SlideShare une entreprise Scribd logo
1  sur  29
Télécharger pour lire hors ligne
Page 1 of 29
Global Myanmar Youth Conference
သက်သေခံချက်များ၊ တရားဒေသနာ၊ ကျမ်းစာလေ့လာခြင်းများကို GMYC ဖေ့ဘုတ်၊ ၀က်ဆိုဒ် တွေမှာ
ကြည့်ရှု၊ နားဆင်ပါ။ 2-7 May, 2017 ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တတိယအကြိမ် ပြုလုပ်ပြီးစီးခဲ့ပါတယ်။
ပါဝင်သူအားလုံးနဲ့ ဆိုရှယ်မီဒီယာမှာ ကြည့်ရှုခွန်အားယူသူများလည်း မိမိရောက်ရာအရပ်ဒေသမှာ
ခရစ်ယန်အသက်တာ အလင်း၊ ဆား ကဲ့သို့ ဘုရားသခင်ဘုန်းတော်ထင်ရှားပါတယ်။ ဘုရားသခင်ရဲ့
ချစ်ခြင်းမေတ္တာနဲ့သနားခြင်းဂရုဏာရရှိပါမယ်။ ထာဝရဘုရားသည် ငါ၏ကျောက်၊ ငါ၏မြို့ရိုး၊
ငါ့ကိုကယ်လွှတ်သောသခင်၊ ငါ၏ဘုရား၊ ငါကိုးစားသော အစွမ်းသတ္တိ၊ ငါ့ကိုကွယ်ကာ၊
ငါ့ကိုကယ်တင်သောဦးချို၊ ငါ၏ ရဲတိုက်ဖြစ်တော်မူ၏။ (ဆာ ၁၈)။
.
https://www.facebook.com/pg/gmyconference (ဆိုရှယ်မီဒိယာ)
http://ww7.gmycmyanmar.com (စပွန်စာများ)
Page 2 of 29
Global Myanmar Youth Conference added 2 new photos.
May 3 at 10:21pm ·
မိသားစုတွင်း ပြင်းစွာနှောက်ယှက်ခြင်းခံစားရသော အဆိုတော်နှင့် အမှုတော်ဆောင် ဂျပန်ဆရာ သက်သေခံချက်
၂၊၅၊၂၀၁၇
ရိုသေလေးစားချစ်ခင်ရပါသော ဆရာ David Lah!
ယေရှုနာမတော်ကိုရှေးဦးစွာချီးမွမ်းလိုပါတယ်။ အခုလို GMYC ချင်းမိုင်ပွဲတော်ကိုပါဝင်နိုင်အောင်
ဖိတ်ခေါ်ကြိုဆိုပေးတဲ့ဆရာ့ကို အထူးကျေးဇူးတင်ပါတယ်။ အမြဲတမ်းလိုလို ကျွန်တော်တို့သတိရ ဆုတောင်းပေးတဲ့
ဆရာ့ကိုအထူးကျေးဇူးတင်ပါတယ်။ ဒီပွဲတော်ကို ကျွန်တော်တို့မိသားစု ၄ ယောက် လုံးပါဝင်ဖို့
အစီအစဉ်ကိုပြုလုပ်ထားပါတယ်။ သို့ပေမဲ့ အခုလိုပဲ ကျွန်တော်အမျိုးသမီးနဲ့သားကို ခေါ်မလာနိုင်ခဲ့တဲ့အတွက်
စိတ်မကောင်းဝမ်းနည်းမိပါတယ်။ ဘာဖြစ်လို့ အဲလိုဖြစ်ခဲ့ရတဲ့အကြောင်းအရာကို ရှင်းပြချင်ပါတယ်။
Page 3 of 29
လွန်ခဲ့တဲ့ မတ်လထဲမှာ ကျွန်တော့်ရဲ့ အမျိုးသမီးဟာ အိမ်တွင်းပြဿနာဖြစ်တဲ့ ငွေရေးနဲ့ ကလေးငယ်ပြုစုတဲ့အရာမှာ
အဆင်မပြေ၊ ပြင်းစွာစိတ်ရှုပ်ထွေးဖိစီးမှုနဲ့ မိမိကိုယ်ကို သတ်သေဖို့လုပ်မိခဲ့ပါတယ်၊ များစွာသော
အိပ်ဆေးကိုသောက်လိုက်မိတဲ့အပြင် ကလေအငယ်ကို မထားခဲ့ချင်တဲ့စိတ်နဲ့ ကလေးအငယ်လေးကိုပါ
အိပ်ဆေးကိုတိုက်လိုက်မိပါတယ်။ ကလေးက ပြင်းထန်စွာ မအီမသာဖြစ်ပြီး အန်ချလိုက်တဲ့အတွက်
သောက်ထားတဲ့ဆေးအားလုံးအန်ချလိုက်နိုင်ခဲ့လို့ အသက်ကယ်နိုင်ခဲ့ပါတယ်။ အမျိုးသမီးကျတော့ ၂
ရက်လုံးလုံးအိပ်ပျော်သွားခဲ့ပါတယ်၊ အသက်အန္တရာယ်ကတော့မရှိခဲ့ပါဘူး။
ဒီလိုဖြစ်သွားခဲ့ရတဲ့အကြောင်းရင်းကိုအမျိုးသမီးကိုပဲ အပြစ်တင်လို့လဲမရခဲ့ပါဘူး။ အိမ်ထောင်ရေး၊
အိမ်တွင်းရေးအမှုအတွက် ကူညီရိုင်းပင်းမှုအားနည်းခဲ့တဲ့အရာ၊ ဆုတောင်းမှုမှာအားနည်းခဲ့လို့ဖြစ်ပါတယ်။
အဲဒီအတွက် ကျွန်တော်ကော သမီးပါနောင်တရစွာဖြင့် ကိုယ်တော်ကိုဝန်ချတောင်းပန်ဆုတောင်း နေခဲ့ရပါတယ်။
အခုလိုဖြစ်သွားရခြင်းကြောင့် ကျွန်တော့်အမျိုးသမီးဟာ အစိုးရဥပဒေရဲ့အရေးယူမှုနဲ့ မြို့နယ်ကောင်စီရုံးမှ
စစ်ဆေးမေးမြန်းမှုကိုခံနေရပါတယ်။ သားဆိုရင်လည်းပဲ လူမှုဝန်ထမ်းအဖွဲ့အစည်းရဲ့ ကလေးထိန်းဌာနမှာ
ခေါ်ထားခြင်းခံနေရဆဲပါ။ အမျိုးသမီးရဲ့အခြေအနေက ပြန်လည်ကောင်းမွန်လာပြီး စစ်ဆေးမေးမြန်းပြီးမှသာ
ကလေးကိုပြန်လည်အပ်နှံမည်ဆိုတော့ အခြေအနေဖြစ်ပါတယ်။ ကလေးကအိမ်ကို ပြန်လာနိုင်ဖို့
နောက်ထလအနည်းငယ်ကြာပါအုံးမယ်လို့ ထင်ပါတယ်။
နောက်ထပ်သတင်းတစ်ခုကတော့ မတ်လ ၁၉ ရက်မှာ ကျွန်တော်တို့ရဲ့ အသင်းတော်အသစ်တစ်ခု
စတင်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ အဲဒီအသင်းတော်အသစ်က ကျွန်တော်ဦးဆောင်တဲ့ အသင်းတော်ပါ။ အမျိုးသမီးရဲ့
ပြုမှားသွားခဲ့တဲ့ပြဿနာဟာဆိုရင် အသင်းတော်အသစ်စဖွင့်ရန်ပြင်ဆင်နေဆဲမှာဖြစ်သွား ခဲ့တဲ့ပြဿနာဖြစ်ပါတယ်။
အဲဒီအတွက် ဆရာကို အကူအညီတောင်းချင်ပါတယ်။ ကျွန်တော်တို့မိသားစုအတွက်
ဆုတောင်းပြီးကူညီပေးစေချင်တယ်။ စာတန်က ကြီးစွာနှောက်ယှက်ဖျက်ဆီးဖို့လုပ်နေပါတယ်။ ကျွန်တော်တို့ရဲ့
လုပ်ရပ်အားလုံးကို နှောက်ယှက်ဖို့ကြံစည်နေပါတယ်။ ဒီလိုပြဿနာကြားထဲမှာ အခုလို
ဒီနေရာကိုလာရောက်နိုင်ခြင်းဟာ ဘုရားသခင်ရဲ့ကြီးစွာသော အကြံအစည်တခုပဲလို့ ယုံကြည်ပါတယ်။
ဒီဝိညာဉ်တော်ပွဲမှာ ကိုယ်တော်ထံမှ တစ်ခုခုမိန့်မှာမယ်လို့ ယုံကြည်အားကိုးပါတယ်၊ မျှော်လင့်ပါတယ်။
ကျေးဇူးအများကြီးတင်ပါတယ်။
ယေရှုနာမတော်ဖြင့် ချစ်လှစွာသော
Pastor SanbonMatsu Family
Page 4 of 29
Global Myanmar Youth Conference
May 5 at 12:18pm ·
သန့်ရှင်းသော ဝိညာဉ်တော်
ဆရာ စောကနေဒီ
သခင်ယေရှုကိုယ်တော်တိုင်က တမန် ၁း၈ တွင် ကောင်းကင်တက်ကြွချိန်မှာ နောက်ဆုံးအနေဖြင့် မှာခဲ့သော
စကားဖြစ်သည်။ ထို့ကြောင့် သန့်ရှင်းသော ဝိညာဉ်တော် သည် အမှုတော်ဆောင်လုပ်ငန်းတွင်
အလွန်အရေးကြီးပါသည်။
ယော ၁၄း ၁၅-၁၉ ၊ သခင်ယေရှုဘုရားသည် သွားပြီး သမ္မတရားဖြစ်သော ဥပစ္ဈယ်ဆရာကို စေလွတ်ခဲ့သည်။
သန့်ရှင်းသော ဝိညာဉ်တော်သည် လူတိုင်းအတွက် ဖြစ်သော်လည်း ဆာငတ်သောသူ၊ အခွင့်ပေးသောသူထံသာ
သိသာထင်ရှား စွာ အလုပ်လုပ်သူ ဖြစ်သည်။
တပည့်တော် ၅၀၀ စုပြီး ဆုတောင်းနေချိန်မှာ ၁၂၀ သာ ဝိညာဉ်မီးလျှာ ခံစား ရသည်ကို တွေ့ရသည်။ ဝိညာဉ်တော်
ပြည့်၍ ဝိညာဉ်မီးလျှာနှင့် မိမိလျှာတစ်ထပ်တည်းကျသောအခါ အခြားသောဘာသာစကားများ ထွက်လာသည်။ (၁
ကော ၁၂း ၁၄-၃၀) ဝိညာဉ် ဆုကျေးဇူး များ မတူညီသော တွေ့ရသည်။ လူတိုင်း ကယ်တင်ခြင်းရပြီး
သမ္မတရားကိုသိဖို့ သန့်ရှင်းသော ဝိညာဉ်တော်ကို လိုအပ်ကြောင်း သိရသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ပုံစံ
အမျိုးမျိုး အသွင်သဏ္ဍန်အမျိုးမျိုးဖြင့် လူများကိုသိသာထင်ရှားစေသည်။
၁။ မဿဲ ၃း ၁၆ (ချိုးငှက်)
၂။ ၁ ယော ၂း ၂၀ ၊ ၁ ရာ ၁၆း ၁၃ (ဆီ)
၃။ လု ၃း ၁၆ (မီး)
၎။ ယော ၃း ၈ (လေ)
၅။ ၂ ကော ၁း ၂၂ (စာရန်)
သန့်ရှင်းသော ဝိညာဉ်တော်က တစ်နေရာ နှင့် တစ်နေရာ ၊ လူတစ်ဦး နှင့် တစ်ဦး မတူညီဘဲ အသုံးပြုသည်ကို
တွေ့ရသည်။ ဘုရားသခင် အသက်ရှင်သော ဘုရားဖြစ်ကြောင်း ၊ သိသာထင်ရှားပါသည်။
အားလုံးပေါ် ဘုရား ကောင်းကြီးပေးပါစေ။
ဆရာ စောကနေဒီ ကို ဆက်သွယ်ရန်
sawkennedy@yahoo.com
Page 5 of 29
Global Myanmar Youth Conference
May 5 at 11:54am ·
စစ်မှန်သော ကိုးကွယ်ခြင်း
ဆရာ မန်းထွန်းမြတ်
မဿဲ ၁၅း ၇-၉ “ငါ့ကို အချည်းနှီးကိုးကွယ်ကြ၏”
လူတိုင်း ကိုးကွယ်ယုံကြည်မှုကို အထူးသတိပြုရမှာဖြစ်တယ်။ နာမ်ဝိညာဉ်နှင့် သစ္စာတရား မဟုတ်ရင် စစ်မှန်သော
ဝတ်ပြုကိုးကွယ်မှု လုံးဝမဖြစ်နိုင်ဘူး။ နှုတ်ခမ်းဖြင့်ပြောခြင်း သက်သက်သာဖြစ်သွားတယ်။
စစ်မှန်သောကိုးကွယ်ခြင်းဆိုတာ စစ်မှန်သောဘုရားကို မကိုးကွယ်ဘဲ မရနိုင်ဘူး။
(ကျွနိုပ်တို့ရဲ့ အသက်တာမှာ) ကိုးကွယ်မှုဟု ဆိုရာ၌ ရိုသေမှုဟာ သိပ်ကိုအရေးကြီးတယ်။ မဿဲ ၆း၉ ‘ကိုယ်တော်၏
နာမတော်ကို ရိုသေလေးမြတ်ခြင်း ရှိပါစေသော်’ မိမိဦးစားပေးသောအရာ (သို့) ကြောက်ရွံ့သော ပုဂ္ဂိုလ်တဦးဦးသည်
ကိုယ့်ရဲ့ ရိုသောမှု ပြုခြင်း ဖြစ်လာတယ်။ အာဗြဟံက သားဣရှမေလ ကိုရသည့်အခါ ဘုရားသခင်၏ ကတိတော်ကို
ဦးစားမပေးပဲ ဘုရားထက် သားကို ဦးစားပေးလာတယ်။ သူ့ရဲ့ ကိုးကွယ်မှုဟာ ဣရှမေလ ဖြစ်လာတယ်။
ဘဝမှာ ဘုရားနဲ့ နှီးစပ်ရင်းနှီးလာရန် အတားအဆီး ဖြစ်စေသော တစ်စုံတရာကို သင်ဦးစားမပေးလိုက်ပါနဲ့။ ဒါဟာ
အချည်းနှီးသော ကိုးကွယ်မှု ဖြစ်လာပါလိမ့်မယ်။
ထွက် ၂၀း ၂၄
ငါ့အဖကို ကိုးကွယ်သော အရပ်ဆီသို့ ငါကြွလာ၍ ကောင်းချီးပေးမည်။
ဘုရားသခင်ရဲ့ နာမသာလျင် ပြည့်စုံခြင်း ဖြစ်သလို အောင်မြင်ခြင်း၊ ပြည့်စုံခြင်းလည်း ဖြစ်ပါတယ်။
စွဲလမ်းခြင်းဟု ဆိုသည့်အခါခါတိုင်း ဘုရားရဲ့ နာမကို ဦးစားပေးဖို့ ပြောနေခြင်းဖြစ်တယ်။
ကိုးကွယ်ခြင်း လို့ပြောသည့် ခါခါတိုင်း ဘုရားရဲ့ သဘောတူခြင်း ၊ ဦးထိပ်ထားခြင်း ရိုသေလေးစားခြင်းကို
ပြောနေခြင်း ဖြစ်တယ်။
မဿဲ ၄း၈-၉
ဘုန်းတန်ခိုး အာနုဘော် ရှိသမျှကို ငါ၌ အပ်ပေးသောကြောင့် ငါ့ကို ကိုးကွယ်ရင် ငါပေးမည်ဟု ဆို၏။
စာတန်က ဘုရားရဲ့ ဘုန်းစည်းစိမ်ကို လှည့်စားပြီး ယေရှုကို ညွန်ပြခဲ့တယ်။ ဘုန်းစည်းစိမ်အားလုံး သားတော်ကို
ပေးပြီးသား ဖြစ်မှန်း ယေရှုက သိတယ်။ ယေရှုဟာ ဘုန်းစည်းစိမ်၊ တန်ခိုးရဲ့ ပိုင်ရှင်ဖြစ်တယ်။ (ယော ၃း ၃၅)။
စာတန်က ကိုးကွယ်ခြင်းကို လိုချင်တဲ့အတွက် ဒီလို လှည့်စားခဲ့ခြင်းဖြစ်တယ်။ ဒီနေ့ စာတန်ဟာ လောက
ရုပ်ဝတ္ထုတွေကို အသုံးပြုပြီး ယုံကြည်သူတွေကို လှည့်စားနေတယ်။ သင်ဟာ စစ်မှန်တဲ့ ကိုးကွယ်ခြင်း
ဘယ်အရာကိုမှ ဦးစားမပေး မိပါစေနဲ့။ မိမိရဲ့ ဘဝကို စာတန်ရဲ့ အမှိုက်ပုံ မဖြစ်စေပါနဲ့။ သမ္မာ သတ္တိရှိပါ။
ကိုးကွယ်ခြင်း
သင်ကိုးကွယ်နေသော ဘုရားသည် ဘုရား တကာတို့ဘုရင်၊ သခင်တကာတို့ သခင်။
အဆုံးမဲ့သော ဘုရားဖြစ်သောကြောင့် ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချ ကိုးကွယ်ပါ။ ကိုးကွယ်ခြင်းလို့
ပြောလိုက်သည့်အခါတိုင်း မျက်မှောက်တော်ကို ပြောနေခြင်းဖြစ်တယ်။ ဒါဝိဒ်က ဒုက္ခကြုံတိုင်း ဘုရား၏ ကွယ်ကာမှု
Page 6 of 29
အပြည့်ခံစားရခြင်းသည် သူ့ကိုးကွယ်မှုကြောင့် ဖြစ်တယ်။ ဒါ့ကြောင့် ဘယ်လို အခြေအနေဘဲ ရောက်ရောက်
ဘုရားကို ကိုးကွယ် တတ်ဖို့ အမြဲတမ်း သင်ယူပါ။
Global Myanmar Youth Conference
May 5 at 11:46am ·
#workshop
မတူညီသော ထမ်းပိုးကို ဘာဖြစ်လို့ မထမ်းစေချင်သလဲ။
ဆရာဇော်မင်း - ခရစ်ယာန် အိမ်ထောင်
မတူညီသော ထမ်းပိုးကို ဘာဖြစ်လို့ မထမ်းစေချင်သလဲ။
ဘုရားသခင်ဟာ လူတွေကို ကိုးကွယ်မှု မရောနှောစေချင်သောကြောင့် ဖြစ်တယ်။ ရှောလမုန်မင်းကြီးဟာ
တိုင်းတစ်ပါး မိန်းမများကိုယူခဲ့တဲ့အတွက် ကိုးကွယ်မှုတွေ၊ ရောနှောသွားခဲ့တယ်။ အာဗြဟံရဲ့သား ဣဇက်ကို
ခါနန်အမျိုးနဲ့မယူခိုင်းဘူး။
(ကမ္ဘာ ၂၈) ၊ ဣဇက်ကလည်း ယာကုပ်အတွက် ဇနီးရှာတဲ့အခါ ခါနန်အမျိုးကိုမရှာဘူး။ ဘုရားဂတိတော်နဲ့
ဆိုင်တဲ့ကောင်းချီးမင်္ဂလာကို မရောနှောစေချင်ဘူး၊ မပျောက်စေချင်ဘူး၊ ရှောလမုန်ဟာ ဒါဝိဒ်လို ထာဝရဘုရားကို
မကိုးကွယ်ခဲ့ဘူး။ ဘုရားရဲ့ အမျက်ဒေါသကို ဆွပေးခဲ့တယ်။ ဘုရားသခင်က အဖေ့မျက်နှာထောက်လို့ နိုင်ငံတ်ေကို
မနှုတ်ပယ်ခဲ့ဘူး။ နောင်သူ့သားခေတ်မှာ နိုင်ငံတော် နှစ်ခြမ်းကွဲသွားတယ်။ မြောက်ပိုင်းအခြမ်းက
ဘုရားကိုပုန်ကန်တဲ့နိုင်ငံ ဖြစ်သွားတယ်။
လက်ထပ်မယူခင် မပြောင်းလဲတဲ့ ရည်စားဟာ ယူပြီးရင်လည်း မပြောင်လဲဘူး။
မယုံကြည်သောသူတို့နှင့်တွဲဘက်၍ ဆန့်ကျင်ဘက်ဖြစ်သော ထမ်းဘိုးကိုမထမ်းကြနှင့်။ တရားသာအမှုသည်
မတရားသောအမှုကို အဘယ်သို့ လက်ခံနိုင်မည်နည်း။ အလင်းသည် မှောင်မိုက်နှင့်
အဘယ်သို့ဆက်ဆံနိုင်မည်နည်း။ (၂ ကော ၆း၁၄)
ကိုယ်တော်ဟာ သင့်ကိုတရားသောနည်းနဲ့ သင့်ကို အသက်ပေးပြီးရွေးထားတယ်။
သင့်ရဲ့ခန္ဓာထဲကိုမတရားသောမေထုန်က ဖျက်ဆီးလိုက်တာဖြစ်တယ်။ ကိုယ်ခန္ဓာဟာ ဘုရားရဲ့ဗိမာန်တော်ဖြစ်တယ်။
ဒါကြောင့် စာတန်က သင့်ရဲ့ DNA ကိုဖျက်ဆီးချင်တယ်။ DNA ဆုံးရှုံးတဲ့အခါ သင့်ရဲ့ သားသမီးကို ဘုရားရဲ့
ကတိတော်နဲ့ ဆိုင်တဲ့ ကောင်းချီးတွေပေးလို့ မရတော့ဘူး။ ဒါကြောင့် သတိထားဖို့ဖြစ်တယ်။
မှားယွင်းသွားခဲ့တဲ့သူတွေကတော့ မစခြင်းကဘုရားနဲ့ပဲဆိုင်မှာဖြစ်တယ်။
မယုံကြည်သူနဲ့ ပေါင်းဖက်ပြီး၊ အဲဒီ ယောက်ျား မိန်းမက သင်နဲ့ ဆက်ပြီး ပေါင်းလိုလျှင် ဆက်ပေါင်းပါ။ မကွာစေနှင့် ။
မယုံကြည်သောသူက ကွာလိုလျှင် ကွာပါစေ။
Page 7 of 29
ကြွင်းသောသူတို့ကို သခင်ဘုရားသည် ကိုယ်တိုင်မပညတ်ဘဲ၊ ငါပညတ်သည်ကား၊ တစုံတယောက်သော
ညီအစ်ကိုသည် မယုံကြည်သောမယားရှိ၍၊ ထိုမယားသည် မိမိခင်ပွန်းနှင့် နေခြင်းငှါအလိုရှိလျင် မကွာစေနှင့်။
(၁ကော ၇း ၁၂)
အိမ်ထောင်ပြုခြင်း
ဘုရားက လူယောကျာ်းနှင့် လူမိန်းမကို ဖန်ဆင်းထားတယ်။ ဒီ နှစ်ယောက်ဟာ တစ်သားတစ်ကိုယ်ထဲ
ဖြစ်သွားတယ်။ နှစ်ယောက်ပေါင်းမှ ကောင်းချီးဖြစ်တယ်။ ယောကျာ်ဟာ ကိုယ့်မိဘကိုစွန့်ပြီး ခင်ပွန်းနဲ့
ပေါင်းရမယ်။ပေါင်းရမဲ့အရာနဲ့စွန့်ရမဲ့ အရာရှိတယ်။ ဘုရားထံက ကောင်းချီးတိုက်ရိုက်ခံစားဘို့ ဖြစ်တယ်။
အိမ်ထောင်ကိုဘုရားက အတည်ပြုပေးတယ်။ ဒါကြောင့် လူကြီး ၊ မိဘတွေက ဘာအကြောင်းပြချက်နဲ့ မှ ခွဲပေးလို့
မရဘူး။ မယားကို စွန့်ခြင်းအမှုကို ဘုရားသခင် စက်ဆုပ်တယ်။ ဘုရားသခင် ပေါင်းဖက်ထားတဲ့ အရာကို လူက
မခွဲရဘူး။ ပညတ်တရားက ကွာစေတယ်ဆိုတာ လူတွေရဲ့ ခိုင်မာသော နှလုံးကြောင့် ဖြစ်တယ်။
အိမ်ထောင်ပြုခြင်းဟာ ဘုရားအတွက် သိပ်ပြီး လေးနက်တယ်။ဘုရားက သူ့ရဲ့ ပဋိညာဉ်ကိုတည်စေဖို့ ဖြစ်တယ်။
