17. ကိုထူးဆန်းမှတ်တမ်းများ Page: 17
”အဲဒီစာသားက ဒီပုဂ္ဂိုလ်ကြီးကို တိုက်ရိုက်ထိမှန်တော့တာပဲ ဗျို့ ။ ဘာကြောင့်လဲဆိုတော့ သူဟာ လက်မထပ်ပဲ
မိန်းမ ယူဘူးတယ်ဗျ။ မတရားသောမေထုန်ပေါ့ အစ်ကိုရာ။ အမှောင်ထဲမှာလည်း ကျင်လည် ခဲ့ဘူးတယ်။
ဒီစာကြောင်းလေးကို ဖတ်လိုက်တာနဲ့ သတိတရားနဲ့ အလင်းကို ချက်ချင်းရသွားတော့တာပဲ။ အဲဒီ နောက်ပိုင်းမှာ
ခရစ်ယာန်တစ်ယောက် ဖြစ်သွားပြီး ကြီးကြီးကျယ်ကျယ်ဖြစ်သွားလိုက်တာ ခုထက်ထိ လူသိနေသေးတဲ့
နာမည်ကျော် ဘုန်းကြီး တစ်ပါး ဖြစ်သွားတာပေါ့ဗျာ။ အစ်ကို သိအောင်လို့သာ သူ့ အကြောင်းကို ပြောပြတာပါ။
ကျွန်တော်ပြောချင်တာက သူ့အကြောင်းမဟုတ်ဘူး။ သူရဲ့ ကျမ်းစာ ဖတ်နည်း အကြောင်းပဲ။ သူက
ဘာပြောသလဲဆိုတော့ ကျမ်းစာဟာ ယုံကြည်မှုနဲ့သာ ဆိုင်တဲ့ အရာဖြစ်တယ်။ ဒါကြောင့်
အချက်အလက်တွေဟာ မှန်တယ်၊မှားတယ်ဆိုတာက အရေးမကြီးဘူး။ အရေးကြီးတာက ဘုရားက
ကျွန်တော်တို့ လူသားတွေကို ကယ်တင်ခြင်းအကြောင်းကိုသာ သိစေချင်တဲ့ အချက်ပဲ။ ဒီအချက်နဲ့ ပတ်သက်ပြီး
သူအင်္ဂလိပ်နဲ့ ရေးထားတဲ့ အချက်ကို ကျွန်တော်ပြမယ်။”
ကိုထူးဆန်းသည် ရုတ်တရက် ထရပ်လိုက်ပြီး ၄င်း၏ စာအုပ်ဗီရိုများဆီသို့ သွားကာ စာအုပ်တအုပ်ကို
ထုတ်ယူလိုက်လေသည်။ စာအုပ်မှာ St.Augustine ၏ de genesi ad litteram ဖြစ်ပေသည်။ ကိုထူဆန်းသည်
စာအုပ်ကို လှန်လှောရှာဖွေလိုက်ပြီး အောက်ပါ အင်္ဂလိပ်ဘာသာဖြင့် စာပိုဒ်ကို ပြလေသည်။
With the scriptures it is a matter of treating about the faith. For that reason, as I have noted
repeatedly, if anyone, not understanding the mode of divine eloquence, should find something
about these matters [about the physical universe] in our books, or hear of the same from those
books, of such a kind that it seems to be at variance with the perceptions of his own rational
faculties, let him believe that these other things are in no way necessary to the admonitions or
accounts or predictions of the scriptures. In short, it must be said that our authors knew the
truth about the nature of the skies, but it was not the intention of the Spirit of God, who spoke
through them, to teach men anything that would not be of use to them for their salvation.
– De Genesi ad literam, 2:9
"ဒီလို အင်္ဂလိုဖတ်လိုက်တော့ အစ်ကို ပိုနားလည် သွားမယ်လို့ ထင်တယ်”
”အင်း အခုမှပဲ သဘောပေါက်တော့တယ် ငါညီ။ အစ်ကို ငါ့ညီဆီ အလည် မလာခင်တုန်းက ဗဟုသုတ
သက်သက်အတွက်ပဲ လာခဲ့တာပါ။ အခုတော့ ၀ိညာဉ် ခွန်အားပါ အများကြီးရတယ်။ ငါ့ညီနဲ့ စကားပြောရ တာ
တစ်ခေါက်ဆို တစ်ခေါက်အတိုင်း တန်ဖိုး ရှိလှပါပေတယ်။ မောင်မင်းကြီးသားကို ဘုရား ဆထက်တန်ဖိုး
ကောင်းချီးပေးပါစေ”
ကိုထူးဆန်းသည် စာရေးသူ၏ ရင်ထဲမှ လာသော ဆုတောင်းကောင်းချီးပေးခြင်းကို ငြိမ်သက်စွာ ခံယူလေသည်။
တဒင်္ဂမျှ တိတ်ဆိတ်မှုသည် လွှမ်းမိုးသွားတော့သည်။ ထိုအခိုက်မှာပင် စာရေးသူ၏ လက်ကိုင်ဖုန်းသည်
တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ ဇနီးသည်ထံမှ ဖြစ်ပြီး အကြောင်းမကြားဘာမကြား ပျောက်နေသောကြောင့်
ဆူပူခြင်းအမှုကို ပြုလေသောကြောင့် သည်းခံကာ နားထောင်ရလေသည်။ ပြီးမှ အိမ်သို့ ပြန်လာရန် ရာဇသံ
ပေးတော့လေရာ အရေးကောင်းချိန်မှ ဒိန်းဒေါင်း ဖျက်ချေပြီ။ ကိုထူးဆန်းသည် ကျွန်ုပ် နှင့် ဇနီးသည်တို့ အချီအချ
ပြောနေသည်ကို နားထောင်ပြီး