ်ရပ်များကို အရှိန်တိုးမြှင့် ဆန့်ကျင် လှုပ်ရှားသွားမည်ဖြစ်ပြီး ပြည်သူတစ်ရပ်လုံးမှလည်း
ပူးပေါင်းပါဝင်ကြပါရန် အသိပေးကြေငြာအပ်ပါသည်။
Generation Wave
www.generation-wave.blogspot.com