ကျေးဇူးတော် ချီးမွမ်းပါ။
Global Myanmar Youth Conference
May 4 at 1:42pm ·
#နှုတ်ကပတ်တော်
ဘရားသခင် ရွေးချယ်ထားတဲ့ လူစု
ဆရာ စံတိုး
မေလ ၄ ရက်၊ ၂၀၁၇
ဘယ်လို အသက်ရှင်မလဲ
- ဘုရားသခင် ရွေးချယ်ထားကြောင်း ဘယ်လိုသိနိုင်မလဲ
- ဘုရားသခင်ဘာအတွက် ရွေးချယ်ထားတာလဲ
လုကာ ၅း ၁-၁၀ ၊ ရှိမုန်အကြောင်း ရေးထားတယ်။ ရှိမုန်ကို ဘုရားသခင်ရွေးကောက် ထားတယ်။ ဘုရားသခင်လူကို
ရွေးတဲ့ အခါ နှုတ်ကပတ်တော်ပေးပြီးရွေးတယ်။ ဘုရားသခင်ကိုယ့်ကို ရွေးထားကြောင်း နှုတ်ကပတ်တော်အားဖြင့်
သိရတယ်။ နှုတ်ကပတ်တော် အရင်ကြားစေတယ်။
ကမ္ဘာ ၁၂ ၊ အာဗြံကို ဘုရားသခင် ရွေးကောက်တယ်။ အဗြံဟာ အစ္စရေးလူမျိုးတွေရဲ့ ဖခင်။ အဗြံကို
ဘုရားစကားပြောတယ်။
ထွက် ၃ ၊ မောရှေကို ဘုရားက ရွေးတယ်။ ခြုံပုတ်ထဲကနေ ဘုရားစကားပြောတယ်။
ကမ္ဘာ ၃၇၊ ယောသပ်အိပ်မက်မက်တယ်။ အိပ်မက်အားဖြင့် ယောသပ်ကို ဘုရားစကားပြောတယ်။
ကော ၁း ၄ ၊ နှုတ်ကပတ်တော်သည်လည်း လူ့ဇာတိအဖြစ်ကို ခံယူ၍ ကျေးဇူးတော်နှင့် ၎င်း သစ္စာတော်နဲ့ ၎င်း
ပြည့်စုံလျက် ငါတို့တွင် တည်နေတော်မူဖြစ်၍ ……
Page 8 of 29
မျက်စိ ၃ မျိုးရှိတယ်။ ကာယ မျက်စိ၊ ဥာဏ်မျက်စိ ၊ ဝိညာဉ်မျက်စိ။
ကာယ မျက်စိ ထက် ဥာဏ်မျက်စိက ပို၍ ဝေးဝေးမြင်နိုင်တယ်။ ဝိညာဉ်မျက်စိက အဝေးကြီးကို မြင်နိုင်တယ်။
ဝိညာဉ်မျက်စိနဲ့ သင့်အား ဘုရားသခင် ရွေးထားကြောင်း မြင်နိုင်တယ်။ နှုတ်ကပတ်တော်သင့်ဆီ ရောက်ရင်
သင်သိနိုင်တယ်။
“ရွေးချယ်ခြင်း ခံရသော သူဟာ ငါပဲ”
ဘုရားရွေးရင် ရန်သူပေါ်လာတယ်။ မာနတ်ဟာ ဟောက်သောခြင်္သေ့ ကဲ့သို့ပါပဲ။ ဘုရားရွေးထားတဲ့ သူမှာ
စုံစမ်းစစ်ဆေးခြင်း ဆိုတဲ့ စာမေးပွဲ ဖြေရတယ်။ လုကာ ၅ ၊ တွင် ရှိမုန်ကို တွေ့ရတယ်။ ယေရှုက ပေတရုကို
ရွေးတဲ့အခါ လှေနဲ့ ပိုက်ကွန်ကို စွန့် ၊ ငါ့နောက်လိုက်၊။ လူကို မျှားသော တံငါ ဖြစ်စေမယ်လို့ ပြောတယ်။
ခရစ်တော်နောက်လိုက်ရင် စွန့် ရတဲ့အရာရှိတယ်။ ဘုရားစွန့်ခိုင်းတဲ့အရာကို စွန့်ရတယ်။ အရင်က ပေးထားတဲ့
အရာကို စွန့်ရတယ်။ ဒါမှ သာ၌ ကြီးသော အရာကို ရမှာဖြစ်တယ်။ အာဗြဟံ အား သားကို စွန့်ဖို့ ပြောတယ်။
အလွန်ချစ်သော တစ်ယောက်တည်းသော ဘုရားပေးသော သားကို စွန့်ခိုင်းတယ်။ သား အများအပြား ပေးချင်လို့
ဖြစ်တယ်။ လူမျိုးတကာပေးချင်တယ်။သင့်အား မြေကြီးစွန်းတိုင်ပေးချင်တယ်။ လူမျိုး တစ်မျိုး၊ အဖွဲ့တစ်ဖွဲ့ ထဲအတွက်
သင့်ကို ရွေးချယ်ထားခြင်း မဟုတ်။ လူမျိုးတကာ၊ မြေကြီးစွန်းတိုင်အောင် သွားဖို့ ခေါ်ထားတယ်။
ဝိညာဉ်မျက်စိနဲ့ကြည့်ပါ။ မြင်ရမယ်။
မောရှေကို လည်း စွန့်ခိုင်းတယ်။ နန်းတော်ထဲက ဘုန်းစည်းစိမ်ကို စွန့်ခိုင်းတယ်။ နောက်ကျလတံ့သော အကျိုးကို
ထောက်ထား မျှော်လင့် ခဲ့တယ်။ ထာဝရကာလ အကျိုးကို ရဖို့၊ ယခုကာလ အကျိုးကို စွန့်ရမယ်။ မစွန့်ရင် ထာဝရ
အကျိုးဆုံးရှုံးမယ်။ ဘုရားသည် ထာဝရကာလ အကျိုးကို ပေးချင်တယ်။
ဘုရားသခင် ရွေးချယ်ထားသော သင်၌ စွန့်ရတဲ့ အရာတွေရှိတယ်။ သင့်ကို ရွေးချယ်ကြောင်း ယေရှုဟူသော
နှုတ်ကပတ်တော် ခံရတယ်။ အဲဒီနောက် အရာအရာကို စွန့်ရတယ်။ မစွန့်ရင် ပန်းတိုင်မရောက်၊ ရွေးတဲ့ နေရာမှာပဲ
သေသွားနိုင်တယ်။ အစ္စရေး လူမျိုးများ ခါနန်ပြည်ကို ဝင်စားဖို့ ရွေးချယ်ခဲ့ပေမဲ့ လမ်းမှာ သေသွားကြတယ်။
ကယ်တင်ခြင်း ရရုံ သက်သက် သင့်ကိုရွေးခြင်း မဟုတ်ပါ။
သင့်ကို ရွေးထားခြင်းဟာ ထာဝရအမွေပေးဖို့ ဖြစ်တယ်။ ယေရှုဟာ သူ့ကိုယ်သူ သင့်အား ပေးဖို့ ရွေးထားတယ်။
တရားဟော ၁၀း ၁၁ ၊ ၂ သက်၂း၁၄ ‘သင်တို့သည် ငါတို့သခင် ယေရှုခရစ်၏ ဘုန်းကို ပိုင်ရမည့်အကြောင်းတည်း”
ဧဝံဂေလိတရားဆိုတာ ယေရှုဖြစ်တယ်။ ယေရှုနဲ့ သင့်အားခေါ်တယ်။ ယေရှုရဲ့ ဘုန်းကို အပိုင်ရဘို့ ရွေးချယ်ထားခြင်း
ဖြစ်တယ်။
ရွေးချယ်ခြင်း - စုံစမ်းခြင်း - ဘုန်း/အမွေ
ထိုဘုန်းကို မည်သူမျှ လုယူလို့ မရပါ။ ဘုရားရဲ့ ဘုန်း ရရင် သင်၌ အလုံးစုံ ပြည့်စုံပြီ။
Page 9 of 29
Global Myanmar Youth Conference
May 4 at 1:24pm ·
#workshop
အမှုတော်ဆောင်ခြင်း
ဆရာကြီး ဦးတင်မောင်ထွန်း
နိဒါန်း
ကမ္ဘာ ၁း ၂၆ ၊ ၁ ပေ ၁း ၂၀ ၊ ကမ္ဘာ ၂း ၁၆-၁၇ ၊ ကမ္ဘာ ၂း၁၈-၂၀။
ဘုရားသခင်၏ အကြံအစည်တော်က ကမ္ဘာမတည်မရှိမှီ ကတည်းက ရှိပြီးဖြစ်တယ်။ အမှုတော်ဆောင်ဆိုတာ
ဘုရားရဲ့ကိုယ်စားအမှုတော်ကို လုပ်ပေးသူဖြစ်တယ်။ ဘုရားရဲ့ ဘိသိတ်ခြင်းကို မခံရဘဲ
အမှုတော်ဆောင်နေသောသူကို ‘သာသနာ့အကျိုးဆောင်’ လို့ ခေါ်ပြီး ၊ နှလုံးသားလှပြီး ဆန္ဒမှန်ကန်သောသူ ၊
ဘုရားဘိသိက်ရသော သူကို ဘုရားက ‘အမှုတော်ဆောင်’ လို့ ယုံကြည်ခန့်အပ်ထားတာဖြစ်တယ်။ ဥပမာ- ၁ရာ ၁၆ ၊
ရှောလုနဲ့ ဒါဝိဒ်
ဝိညာဉ်အလင်းသာလျင် ဘုရားသခင်ရဲ့ သဘော သဘာဝကို သိမြင်နိုင်တယ်။ ဘုရား အလုပ်ကို ဘုရား
စကားနားထောင် သူက ထူးခြားတဲ့ ဘာသာစကားကို ယုံကြည်ပြီး ၊ နိမိတ်လက္ခဏာ ပြနိုင်ရန်
အတွင်းသက်သေအရင်ရှိပြီး၊ အပြင်သက်သေ ဖြစ်လာတာကို အမှုတော်ဆောင်ရဲ့ အရည်အချင်း ဖြစ်တယ်။ ဥပမာ
ပေတရု ၊ ဖိလိပ္ပု နှင့် ပေါ်လုတို့ဖြစ်ပါတယ်။
အမှုတော်ဆောင်ဆိုတာ ….
၁။ အတွင်းသက်သေက အရေးကြီးဆုံး အချက်ဖြစ်တယ်။ ဘုရားသက်သေကို ထူသော သူဖြစ်ရမယ်။
၂။ ဘုရားရဲ့စကားကို နားလည်သူ ဖြစ်ရမယ်။
၃။ နိမိတ်လက္ခဏာဖြင့် လူတွေကို အပြင်သက်သေအနေဖြင့် ပြုရန်ဖြစ်တယ်။
၎။ နှုတ်ကပတ်တော်နှင့် သန့်ရှင်းသောဝိညာဉ်ဖြင့် ကိုက်ညီစွာ ဒွန်တွဲ ပြောရမယ်။
၅။ ဧဝံဂေလိတရား သတင်းကို ကိုယ်တွေ့ သက်သေခံသူဖြစ်တယ်။
Page 10 of 29
၆။ လူ့ဇာတိအားဖြင့် အလုပ်မလုပ် သူဖြစ်တယ်။ ဇာတိသဘောဟာ ကွဲပြားပြီးပြဿနာများတယ်။
ဝိညာဉ်သဘောဆိုတာ မိမိအလိုဆန္ဒမပါ ဘုရားဆန္ဒကို ဦးစားပေးသူ ဖြစ်တယ်။
နိဂုံး
ဟေဗြဲ ၁၃း ၅
ရောင့်ရဲသော စိတ်သဘောရှိပြီး ငွေကို လိုချင်တတ်မက်စိတ်သဘောကို ရှောင်ကာ ပေးကမ်း စွန့်ကြဲခြင်း သဘောကို
စိုက်ရမယ်။ အချည်းအနှီး စကားကို မပြောရန်။
လောကီ ပုံသဏ္ဍန် မဆောင်နဲ့ ၁ကော ၄း ၁-၎
လောကကို အောင်မြင်သော သူဖြစ်ရမယ်။ ရောမ ၁၂း ၁
Global Myanmar Youth Conference
May 4 at 1:14pm ·
#workshop
အသင်းတော်အကြောင်း Church
Rev. True Chain
ယေရှုရဲ့စကား - ‘အကြင်အရပ်၌ လူနှစ်ဦး သုံးဦး စုဝေးရာ၌ ငါအတူရှိတယ်။’ ယေရှုခရစ်နာမတော်ထဲ စုဝေးကြဖို့
ဖြစ်ပါတယ်။ ယခုခေတ် ဂိုဏ်းဂဏထဲမှာ ပဲ စုဝေးနေကြတယ်။ လူတွေက အသင်းတော်ဆိုရင် အဆောက်အဦးကိုပဲ
မြင်နေကြတယ်။ ဒါ့ကြောင့် ဆုံးရှုံးနေကြတယ်။
ယေရှုက ‘ဤကျောက်ပေါ်မှာ ငါ့အသင်းတော်ကို ငါတည်ဆောက်မယ်၊ မရဏာ တံခါးတို့သည် မနိုင်ရာ’ လို့
ပေတရုကို ပြောခဲ့တယ်။
ပေတရုရဲ့ ယုံကြည်ခြင်းဟာ ခိုင်ခန့်ပြီး ကျောက်ဖြစ်လာတယ်။ ဒီနေ့လည်း မရဏာတံခါးတို့က အသင်းတော်ကို
မနိုင်ဘူးလို့ ပြောနေတယ်။ ကျွန်ုပ်တို့ကို ပေးထားတဲ့ ကျေးဇူးတော်သည်လည်း လုံလောက်တယ်၊ ပြည့်စုံပါတယ်၊
ကျေနပ်မှုရှိရပါမယ်။
သခင်ယေရှုဟာ ကျွန်ုပ်တို့ကို အမိဝမ်းထဲကတည်းက သိသောဘုရားဖြစ်တယ်။ ကျွန်ုပ်တို့ကို ယုံကြည်ခြင်း
ပေးထားတယ်။ စာတန်ကို ယုံကြည်ခြင်းနဲ့ တိုက်ထုတ်ရမှာဖြစ်တယ်။ ယခုခေတ်ကတော့ အသင်းတော်ကသာ
စာတန်ကိုကြောက်နေရတယ်။
မှောင်မိုက်တန်ခိုးမှလည်း ငါတို့ကိုနှုတ်၍၊ ချစ်တော်မူသော သားတော်၏နိုင်ငံထဲသို့ သွင်းတော်မူ၏။ (ကော ၁း၁၃)
ဘုရားသခင်ဟာ ကမ္ဘာဦး အစကပင် အခွင့်အာဏာ တန်ခိုးပေးထားတယ်။ ထိုအခွင့်အာဏာကို စာတန်က
လုယူတယ်။ ဒါကြောင့် အဲဒီအခွင့်အာဏာ၊ တန်ခိုးကို လက်ဝါးကပ်တိုင်ရဲ့အောင်ပွဲ အားဖြင့် ပြန်ရယူပြီ ဖြစ်တယ်။
Page 11 of 29
အသင်းတော်ဆိုတာ ၊ ယုံကြည်သူ အားလုံးကို ပြောခြင်းဖြစ်တယ်။ အသင်းတော်က အရေးကြီးဆုံး ဖြစ်တယ်။
ချီဆောင်ခြင်းဆိုတာ အသင်းတော်ကိုသာ ချီဆောင်မယ်။ အသင်းတော်ဆိုတာ ဆရာတွေက တည်ထောင်တာ
မဟုတ်။ ခရစ်တော်က တည်ဆောက်ထားတယ်။
အသင်းတော်ထဲမှာ သေးငယ်တဲ့အမှု၌ လုပ်ဆောင်နေသမျှအားလုံး ဘုရားသခင်ဖြစ်တယ်။
လူ၏အမှုကိုသာဆောင်ရွက်သကဲ့သို့မဟုတ်၊ သခင်ဘုရား၏ အမှုတော်ကိုဆောင်ရွက်သကဲ့သို့၊ ပြုလေသမျှတို့၌
စေတနာစိတ်နှင့်ပြုကြလော့။ (ကော ၃း ၂၃)
Global Myanmar Youth Conference
May 4 at 11:41am ·
#Workship
ခရစ်ယာန် အိမ်ထောင်
ဆရာဇော်မင်း
အစ္စရေးလူမျိုးများဟာ ဘုရားသခင်နဲ့တွေ့ဖို့ တဲတော်ထဲ ရောက်ရတယ်။ သန့်ရှင်းသော ဌာနတော်မှာ ကျိန်းဝပ်ပြီး
နေ့အချိန် ၊ ညအချိန် ၊ မီးတိုင်နဲ့ လမ်းပြကွယ်ကာခဲ့တယ်။ ၂ ရာချုပ် ၃း၁ ၊ ၂ ရာချုပ် ၅း၁၃
ဓမ္မဟောင်းကာလ၌ ဘုရားသခင်ဟာ လူ့အထဲမှာ မကျိန်းဝပ်ခဲ့ပါ။ ဓမ္မသစ်ကာလ တွင် ဘုရားသည် သန့်ရှင်းသော
ဝိညာဉ်တော် အဖြစ် လူ့နှလုံးသား ထဲ ကျိန်းဝပ်တယ်။ လူ့အားဖြင့် ဘုရားသခင် ဘုန်းတော်ထင်ရှားဘို့ရန် ဖြစ်တယ်။
ဘုရားသခင်ဟာ လူကို တန်ဘိုးထားတဲ့ ဘုရားဖြစ်၏။ ဒါ့ကြောင့် လူ့အထဲမှာ ဗိမာန်တော် တည်ခဲ့တယ်။
လူဟာ မိမိကိုယ် မိမိ မပိုင်သောကြောင်း သိရမယ်။ ခရစ်တော်ရဲ့ တန်ဖိုးနဲ့ သင့်ကို ရွေးယူထားတယ်။
ဘုရားသခင်ပိုင်သော ဗိမာန်တော် တည်ခဲ့တယ်။ (၁ကော ၆း၁၉)။ မတရားသော မေထုန် ပြုရင် ကိုယ့်ကိုကိုယ်
ပြစ်မှားခြင်းဖြစ်တယ်။ မတရားသော မေထုန်ဆိုတာ ဘုရားရှေ့ လက်မထက်ဘဲအခြား သူနှင့်အတူနေ ခြင်းဖြစ်တယ်။
မတရားသော မေထုန်အားဖြင့် သင့်အထဲ၌ ရှိသော ဘုရားသခင်ရဲ့ ရူပါရုံကို ဖျက်ဆီးလိုက်ခြင်း ဖြစ်တယ်။ စာတန်
က သင့်ရဲ့ DNA ကို ဖျက်ဆီးချင်တယ်။ သင့်အပေါ်ထားတဲ့ ဘုရားရဲ့ ရည်ရွယ်ချက်ကို ဖျက်ဆီးချင်တယ်။
ဘုရားသခင်ရဲ့ နိုင်ငံတော်ထဲမှာ သန့်ရှင်းခြင်းပဲ ရှိတယ်။ ဘုရားသခင်ရဲ့ အကြီးမားဆုံး ကောင်းချီးမင်္ဂလာဟာ
အိမ်ထောင်မှာ ပဲရှိတယ်။
‘သင်တို့နှင့် ငါတို့ကို သခင်ဘုရား၌ တည်စေပြီး ဘိသိက် ပေးသောသူကား သန့်ရှင်းသော ဝိညာဉ်တော် ဖြစ်၏။’ ၂
ကော ၁း ၂၁
ယုံကြည်သူဟာ ဘိသိက်ခံသော သူဖြစ်တယ်။ ဘုရားသခင်ဟာ သန့်ရှင်းသော ဘုရားဖြစ်တယ်။ သင်ခံရသော
ဘိသိက်ကို သန့်ရှင်းခြင်းနဲ့ ထိန်းသိမ်းရတယ်။ ယုံကြည်သူတွင် နိမိတ်လက္ခဏာ ပြုဘို့ အခွင့်အာဏာပေးထားတယ်။
ထာဝရဘုရားသည်၊ ဣသရေလအမျိုးကို ကောင်းကြီးပေးခြင်းငှါ အလိုရှိတော်မူကြောင်းကို ဗာလမ်သိ မြင်လျှင်၊
ထူးဆန်းသောအတတ်ကို ရှာခြင်းငှါ အရင်သွားသကဲ့သို့ မသွားဘဲ၊ တောသို့ မျက်နှာပြုလေ၏။ (တော ၂၅း ၁)
Page 12 of 29
အစ္စရေးလူမျိုးများ မောဘအမျိုးနှင့် လက်ထပ်ကြတယ်။ အခြားသောဘုရားကို ဆည်းကပ်ကြတယ်။ မတရားသော
မေထုန်နောက်မှာ ကိုးကွယ်ခြင်းတွေ ပါလာတတ်တယ်။ ဒါ့ကြောင့် အပြတ်ရှင်းခိုင်းတယ်။
ဘုရားသခင်ဟာ မတရားသော မေထုန်ပြုတဲ့သူအပေါ် အမျက်ထွက်တယ်။
အကြင်သူသည် ဘုရားသခင်၏ ဗိမာန်တော်ကိုဖျက်ဆီး၏။ ထိုသူကို ဘုရားသခင်ဖျက်ဆီးတော်မူလိမ့်မည်။
ဘုရားသခင်၏ ဗိမာန်တော်သည် သန့်ရှင်းရ၏။ သင်တို့သည်လည်း၊ ထိုဗိမာန်တော်ဖြစ်ကြ၏။ (၁ ကော ၃း ၁၇)
Global Myanmar Youth Conference
May 3 at 11:32pm ·
ဘုရားနှင့် တစ်ဦးချင်းအချိန်ယူခြင်း (Quite Time)
ဆရာအုန်းမြင့်
Quite Time သည် ဘုရားနှင့် တစ်ဦးခြင်းအချိန်ယူခြင်းဖြစ်သည်။ Quite Time သည်ဘုရားကို အကျွမ်းဝင်
ဖို့ရန်ဖြစ်သည်။ ဘုရားကိုအကျွမ်းဝင်ဖို့ရန်အတွက် သီးသန့်အချိန်သတ်မှတ်ဖို့အရေးကြီးပါသည်။ Quite Time သည်
ဘုရားရဲ့မျက်နှာကိုရှာခြင်း၊ ဘုရားရဲ့အလိုတော်ကိုရှာခြင်းဖြစ်သည်။
သခင်ယေရှုသည်လည်း နံနက်စောစောထ၍ အဖခမည်းတော်နှင့်အချိန်ယူပါသည်။
နံနက်အချိန် မိုဃ်းမလင်းမှီကိုယ်တော်သည် ထပြီးလျင်၊ တောအရပ်တို့ထွက်ကြွ၍ဆုတောင်းတော်မူ၏။ (မာ ၁း၃၅)
အာဗြဟံသည်လည်း နံနက်စောစောထ၍ ထာဝရဘုရားသည်ရှေ့တော်မှာရပ်ပါသည်။ မောရှေသည်လည်း
အလုပ်မည်မျှပင်များပါစေ။ နံနက်စောစောသိနတောင်ပေါ်မှာ ဘုရားမျက်မှောက်တော်မှာရှိနေတယ်။
ဒါဝိဒ်သည်လည်း ဘုရားသခင်ကိုတစ်ရက်နှစ်ကြိမ်ချီးမွမ်းသည်။
ဒံယေလသည်လည်း သူ့ရဲ့အသက်ကိုရန်ရှာသော်လည်း တစ်ရက် (၃) ကြိမ် ဘုရားထံ တိုးဝင်ချဉ်းကပ်ပါသည်။
Quiet Time ကို သိရုံနားလည်ရုံသက်သက်မဟုတ်ပဲ လက်တွေ့အသုံးပြုမှသာလျင်၊
ဘုရားနှင့်တကယ်အကျွမ်းဝင်နိုင်မည်။ တကယ်ဘုရားအသံကို ကြားနိုင်ပါသည်။
Global Myanmar Youth Conference
May 3 at 2:49pm ·
“ကျိုးပဲ့ကြေမွသောနှလုံးနဲ့ ပြန်တိုးဝင်ပါ”
ကိုယ့်မကောင်းတာတွေ၊ ၀မ်းနည်းစရာတွေကိုပဲစဉ်းစားပြီး ရှုံးနေဖို့၊လဲနေဖို့ ဘုရားအလိုမရှိဘူး။
ယုဒရှကာရုတ်မှားယွင်းခဲ့ပေမယ့် ဘုရားထံပြန်မတိုးဝင်ပဲ သူ့ကိုယ်သူအဆုံးစီရင်သွားတယ်။ ရှောလု
ဘုရားမနှစ်သက်တာလုပ်ခဲ့ပေမယ့် ကိုယ့်ကိုယ်ကို အရှုံးသမားတစ်ယောက်လို အဆုံးစီရင်သွားခဲ့တယ်။
ဘုရားသခင်နှစ်သက်တော်မူသော ယဇ်မူကား၊ ကျိုးပဲ့သောစိတ်ပေတည်း။ အိုဘုရားသခင်၊ ကိုယ်တော်သည်
ကျိုးပဲ့ကြေမွသော နှလုံးကို ငြင်းပယ်တော်မမူတတ်ပါ။ (ဆာလံ ၅၄း၁၇)
Page 13 of 29
ပေတရုဘုရားကိုကြောခိုင်းခဲ့ပေမယ့် ဘုရားထံပြန်တိုးဝင်ခဲ့တဲ့အခါမှာ ထိပ်ဆုံးထိပြန်ချီးမြောက်ခဲ့တဲ့
ဘုရားဖြစ်ပါတယ်။ ဒါဝိဒ်ဟာ ဘုရားရှေ့မှာ အလွန်ဆိုးတဲ့ဒုစရိုက်ပြုခဲ့ပေမယ့် ဘုရားထံပြန်တိုး ဝင်တဲ့အတွက်
ဘုရားအဆုံးထိပြန်ချီးမြှောက်ခဲ့တယ်။ ဘုရားသခင်ဟာ ကျိုးပဲ့သောနှလုံးကို မငြင်းပယ်ဘူးဆိုတာ သူသိတဲ့အတွက်
လွှတ်မြောက်ခဲ့တာဖြစ်တယ်။
မိတ်ဆွေအသက်တာမှာ လူတွေမသိတဲ့အပြစ်ပြုမိခဲ့လို့ ကိုယ့်ကိုယ်ကိုခွင့်မလွှတ်နိုင်တဲ့အထိ ခံစားနေလား?
ဘယ်သူမှခွင့်မလွတ်ဘူးလို့ ခံစားနေရလား? ကိုယ့်အမှားအတွက် စီရင်ခံရမှာ ကြောက်ရွံ့နေလား? ဘုရားသခင်
ခွင့်မလွှတ်ပေးနိုင်တဲ့အရာ တစ်စုံတခုမှမရှိပါဘူး။ ဘုရားသခင်ထံ နောင်တရလျက် ကျိုးပဲ့သောနှလုံးနဲ့
ပြန်လည်တိုးဝင်ပါ။ ဘုရားသခင် ခွင့်လွှတ်ဖို့စောင့်နေပါတယ်။ -ဆရာဒေးဗစ်လား
Global Myanmar Youth Conference
May 3 at 10:22am ·
“ယုံကြည်သူတိုင်းအတွက် အသင်းတော်လိုတယ်”
“ယုံကြည်သူဆိုတာ တယောက်နဲ့တယောက် မိဿဟာယဖွဲ့ဖို့လိုတယ် အသင်းတော်ရှိဖို့လိုပါတယ် မော်ဒကဲက
သူ့သူမ ဧသတာကို ဘုရင်ကြီးဆီဝင်ဖို့ပြတ်ပြတ်ပြောခဲ့တယ်၊ ဧသတာကလည်း နားထောင်တာကြောင့်
သူ့လူမျိုးတွေကို ကယ်တင်နိုင်ခဲ့တယ်။
ယုံကြည်သူတိုင်းဟာ ကိုယ့်ကိုတိတိကျကျပြတ်ပြတ် သားသားဝေငှပြောမဲ့ အသင်းတော်လိုအပ်တယ်။
ဘယ်အသင်းတော်မှာမှမပါဝင် ဧည့်သည်ပဲဖြစ်နေမယ်ဆိုရင် ဘယ်သူမှကိုယ့်ကို ပြတ်ပြတ်သားသား
ခွန်အားပေးဝေငှပေးမှာ မဟုတ်ဘူး။ ယုံကြည်သူတွေနဲ့ မိဿဟာယလိုတယ်၊ အသင်းတော်လိုအပ်တယ်”
ထိုသူများသည် တမန်တော်တို့၏ ဆုံးမသြဝါဒကိုခံခြင်း၊ အပေါင်းအသင်းဖွဲ့ခြင်း၊ မုန့်ကိုဖဲ့ခြင်း၊ ပဌနာပြုခြင်းတို့ကို
အမြဲဆောင်ရွက်နေကြ၏။ (တမန်တော် ၂း၄၂)
“ကျမ်းစာမှာ ဒံယေလ၊ယောသပ် တယောက်ထဲသမားတွေရှိပါတယ် သေချာလေ့လာရင် သူတို့ကိုဘုရားက
ရွေးချယ်ပို့လိုက်တာဖြစ်ပါတယ်။ ဘ မိတ်ဆွေလည်း ဘယ်အသင်းတော်မှာမှ မပါဝင်ဘူးဆိုရင်
ဘာအတွက်ဘုရားပို့ထားတာလဲ? ဘုရားပို့တယ်ဆိုရင်တော့ ဘုရားတာဝန်ယူပါလိမ့်မယ်။ ဒါပေမယ့် ကိုယ့်ဟာကိုယ်
တယောက်ထဲဖြစ်အောင်လုပ်တယ်ဆိုရင်တော့ ပြိုလဲသွားနိုင်ပါတယ်”
ပြိုသောတောင်သည် ကွယ်ပျောက်တတ်ပါ၏၊ ကျောက်သည်လည်း မိမိနေရာမှရွေ့လျော့ တတ်ပါ၏။
ရေတိုက်သောကျောက်ခဲသည်လည်း ပွန်းတတ်ပါ၏။ (ယောဘ ၁၄း၁၈)
မိတ်ဆွေကျောက်ခဲတောင်မှ တိုက်ဖန်များရင် ပွန်းတတ်တယ်ဆိုရင် မိတ်ဆွေသင်ဆိုရင်ကော??? ဒါကြောင့်
ယုံကြည်သူများနဲ့ မိဿယဖွဲ့ဖို့၊ ကိုယ့်ကို ပြတ်ပြတ်သားသားလမ်းပြသွန်သင်ဖို့ အသင်းတော်ဆိုတာ
မရှိမဖြစ်လိုအပ်ပါတယ်။ - ဆရာစံတိုး
Page 14 of 29
Global Myanmar Youth Conference
May 2 at 8:10pm ·
“လူပျိုအပျိုဟာ ထာဝရဘုရားကိုသိကျွမ်းခြင်းပညာရှိရပါမယ်။ နေ့တိုင်းကိုးကွယ်တယ် မျက်မှောက်တော်
ခံစားရတယ် ‘ဟာလေလုယာ’ ပြောပေမယ့် နှလုံးထဲမှာမတည်ပဲဖြစ်နေတတ်တယ်။ တည်ဆောက်ခြင်း မဖြစ်ဘူး။
လက်တွေ့အသက်တာဟာ နေ့တိုင်းအသက်ရှင်ဖို့ သင့်မှာဘုရားစကားရှိပြီလား? အဲဒါအရေးကြီးပါတယ်” -
ဆရာဇော်မင်း
Global Myanmar Youth Conference
May 2 at 2:59pm ·
“လူသားတိုင်းကိုချစ်တဲ့ဘုရားမေတ္တာ”
ယေရှုက ခရစ်ယာန်မဟုတ်ပါဘူး။ လောကလူသားတွေကို ကယ်ဖို့ကြွလာတာ။ လူတွေကိုချစ်လို့
ကယ်ဖို့ကြွလာတဲ့အခါမှာ လောကမှာ အသက်တော် ၃၀ ကျော်ထင်ရှားတယ်။ ခုဆိုရင် ခရစ်သက္ကရာဇ် ၂၀၁၇
ရှိပြီဖြစ်ပါတယ်။ လောကမှာနေခဲ့စဉ် ၁။ တရားဟောတယ် ၂။ တန်ခိုးတွေပြတယ် (သေတဲ့သူကိုရှင်စေတယ်၊
နာတဲ့သူတွေကိုပျေက်စေတယ်၊ လေပြင်းမုန်တိုင်းတွေငြိမ်းစေတယ်)
၃။ ယေရှုက လက်ဝါးကပ်တိုင်မှာ အသေခံတယ် ပြီးတော့ ပြန်ရှင်တယ်။ ဒါကြောင့်
သေခြင်းကိုအောင်တဲ့ဘုရားဖြစ်ပါတယ်။
မွန်းတည့်အချိန်မှစ၍ သုံးချက်တီးအချိန်တိုင်အောင် မြေတပြင်လုံး၌ မှောင်မိုက်အတိဖြစ်လေ၏။ မဿဲ (၂၇း၄၅)
ကျွန်ုပ်တို့အပြစ်တွေအားလုံးအပေါ်မှာ ကောင်းကင်အဖက ယေရှုပေါ်မှာတင်လိုက်တယ်။ ယေရှုကိုအမှုစစ်တယ်။
ယေရှု ကားတိုင်တက်တဲ့အခါမှာ ကောင်းကင်ကအဖဟာ အပြစ်တွေကို ယေရှုယူလိုက်တဲ့အတွက်
အဖမျက်နှာလွှဲခံရတယ်။ အဲဒီယေရှုဟာ သင့်အပြစ်တွေအားလုံးအတွက် ရာနှုန်းပြည့်ဆပ်သွားပြီဖြစ်ပါတယ်။
ဝေဒနာအပြည့်နဲ့ဆပ်ပြီးပြီ။ ယေရှုသင့်ကိုချစ်တယ် သင်ငရဲသွားစရာမလိုအောင် လက်တွေ့မေတ္တာနဲ့ပြခဲ့ပြီ။ ယေရှု
သင့်ကိုသိပ်ချစ်လို့ ပေးဆပ်တဲ့အချစ်ကို လက်ခံလိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်။
တက်ကြွတော်မူသည်ဟုဆိုသော၊ အစစွာမြေကြီးအောက်အရပ်သို့ ဆင်းသက်တော်မူကြောင်းကို ရည်မှတ်၍ဆိုသည်
မဟုတ်လော။ (ဧဖက် ၄း၉)
အကြောင်းမူကား၊ ကိုယ်တော်သည် အကျွန်ုပ်၏၀ိညာဉ်ကို မရဏာနိုင်ငံ၌ ပစ်ထားတော်မမူ
ကိုယ်တော်၏သန့်ရှင်းသူအားလည်း ပုပ်စပ်ခြင်းကို ရှိစေသတ်ာမမူဘဲလျက်၊ (ဆာလံ ၁၆း၁၀)
-ဆရာ စံတိုး
Page 15 of 29
Global Myanmar Youth Conference
May 2 at 2:07pm ·
"အသက်ရှင်သောဘုရားရှိကြောင်း မြည်းစမ်းကြည့်ပါ"
လူတိုင်းက ကိုယ့်ပြဿနာက အကြီးဆုံးလို့ထင်တယ်။ နေရာတကာမှာ ပြဿနာရှိပါတယ်။ အကုန်လုံး
ကိုယ်စီပြဿနာရှိတယ်။ မသေမချင်း ပြဿနာက လာအုံးမှာပဲ၊ အခက်ခဲဆိုတာရှိအုံးမှာဖြစ်တယ်။
လူတိုင်းလူတိုင်း တစ်ရက်တော့ ကြုံရမဲ့အရာလည်းရှိပါတယ်။ ဒါက “သေခြင်း” ပဲဖြစ်ပါတယ်..
ကိုယ့်ဝိညာဉ်ဘယ်သွားမလဲ?
ကြိုက်တဲ့ဘာသာကိုးကွယ်၊ ဘာသာအားလုံးကောင်းပါတယ်၊ ဘာသာရဲ့အချုပ်က ကောင်းတယ်-လုပ်၊ မကောင်းဘူး-
ရှောင် ဆိုတာအဓိက ၂ ချက်ဖြစ်တယ်။ ဒါဆိုရင် မကောင်းတာကိုသိပေမယ့် ရှောင်နိုင်လား?
လူဆိုတာကောင်းတာအများကြီး လုပ်ချင်တယ် ဒါပေမယ့် လုပ်နိုင်လား?
ကိုယ်မလုပ်နိုင်တဲ့အရာတွေကို တမလွန်အတွက် စိတ်ချမှုပေးတဲ့ အသက်ရှင်သောဘုရားရှိကြောင်း မသေခင်
မြည်းစမ်းသိနိုင်ပါတယ်"
ထာဝရဘုရားသည် ကောင်းမြတ်တော်မူသည်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့။ ကိုယ်တော်ကို
ခိုလှုံသောသူသည်မင်္ဂလာရှိပါ၏။ ဆာလံ ၃၄း၈
-ဆရာ စံတိုး
Global Myanmar Youth Conference
May 2 at 1:54pm ·
“GMYC ကနေ ဘုရားသခင် တဆစ်ချိုးပြောင်းလဲပေးမယ့်အရာတွေရှိမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။
ကျွန်တော်ရဲ့ Life မှာလည်း တကယ်ဖြစ်ခဲ့တဲ့အရာပေါ့နော်။ အောင်မြင်ခြင်းတွေထက်
အောင်မြင်ခြင်းအရှင်ကိုရဖို့လိုတယ်။ ငွေကြေးတွေထက် ငွေကြေးတွေ ပိုင်တဲ့အရှင်ကိုရဖို့လိုတယ်။ ဘုရားကိုရရင်
ခပ်သိမ်းသောအရာကိုရခြင်းဖြစ်တယ်။ ကျွန်တော်တို့ရှာနေတာက တစ်ခုပြီးတစ်ခု တစ်ခုပြီးတစ်ခု
လိုက်ရှာနေကြတယ်။ အဲဒီအရာတွေအားလုံးကို ပိုင်တဲ့ဘုရားကို ရသွားခြင်းသည် ကျွန်တော်တို့ရဲ့စစ်မှန်တဲ့
အောင်မြင်ခြင်းဖြစ်တယ်ဆိုတာ နားလည်ရတယ်” - ဆရာကနဲ
Page 16 of 29
Global Myanmar Youth Conference
May 2 at 1:00pm ·
“ဘုရားနောက်လိုက်ပါ”
“ငါး” မပေးခင် “စကား”ပေးတယ်။ ဘုရားစကားကို နားလည်လည် မလည်လည်နားထောင်ပါ။ နားစွင့်ပါ သင်
ကြားလိမ့်မယ်။
ပေတရုဟာ သူများအိပ်နေတဲ့အချိန်မှာ မုန်တိုင်းထဲမှာ ကြိုးစားပြီး ငါးရှာနေရတဲ့ဘ၀။ ငါးကိုဖမ်းစားတဲ့ဘ၀ကနေ
ဘုရားက လူကိုမျှားတဲ့တံငါဖြစ်စေမယ်။ ပိုက်ကွန်ကိုထားခဲ့ပြီးတော့ ကိုယ်တော့်နောက်လိုက်သွားတယ်။
ဘုရားနောက်မလိုက်တတ်မချင်း လူတွေနောက်ကို လိုက်တတ်တယ်။ ကောင်းကြီး၊ နိမိလက္ခဏာ၊ငွေ၊အောင်မြင်ခြင်း
နောက်လိုက်တတ်တယ်။ လောကအရာတွေဟာ နောက်လိုက်လေ ပြေးလေပဲ။ ဘုရားနောက်လိုက်ရင်
အားလုံးပေးနိုင်တယ်.. တသက်လုံးရှာခဲ့တဲ့ငါး၊ တစ်မိနစ်အတွင်းမှာပေးနိုင်တာဘုရားဖြစ်ပါတယ်။
“ခြင်္သေ့တို့သည် ဆင်းရဲ၍ ငတ်မွတ်ခြင်းကိုခံရသော်လည်း၊ ထာဝရဘုရားကို ရှာသောသူတို့၌
ကောင်းသောအရာတစုံတခုမျှမလိုရာ။” ဆာလံ ၃၄
ကောင်းသောအရာတစုံတခုရှာဖို့မလိုပဲ သင့်မှာအကုန်ရှိနေပါတယ်။ ဘုရားနောက်လိုက်ပါ။ - ဆရာဒေးဗစ်လား
Global Myanmar Youth Conference
May 2 at 10:49am ·
“ဘုရားသင့်ဆီလာနေတယ်”
ပေတရု တညလုံးငါးဖမ်းတာ တကောင်းမှမရဘူး.. သူ့ဘ၀မှာ ငါးတွေရခဲ့ပါတယ် ဒါပေမယ့် တချိန်မှာ
ကြိုးစားရုန်းခဲ့ရပေမယ့် စုပ်လည်းစူးစားလည်းရူးဆိုတဲ့ အခြေအနေမျိုးရောက်လာတဲ့အခါမှာ သင်ဘယ်လိုလုပ်မလဲ?
သင့်ဘ၀မှာလည်း ရတာတွေအကုန်ထွက်ပြီး ဘာမှမရှိတော့တဲ့အချိန် သင်ဘာလုပ်မလဲ? ဘ၀အချိုးအကွေ့တခုမှာ
ကိုယ်မဖြစ်ချင်တဲ့အရာတွေ ဖြစ်လာရင် သင်ဘယ်လို လုပ်မလဲ? ဘ၀ဆိုတာ ပင်လယ်ကြီးထဲမှာ
ကမ်းမမြင်လမ်းမမြင်လှော်နေတဲ့နေရ၊ ပန်းတိုင်မသိ ကမ်းမရှိတဲ့သူတွေ များစွာရှိတယ်။ ပေတရု ကြိုးစားတယ်
ပိုက်ကွန်ချတယ် ဖြစ်ချင်တော့ အရင်နေ့တွေလို ငါး ၁ ကောင်၊ ၂ ကောင် မပြောနဲ့ ၁ကောင်တောင်မရတော့ဘူး။
အဲဒီအချိန်မှာ ပိုက်ကွန်ကိုဆေးလျော်နေတဲ့အချိန်မှာ … တံငါတို့သည် လှေထဲကထွက်၍
ပိုက်ကွန်တို့ကိုဆေးလျှော်လျက်နေကြ၏၊ ထိုလှေတို့တွင် ရှိမုန်၏ လှေထဲသို့ ၀င်တော်မူပြီးလျင်၊ လှေကိုကမ်းနားမှာ
အနည်းငယ်ခွာဖွင့်စေခြင်းငှာ ရှိမုန်ကိုအခွင့်တောင်း၏။ ထိုလှေပေါ်မှာ ထိုင်လျက် လူများတို့ကို
ဆုံးမသြ၀ါဒပေးတော်မူ၏။ လုကာ ၅း၂-၃
အဆင်ပြေနေတဲ့အချိန် လူတွေက သင့်အနားမှာအများကြီးရှိတယ်။ သင်ခက်ခဲတဲ့အခါမှာ မရှိတော့ဘူး။ ဒါပေမယ့်
Page 17 of 29
အဆင်မပြေတဲ့ ငါးတစ်ကောင်မှမရတဲ့အချိန်မှာ ဘုရားက သင့်အနားမှာရှိနေတယ်။ သင့်အနားမှာ
ဘယ်သူမှမရှိချင်နေ၊ အဓိပ္ပါယ်မရှိ၊ လမ်းမရှိ၊ကမ်းမရှိတဲ့သူတွေအတွက် ဘုရားကသင့်အနားမှာရှိတယ်။ “ပေတရု..
ကမ်းနားက ခွာလိုက်ပါ” ဘုရားသင့်ဆီဝင်ဖို့လာနေတယ်။
ကိုယ်ချောမှ လှမချစ်နေတဲ့သူကို Good bye! ကိုယ်အောင်မြင်မှ ကိုယ့်ကိုခင်မင်တဲ့သူကို Good bye!
ကိုယ်အဆင်ပြေမှ လာတဲ့သူတွေကို Good bye! လှေကနေ “ခွာ” သွားဖို့ ဘုရားခေါ်နေတယ်။
- ဆရာဒေးဗစ်လား
Global Myanmar Youth Conference
May 2 at 10:25am ·
“စစ်မှန်တဲ့အောင်မြင်ခြင်း”
“ပိုက်ဆံရှိတာ အောင်မြင်ခြင်းမဟုတ်ပါဘူး။ ကျွန်တော့်မှာလူသိန်းနဲ့ချီတရားလာနားထောင်တာ
အောင်မြင်ခြင်းမဟုတ်ပါဘူး။ စစ်မှန်တဲ့အောင်မြင်ခြင်းက လူနဲ့မဆိုင်ဘူး။
“သိုးကသိုးကိုမွေးတယ်၊ ဆိတ်ကဆိတ်ကိုမွေးတယ်၊ ကိုယ့်လိုလူမျိုး နောက်ထပ်မမွေးနိုင်ရင်
အောင်မြင်ခြင်းမဟုတ်ဘူး၊ ကိုယ့်လိုလူမျိုးနောက်လူတွေကို ထပ်မွေးတာက အောင်မြင်ခြင်းဖြစ်ပါတယ်” -
ဆရာဒေးဗစ်လား
Global Myanmar Youth Conference
May 2 at 10:01am ·
ဆရာကြီး ဦးတင်မောင်ထွန်း၏ အဖွင့်အမှာ စကား
မင်္ဂလာပါ။
မင်္ဂလာဆိုတာ ဘုရားထူတဲ့ သက်သေကိုသာ ‘မင်္ဂလာ’ ဟု ပြောသင့်ပါတယ်။ ဘုရားမျက်မှောက်မှာ ဘုရားသုံးနေစဉ်
၊ အပြင် သဏ္ဍာန် ၌ မင်္ဂလာမရှိသယောင် ဖြစ်နေသော်လည်း၊ နာမ်ဝိညာဉ်အတွင်းတွင် မင်္ဂလာရှိနေသောကြောင့်
“မင်္ဂလာပါ” ဟူသော စကားသည် လောကီစကား ဖြစ်သော်လည်း၊ နာမ် ဝိညာဉ် ဘာသာစကားဖြစ်ပါတယ်။ အားလုံး
မင်္ဂလာရှိသောသူများဖြစ်ကြောင်း ထပ်မံ ပြောလိုပါတယ်။
၂၀၁၅ ခုနှစ်တွင် GMYC အပြီးမှာ အဖိုး ကတိပေးခဲ့ပါတယ်။ ၂၀၁၇ GMYC ကိုလာဦးမယ်လို့ ကတိပေးခဲ့ပါတယ်။
တင်ပါးဆုံရိုးကျိုးပြီး ခွဲစိတ်ခန်းဝင်ရသော်လည်း ကျေးဇူးတော်ကြောင့် အောင်မြင်စွာခွဲစိတ်ကုသခံရပြီးနောက်
အခုရောက်ရှိလာခြင်းဖြစ်ပါတယ်။
၁၉၇၀ ခုနှစ်တွင် သက်တမ်းနှစ်နှစ်သာကျန်တယ်ဟု ဆရာဝန်များပြောဖူးပါတယ်။ လောကအလုပ်
လေယဉ်အင်ဂျင်နယာအလုပ်ကိုလုပ်ခဲ့ပါတယ်။ အသက်၄၄ နှစ် ဘုရားသခင်ရဲ့အမှုတော်အတွက်
အချိန်ပြည့်ဆက်ကပ်ဖို့ ဘုရားခေါ်ခဲ့ ပါတယ်။ အသက် ၈၅ နှစ်မှာ နောက်တစ်ခါ သေခြင်းတံခါးဝကိုရောက်
ဆရာဝန်များထပ်မံခွဲစိတ်ပေးရပါတယ်။ သို့သော်အံ့သြဖွယ်ရာအဖြစ် ခွဲစိတ်အောင်မြင်ခဲ့တယ်။
Page 18 of 29
ဘုရားသခင်၌မတော်တဆမရှိပါ။ သက်သေထူခြင်းသာဖြစ်ပါတယ်။ အဖိုးဘဝမှာ “ရွှေ” ဖြစ်တာများတယ်။ ဤ
GMYC ကိုလာဖို့ ဂတိပြုထားသော်လည်း အစီအစဉ်ပျက်ခါနီးပါ။ မလာတော့ဘူးလို့ဆုံးဖြတ်ပေမဲ့
ဘုရားအခွင့်ပေးလို့ရောက်လာပါတယ်။
ရောက်ရှိလာတဲ့သားသမီးများ သာမန်မဟုတ်ကြပါ။ နှုတ်ကပတ်တော်ရဲ့အလင်းနဲ့အားပေးချင်ပါတယ်။
ကမ္ဘာဦးမှစ၍ဘုရားရဲ့ သက်သေရှိတာ ကမ္ဘာ ၃၇ မှစတင်ပြီး ၃၉ တွင်သက်သေထူပါတယ်။ ၄၀ မှစ၍
ရောင်းစာခံရတဲ့ ကျွန်ယောသပ်ဟာ နိုင်ငံခြားတွင် သာသနာပြုဆရာဖြစ်လာပါတယ်။ ထို့ကြောင့်
ဘုရားနှင့်မှန်ရင်ဘုရားသုံးပါတယ်။ သာသနာပြုအဖွဲ့ထဲပါမှသာမဟုတ်ပါ။ ယောသပ်ဟာ
သာသနာပြုဆရာအဖွဲ့ကစေလွှတ်တာမဟုတ်ပါ။ ဘုရားစေလွှတ်တဲ့သာသနာပြုဆရာဖြစ်ခဲ့ပါတယ်။
၎ ဓမ္မကျမ်းထဲမှာ ဣသရေလအမျိုးသမီးငယ်၊ ဗိုလ်ချုပ်ကြီးနေမန်ဟာ ဣသရေလကိုအုပ်ချုပ်တဲ့
ဆီးရီးယားဗိုလ်ချုပ်ကြီးဖြစ်ပါ တယ်။ ကျွန်မလေးပြောတဲ့သတင်းစကားကြောင့် အနူရောဂါပျောက်သွားခဲ့ပါတယ်။
အဲ့ဒီမိန်ကလေးဟာ အနိမ့်ဆုံးကျွန်မပါ။ ဒါပေမဲ့ ဘုရားအသုံးပြုတဲ့သာသနာဆရာမလေးဖြစ်ခဲ့ပါတယ်။ ယနေ့
ကမ္ဘာအနှံ့ရောက်နေတဲ့ သားသမီးများကိုပြောလိုပါတယ်။ ဘုရားသခင်စေလွှတ်နေတာဖြစ်တယ်။
ဘုရားအသုံးပြုလိမ့်မယ်။
မာကာဒါလမာရိအကြောင်းသိကြမှာပါ။ နတ်ဆိုးတွေထွက်သွားပြီးနောက်၊ ခရစ်တော်အနားရောက်လာတဲ့အခါ
အံ့သြဖွယ်ခရစ်တော်ကိုချစ်သောသူဖြစ်လာတယ်။ ခရစ်တော်ကို နာဒုဆီမွေးနဲ့ သွန်းလောင်းခဲ့တယ်။
ဒီနေ့ရောက်လာတဲ့သူ တစ်ယောက်မကျန် အခြေအနေအရပ်ရပ်ကြောင့် ဘုရားနဲ့ဝေးတယ်လို့ခံစားသူများ၊
အပြစ်ကြီးလွန်းပါတယ်လို့ ခံစားသူများကို ပြောလိုပါတယ်။ ဘုရားရှေ့ရောက်လာရင် ဘုရားအသုံးပြုပါတယ်။
ဘုရားသခင်ကောင်းချီးပေးပါစေ။
Page 19 of 29
Murann Ezine
12 hrs ·
လိင်အပြစ်ရဲ့နွံတောမှလွတ်မြောက်ခြင်း
(ဘာသာပြန်သူ ဆရာဒေါမနစ်)
.
(၁)မက်သရူးဆိုတဲ့
သြစကြေးလျားက ၉နှစ်သားလေး၊
အံ့သြဘွယ် အဲဒီအရွယ်မှာ သန့်ရှင်းသောဝိညာဉ်တော်
ထိတွေ့ခြင်းခံရပြီး ငယ်ငယ်ရွယ်ရွယ်နဲ့
ဘုရားထံ ဆပ်ကပ်အပ်နှံခဲ့တယ်။
ဘုရားကျောင်းမှာ သီဆိုချီးမွမ်းနေတဲ့ ဘ၀လေးမှာ
မမျှော်လင့်ပဲ မတရားကျင့်ခံလိုက်ရပါတယ်။
အလွန်ဝမ်းနည်း စိတ်ပျက်ပေမဲ့ အသက်၁၁နှစ်အရွယ်ကစပြီး
၁၉နှစ်အထိ ဒီနွံ့ထဲမှာနစ်ရင်း အပြာကားတွေကြည့်၊
ဘုရားသခင်နဲ့ဆန့်ကျင်ဖက်ကို လျှောက်သွား၊
ဝေးဝေးကို သွားနေပါတယ်။
.
အဲဒီအချိန်မှာ
Page 20 of 29
ဘာလုပ်လုပ်အဆင်မပြေဖြစ်လာတယ်။
ဎ၀တန်းစာမေးပွဲလဲ ကျ၊ ပညာရေးမှာလဲ ဆုံးရှုံး ..
ဆရာဒေးဗစ်လားနဲ့ တွေ့ပါတယ်။
မက်သရူး ... မင်းကို ဘုရားသခင် ကြီးစွာအသုံးပြုမယ် ၊
အသုံးချမယ်၊ ရွေးကောက်မယ် ပြောခဲ့တာကို
မယုံနိုင်၊
ဒါလောက် ညစ်ညမ်းနေတဲ့ ဘ၀ထဲက
ဆုံးရှုံးနေသူပဲလေ။ ဟုတ်ပါ့မလား၊
သန့်ရှင်းသောဝိညာဉ်ရဲ့ ထိတွေ့မှုဟာ
၉နှစ်သားအရွယ်တုန်းကလို ကလေးတယောက်လို
တဖန်ပြန်လည် ခံစားရပြန်ပါတယ်။
ယေရှုရဲ့ အသွေးတော်နဲ့ အပြစ်၊ ညစ်ငြမ်းမှုတွေကို
ဆေးကြောခံပြီးသူ ဖြစ်တယ် ဆိုတဲ့ အသံကို
ကြားရပါတယ်။
မခံနိုင်တော့ပါဘူး။
လဲကျပြီး ၉နှစ်သားဘ၀ကလိုပဲ
ယေရှုရဲ့အပြစ်လွှတ်ခြင်းကို ခံစားရပါတယ်။
ကြွေးကြော်နိုင်ခဲ့ပါတယ်။
.
အမေရိကန်နိုင်ငံ ဒါးလတ်စ်မြို့မှာ
၃နှစ်ခွဲ ကျမ်းစာသင်တန်း တက်ပါတယ်။
အခုဆို ကျနော် ၂၅နှစ် ရှိပါပြီ။
ဘုရားသခင် အသုံးပြုနေပါတယ်။
.
ဒီလောကကြီးဟာ
ညစ်ညမ်းတဲ့ လောကကြီးဖြစ်ပါတယ်။
ဘုရားသားသမီးတွလဲ
လှည့်စားခံရပါတယ်။ လိမ်ညာဟန်ဆောင်ပါတယ်။
လူတွေကိုတော့ ဖုံးအုပ်၊ လှည့်စားနိုင်ပေမဲ့
ဘုရားကိုတော့ လိမ်ညာလို့မရပါဘူး၊
ဘုရားရဲ့ မေတ္တာကို ပြေးမလွတ်နိုင်ပါဘူး၊
.
လူငယ်များ ကြုံတွေ့ရမယ်။
- စုံစမ်းနှောက်ယှက်ခြင်းတွေ
- ကျနော်လို့ လိင်ကိစ္စ အခက်အခဲကြီးတွေ
- ကြုံတွေ့နေရသူများ
- ကျနော်လို ၀မ်းနည်းခြင်းကနေ ၀မ်းမြောက်မယ်
Page 21 of 29
- နောက်တခါ ပြန်မလုပ်တော့ပဲ
- လွတ်မြောက်ခြင်းနဲ့ ခံစား၊ နိုင်ပါမယ်။
.
God Bless,,, ဘုရားသခင်ကောင်းချီးပေးပါစေ။
.
.
/////////////////////////////////////////////
.
(၂) ဟစ် Hip ဆိုတဲ့
ဗီယက်နမ်လူငယ်လေး
ငယ်စဉ်က သြစကြေးလျားမှာ
ပြည့်စုံတယ်ဆိုတဲ့ ဘဝ
ခံစားနေထိုင်ခဲ့ပါတယ်။
မျိုးချစ်စိတ် ရှိတယ်ပြောရမလား
ဗီယက်နမ်တွေကိုချစ်တတ်ပြီး
ဥရောပအသားဖြူတွေကို မုန်းတယ်
လူမျိုးခွဲခြားမှုရှိတယ်။
ရီးစား မိန်းကလေး တခါတည်း ၂ယောက်
ပျော်ပါး၊ လောင်းကစား
ညတိုင်း အပြာကားမကြည့်ရ မနေနိုင်
.
တနေ့မှာ
ခရစ်ယာန်မိန်းကလေး ချစ်သူနဲ့တွေ့တယ်
ကျနော်က ဗုဒ္ဓဘာသာမိသားစု
ကျနော့်မှာ ပိုက်ဆံရှိတယ်
အလုပ်ရှိတယ်
မိသားစုရှိတယ်
ချစ်သူရှိတယ်
၁၆နှစ်လူငယ်အရွယ်
ဘ၀ဟာ ပြည့်စုံတယ်လို့ပဲ ခံယူခဲ့ပါတယ်။
.
ဒါပေမဲ့ ချစ်သူကွယ်ရာမှာ
မကောင်းတဲ့ မိန်းမဆီ သွားတယ်
ပညာမရှိတော့
တနေ့မျာ အဖေ၊ အမေ ရန်ဖြစ်၊
မိဘ၂ဦး ခွဲခွာသွားပြီး
ကျနော့်ဘ၀ဟာ အရင်လိုမဟုတ်တော့
Page 22 of 29
အသက်တာ ပျင်းရိစရာ ဖြစ်လာတယ်
နောက်ဆုံး လောကကြီးက အဓိပ္ပါယ်မရှိတော့
ကိုယ့်ကိုယ်ကို သတ်သေချင်လာတယ်
မနာမကြင်ပဲ သေတဲ့နည်းလမ်းရှာမိတယ်
.
အဲဒီလိုအချိန်မျာ
ကျနော်ချစ်သူ ခရစ်ယန်မိန်းကလေးက
သူ့အသင်းတော်ကို လာဖို့ခေါ်တယ်
ဘာထူးခြားတာရှိလဲ မေးတော့
ကနေဒါက သင်းအုပ်ဆရာတဦး တဲ့
သူက ၀ိညာဉ်တော်နဲ့ ကျနော့်အကြောင်းတွေ သိနိုင်တယ်
မသွားချင်ပေမဲ့
သောင်္ကြာ၊ စနေ၊ တနင်္ဂနွေတွေ
သွားနားထောင်ဖြစ်တယ်။
နေ့တိုင်း တရားဟောပွဲ မပြီးခင်ပြန်လာတယ်
ဒီဆရာနဲ့ စကားပြောရမှာ
ရှောင်ရှားချင်တယ်၊
ကြောက်သလိုဖြစ်မိတယ်။
ဒါပေမဲ့ ကားမောင်းပြီး ဈေးဝယ်လိုက်ပို့မိတယ်
နောက် ကော်ဖီဆိုင် ခဏထိုင်
စကားပြောကြတယ်။
.
ကော်ဖီဆိုင်မှာ ပြောစကားတွေ
မကြားသလိုဟန်ဆောင်ပေမဲ့
နောက်ဆုံး မိမိရဲ့ဘ၀အကြောင်း
ဖွင့်ချ ပြောမိသွားတယ်
ကျနော် နှလုံးသားပြောင်းလဲပြီး
ဘုရားမေတ္တာတွေ ဝိညာဉ်တော် ထိတွေ့မှု ခံစားရတယ်
မာနကြီး၊ မာကြောသူ ကျနော်ဟန်မဆောင်နိုင်
ထိန်းမရ လူကြားမှာ ငိုချလိုက်မိတယ်။
ကလေးလိုပဲ ငိုမိတယ်
Forgive Me Jesus -- Forgive Me Jesus
အော်ဟစ်ပြီး
ဒူးထောက်ချလိုက်ပါတယ်
လေးလံနေတဲ့ ရှက်ကြောက်မှု၊ အပြစ်များ
တဖြေးဖြေး ပပျောက်၊ လွတ်မြောက်ခြင်း
ခံစားခဲ့ရပါတယ်။
Page 23 of 29
.
.
သက်သေခံခြင်းများအပြီး
ဆရာဒေးဗစ်လား ပြောပါတယ်။
သြစကြေးလျားက အသက်၂၅နှစ် မက်သရူး
သူလို လိင်၊ မတရားသောမေထုန်
ချည်နှောင်ခြင်းခံရသူများ
လွတ်မြာက် အမှုဆောင်ဖြစ်နေကြတယ်။
ဗီယက်နမ်လူမျိုး ဟစ်ပ် လိုပဲ
သူ့လူမျိုး လူငယ်များစွာ
သူ့ရဲ့ သက်သေပြမှုနဲ့ ပြောင်းလဲနေကြပါတယ်။
ညစ်ညမ်းတဲ့ လိင်၊မူးရစ်၊ လောင်းကစား
ချည်နှောင်စွဲလမ်းခြင်းခံနေရသူများ
သန့်ရှင်းသောဝိညာဉ်
ထိတွေ့မှုနဲ့
ဘုရားသခင် အသုံးချခြင်းခံရတယ်။
အပြစ်အားလုံး လွှတ်ခြင်း၊ ၀မ်းမြောက်ခြင်း
ခံစားရပါစေလို့ ..
.
GMYC ချင်းမိုင်မြို့ လူငယ်တွေ့ဆုံပွဲမှ သက်သေခံခြင်းများစွာမှ ၂ခု ဖြစ်ပါတယ်။
..
ကျမ်း ပိုဒ် (၂ ကော ၅း၁၇)
လူ မည် သည် ကား ခရစ် တော် ၌ ရှိ လျှင် အ သစ် ပြု ပြင် သော သ တ္တ ၀ါ ဖြစ် ၏။ ဟောင်း သော အ ရာ တို့
သည် ပြောင်း လဲ ၍ ခပ် သိမ်း သော အ ရာ တို့ သည် အ သစ် ဖြစ် ကြ ပြီ။ ထို သို့ ဖြစ် သော် ဘု ရား သ ခင် ၏
တန် ခိုး တော် အား ဖြင့် ဖြစ် ကြ ၏။
Page 24 of 29
Murann Ezine
May 7 at 11:32am ·
GMYC လူငယ်တွေ့ဆုံပွဲ (ချင်းမိုင်) က ဆရာစံတိုး တရားဟောတာနားထောင်ဖြစ်ပါတယ်။ ဆရာဒေးဗစ်လား
အပါအ၀င် မြန်မာနိုင်ငံက တရားဟောဆရာများ၊ တကမ္ဘာလုံးက ယုံကြည်သူ လူငယ်များ တွေ့ဆုံ၊ ချီးမွမ်း၊
သက်သေခံ၊ မိတ်သဟာရ၊ ကျမ်းစာသင်ကြားခြင်းနဲ့ ၄ည ဆက်တိုက် ဓမ္မသဘင် (တတိယအကြိမ်) ဖြစ်ပါတယ်။
.
Youtube မှာ GMYC ရိုက်ပြီးရျာကြည့်ရင် ဆရာဒေးဗစ်လား၊ ဆရာစံတိုး၊ ဆရာဗစ်တာမိုး၊ ဆရာ Thang Thawng
ဆရာဦးဇော်မင်း(MCA), ဆရာဒိုမနစ်၊ ဆရာများစွာရဲ့ ဟောပြောချက်များ၊ ပါဝင်သူများရဲ့ ချီးမွမ်းသီဆိုခြင်းများ၊
သက်သေခံခြင်း ဗွီဒီယိုများစွာ တွေ့နိုင်ပါတယ်။
Links...
https://www.youtube.com/results?q=GMYC&sp=SADqAwA%253D
.
.
ဆရာစံတိုး ..
လွန်ခဲ့တဲ့ ၁၀နှစ်ကျော်က မြစ်ကြီးနားမြို့၊
ဧ၀ံဂေလိအသင်းတော်ကလေး တခုက
သင်းအုပ်ဆရာလေး ဆရာစံတိုး၊
ပိုင်ရှင်မဲ့အသုဘများကို သဂြိုလ်ပေးတယ်
Page 25 of 29
လူသေက ဘာမှမတောင်းဆိုဘူး..
အသုဘမှာ တနာရီပဲ နားထောင်ဖို့
ဆရာစံတိုး တောင်းဆိုတရားဟောခဲ့ပါတယ်။
.
ကချင်ပြည်နယ်ကနေ ထိုင်း၊ မလေးရှား၊ စင်ကာပူရောက်လာခဲ့တယ်။
စင်ကာပူယုဒသန်အသင်းတော်
သင်းအုပ်ဆရာ ဆရာဘုတ်တို့နဲ့
၂လလောက် အတူသွားလာ
တရားဒေသနာဟောကြားခဲ့တာ
သတိရမိပါတယ်။
စင်ကာပူက မြန်မာကလေးငယ်တဦးက
ဆရာဘုတ်နဲ့ဆရာစံတိုး ဘယ်သူက ဆရာကြီးလဲ
မေးတယ်လို့ဆိုပါတယ်။
.
ဆရာစံတိုး ဘန်ကောက် အမ်စီအေ အသင်းတော်မှာ
မကြာခဏ တရားဒေသနာဟောတယ်
ရှင်းလင်းပြက်သားတယ်
ခရစ်ယာန်ဘာသာရေးထက်
ခရစ်တော်ဘုရားကို ကိုးကွယ်ကြောင်း
သူ့ဘ၀ သက်သေခံခြင်းနဲ့
ရယ်စရာများစွာ ပြောရင်း
လူများစွာ ပြောင်းလဲစေပါတယ်
အိုင်စီအဆိုကျော် မျိုးကြီးရဲ့ ဇနီးသည်
ဆရာမ လုံးလုံး ကိုယ်တိုင်သက်သေခံပါတယ်။
.
နောက်ပိုင်းတော့ ဆရာဒေးဗစ်လားနဲ့
ပေါင်းပြီး ကမ္ဘာလှည့် တရားဟောတယ်
အမေရိက၊ ကနေဒါ၊ ဥရောပနိုင်ငံများက
မြန်မာခရစ်ယန်များဆီ ရောက်တယ်
အင်တာနက်ဗွီဒီယို အလွန်ခေတ်စားချိန်
ယူကြု မှာ သောင်း၊ သိန်းမက
မြန်မာတွေ နားထောင်ကြတယ်
.
ဆရာစံတိုး GMYC 2017 မှာ ယုံကြည်သူများ အရက်၊ဘီယာ ဆေးလိပ် ခိုင်နီး ကွမ်း သုံးစွဲသင့်ပါသလား ..
အမေးအဖြေကဏ္ဍမှာ မေးခွန်းကို ကျမ်းစာကိုးကားပြီး ဖြေပါတယ်။
၁။ အရက်ဘီယာ၊ ...စပျစ်ရည်သည် လှည့်စားတတ်၏။ သေရည်သေရက်သည် ရုန်းရင်ခန်ပြုခြင်း အမှုကို
ဖြစ်စေတတ်၏။ .. (သုတ္တံ ၂၀း၁) ၊ အလာတူကျမ်းပိုဒ်တွေ အများကြီးရှိတယ်။
Page 26 of 29
၂။ ဆေးလိပ် ... သူတို့ဥည် အဓမ္မအမှုဖြင့် တပြည်လုံးကို ပြည့်စေ၍ ငါ၏အမျက်ကို အထပ်ထပ် နှိုးဆော်ကြပြီ။
သစ်ခက်တို့ကိုလည်း မိမိတို့နှာခေါင်းဝ၌ ကပ်၍ထိုင်ကြ၏ (ယေစတြေလ ၈း၁ရ).. ဒါက ဆေးလိပ်ပါပဲ။
လောကမှာလည်း အရက်တို့ ဆေးလိပ်တို့ကို ကြော်ငြာတာတောင် ဥပဒေအရ ဒါတွေဟာမကောင်းဘူး ပြောပြီး
ကြော်ငြာရပါတယ်။
၃။ ကွမ်း၊ ခိုင်ပီ .. နှမြောသဖြင့် မစွန့်ရက်ဘဲ မိမိပါးစပ်၌ ငုံသော်လည်းကောင်း၊ စားပြီးလျင် သူ၏၀မ်းထဲမှာ
သဘောပြောင်၍ မြွေဆိုးအဆိပ်တောက် ဖြစ်လိမ့်မည်.. (ယောဘ ၂၀း၁၄)။ ခိုင်ပိး ၊ ကွမ်း တွေကို ဆိုလိုပါတယ်။
.
ဘုရားမကြိုက်တာတွေ မလုပ်ကြပါနဲ့...
https://www.youtube.com/watch?v=Q8-A8BmVKbA
.
ယေရှုရဲ့ ဘုရားဇာတိ၊ လူဇာတိ
မိမိရဲ့အသရေကို စွန့်လွှတ်
အစေခံကျွန်အဖြစ်
လူကဲ့သို့သောအဖြစ်ကို ခံယူကြောင်း
ဘုရားသခင်ရဲ့ တဦးတည်းသောသားတော်
ယေရှုရဲ့ ညီအစ်ကိုဆိုတာ
လူသားတွေဖြစ်ကြောင်း
တရားဒေသနာဟောတယ်၊
အံ့သြဘွယ်နမိတ်လက္ခဏများ ပြတယ်
အပြစ်မရှိပေမဲ့ လက်ဝါးကပ်တိုင်မှာ အသေခံတယ်
လူသားတွေရဲ့အပြစ်အတွက် အသွေးသွန်းလောင်းခဲ့တယ်။
သုံးရက်မြောက်နေ့ ရှင်ပြန်ထမြောက်တယ်၊
တပည့်တော်များကို ကိုယ်ထင်ပြပြီး
ခမည်းတော်ရဲ့ လက်ယာဘက်
ကောင်းကင်ဘုံ ပြန်သွားပါတယ်။
ယေရှု လူဇာတိ ခံယူချိန်
ခမည်းတော်ရဲ့အလိုတော်ကို
နားထောင်ခြင်းကို
လက်တွေ့ပြသခဲ့ပါတယ်။
ငါတို့သခင် ယေရှုခရစ်၏ ကျေးဇူးတော်သည် သင်တို့၌ ရှိစေသတည်း။ အာမင် (၁သက်၅း၂၈)
.
ပုံ - GMYC Chiang Mai ၂၀၁၇ မှ ဆရာစံတိုး
Page 27 of 29
Global Myanmar Youth Conference
April 23 at 10:44pm ·
Time table, Special talk or lecture
8:00 – 9:00 Praise & Worship
9:00 – 10:30 Lecture 1
10:30 – 12:00 Lecture 2
12:00 – 1:00 Lunch
1:00 – 1:30 Praise & Worship
1:30 – 3:00 Lecture 3
3:00 – 3:15 Coffee break
3:30 – 5:00 Workshop
5:00 – 6:00 Private time
6:00 – 7:00 Dinner
7:00 – 11:00 Revival
အသင်းတော်အကြောင်း - Pastor True Chain
True worship - Pastor Kim Pau
ခရစ်ယာန်အသက်တာ - Rev. Augustine
Father’s heart - Rev. Tu Ja
Quiet time – Rev. Ohm Myint
ခရစ်ယာန်အိမ်ထောင် - Rev. Zaw Min
အမှုတော်ဆောင်များအတွက် - Rev. U Tin Maung Tun
သန့်ရှင်းသောဝိညာဉ်တော် - Rev. Kennedy
Global Myanmar Youth Conference
April 23 at 10:01pm ·
Online registration- http://www.gmycchiangmai.com/register/
GMYC gmail - gmycmyanmar@gmail.com
Add contact persons
- For Australia - contact Pastor Victor Moe- +61 433344492 or
Dr. Ahsar mee- 0447475557, 0393957515
- For USA - contact Pastor Sang Puia at mccdllas@gmail.com
- For the whole EUROPE - contact Ko Na Lian +45 2282-7766
- For New Zealand - Joy Pwinty Lay 09-7959-6848-1, email - hpsoe86@gmail.com
Page 28 of 29
တတိယအကြိမ်မြောက် GMYC ကျင့်ပဖို့ ရက်အနည်းငယ်သာ လိုတော့တဲ့အတွက် ပါဝင်မဲ့သူများနေဖြင့် မိမိရဲ့ဒေသ
တာဝန်ခံခေါင်းဆောင်များ (ကြည့်ရန် နှိပ်ပါ) ထံ အမြန်ဆုံးဆက်သွယ်ပြီး
စရင်းပေးသွင်းကြပါရန်တိုက်တွန်းအပ်နိုးဆော်အပ်ပါသည်။
Area Contact Person and ..........................
Online registration- http://www.gmycchiangmai.com/register/
GMYC Website - http://www.gmycchiangmai.com/
GMYC gmail - gmycmyanmar@gmail.com
Global myanmar youth conference 2017

Contenu connexe

Plus de Zaw Aung

Clean Coal Technology & Haing oo.coal.fire.power.plants
Clean Coal Technology & Haing oo.coal.fire.power.plantsClean Coal Technology & Haing oo.coal.fire.power.plants
Clean Coal Technology & Haing oo.coal.fire.power.plantsZaw Aung
 
Coal.power.hlaingoo
Coal.power.hlaingooCoal.power.hlaingoo
Coal.power.hlaingooZaw Aung
 
Electricity.2018.and.ppp
Electricity.2018.and.pppElectricity.2018.and.ppp
Electricity.2018.and.pppZaw Aung
 
M zaw aung business post collection from facebook update
M zaw aung business post collection from facebook updateM zaw aung business post collection from facebook update
M zaw aung business post collection from facebook updateZaw Aung
 
Yangon.new.city.and.hdb.2018
Yangon.new.city.and.hdb.2018Yangon.new.city.and.hdb.2018
Yangon.new.city.and.hdb.2018Zaw Aung
 
Isreal.certificate.by.thein.thein
Isreal.certificate.by.thein.theinIsreal.certificate.by.thein.thein
Isreal.certificate.by.thein.theinZaw Aung
 
Electricity.myanmar.rev5.oct2017.total 105pages
Electricity.myanmar.rev5.oct2017.total 105pagesElectricity.myanmar.rev5.oct2017.total 105pages
Electricity.myanmar.rev5.oct2017.total 105pagesZaw Aung
 
Tour.oversea.burmese
Tour.oversea.burmeseTour.oversea.burmese
Tour.oversea.burmeseZaw Aung
 
Than shwe.book.by.thaung.wai.oo
Than shwe.book.by.thaung.wai.ooThan shwe.book.by.thaung.wai.oo
Than shwe.book.by.thaung.wai.ooZaw Aung
 
Chinese100.burmese5
Chinese100.burmese5Chinese100.burmese5
Chinese100.burmese5Zaw Aung
 
Electricity.myanmar.2016.by.government
Electricity.myanmar.2016.by.governmentElectricity.myanmar.2016.by.government
Electricity.myanmar.2016.by.governmentZaw Aung
 
Peter drucker-kw
Peter drucker-kwPeter drucker-kw
Peter drucker-kwZaw Aung
 
Utmw ဦးတင်မောင်ဝင်း၊ by U Aung Khin
Utmw ဦးတင်မောင်ဝင်း၊ by U Aung KhinUtmw ဦးတင်မောင်ဝင်း၊ by U Aung Khin
Utmw ဦးတင်မောင်ဝင်း၊ by U Aung KhinZaw Aung
 
ှSEZ်for Myanmar to learn, VSIP.industrial.park.by.singapore.government.semb...
ှSEZ်for Myanmar to learn, VSIP.industrial.park.by.singapore.government.semb...ှSEZ်for Myanmar to learn, VSIP.industrial.park.by.singapore.government.semb...
ှSEZ်for Myanmar to learn, VSIP.industrial.park.by.singapore.government.semb...Zaw Aung
 
ဘာသာပြန် ကွိ(မြန်မာပြန်)
ဘာသာပြန်   ကွိ(မြန်မာပြန်)ဘာသာပြန်   ကွိ(မြန်မာပြန်)
ဘာသာပြန် ကွိ(မြန်မာပြန်)Zaw Aung
 
Nld.uwintin.by.hlasoewai
Nld.uwintin.by.hlasoewaiNld.uwintin.by.hlasoewai
Nld.uwintin.by.hlasoewaiZaw Aung
 
Sr401 china-and-myanmar-peace-process
Sr401 china-and-myanmar-peace-processSr401 china-and-myanmar-peace-process
Sr401 china-and-myanmar-peace-processZaw Aung
 
Useinwin bio
Useinwin bioUseinwin bio
Useinwin bioZaw Aung
 
Us gov report.(Electrical Power Cost Estimate) 229.pages
Us gov report.(Electrical Power Cost Estimate) 229.pagesUs gov report.(Electrical Power Cost Estimate) 229.pages
Us gov report.(Electrical Power Cost Estimate) 229.pagesZaw Aung
 
Clean coal technologies in japan
Clean coal technologies in japanClean coal technologies in japan
Clean coal technologies in japanZaw Aung
 

Plus de Zaw Aung (20)

Clean Coal Technology & Haing oo.coal.fire.power.plants
Clean Coal Technology & Haing oo.coal.fire.power.plantsClean Coal Technology & Haing oo.coal.fire.power.plants
Clean Coal Technology & Haing oo.coal.fire.power.plants
 
Coal.power.hlaingoo
Coal.power.hlaingooCoal.power.hlaingoo
Coal.power.hlaingoo
 
Electricity.2018.and.ppp
Electricity.2018.and.pppElectricity.2018.and.ppp
Electricity.2018.and.ppp
 
M zaw aung business post collection from facebook update
M zaw aung business post collection from facebook updateM zaw aung business post collection from facebook update
M zaw aung business post collection from facebook update
 
Yangon.new.city.and.hdb.2018
Yangon.new.city.and.hdb.2018Yangon.new.city.and.hdb.2018
Yangon.new.city.and.hdb.2018
 
Isreal.certificate.by.thein.thein
Isreal.certificate.by.thein.theinIsreal.certificate.by.thein.thein
Isreal.certificate.by.thein.thein
 
Electricity.myanmar.rev5.oct2017.total 105pages
Electricity.myanmar.rev5.oct2017.total 105pagesElectricity.myanmar.rev5.oct2017.total 105pages
Electricity.myanmar.rev5.oct2017.total 105pages
 
Tour.oversea.burmese
Tour.oversea.burmeseTour.oversea.burmese
Tour.oversea.burmese
 
Than shwe.book.by.thaung.wai.oo
Than shwe.book.by.thaung.wai.ooThan shwe.book.by.thaung.wai.oo
Than shwe.book.by.thaung.wai.oo
 
Chinese100.burmese5
Chinese100.burmese5Chinese100.burmese5
Chinese100.burmese5
 
Electricity.myanmar.2016.by.government
Electricity.myanmar.2016.by.governmentElectricity.myanmar.2016.by.government
Electricity.myanmar.2016.by.government
 
Peter drucker-kw
Peter drucker-kwPeter drucker-kw
Peter drucker-kw
 
Utmw ဦးတင်မောင်ဝင်း၊ by U Aung Khin
Utmw ဦးတင်မောင်ဝင်း၊ by U Aung KhinUtmw ဦးတင်မောင်ဝင်း၊ by U Aung Khin
Utmw ဦးတင်မောင်ဝင်း၊ by U Aung Khin
 
ှSEZ်for Myanmar to learn, VSIP.industrial.park.by.singapore.government.semb...
ှSEZ်for Myanmar to learn, VSIP.industrial.park.by.singapore.government.semb...ှSEZ်for Myanmar to learn, VSIP.industrial.park.by.singapore.government.semb...
ှSEZ်for Myanmar to learn, VSIP.industrial.park.by.singapore.government.semb...
 
ဘာသာပြန် ကွိ(မြန်မာပြန်)
ဘာသာပြန်   ကွိ(မြန်မာပြန်)ဘာသာပြန်   ကွိ(မြန်မာပြန်)
ဘာသာပြန် ကွိ(မြန်မာပြန်)
 
Nld.uwintin.by.hlasoewai
Nld.uwintin.by.hlasoewaiNld.uwintin.by.hlasoewai
Nld.uwintin.by.hlasoewai
 
Sr401 china-and-myanmar-peace-process
Sr401 china-and-myanmar-peace-processSr401 china-and-myanmar-peace-process
Sr401 china-and-myanmar-peace-process
 
Useinwin bio
Useinwin bioUseinwin bio
Useinwin bio
 
Us gov report.(Electrical Power Cost Estimate) 229.pages
Us gov report.(Electrical Power Cost Estimate) 229.pagesUs gov report.(Electrical Power Cost Estimate) 229.pages
Us gov report.(Electrical Power Cost Estimate) 229.pages
 
Clean coal technologies in japan
Clean coal technologies in japanClean coal technologies in japan
Clean coal technologies in japan
 

Global myanmar youth conference 2017

  • 1. Page 1 of 29 Global Myanmar Youth Conference သက်သေခံချက်များ၊ တရားဒေသနာ၊ ကျမ်းစာလေ့လာခြင်းများကို GMYC ဖေ့ဘုတ်၊ ၀က်ဆိုဒ် တွေမှာ ကြည့်ရှု၊ နားဆင်ပါ။ 2-7 May, 2017 ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တတိယအကြိမ် ပြုလုပ်ပြီးစီးခဲ့ပါတယ်။ ပါဝင်သူအားလုံးနဲ့ ဆိုရှယ်မီဒီယာမှာ ကြည့်ရှုခွန်အားယူသူများလည်း မိမိရောက်ရာအရပ်ဒေသမှာ ခရစ်ယန်အသက်တာ အလင်း၊ ဆား ကဲ့သို့ ဘုရားသခင်ဘုန်းတော်ထင်ရှားပါတယ်။ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာနဲ့သနားခြင်းဂရုဏာရရှိပါမယ်။ ထာဝရဘုရားသည် ငါ၏ကျောက်၊ ငါ၏မြို့ရိုး၊ ငါ့ကိုကယ်လွှတ်သောသခင်၊ ငါ၏ဘုရား၊ ငါကိုးစားသော အစွမ်းသတ္တိ၊ ငါ့ကိုကွယ်ကာ၊ ငါ့ကိုကယ်တင်သောဦးချို၊ ငါ၏ ရဲတိုက်ဖြစ်တော်မူ၏။ (ဆာ ၁၈)။ . https://www.facebook.com/pg/gmyconference (ဆိုရှယ်မီဒိယာ) http://ww7.gmycmyanmar.com (စပွန်စာများ)
  • 2. Page 2 of 29 Global Myanmar Youth Conference added 2 new photos. May 3 at 10:21pm · မိသားစုတွင်း ပြင်းစွာနှောက်ယှက်ခြင်းခံစားရသော အဆိုတော်နှင့် အမှုတော်ဆောင် ဂျပန်ဆရာ သက်သေခံချက် ၂၊၅၊၂၀၁၇ ရိုသေလေးစားချစ်ခင်ရပါသော ဆရာ David Lah! ယေရှုနာမတော်ကိုရှေးဦးစွာချီးမွမ်းလိုပါတယ်။ အခုလို GMYC ချင်းမိုင်ပွဲတော်ကိုပါဝင်နိုင်အောင် ဖိတ်ခေါ်ကြိုဆိုပေးတဲ့ဆရာ့ကို အထူးကျေးဇူးတင်ပါတယ်။ အမြဲတမ်းလိုလို ကျွန်တော်တို့သတိရ ဆုတောင်းပေးတဲ့ ဆရာ့ကိုအထူးကျေးဇူးတင်ပါတယ်။ ဒီပွဲတော်ကို ကျွန်တော်တို့မိသားစု ၄ ယောက် လုံးပါဝင်ဖို့ အစီအစဉ်ကိုပြုလုပ်ထားပါတယ်။ သို့ပေမဲ့ အခုလိုပဲ ကျွန်တော်အမျိုးသမီးနဲ့သားကို ခေါ်မလာနိုင်ခဲ့တဲ့အတွက် စိတ်မကောင်းဝမ်းနည်းမိပါတယ်။ ဘာဖြစ်လို့ အဲလိုဖြစ်ခဲ့ရတဲ့အကြောင်းအရာကို ရှင်းပြချင်ပါတယ်။
  • 3. Page 3 of 29 လွန်ခဲ့တဲ့ မတ်လထဲမှာ ကျွန်တော့်ရဲ့ အမျိုးသမီးဟာ အိမ်တွင်းပြဿနာဖြစ်တဲ့ ငွေရေးနဲ့ ကလေးငယ်ပြုစုတဲ့အရာမှာ အဆင်မပြေ၊ ပြင်းစွာစိတ်ရှုပ်ထွေးဖိစီးမှုနဲ့ မိမိကိုယ်ကို သတ်သေဖို့လုပ်မိခဲ့ပါတယ်၊ များစွာသော အိပ်ဆေးကိုသောက်လိုက်မိတဲ့အပြင် ကလေအငယ်ကို မထားခဲ့ချင်တဲ့စိတ်နဲ့ ကလေးအငယ်လေးကိုပါ အိပ်ဆေးကိုတိုက်လိုက်မိပါတယ်။ ကလေးက ပြင်းထန်စွာ မအီမသာဖြစ်ပြီး အန်ချလိုက်တဲ့အတွက် သောက်ထားတဲ့ဆေးအားလုံးအန်ချလိုက်နိုင်ခဲ့လို့ အသက်ကယ်နိုင်ခဲ့ပါတယ်။ အမျိုးသမီးကျတော့ ၂ ရက်လုံးလုံးအိပ်ပျော်သွားခဲ့ပါတယ်၊ အသက်အန္တရာယ်ကတော့မရှိခဲ့ပါဘူး။ ဒီလိုဖြစ်သွားခဲ့ရတဲ့အကြောင်းရင်းကိုအမျိုးသမီးကိုပဲ အပြစ်တင်လို့လဲမရခဲ့ပါဘူး။ အိမ်ထောင်ရေး၊ အိမ်တွင်းရေးအမှုအတွက် ကူညီရိုင်းပင်းမှုအားနည်းခဲ့တဲ့အရာ၊ ဆုတောင်းမှုမှာအားနည်းခဲ့လို့ဖြစ်ပါတယ်။ အဲဒီအတွက် ကျွန်တော်ကော သမီးပါနောင်တရစွာဖြင့် ကိုယ်တော်ကိုဝန်ချတောင်းပန်ဆုတောင်း နေခဲ့ရပါတယ်။ အခုလိုဖြစ်သွားရခြင်းကြောင့် ကျွန်တော့်အမျိုးသမီးဟာ အစိုးရဥပဒေရဲ့အရေးယူမှုနဲ့ မြို့နယ်ကောင်စီရုံးမှ စစ်ဆေးမေးမြန်းမှုကိုခံနေရပါတယ်။ သားဆိုရင်လည်းပဲ လူမှုဝန်ထမ်းအဖွဲ့အစည်းရဲ့ ကလေးထိန်းဌာနမှာ ခေါ်ထားခြင်းခံနေရဆဲပါ။ အမျိုးသမီးရဲ့အခြေအနေက ပြန်လည်ကောင်းမွန်လာပြီး စစ်ဆေးမေးမြန်းပြီးမှသာ ကလေးကိုပြန်လည်အပ်နှံမည်ဆိုတော့ အခြေအနေဖြစ်ပါတယ်။ ကလေးကအိမ်ကို ပြန်လာနိုင်ဖို့ နောက်ထလအနည်းငယ်ကြာပါအုံးမယ်လို့ ထင်ပါတယ်။ နောက်ထပ်သတင်းတစ်ခုကတော့ မတ်လ ၁၉ ရက်မှာ ကျွန်တော်တို့ရဲ့ အသင်းတော်အသစ်တစ်ခု စတင်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ အဲဒီအသင်းတော်အသစ်က ကျွန်တော်ဦးဆောင်တဲ့ အသင်းတော်ပါ။ အမျိုးသမီးရဲ့ ပြုမှားသွားခဲ့တဲ့ပြဿနာဟာဆိုရင် အသင်းတော်အသစ်စဖွင့်ရန်ပြင်ဆင်နေဆဲမှာဖြစ်သွား ခဲ့တဲ့ပြဿနာဖြစ်ပါတယ်။ အဲဒီအတွက် ဆရာကို အကူအညီတောင်းချင်ပါတယ်။ ကျွန်တော်တို့မိသားစုအတွက် ဆုတောင်းပြီးကူညီပေးစေချင်တယ်။ စာတန်က ကြီးစွာနှောက်ယှက်ဖျက်ဆီးဖို့လုပ်နေပါတယ်။ ကျွန်တော်တို့ရဲ့ လုပ်ရပ်အားလုံးကို နှောက်ယှက်ဖို့ကြံစည်နေပါတယ်။ ဒီလိုပြဿနာကြားထဲမှာ အခုလို ဒီနေရာကိုလာရောက်နိုင်ခြင်းဟာ ဘုရားသခင်ရဲ့ကြီးစွာသော အကြံအစည်တခုပဲလို့ ယုံကြည်ပါတယ်။ ဒီဝိညာဉ်တော်ပွဲမှာ ကိုယ်တော်ထံမှ တစ်ခုခုမိန့်မှာမယ်လို့ ယုံကြည်အားကိုးပါတယ်၊ မျှော်လင့်ပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်။ ယေရှုနာမတော်ဖြင့် ချစ်လှစွာသော Pastor SanbonMatsu Family
  • 4. Page 4 of 29 Global Myanmar Youth Conference May 5 at 12:18pm · သန့်ရှင်းသော ဝိညာဉ်တော် ဆရာ စောကနေဒီ သခင်ယေရှုကိုယ်တော်တိုင်က တမန် ၁း၈ တွင် ကောင်းကင်တက်ကြွချိန်မှာ နောက်ဆုံးအနေဖြင့် မှာခဲ့သော စကားဖြစ်သည်။ ထို့ကြောင့် သန့်ရှင်းသော ဝိညာဉ်တော် သည် အမှုတော်ဆောင်လုပ်ငန်းတွင် အလွန်အရေးကြီးပါသည်။ ယော ၁၄း ၁၅-၁၉ ၊ သခင်ယေရှုဘုရားသည် သွားပြီး သမ္မတရားဖြစ်သော ဥပစ္ဈယ်ဆရာကို စေလွတ်ခဲ့သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူတိုင်းအတွက် ဖြစ်သော်လည်း ဆာငတ်သောသူ၊ အခွင့်ပေးသောသူထံသာ သိသာထင်ရှား စွာ အလုပ်လုပ်သူ ဖြစ်သည်။ တပည့်တော် ၅၀၀ စုပြီး ဆုတောင်းနေချိန်မှာ ၁၂၀ သာ ဝိညာဉ်မီးလျှာ ခံစား ရသည်ကို တွေ့ရသည်။ ဝိညာဉ်တော် ပြည့်၍ ဝိညာဉ်မီးလျှာနှင့် မိမိလျှာတစ်ထပ်တည်းကျသောအခါ အခြားသောဘာသာစကားများ ထွက်လာသည်။ (၁ ကော ၁၂း ၁၄-၃၀) ဝိညာဉ် ဆုကျေးဇူး များ မတူညီသော တွေ့ရသည်။ လူတိုင်း ကယ်တင်ခြင်းရပြီး သမ္မတရားကိုသိဖို့ သန့်ရှင်းသော ဝိညာဉ်တော်ကို လိုအပ်ကြောင်း သိရသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ပုံစံ အမျိုးမျိုး အသွင်သဏ္ဍန်အမျိုးမျိုးဖြင့် လူများကိုသိသာထင်ရှားစေသည်။ ၁။ မဿဲ ၃း ၁၆ (ချိုးငှက်) ၂။ ၁ ယော ၂း ၂၀ ၊ ၁ ရာ ၁၆း ၁၃ (ဆီ) ၃။ လု ၃း ၁၆ (မီး) ၄။ ယော ၃း ၈ (လေ) ၅။ ၂ ကော ၁း ၂၂ (စာရန်) သန့်ရှင်းသော ဝိညာဉ်တော်က တစ်နေရာ နှင့် တစ်နေရာ ၊ လူတစ်ဦး နှင့် တစ်ဦး မတူညီဘဲ အသုံးပြုသည်ကို တွေ့ရသည်။ ဘုရားသခင် အသက်ရှင်သော ဘုရားဖြစ်ကြောင်း ၊ သိသာထင်ရှားပါသည်။ အားလုံးပေါ် ဘုရား ကောင်းကြီးပေးပါစေ။ ဆရာ စောကနေဒီ ကို ဆက်သွယ်ရန် sawkennedy@yahoo.com
  • 5. Page 5 of 29 Global Myanmar Youth Conference May 5 at 11:54am · စစ်မှန်သော ကိုးကွယ်ခြင်း ဆရာ မန်းထွန်းမြတ် မဿဲ ၁၅း ၇-၉ “ငါ့ကို အချည်းနှီးကိုးကွယ်ကြ၏” လူတိုင်း ကိုးကွယ်ယုံကြည်မှုကို အထူးသတိပြုရမှာဖြစ်တယ်။ နာမ်ဝိညာဉ်နှင့် သစ္စာတရား မဟုတ်ရင် စစ်မှန်သော ဝတ်ပြုကိုးကွယ်မှု လုံးဝမဖြစ်နိုင်ဘူး။ နှုတ်ခမ်းဖြင့်ပြောခြင်း သက်သက်သာဖြစ်သွားတယ်။ စစ်မှန်သောကိုးကွယ်ခြင်းဆိုတာ စစ်မှန်သောဘုရားကို မကိုးကွယ်ဘဲ မရနိုင်ဘူး။ (ကျွနိုပ်တို့ရဲ့ အသက်တာမှာ) ကိုးကွယ်မှုဟု ဆိုရာ၌ ရိုသေမှုဟာ သိပ်ကိုအရေးကြီးတယ်။ မဿဲ ၆း၉ ‘ကိုယ်တော်၏ နာမတော်ကို ရိုသေလေးမြတ်ခြင်း ရှိပါစေသော်’ မိမိဦးစားပေးသောအရာ (သို့) ကြောက်ရွံ့သော ပုဂ္ဂိုလ်တဦးဦးသည် ကိုယ့်ရဲ့ ရိုသောမှု ပြုခြင်း ဖြစ်လာတယ်။ အာဗြဟံက သားဣရှမေလ ကိုရသည့်အခါ ဘုရားသခင်၏ ကတိတော်ကို ဦးစားမပေးပဲ ဘုရားထက် သားကို ဦးစားပေးလာတယ်။ သူ့ရဲ့ ကိုးကွယ်မှုဟာ ဣရှမေလ ဖြစ်လာတယ်။ ဘဝမှာ ဘုရားနဲ့ နှီးစပ်ရင်းနှီးလာရန် အတားအဆီး ဖြစ်စေသော တစ်စုံတရာကို သင်ဦးစားမပေးလိုက်ပါနဲ့။ ဒါဟာ အချည်းနှီးသော ကိုးကွယ်မှု ဖြစ်လာပါလိမ့်မယ်။ ထွက် ၂၀း ၂၄ ငါ့အဖကို ကိုးကွယ်သော အရပ်ဆီသို့ ငါကြွလာ၍ ကောင်းချီးပေးမည်။ ဘုရားသခင်ရဲ့ နာမသာလျင် ပြည့်စုံခြင်း ဖြစ်သလို အောင်မြင်ခြင်း၊ ပြည့်စုံခြင်းလည်း ဖြစ်ပါတယ်။ စွဲလမ်းခြင်းဟု ဆိုသည့်အခါခါတိုင်း ဘုရားရဲ့ နာမကို ဦးစားပေးဖို့ ပြောနေခြင်းဖြစ်တယ်။ ကိုးကွယ်ခြင်း လို့ပြောသည့် ခါခါတိုင်း ဘုရားရဲ့ သဘောတူခြင်း ၊ ဦးထိပ်ထားခြင်း ရိုသေလေးစားခြင်းကို ပြောနေခြင်း ဖြစ်တယ်။ မဿဲ ၄း၈-၉ ဘုန်းတန်ခိုး အာနုဘော် ရှိသမျှကို ငါ၌ အပ်ပေးသောကြောင့် ငါ့ကို ကိုးကွယ်ရင် ငါပေးမည်ဟု ဆို၏။ စာတန်က ဘုရားရဲ့ ဘုန်းစည်းစိမ်ကို လှည့်စားပြီး ယေရှုကို ညွန်ပြခဲ့တယ်။ ဘုန်းစည်းစိမ်အားလုံး သားတော်ကို ပေးပြီးသား ဖြစ်မှန်း ယေရှုက သိတယ်။ ယေရှုဟာ ဘုန်းစည်းစိမ်၊ တန်ခိုးရဲ့ ပိုင်ရှင်ဖြစ်တယ်။ (ယော ၃း ၃၅)။ စာတန်က ကိုးကွယ်ခြင်းကို လိုချင်တဲ့အတွက် ဒီလို လှည့်စားခဲ့ခြင်းဖြစ်တယ်။ ဒီနေ့ စာတန်ဟာ လောက ရုပ်ဝတ္ထုတွေကို အသုံးပြုပြီး ယုံကြည်သူတွေကို လှည့်စားနေတယ်။ သင်ဟာ စစ်မှန်တဲ့ ကိုးကွယ်ခြင်း ဘယ်အရာကိုမှ ဦးစားမပေး မိပါစေနဲ့။ မိမိရဲ့ ဘဝကို စာတန်ရဲ့ အမှိုက်ပုံ မဖြစ်စေပါနဲ့။ သမ္မာ သတ္တိရှိပါ။ ကိုးကွယ်ခြင်း သင်ကိုးကွယ်နေသော ဘုရားသည် ဘုရား တကာတို့ဘုရင်၊ သခင်တကာတို့ သခင်။ အဆုံးမဲ့သော ဘုရားဖြစ်သောကြောင့် ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချ ကိုးကွယ်ပါ။ ကိုးကွယ်ခြင်းလို့ ပြောလိုက်သည့်အခါတိုင်း မျက်မှောက်တော်ကို ပြောနေခြင်းဖြစ်တယ်။ ဒါဝိဒ်က ဒုက္ခကြုံတိုင်း ဘုရား၏ ကွယ်ကာမှု
  • 6. Page 6 of 29 အပြည့်ခံစားရခြင်းသည် သူ့ကိုးကွယ်မှုကြောင့် ဖြစ်တယ်။ ဒါ့ကြောင့် ဘယ်လို အခြေအနေဘဲ ရောက်ရောက် ဘုရားကို ကိုးကွယ် တတ်ဖို့ အမြဲတမ်း သင်ယူပါ။ Global Myanmar Youth Conference May 5 at 11:46am · #workshop မတူညီသော ထမ်းပိုးကို ဘာဖြစ်လို့ မထမ်းစေချင်သလဲ။ ဆရာဇော်မင်း - ခရစ်ယာန် အိမ်ထောင် မတူညီသော ထမ်းပိုးကို ဘာဖြစ်လို့ မထမ်းစေချင်သလဲ။ ဘုရားသခင်ဟာ လူတွေကို ကိုးကွယ်မှု မရောနှောစေချင်သောကြောင့် ဖြစ်တယ်။ ရှောလမုန်မင်းကြီးဟာ တိုင်းတစ်ပါး မိန်းမများကိုယူခဲ့တဲ့အတွက် ကိုးကွယ်မှုတွေ၊ ရောနှောသွားခဲ့တယ်။ အာဗြဟံရဲ့သား ဣဇက်ကို ခါနန်အမျိုးနဲ့မယူခိုင်းဘူး။ (ကမ္ဘာ ၂၈) ၊ ဣဇက်ကလည်း ယာကုပ်အတွက် ဇနီးရှာတဲ့အခါ ခါနန်အမျိုးကိုမရှာဘူး။ ဘုရားဂတိတော်နဲ့ ဆိုင်တဲ့ကောင်းချီးမင်္ဂလာကို မရောနှောစေချင်ဘူး၊ မပျောက်စေချင်ဘူး၊ ရှောလမုန်ဟာ ဒါဝိဒ်လို ထာဝရဘုရားကို မကိုးကွယ်ခဲ့ဘူး။ ဘုရားရဲ့ အမျက်ဒေါသကို ဆွပေးခဲ့တယ်။ ဘုရားသခင်က အဖေ့မျက်နှာထောက်လို့ နိုင်ငံတ်ေကို မနှုတ်ပယ်ခဲ့ဘူး။ နောင်သူ့သားခေတ်မှာ နိုင်ငံတော် နှစ်ခြမ်းကွဲသွားတယ်။ မြောက်ပိုင်းအခြမ်းက ဘုရားကိုပုန်ကန်တဲ့နိုင်ငံ ဖြစ်သွားတယ်။ လက်ထပ်မယူခင် မပြောင်းလဲတဲ့ ရည်စားဟာ ယူပြီးရင်လည်း မပြောင်လဲဘူး။ မယုံကြည်သောသူတို့နှင့်တွဲဘက်၍ ဆန့်ကျင်ဘက်ဖြစ်သော ထမ်းဘိုးကိုမထမ်းကြနှင့်။ တရားသာအမှုသည် မတရားသောအမှုကို အဘယ်သို့ လက်ခံနိုင်မည်နည်း။ အလင်းသည် မှောင်မိုက်နှင့် အဘယ်သို့ဆက်ဆံနိုင်မည်နည်း။ (၂ ကော ၆း၁၄) ကိုယ်တော်ဟာ သင့်ကိုတရားသောနည်းနဲ့ သင့်ကို အသက်ပေးပြီးရွေးထားတယ်။ သင့်ရဲ့ခန္ဓာထဲကိုမတရားသောမေထုန်က ဖျက်ဆီးလိုက်တာဖြစ်တယ်။ ကိုယ်ခန္ဓာဟာ ဘုရားရဲ့ဗိမာန်တော်ဖြစ်တယ်။ ဒါကြောင့် စာတန်က သင့်ရဲ့ DNA ကိုဖျက်ဆီးချင်တယ်။ DNA ဆုံးရှုံးတဲ့အခါ သင့်ရဲ့ သားသမီးကို ဘုရားရဲ့ ကတိတော်နဲ့ ဆိုင်တဲ့ ကောင်းချီးတွေပေးလို့ မရတော့ဘူး။ ဒါကြောင့် သတိထားဖို့ဖြစ်တယ်။ မှားယွင်းသွားခဲ့တဲ့သူတွေကတော့ မစခြင်းကဘုရားနဲ့ပဲဆိုင်မှာဖြစ်တယ်။ မယုံကြည်သူနဲ့ ပေါင်းဖက်ပြီး၊ အဲဒီ ယောက်ျား မိန်းမက သင်နဲ့ ဆက်ပြီး ပေါင်းလိုလျှင် ဆက်ပေါင်းပါ။ မကွာစေနှင့် ။ မယုံကြည်သောသူက ကွာလိုလျှင် ကွာပါစေ။
  • 7. Page 7 of 29 ကြွင်းသောသူတို့ကို သခင်ဘုရားသည် ကိုယ်တိုင်မပညတ်ဘဲ၊ ငါပညတ်သည်ကား၊ တစုံတယောက်သော ညီအစ်ကိုသည် မယုံကြည်သောမယားရှိ၍၊ ထိုမယားသည် မိမိခင်ပွန်းနှင့် နေခြင်းငှါအလိုရှိလျင် မကွာစေနှင့်။ (၁ကော ၇း ၁၂) အိမ်ထောင်ပြုခြင်း ဘုရားက လူယောကျာ်းနှင့် လူမိန်းမကို ဖန်ဆင်းထားတယ်။ ဒီ နှစ်ယောက်ဟာ တစ်သားတစ်ကိုယ်ထဲ ဖြစ်သွားတယ်။ နှစ်ယောက်ပေါင်းမှ ကောင်းချီးဖြစ်တယ်။ ယောကျာ်ဟာ ကိုယ့်မိဘကိုစွန့်ပြီး ခင်ပွန်းနဲ့ ပေါင်းရမယ်။ပေါင်းရမဲ့အရာနဲ့စွန့်ရမဲ့ အရာရှိတယ်။ ဘုရားထံက ကောင်းချီးတိုက်ရိုက်ခံစားဘို့ ဖြစ်တယ်။ အိမ်ထောင်ကိုဘုရားက အတည်ပြုပေးတယ်။ ဒါကြောင့် လူကြီး ၊ မိဘတွေက ဘာအကြောင်းပြချက်နဲ့ မှ ခွဲပေးလို့ မရဘူး။ မယားကို စွန့်ခြင်းအမှုကို ဘုရားသခင် စက်ဆုပ်တယ်။ ဘုရားသခင် ပေါင်းဖက်ထားတဲ့ အရာကို လူက မခွဲရဘူး။ ပညတ်တရားက ကွာစေတယ်ဆိုတာ လူတွေရဲ့ ခိုင်မာသော နှလုံးကြောင့် ဖြစ်တယ်။ အိမ်ထောင်ပြုခြင်းဟာ ဘုရားအတွက် သိပ်ပြီး လေးနက်တယ်။ဘုရားက သူ့ရဲ့ ပဋိညာဉ်ကိုတည်စေဖို့ ဖြစ်တယ်။ ကျေးဇူးတော် ချီးမွမ်းပါ။ Global Myanmar Youth Conference May 4 at 1:42pm · #နှုတ်ကပတ်တော် ဘရားသခင် ရွေးချယ်ထားတဲ့ လူစု ဆရာ စံတိုး မေလ ၄ ရက်၊ ၂၀၁၇ ဘယ်လို အသက်ရှင်မလဲ - ဘုရားသခင် ရွေးချယ်ထားကြောင်း ဘယ်လိုသိနိုင်မလဲ - ဘုရားသခင်ဘာအတွက် ရွေးချယ်ထားတာလဲ လုကာ ၅း ၁-၁၀ ၊ ရှိမုန်အကြောင်း ရေးထားတယ်။ ရှိမုန်ကို ဘုရားသခင်ရွေးကောက် ထားတယ်။ ဘုရားသခင်လူကို ရွေးတဲ့ အခါ နှုတ်ကပတ်တော်ပေးပြီးရွေးတယ်။ ဘုရားသခင်ကိုယ့်ကို ရွေးထားကြောင်း နှုတ်ကပတ်တော်အားဖြင့် သိရတယ်။ နှုတ်ကပတ်တော် အရင်ကြားစေတယ်။ ကမ္ဘာ ၁၂ ၊ အာဗြံကို ဘုရားသခင် ရွေးကောက်တယ်။ အဗြံဟာ အစ္စရေးလူမျိုးတွေရဲ့ ဖခင်။ အဗြံကို ဘုရားစကားပြောတယ်။ ထွက် ၃ ၊ မောရှေကို ဘုရားက ရွေးတယ်။ ခြုံပုတ်ထဲကနေ ဘုရားစကားပြောတယ်။ ကမ္ဘာ ၃၇၊ ယောသပ်အိပ်မက်မက်တယ်။ အိပ်မက်အားဖြင့် ယောသပ်ကို ဘုရားစကားပြောတယ်။ ကော ၁း ၄ ၊ နှုတ်ကပတ်တော်သည်လည်း လူ့ဇာတိအဖြစ်ကို ခံယူ၍ ကျေးဇူးတော်နှင့် ၎င်း သစ္စာတော်နဲ့ ၎င်း ပြည့်စုံလျက် ငါတို့တွင် တည်နေတော်မူဖြစ်၍ ……
  • 8. Page 8 of 29 မျက်စိ ၃ မျိုးရှိတယ်။ ကာယ မျက်စိ၊ ဥာဏ်မျက်စိ ၊ ဝိညာဉ်မျက်စိ။ ကာယ မျက်စိ ထက် ဥာဏ်မျက်စိက ပို၍ ဝေးဝေးမြင်နိုင်တယ်။ ဝိညာဉ်မျက်စိက အဝေးကြီးကို မြင်နိုင်တယ်။ ဝိညာဉ်မျက်စိနဲ့ သင့်အား ဘုရားသခင် ရွေးထားကြောင်း မြင်နိုင်တယ်။ နှုတ်ကပတ်တော်သင့်ဆီ ရောက်ရင် သင်သိနိုင်တယ်။ “ရွေးချယ်ခြင်း ခံရသော သူဟာ ငါပဲ” ဘုရားရွေးရင် ရန်သူပေါ်လာတယ်။ မာနတ်ဟာ ဟောက်သောခြင်္သေ့ ကဲ့သို့ပါပဲ။ ဘုရားရွေးထားတဲ့ သူမှာ စုံစမ်းစစ်ဆေးခြင်း ဆိုတဲ့ စာမေးပွဲ ဖြေရတယ်။ လုကာ ၅ ၊ တွင် ရှိမုန်ကို တွေ့ရတယ်။ ယေရှုက ပေတရုကို ရွေးတဲ့အခါ လှေနဲ့ ပိုက်ကွန်ကို စွန့် ၊ ငါ့နောက်လိုက်၊။ လူကို မျှားသော တံငါ ဖြစ်စေမယ်လို့ ပြောတယ်။ ခရစ်တော်နောက်လိုက်ရင် စွန့် ရတဲ့အရာရှိတယ်။ ဘုရားစွန့်ခိုင်းတဲ့အရာကို စွန့်ရတယ်။ အရင်က ပေးထားတဲ့ အရာကို စွန့်ရတယ်။ ဒါမှ သာ၌ ကြီးသော အရာကို ရမှာဖြစ်တယ်။ အာဗြဟံ အား သားကို စွန့်ဖို့ ပြောတယ်။ အလွန်ချစ်သော တစ်ယောက်တည်းသော ဘုရားပေးသော သားကို စွန့်ခိုင်းတယ်။ သား အများအပြား ပေးချင်လို့ ဖြစ်တယ်။ လူမျိုးတကာပေးချင်တယ်။သင့်အား မြေကြီးစွန်းတိုင်ပေးချင်တယ်။ လူမျိုး တစ်မျိုး၊ အဖွဲ့တစ်ဖွဲ့ ထဲအတွက် သင့်ကို ရွေးချယ်ထားခြင်း မဟုတ်။ လူမျိုးတကာ၊ မြေကြီးစွန်းတိုင်အောင် သွားဖို့ ခေါ်ထားတယ်။ ဝိညာဉ်မျက်စိနဲ့ကြည့်ပါ။ မြင်ရမယ်။ မောရှေကို လည်း စွန့်ခိုင်းတယ်။ နန်းတော်ထဲက ဘုန်းစည်းစိမ်ကို စွန့်ခိုင်းတယ်။ နောက်ကျလတံ့သော အကျိုးကို ထောက်ထား မျှော်လင့် ခဲ့တယ်။ ထာဝရကာလ အကျိုးကို ရဖို့၊ ယခုကာလ အကျိုးကို စွန့်ရမယ်။ မစွန့်ရင် ထာဝရ အကျိုးဆုံးရှုံးမယ်။ ဘုရားသည် ထာဝရကာလ အကျိုးကို ပေးချင်တယ်။ ဘုရားသခင် ရွေးချယ်ထားသော သင်၌ စွန့်ရတဲ့ အရာတွေရှိတယ်။ သင့်ကို ရွေးချယ်ကြောင်း ယေရှုဟူသော နှုတ်ကပတ်တော် ခံရတယ်။ အဲဒီနောက် အရာအရာကို စွန့်ရတယ်။ မစွန့်ရင် ပန်းတိုင်မရောက်၊ ရွေးတဲ့ နေရာမှာပဲ သေသွားနိုင်တယ်။ အစ္စရေး လူမျိုးများ ခါနန်ပြည်ကို ဝင်စားဖို့ ရွေးချယ်ခဲ့ပေမဲ့ လမ်းမှာ သေသွားကြတယ်။ ကယ်တင်ခြင်း ရရုံ သက်သက် သင့်ကိုရွေးခြင်း မဟုတ်ပါ။ သင့်ကို ရွေးထားခြင်းဟာ ထာဝရအမွေပေးဖို့ ဖြစ်တယ်။ ယေရှုဟာ သူ့ကိုယ်သူ သင့်အား ပေးဖို့ ရွေးထားတယ်။ တရားဟော ၁၀း ၁၁ ၊ ၂ သက်၂း၁၄ ‘သင်တို့သည် ငါတို့သခင် ယေရှုခရစ်၏ ဘုန်းကို ပိုင်ရမည့်အကြောင်းတည်း” ဧဝံဂေလိတရားဆိုတာ ယေရှုဖြစ်တယ်။ ယေရှုနဲ့ သင့်အားခေါ်တယ်။ ယေရှုရဲ့ ဘုန်းကို အပိုင်ရဘို့ ရွေးချယ်ထားခြင်း ဖြစ်တယ်။ ရွေးချယ်ခြင်း - စုံစမ်းခြင်း - ဘုန်း/အမွေ ထိုဘုန်းကို မည်သူမျှ လုယူလို့ မရပါ။ ဘုရားရဲ့ ဘုန်း ရရင် သင်၌ အလုံးစုံ ပြည့်စုံပြီ။
  • 9. Page 9 of 29 Global Myanmar Youth Conference May 4 at 1:24pm · #workshop အမှုတော်ဆောင်ခြင်း ဆရာကြီး ဦးတင်မောင်ထွန်း နိဒါန်း ကမ္ဘာ ၁း ၂၆ ၊ ၁ ပေ ၁း ၂၀ ၊ ကမ္ဘာ ၂း ၁၆-၁၇ ၊ ကမ္ဘာ ၂း၁၈-၂၀။ ဘုရားသခင်၏ အကြံအစည်တော်က ကမ္ဘာမတည်မရှိမှီ ကတည်းက ရှိပြီးဖြစ်တယ်။ အမှုတော်ဆောင်ဆိုတာ ဘုရားရဲ့ကိုယ်စားအမှုတော်ကို လုပ်ပေးသူဖြစ်တယ်။ ဘုရားရဲ့ ဘိသိတ်ခြင်းကို မခံရဘဲ အမှုတော်ဆောင်နေသောသူကို ‘သာသနာ့အကျိုးဆောင်’ လို့ ခေါ်ပြီး ၊ နှလုံးသားလှပြီး ဆန္ဒမှန်ကန်သောသူ ၊ ဘုရားဘိသိက်ရသော သူကို ဘုရားက ‘အမှုတော်ဆောင်’ လို့ ယုံကြည်ခန့်အပ်ထားတာဖြစ်တယ်။ ဥပမာ- ၁ရာ ၁၆ ၊ ရှောလုနဲ့ ဒါဝိဒ် ဝိညာဉ်အလင်းသာလျင် ဘုရားသခင်ရဲ့ သဘော သဘာဝကို သိမြင်နိုင်တယ်။ ဘုရား အလုပ်ကို ဘုရား စကားနားထောင် သူက ထူးခြားတဲ့ ဘာသာစကားကို ယုံကြည်ပြီး ၊ နိမိတ်လက္ခဏာ ပြနိုင်ရန် အတွင်းသက်သေအရင်ရှိပြီး၊ အပြင်သက်သေ ဖြစ်လာတာကို အမှုတော်ဆောင်ရဲ့ အရည်အချင်း ဖြစ်တယ်။ ဥပမာ ပေတရု ၊ ဖိလိပ္ပု နှင့် ပေါ်လုတို့ဖြစ်ပါတယ်။ အမှုတော်ဆောင်ဆိုတာ …. ၁။ အတွင်းသက်သေက အရေးကြီးဆုံး အချက်ဖြစ်တယ်။ ဘုရားသက်သေကို ထူသော သူဖြစ်ရမယ်။ ၂။ ဘုရားရဲ့စကားကို နားလည်သူ ဖြစ်ရမယ်။ ၃။ နိမိတ်လက္ခဏာဖြင့် လူတွေကို အပြင်သက်သေအနေဖြင့် ပြုရန်ဖြစ်တယ်။ ၄။ နှုတ်ကပတ်တော်နှင့် သန့်ရှင်းသောဝိညာဉ်ဖြင့် ကိုက်ညီစွာ ဒွန်တွဲ ပြောရမယ်။ ၅။ ဧဝံဂေလိတရား သတင်းကို ကိုယ်တွေ့ သက်သေခံသူဖြစ်တယ်။
  • 10. Page 10 of 29 ၆။ လူ့ဇာတိအားဖြင့် အလုပ်မလုပ် သူဖြစ်တယ်။ ဇာတိသဘောဟာ ကွဲပြားပြီးပြဿနာများတယ်။ ဝိညာဉ်သဘောဆိုတာ မိမိအလိုဆန္ဒမပါ ဘုရားဆန္ဒကို ဦးစားပေးသူ ဖြစ်တယ်။ နိဂုံး ဟေဗြဲ ၁၃း ၅ ရောင့်ရဲသော စိတ်သဘောရှိပြီး ငွေကို လိုချင်တတ်မက်စိတ်သဘောကို ရှောင်ကာ ပေးကမ်း စွန့်ကြဲခြင်း သဘောကို စိုက်ရမယ်။ အချည်းအနှီး စကားကို မပြောရန်။ လောကီ ပုံသဏ္ဍန် မဆောင်နဲ့ ၁ကော ၄း ၁-၄ လောကကို အောင်မြင်သော သူဖြစ်ရမယ်။ ရောမ ၁၂း ၁ Global Myanmar Youth Conference May 4 at 1:14pm · #workshop အသင်းတော်အကြောင်း Church Rev. True Chain ယေရှုရဲ့စကား - ‘အကြင်အရပ်၌ လူနှစ်ဦး သုံးဦး စုဝေးရာ၌ ငါအတူရှိတယ်။’ ယေရှုခရစ်နာမတော်ထဲ စုဝေးကြဖို့ ဖြစ်ပါတယ်။ ယခုခေတ် ဂိုဏ်းဂဏထဲမှာ ပဲ စုဝေးနေကြတယ်။ လူတွေက အသင်းတော်ဆိုရင် အဆောက်အဦးကိုပဲ မြင်နေကြတယ်။ ဒါ့ကြောင့် ဆုံးရှုံးနေကြတယ်။ ယေရှုက ‘ဤကျောက်ပေါ်မှာ ငါ့အသင်းတော်ကို ငါတည်ဆောက်မယ်၊ မရဏာ တံခါးတို့သည် မနိုင်ရာ’ လို့ ပေတရုကို ပြောခဲ့တယ်။ ပေတရုရဲ့ ယုံကြည်ခြင်းဟာ ခိုင်ခန့်ပြီး ကျောက်ဖြစ်လာတယ်။ ဒီနေ့လည်း မရဏာတံခါးတို့က အသင်းတော်ကို မနိုင်ဘူးလို့ ပြောနေတယ်။ ကျွန်ုပ်တို့ကို ပေးထားတဲ့ ကျေးဇူးတော်သည်လည်း လုံလောက်တယ်၊ ပြည့်စုံပါတယ်၊ ကျေနပ်မှုရှိရပါမယ်။ သခင်ယေရှုဟာ ကျွန်ုပ်တို့ကို အမိဝမ်းထဲကတည်းက သိသောဘုရားဖြစ်တယ်။ ကျွန်ုပ်တို့ကို ယုံကြည်ခြင်း ပေးထားတယ်။ စာတန်ကို ယုံကြည်ခြင်းနဲ့ တိုက်ထုတ်ရမှာဖြစ်တယ်။ ယခုခေတ်ကတော့ အသင်းတော်ကသာ စာတန်ကိုကြောက်နေရတယ်။ မှောင်မိုက်တန်ခိုးမှလည်း ငါတို့ကိုနှုတ်၍၊ ချစ်တော်မူသော သားတော်၏နိုင်ငံထဲသို့ သွင်းတော်မူ၏။ (ကော ၁း၁၃) ဘုရားသခင်ဟာ ကမ္ဘာဦး အစကပင် အခွင့်အာဏာ တန်ခိုးပေးထားတယ်။ ထိုအခွင့်အာဏာကို စာတန်က လုယူတယ်။ ဒါကြောင့် အဲဒီအခွင့်အာဏာ၊ တန်ခိုးကို လက်ဝါးကပ်တိုင်ရဲ့အောင်ပွဲ အားဖြင့် ပြန်ရယူပြီ ဖြစ်တယ်။
  • 11. Page 11 of 29 အသင်းတော်ဆိုတာ ၊ ယုံကြည်သူ အားလုံးကို ပြောခြင်းဖြစ်တယ်။ အသင်းတော်က အရေးကြီးဆုံး ဖြစ်တယ်။ ချီဆောင်ခြင်းဆိုတာ အသင်းတော်ကိုသာ ချီဆောင်မယ်။ အသင်းတော်ဆိုတာ ဆရာတွေက တည်ထောင်တာ မဟုတ်။ ခရစ်တော်က တည်ဆောက်ထားတယ်။ အသင်းတော်ထဲမှာ သေးငယ်တဲ့အမှု၌ လုပ်ဆောင်နေသမျှအားလုံး ဘုရားသခင်ဖြစ်တယ်။ လူ၏အမှုကိုသာဆောင်ရွက်သကဲ့သို့မဟုတ်၊ သခင်ဘုရား၏ အမှုတော်ကိုဆောင်ရွက်သကဲ့သို့၊ ပြုလေသမျှတို့၌ စေတနာစိတ်နှင့်ပြုကြလော့။ (ကော ၃း ၂၃) Global Myanmar Youth Conference May 4 at 11:41am · #Workship ခရစ်ယာန် အိမ်ထောင် ဆရာဇော်မင်း အစ္စရေးလူမျိုးများဟာ ဘုရားသခင်နဲ့တွေ့ဖို့ တဲတော်ထဲ ရောက်ရတယ်။ သန့်ရှင်းသော ဌာနတော်မှာ ကျိန်းဝပ်ပြီး နေ့အချိန် ၊ ညအချိန် ၊ မီးတိုင်နဲ့ လမ်းပြကွယ်ကာခဲ့တယ်။ ၂ ရာချုပ် ၃း၁ ၊ ၂ ရာချုပ် ၅း၁၃ ဓမ္မဟောင်းကာလ၌ ဘုရားသခင်ဟာ လူ့အထဲမှာ မကျိန်းဝပ်ခဲ့ပါ။ ဓမ္မသစ်ကာလ တွင် ဘုရားသည် သန့်ရှင်းသော ဝိညာဉ်တော် အဖြစ် လူ့နှလုံးသား ထဲ ကျိန်းဝပ်တယ်။ လူ့အားဖြင့် ဘုရားသခင် ဘုန်းတော်ထင်ရှားဘို့ရန် ဖြစ်တယ်။ ဘုရားသခင်ဟာ လူကို တန်ဘိုးထားတဲ့ ဘုရားဖြစ်၏။ ဒါ့ကြောင့် လူ့အထဲမှာ ဗိမာန်တော် တည်ခဲ့တယ်။ လူဟာ မိမိကိုယ် မိမိ မပိုင်သောကြောင်း သိရမယ်။ ခရစ်တော်ရဲ့ တန်ဖိုးနဲ့ သင့်ကို ရွေးယူထားတယ်။ ဘုရားသခင်ပိုင်သော ဗိမာန်တော် တည်ခဲ့တယ်။ (၁ကော ၆း၁၉)။ မတရားသော မေထုန် ပြုရင် ကိုယ့်ကိုကိုယ် ပြစ်မှားခြင်းဖြစ်တယ်။ မတရားသော မေထုန်ဆိုတာ ဘုရားရှေ့ လက်မထက်ဘဲအခြား သူနှင့်အတူနေ ခြင်းဖြစ်တယ်။ မတရားသော မေထုန်အားဖြင့် သင့်အထဲ၌ ရှိသော ဘုရားသခင်ရဲ့ ရူပါရုံကို ဖျက်ဆီးလိုက်ခြင်း ဖြစ်တယ်။ စာတန် က သင့်ရဲ့ DNA ကို ဖျက်ဆီးချင်တယ်။ သင့်အပေါ်ထားတဲ့ ဘုရားရဲ့ ရည်ရွယ်ချက်ကို ဖျက်ဆီးချင်တယ်။ ဘုရားသခင်ရဲ့ နိုင်ငံတော်ထဲမှာ သန့်ရှင်းခြင်းပဲ ရှိတယ်။ ဘုရားသခင်ရဲ့ အကြီးမားဆုံး ကောင်းချီးမင်္ဂလာဟာ အိမ်ထောင်မှာ ပဲရှိတယ်။ ‘သင်တို့နှင့် ငါတို့ကို သခင်ဘုရား၌ တည်စေပြီး ဘိသိက် ပေးသောသူကား သန့်ရှင်းသော ဝိညာဉ်တော် ဖြစ်၏။’ ၂ ကော ၁း ၂၁ ယုံကြည်သူဟာ ဘိသိက်ခံသော သူဖြစ်တယ်။ ဘုရားသခင်ဟာ သန့်ရှင်းသော ဘုရားဖြစ်တယ်။ သင်ခံရသော ဘိသိက်ကို သန့်ရှင်းခြင်းနဲ့ ထိန်းသိမ်းရတယ်။ ယုံကြည်သူတွင် နိမိတ်လက္ခဏာ ပြုဘို့ အခွင့်အာဏာပေးထားတယ်။ ထာဝရဘုရားသည်၊ ဣသရေလအမျိုးကို ကောင်းကြီးပေးခြင်းငှါ အလိုရှိတော်မူကြောင်းကို ဗာလမ်သိ မြင်လျှင်၊ ထူးဆန်းသောအတတ်ကို ရှာခြင်းငှါ အရင်သွားသကဲ့သို့ မသွားဘဲ၊ တောသို့ မျက်နှာပြုလေ၏။ (တော ၂၅း ၁)
  • 12. Page 12 of 29 အစ္စရေးလူမျိုးများ မောဘအမျိုးနှင့် လက်ထပ်ကြတယ်။ အခြားသောဘုရားကို ဆည်းကပ်ကြတယ်။ မတရားသော မေထုန်နောက်မှာ ကိုးကွယ်ခြင်းတွေ ပါလာတတ်တယ်။ ဒါ့ကြောင့် အပြတ်ရှင်းခိုင်းတယ်။ ဘုရားသခင်ဟာ မတရားသော မေထုန်ပြုတဲ့သူအပေါ် အမျက်ထွက်တယ်။ အကြင်သူသည် ဘုရားသခင်၏ ဗိမာန်တော်ကိုဖျက်ဆီး၏။ ထိုသူကို ဘုရားသခင်ဖျက်ဆီးတော်မူလိမ့်မည်။ ဘုရားသခင်၏ ဗိမာန်တော်သည် သန့်ရှင်းရ၏။ သင်တို့သည်လည်း၊ ထိုဗိမာန်တော်ဖြစ်ကြ၏။ (၁ ကော ၃း ၁၇) Global Myanmar Youth Conference May 3 at 11:32pm · ဘုရားနှင့် တစ်ဦးချင်းအချိန်ယူခြင်း (Quite Time) ဆရာအုန်းမြင့် Quite Time သည် ဘုရားနှင့် တစ်ဦးခြင်းအချိန်ယူခြင်းဖြစ်သည်။ Quite Time သည်ဘုရားကို အကျွမ်းဝင် ဖို့ရန်ဖြစ်သည်။ ဘုရားကိုအကျွမ်းဝင်ဖို့ရန်အတွက် သီးသန့်အချိန်သတ်မှတ်ဖို့အရေးကြီးပါသည်။ Quite Time သည် ဘုရားရဲ့မျက်နှာကိုရှာခြင်း၊ ဘုရားရဲ့အလိုတော်ကိုရှာခြင်းဖြစ်သည်။ သခင်ယေရှုသည်လည်း နံနက်စောစောထ၍ အဖခမည်းတော်နှင့်အချိန်ယူပါသည်။ နံနက်အချိန် မိုဃ်းမလင်းမှီကိုယ်တော်သည် ထပြီးလျင်၊ တောအရပ်တို့ထွက်ကြွ၍ဆုတောင်းတော်မူ၏။ (မာ ၁း၃၅) အာဗြဟံသည်လည်း နံနက်စောစောထ၍ ထာဝရဘုရားသည်ရှေ့တော်မှာရပ်ပါသည်။ မောရှေသည်လည်း အလုပ်မည်မျှပင်များပါစေ။ နံနက်စောစောသိနတောင်ပေါ်မှာ ဘုရားမျက်မှောက်တော်မှာရှိနေတယ်။ ဒါဝိဒ်သည်လည်း ဘုရားသခင်ကိုတစ်ရက်နှစ်ကြိမ်ချီးမွမ်းသည်။ ဒံယေလသည်လည်း သူ့ရဲ့အသက်ကိုရန်ရှာသော်လည်း တစ်ရက် (၃) ကြိမ် ဘုရားထံ တိုးဝင်ချဉ်းကပ်ပါသည်။ Quiet Time ကို သိရုံနားလည်ရုံသက်သက်မဟုတ်ပဲ လက်တွေ့အသုံးပြုမှသာလျင်၊ ဘုရားနှင့်တကယ်အကျွမ်းဝင်နိုင်မည်။ တကယ်ဘုရားအသံကို ကြားနိုင်ပါသည်။ Global Myanmar Youth Conference May 3 at 2:49pm · “ကျိုးပဲ့ကြေမွသောနှလုံးနဲ့ ပြန်တိုးဝင်ပါ” ကိုယ့်မကောင်းတာတွေ၊ ၀မ်းနည်းစရာတွေကိုပဲစဉ်းစားပြီး ရှုံးနေဖို့၊လဲနေဖို့ ဘုရားအလိုမရှိဘူး။ ယုဒရှကာရုတ်မှားယွင်းခဲ့ပေမယ့် ဘုရားထံပြန်မတိုးဝင်ပဲ သူ့ကိုယ်သူအဆုံးစီရင်သွားတယ်။ ရှောလု ဘုရားမနှစ်သက်တာလုပ်ခဲ့ပေမယ့် ကိုယ့်ကိုယ်ကို အရှုံးသမားတစ်ယောက်လို အဆုံးစီရင်သွားခဲ့တယ်။ ဘုရားသခင်နှစ်သက်တော်မူသော ယဇ်မူကား၊ ကျိုးပဲ့သောစိတ်ပေတည်း။ အိုဘုရားသခင်၊ ကိုယ်တော်သည် ကျိုးပဲ့ကြေမွသော နှလုံးကို ငြင်းပယ်တော်မမူတတ်ပါ။ (ဆာလံ ၅၄း၁၇)
  • 13. Page 13 of 29 ပေတရုဘုရားကိုကြောခိုင်းခဲ့ပေမယ့် ဘုရားထံပြန်တိုးဝင်ခဲ့တဲ့အခါမှာ ထိပ်ဆုံးထိပြန်ချီးမြောက်ခဲ့တဲ့ ဘုရားဖြစ်ပါတယ်။ ဒါဝိဒ်ဟာ ဘုရားရှေ့မှာ အလွန်ဆိုးတဲ့ဒုစရိုက်ပြုခဲ့ပေမယ့် ဘုရားထံပြန်တိုး ဝင်တဲ့အတွက် ဘုရားအဆုံးထိပြန်ချီးမြှောက်ခဲ့တယ်။ ဘုရားသခင်ဟာ ကျိုးပဲ့သောနှလုံးကို မငြင်းပယ်ဘူးဆိုတာ သူသိတဲ့အတွက် လွှတ်မြောက်ခဲ့တာဖြစ်တယ်။ မိတ်ဆွေအသက်တာမှာ လူတွေမသိတဲ့အပြစ်ပြုမိခဲ့လို့ ကိုယ့်ကိုယ်ကိုခွင့်မလွှတ်နိုင်တဲ့အထိ ခံစားနေလား? ဘယ်သူမှခွင့်မလွတ်ဘူးလို့ ခံစားနေရလား? ကိုယ့်အမှားအတွက် စီရင်ခံရမှာ ကြောက်ရွံ့နေလား? ဘုရားသခင် ခွင့်မလွှတ်ပေးနိုင်တဲ့အရာ တစ်စုံတခုမှမရှိပါဘူး။ ဘုရားသခင်ထံ နောင်တရလျက် ကျိုးပဲ့သောနှလုံးနဲ့ ပြန်လည်တိုးဝင်ပါ။ ဘုရားသခင် ခွင့်လွှတ်ဖို့စောင့်နေပါတယ်။ -ဆရာဒေးဗစ်လား Global Myanmar Youth Conference May 3 at 10:22am · “ယုံကြည်သူတိုင်းအတွက် အသင်းတော်လိုတယ်” “ယုံကြည်သူဆိုတာ တယောက်နဲ့တယောက် မိဿဟာယဖွဲ့ဖို့လိုတယ် အသင်းတော်ရှိဖို့လိုပါတယ် မော်ဒကဲက သူ့သူမ ဧသတာကို ဘုရင်ကြီးဆီဝင်ဖို့ပြတ်ပြတ်ပြောခဲ့တယ်၊ ဧသတာကလည်း နားထောင်တာကြောင့် သူ့လူမျိုးတွေကို ကယ်တင်နိုင်ခဲ့တယ်။ ယုံကြည်သူတိုင်းဟာ ကိုယ့်ကိုတိတိကျကျပြတ်ပြတ် သားသားဝေငှပြောမဲ့ အသင်းတော်လိုအပ်တယ်။ ဘယ်အသင်းတော်မှာမှမပါဝင် ဧည့်သည်ပဲဖြစ်နေမယ်ဆိုရင် ဘယ်သူမှကိုယ့်ကို ပြတ်ပြတ်သားသား ခွန်အားပေးဝေငှပေးမှာ မဟုတ်ဘူး။ ယုံကြည်သူတွေနဲ့ မိဿဟာယလိုတယ်၊ အသင်းတော်လိုအပ်တယ်” ထိုသူများသည် တမန်တော်တို့၏ ဆုံးမသြဝါဒကိုခံခြင်း၊ အပေါင်းအသင်းဖွဲ့ခြင်း၊ မုန့်ကိုဖဲ့ခြင်း၊ ပဌနာပြုခြင်းတို့ကို အမြဲဆောင်ရွက်နေကြ၏။ (တမန်တော် ၂း၄၂) “ကျမ်းစာမှာ ဒံယေလ၊ယောသပ် တယောက်ထဲသမားတွေရှိပါတယ် သေချာလေ့လာရင် သူတို့ကိုဘုရားက ရွေးချယ်ပို့လိုက်တာဖြစ်ပါတယ်။ ဘ မိတ်ဆွေလည်း ဘယ်အသင်းတော်မှာမှ မပါဝင်ဘူးဆိုရင် ဘာအတွက်ဘုရားပို့ထားတာလဲ? ဘုရားပို့တယ်ဆိုရင်တော့ ဘုရားတာဝန်ယူပါလိမ့်မယ်။ ဒါပေမယ့် ကိုယ့်ဟာကိုယ် တယောက်ထဲဖြစ်အောင်လုပ်တယ်ဆိုရင်တော့ ပြိုလဲသွားနိုင်ပါတယ်” ပြိုသောတောင်သည် ကွယ်ပျောက်တတ်ပါ၏၊ ကျောက်သည်လည်း မိမိနေရာမှရွေ့လျော့ တတ်ပါ၏။ ရေတိုက်သောကျောက်ခဲသည်လည်း ပွန်းတတ်ပါ၏။ (ယောဘ ၁၄း၁၈) မိတ်ဆွေကျောက်ခဲတောင်မှ တိုက်ဖန်များရင် ပွန်းတတ်တယ်ဆိုရင် မိတ်ဆွေသင်ဆိုရင်ကော??? ဒါကြောင့် ယုံကြည်သူများနဲ့ မိဿယဖွဲ့ဖို့၊ ကိုယ့်ကို ပြတ်ပြတ်သားသားလမ်းပြသွန်သင်ဖို့ အသင်းတော်ဆိုတာ မရှိမဖြစ်လိုအပ်ပါတယ်။ - ဆရာစံတိုး
  • 14. Page 14 of 29 Global Myanmar Youth Conference May 2 at 8:10pm · “လူပျိုအပျိုဟာ ထာဝရဘုရားကိုသိကျွမ်းခြင်းပညာရှိရပါမယ်။ နေ့တိုင်းကိုးကွယ်တယ် မျက်မှောက်တော် ခံစားရတယ် ‘ဟာလေလုယာ’ ပြောပေမယ့် နှလုံးထဲမှာမတည်ပဲဖြစ်နေတတ်တယ်။ တည်ဆောက်ခြင်း မဖြစ်ဘူး။ လက်တွေ့အသက်တာဟာ နေ့တိုင်းအသက်ရှင်ဖို့ သင့်မှာဘုရားစကားရှိပြီလား? အဲဒါအရေးကြီးပါတယ်” - ဆရာဇော်မင်း Global Myanmar Youth Conference May 2 at 2:59pm · “လူသားတိုင်းကိုချစ်တဲ့ဘုရားမေတ္တာ” ယေရှုက ခရစ်ယာန်မဟုတ်ပါဘူး။ လောကလူသားတွေကို ကယ်ဖို့ကြွလာတာ။ လူတွေကိုချစ်လို့ ကယ်ဖို့ကြွလာတဲ့အခါမှာ လောကမှာ အသက်တော် ၃၀ ကျော်ထင်ရှားတယ်။ ခုဆိုရင် ခရစ်သက္ကရာဇ် ၂၀၁၇ ရှိပြီဖြစ်ပါတယ်။ လောကမှာနေခဲ့စဉ် ၁။ တရားဟောတယ် ၂။ တန်ခိုးတွေပြတယ် (သေတဲ့သူကိုရှင်စေတယ်၊ နာတဲ့သူတွေကိုပျေက်စေတယ်၊ လေပြင်းမုန်တိုင်းတွေငြိမ်းစေတယ်) ၃။ ယေရှုက လက်ဝါးကပ်တိုင်မှာ အသေခံတယ် ပြီးတော့ ပြန်ရှင်တယ်။ ဒါကြောင့် သေခြင်းကိုအောင်တဲ့ဘုရားဖြစ်ပါတယ်။ မွန်းတည့်အချိန်မှစ၍ သုံးချက်တီးအချိန်တိုင်အောင် မြေတပြင်လုံး၌ မှောင်မိုက်အတိဖြစ်လေ၏။ မဿဲ (၂၇း၄၅) ကျွန်ုပ်တို့အပြစ်တွေအားလုံးအပေါ်မှာ ကောင်းကင်အဖက ယေရှုပေါ်မှာတင်လိုက်တယ်။ ယေရှုကိုအမှုစစ်တယ်။ ယေရှု ကားတိုင်တက်တဲ့အခါမှာ ကောင်းကင်ကအဖဟာ အပြစ်တွေကို ယေရှုယူလိုက်တဲ့အတွက် အဖမျက်နှာလွှဲခံရတယ်။ အဲဒီယေရှုဟာ သင့်အပြစ်တွေအားလုံးအတွက် ရာနှုန်းပြည့်ဆပ်သွားပြီဖြစ်ပါတယ်။ ဝေဒနာအပြည့်နဲ့ဆပ်ပြီးပြီ။ ယေရှုသင့်ကိုချစ်တယ် သင်ငရဲသွားစရာမလိုအောင် လက်တွေ့မေတ္တာနဲ့ပြခဲ့ပြီ။ ယေရှု သင့်ကိုသိပ်ချစ်လို့ ပေးဆပ်တဲ့အချစ်ကို လက်ခံလိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်။ တက်ကြွတော်မူသည်ဟုဆိုသော၊ အစစွာမြေကြီးအောက်အရပ်သို့ ဆင်းသက်တော်မူကြောင်းကို ရည်မှတ်၍ဆိုသည် မဟုတ်လော။ (ဧဖက် ၄း၉) အကြောင်းမူကား၊ ကိုယ်တော်သည် အကျွန်ုပ်၏၀ိညာဉ်ကို မရဏာနိုင်ငံ၌ ပစ်ထားတော်မမူ ကိုယ်တော်၏သန့်ရှင်းသူအားလည်း ပုပ်စပ်ခြင်းကို ရှိစေသတ်ာမမူဘဲလျက်၊ (ဆာလံ ၁၆း၁၀) -ဆရာ စံတိုး
  • 15. Page 15 of 29 Global Myanmar Youth Conference May 2 at 2:07pm · "အသက်ရှင်သောဘုရားရှိကြောင်း မြည်းစမ်းကြည့်ပါ" လူတိုင်းက ကိုယ့်ပြဿနာက အကြီးဆုံးလို့ထင်တယ်။ နေရာတကာမှာ ပြဿနာရှိပါတယ်။ အကုန်လုံး ကိုယ်စီပြဿနာရှိတယ်။ မသေမချင်း ပြဿနာက လာအုံးမှာပဲ၊ အခက်ခဲဆိုတာရှိအုံးမှာဖြစ်တယ်။ လူတိုင်းလူတိုင်း တစ်ရက်တော့ ကြုံရမဲ့အရာလည်းရှိပါတယ်။ ဒါက “သေခြင်း” ပဲဖြစ်ပါတယ်.. ကိုယ့်ဝိညာဉ်ဘယ်သွားမလဲ? ကြိုက်တဲ့ဘာသာကိုးကွယ်၊ ဘာသာအားလုံးကောင်းပါတယ်၊ ဘာသာရဲ့အချုပ်က ကောင်းတယ်-လုပ်၊ မကောင်းဘူး- ရှောင် ဆိုတာအဓိက ၂ ချက်ဖြစ်တယ်။ ဒါဆိုရင် မကောင်းတာကိုသိပေမယ့် ရှောင်နိုင်လား? လူဆိုတာကောင်းတာအများကြီး လုပ်ချင်တယ် ဒါပေမယ့် လုပ်နိုင်လား? ကိုယ်မလုပ်နိုင်တဲ့အရာတွေကို တမလွန်အတွက် စိတ်ချမှုပေးတဲ့ အသက်ရှင်သောဘုရားရှိကြောင်း မသေခင် မြည်းစမ်းသိနိုင်ပါတယ်" ထာဝရဘုရားသည် ကောင်းမြတ်တော်မူသည်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့။ ကိုယ်တော်ကို ခိုလှုံသောသူသည်မင်္ဂလာရှိပါ၏။ ဆာလံ ၃၄း၈ -ဆရာ စံတိုး Global Myanmar Youth Conference May 2 at 1:54pm · “GMYC ကနေ ဘုရားသခင် တဆစ်ချိုးပြောင်းလဲပေးမယ့်အရာတွေရှိမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ ကျွန်တော်ရဲ့ Life မှာလည်း တကယ်ဖြစ်ခဲ့တဲ့အရာပေါ့နော်။ အောင်မြင်ခြင်းတွေထက် အောင်မြင်ခြင်းအရှင်ကိုရဖို့လိုတယ်။ ငွေကြေးတွေထက် ငွေကြေးတွေ ပိုင်တဲ့အရှင်ကိုရဖို့လိုတယ်။ ဘုရားကိုရရင် ခပ်သိမ်းသောအရာကိုရခြင်းဖြစ်တယ်။ ကျွန်တော်တို့ရှာနေတာက တစ်ခုပြီးတစ်ခု တစ်ခုပြီးတစ်ခု လိုက်ရှာနေကြတယ်။ အဲဒီအရာတွေအားလုံးကို ပိုင်တဲ့ဘုရားကို ရသွားခြင်းသည် ကျွန်တော်တို့ရဲ့စစ်မှန်တဲ့ အောင်မြင်ခြင်းဖြစ်တယ်ဆိုတာ နားလည်ရတယ်” - ဆရာကနဲ
  • 16. Page 16 of 29 Global Myanmar Youth Conference May 2 at 1:00pm · “ဘုရားနောက်လိုက်ပါ” “ငါး” မပေးခင် “စကား”ပေးတယ်။ ဘုရားစကားကို နားလည်လည် မလည်လည်နားထောင်ပါ။ နားစွင့်ပါ သင် ကြားလိမ့်မယ်။ ပေတရုဟာ သူများအိပ်နေတဲ့အချိန်မှာ မုန်တိုင်းထဲမှာ ကြိုးစားပြီး ငါးရှာနေရတဲ့ဘ၀။ ငါးကိုဖမ်းစားတဲ့ဘ၀ကနေ ဘုရားက လူကိုမျှားတဲ့တံငါဖြစ်စေမယ်။ ပိုက်ကွန်ကိုထားခဲ့ပြီးတော့ ကိုယ်တော့်နောက်လိုက်သွားတယ်။ ဘုရားနောက်မလိုက်တတ်မချင်း လူတွေနောက်ကို လိုက်တတ်တယ်။ ကောင်းကြီး၊ နိမိလက္ခဏာ၊ငွေ၊အောင်မြင်ခြင်း နောက်လိုက်တတ်တယ်။ လောကအရာတွေဟာ နောက်လိုက်လေ ပြေးလေပဲ။ ဘုရားနောက်လိုက်ရင် အားလုံးပေးနိုင်တယ်.. တသက်လုံးရှာခဲ့တဲ့ငါး၊ တစ်မိနစ်အတွင်းမှာပေးနိုင်တာဘုရားဖြစ်ပါတယ်။ “ခြင်္သေ့တို့သည် ဆင်းရဲ၍ ငတ်မွတ်ခြင်းကိုခံရသော်လည်း၊ ထာဝရဘုရားကို ရှာသောသူတို့၌ ကောင်းသောအရာတစုံတခုမျှမလိုရာ။” ဆာလံ ၃၄ ကောင်းသောအရာတစုံတခုရှာဖို့မလိုပဲ သင့်မှာအကုန်ရှိနေပါတယ်။ ဘုရားနောက်လိုက်ပါ။ - ဆရာဒေးဗစ်လား Global Myanmar Youth Conference May 2 at 10:49am · “ဘုရားသင့်ဆီလာနေတယ်” ပေတရု တညလုံးငါးဖမ်းတာ တကောင်းမှမရဘူး.. သူ့ဘ၀မှာ ငါးတွေရခဲ့ပါတယ် ဒါပေမယ့် တချိန်မှာ ကြိုးစားရုန်းခဲ့ရပေမယ့် စုပ်လည်းစူးစားလည်းရူးဆိုတဲ့ အခြေအနေမျိုးရောက်လာတဲ့အခါမှာ သင်ဘယ်လိုလုပ်မလဲ? သင့်ဘ၀မှာလည်း ရတာတွေအကုန်ထွက်ပြီး ဘာမှမရှိတော့တဲ့အချိန် သင်ဘာလုပ်မလဲ? ဘ၀အချိုးအကွေ့တခုမှာ ကိုယ်မဖြစ်ချင်တဲ့အရာတွေ ဖြစ်လာရင် သင်ဘယ်လို လုပ်မလဲ? ဘ၀ဆိုတာ ပင်လယ်ကြီးထဲမှာ ကမ်းမမြင်လမ်းမမြင်လှော်နေတဲ့နေရ၊ ပန်းတိုင်မသိ ကမ်းမရှိတဲ့သူတွေ များစွာရှိတယ်။ ပေတရု ကြိုးစားတယ် ပိုက်ကွန်ချတယ် ဖြစ်ချင်တော့ အရင်နေ့တွေလို ငါး ၁ ကောင်၊ ၂ ကောင် မပြောနဲ့ ၁ကောင်တောင်မရတော့ဘူး။ အဲဒီအချိန်မှာ ပိုက်ကွန်ကိုဆေးလျော်နေတဲ့အချိန်မှာ … တံငါတို့သည် လှေထဲကထွက်၍ ပိုက်ကွန်တို့ကိုဆေးလျှော်လျက်နေကြ၏၊ ထိုလှေတို့တွင် ရှိမုန်၏ လှေထဲသို့ ၀င်တော်မူပြီးလျင်၊ လှေကိုကမ်းနားမှာ အနည်းငယ်ခွာဖွင့်စေခြင်းငှာ ရှိမုန်ကိုအခွင့်တောင်း၏။ ထိုလှေပေါ်မှာ ထိုင်လျက် လူများတို့ကို ဆုံးမသြ၀ါဒပေးတော်မူ၏။ လုကာ ၅း၂-၃ အဆင်ပြေနေတဲ့အချိန် လူတွေက သင့်အနားမှာအများကြီးရှိတယ်။ သင်ခက်ခဲတဲ့အခါမှာ မရှိတော့ဘူး။ ဒါပေမယ့်
  • 17. Page 17 of 29 အဆင်မပြေတဲ့ ငါးတစ်ကောင်မှမရတဲ့အချိန်မှာ ဘုရားက သင့်အနားမှာရှိနေတယ်။ သင့်အနားမှာ ဘယ်သူမှမရှိချင်နေ၊ အဓိပ္ပါယ်မရှိ၊ လမ်းမရှိ၊ကမ်းမရှိတဲ့သူတွေအတွက် ဘုရားကသင့်အနားမှာရှိတယ်။ “ပေတရု.. ကမ်းနားက ခွာလိုက်ပါ” ဘုရားသင့်ဆီဝင်ဖို့လာနေတယ်။ ကိုယ်ချောမှ လှမချစ်နေတဲ့သူကို Good bye! ကိုယ်အောင်မြင်မှ ကိုယ့်ကိုခင်မင်တဲ့သူကို Good bye! ကိုယ်အဆင်ပြေမှ လာတဲ့သူတွေကို Good bye! လှေကနေ “ခွာ” သွားဖို့ ဘုရားခေါ်နေတယ်။ - ဆရာဒေးဗစ်လား Global Myanmar Youth Conference May 2 at 10:25am · “စစ်မှန်တဲ့အောင်မြင်ခြင်း” “ပိုက်ဆံရှိတာ အောင်မြင်ခြင်းမဟုတ်ပါဘူး။ ကျွန်တော့်မှာလူသိန်းနဲ့ချီတရားလာနားထောင်တာ အောင်မြင်ခြင်းမဟုတ်ပါဘူး။ စစ်မှန်တဲ့အောင်မြင်ခြင်းက လူနဲ့မဆိုင်ဘူး။ “သိုးကသိုးကိုမွေးတယ်၊ ဆိတ်ကဆိတ်ကိုမွေးတယ်၊ ကိုယ့်လိုလူမျိုး နောက်ထပ်မမွေးနိုင်ရင် အောင်မြင်ခြင်းမဟုတ်ဘူး၊ ကိုယ့်လိုလူမျိုးနောက်လူတွေကို ထပ်မွေးတာက အောင်မြင်ခြင်းဖြစ်ပါတယ်” - ဆရာဒေးဗစ်လား Global Myanmar Youth Conference May 2 at 10:01am · ဆရာကြီး ဦးတင်မောင်ထွန်း၏ အဖွင့်အမှာ စကား မင်္ဂလာပါ။ မင်္ဂလာဆိုတာ ဘုရားထူတဲ့ သက်သေကိုသာ ‘မင်္ဂလာ’ ဟု ပြောသင့်ပါတယ်။ ဘုရားမျက်မှောက်မှာ ဘုရားသုံးနေစဉ် ၊ အပြင် သဏ္ဍာန် ၌ မင်္ဂလာမရှိသယောင် ဖြစ်နေသော်လည်း၊ နာမ်ဝိညာဉ်အတွင်းတွင် မင်္ဂလာရှိနေသောကြောင့် “မင်္ဂလာပါ” ဟူသော စကားသည် လောကီစကား ဖြစ်သော်လည်း၊ နာမ် ဝိညာဉ် ဘာသာစကားဖြစ်ပါတယ်။ အားလုံး မင်္ဂလာရှိသောသူများဖြစ်ကြောင်း ထပ်မံ ပြောလိုပါတယ်။ ၂၀၁၅ ခုနှစ်တွင် GMYC အပြီးမှာ အဖိုး ကတိပေးခဲ့ပါတယ်။ ၂၀၁၇ GMYC ကိုလာဦးမယ်လို့ ကတိပေးခဲ့ပါတယ်။ တင်ပါးဆုံရိုးကျိုးပြီး ခွဲစိတ်ခန်းဝင်ရသော်လည်း ကျေးဇူးတော်ကြောင့် အောင်မြင်စွာခွဲစိတ်ကုသခံရပြီးနောက် အခုရောက်ရှိလာခြင်းဖြစ်ပါတယ်။ ၁၉၇၀ ခုနှစ်တွင် သက်တမ်းနှစ်နှစ်သာကျန်တယ်ဟု ဆရာဝန်များပြောဖူးပါတယ်။ လောကအလုပ် လေယဉ်အင်ဂျင်နယာအလုပ်ကိုလုပ်ခဲ့ပါတယ်။ အသက်၄၄ နှစ် ဘုရားသခင်ရဲ့အမှုတော်အတွက် အချိန်ပြည့်ဆက်ကပ်ဖို့ ဘုရားခေါ်ခဲ့ ပါတယ်။ အသက် ၈၅ နှစ်မှာ နောက်တစ်ခါ သေခြင်းတံခါးဝကိုရောက် ဆရာဝန်များထပ်မံခွဲစိတ်ပေးရပါတယ်။ သို့သော်အံ့သြဖွယ်ရာအဖြစ် ခွဲစိတ်အောင်မြင်ခဲ့တယ်။
  • 18. Page 18 of 29 ဘုရားသခင်၌မတော်တဆမရှိပါ။ သက်သေထူခြင်းသာဖြစ်ပါတယ်။ အဖိုးဘဝမှာ “ရွှေ” ဖြစ်တာများတယ်။ ဤ GMYC ကိုလာဖို့ ဂတိပြုထားသော်လည်း အစီအစဉ်ပျက်ခါနီးပါ။ မလာတော့ဘူးလို့ဆုံးဖြတ်ပေမဲ့ ဘုရားအခွင့်ပေးလို့ရောက်လာပါတယ်။ ရောက်ရှိလာတဲ့သားသမီးများ သာမန်မဟုတ်ကြပါ။ နှုတ်ကပတ်တော်ရဲ့အလင်းနဲ့အားပေးချင်ပါတယ်။ ကမ္ဘာဦးမှစ၍ဘုရားရဲ့ သက်သေရှိတာ ကမ္ဘာ ၃၇ မှစတင်ပြီး ၃၉ တွင်သက်သေထူပါတယ်။ ၄၀ မှစ၍ ရောင်းစာခံရတဲ့ ကျွန်ယောသပ်ဟာ နိုင်ငံခြားတွင် သာသနာပြုဆရာဖြစ်လာပါတယ်။ ထို့ကြောင့် ဘုရားနှင့်မှန်ရင်ဘုရားသုံးပါတယ်။ သာသနာပြုအဖွဲ့ထဲပါမှသာမဟုတ်ပါ။ ယောသပ်ဟာ သာသနာပြုဆရာအဖွဲ့ကစေလွှတ်တာမဟုတ်ပါ။ ဘုရားစေလွှတ်တဲ့သာသနာပြုဆရာဖြစ်ခဲ့ပါတယ်။ ၄ ဓမ္မကျမ်းထဲမှာ ဣသရေလအမျိုးသမီးငယ်၊ ဗိုလ်ချုပ်ကြီးနေမန်ဟာ ဣသရေလကိုအုပ်ချုပ်တဲ့ ဆီးရီးယားဗိုလ်ချုပ်ကြီးဖြစ်ပါ တယ်။ ကျွန်မလေးပြောတဲ့သတင်းစကားကြောင့် အနူရောဂါပျောက်သွားခဲ့ပါတယ်။ အဲ့ဒီမိန်ကလေးဟာ အနိမ့်ဆုံးကျွန်မပါ။ ဒါပေမဲ့ ဘုရားအသုံးပြုတဲ့သာသနာဆရာမလေးဖြစ်ခဲ့ပါတယ်။ ယနေ့ ကမ္ဘာအနှံ့ရောက်နေတဲ့ သားသမီးများကိုပြောလိုပါတယ်။ ဘုရားသခင်စေလွှတ်နေတာဖြစ်တယ်။ ဘုရားအသုံးပြုလိမ့်မယ်။ မာကာဒါလမာရိအကြောင်းသိကြမှာပါ။ နတ်ဆိုးတွေထွက်သွားပြီးနောက်၊ ခရစ်တော်အနားရောက်လာတဲ့အခါ အံ့သြဖွယ်ခရစ်တော်ကိုချစ်သောသူဖြစ်လာတယ်။ ခရစ်တော်ကို နာဒုဆီမွေးနဲ့ သွန်းလောင်းခဲ့တယ်။ ဒီနေ့ရောက်လာတဲ့သူ တစ်ယောက်မကျန် အခြေအနေအရပ်ရပ်ကြောင့် ဘုရားနဲ့ဝေးတယ်လို့ခံစားသူများ၊ အပြစ်ကြီးလွန်းပါတယ်လို့ ခံစားသူများကို ပြောလိုပါတယ်။ ဘုရားရှေ့ရောက်လာရင် ဘုရားအသုံးပြုပါတယ်။ ဘုရားသခင်ကောင်းချီးပေးပါစေ။
  • 19. Page 19 of 29 Murann Ezine 12 hrs · လိင်အပြစ်ရဲ့နွံတောမှလွတ်မြောက်ခြင်း (ဘာသာပြန်သူ ဆရာဒေါမနစ်) . (၁)မက်သရူးဆိုတဲ့ သြစကြေးလျားက ၉နှစ်သားလေး၊ အံ့သြဘွယ် အဲဒီအရွယ်မှာ သန့်ရှင်းသောဝိညာဉ်တော် ထိတွေ့ခြင်းခံရပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ ဘုရားထံ ဆပ်ကပ်အပ်နှံခဲ့တယ်။ ဘုရားကျောင်းမှာ သီဆိုချီးမွမ်းနေတဲ့ ဘ၀လေးမှာ မမျှော်လင့်ပဲ မတရားကျင့်ခံလိုက်ရပါတယ်။ အလွန်ဝမ်းနည်း စိတ်ပျက်ပေမဲ့ အသက်၁၁နှစ်အရွယ်ကစပြီး ၁၉နှစ်အထိ ဒီနွံ့ထဲမှာနစ်ရင်း အပြာကားတွေကြည့်၊ ဘုရားသခင်နဲ့ဆန့်ကျင်ဖက်ကို လျှောက်သွား၊ ဝေးဝေးကို သွားနေပါတယ်။ . အဲဒီအချိန်မှာ
  • 20. Page 20 of 29 ဘာလုပ်လုပ်အဆင်မပြေဖြစ်လာတယ်။ ဎ၀တန်းစာမေးပွဲလဲ ကျ၊ ပညာရေးမှာလဲ ဆုံးရှုံး .. ဆရာဒေးဗစ်လားနဲ့ တွေ့ပါတယ်။ မက်သရူး ... မင်းကို ဘုရားသခင် ကြီးစွာအသုံးပြုမယ် ၊ အသုံးချမယ်၊ ရွေးကောက်မယ် ပြောခဲ့တာကို မယုံနိုင်၊ ဒါလောက် ညစ်ညမ်းနေတဲ့ ဘ၀ထဲက ဆုံးရှုံးနေသူပဲလေ။ ဟုတ်ပါ့မလား၊ သန့်ရှင်းသောဝိညာဉ်ရဲ့ ထိတွေ့မှုဟာ ၉နှစ်သားအရွယ်တုန်းကလို ကလေးတယောက်လို တဖန်ပြန်လည် ခံစားရပြန်ပါတယ်။ ယေရှုရဲ့ အသွေးတော်နဲ့ အပြစ်၊ ညစ်ငြမ်းမှုတွေကို ဆေးကြောခံပြီးသူ ဖြစ်တယ် ဆိုတဲ့ အသံကို ကြားရပါတယ်။ မခံနိုင်တော့ပါဘူး။ လဲကျပြီး ၉နှစ်သားဘ၀ကလိုပဲ ယေရှုရဲ့အပြစ်လွှတ်ခြင်းကို ခံစားရပါတယ်။ ကြွေးကြော်နိုင်ခဲ့ပါတယ်။ . အမေရိကန်နိုင်ငံ ဒါးလတ်စ်မြို့မှာ ၃နှစ်ခွဲ ကျမ်းစာသင်တန်း တက်ပါတယ်။ အခုဆို ကျနော် ၂၅နှစ် ရှိပါပြီ။ ဘုရားသခင် အသုံးပြုနေပါတယ်။ . ဒီလောကကြီးဟာ ညစ်ညမ်းတဲ့ လောကကြီးဖြစ်ပါတယ်။ ဘုရားသားသမီးတွလဲ လှည့်စားခံရပါတယ်။ လိမ်ညာဟန်ဆောင်ပါတယ်။ လူတွေကိုတော့ ဖုံးအုပ်၊ လှည့်စားနိုင်ပေမဲ့ ဘုရားကိုတော့ လိမ်ညာလို့မရပါဘူး၊ ဘုရားရဲ့ မေတ္တာကို ပြေးမလွတ်နိုင်ပါဘူး၊ . လူငယ်များ ကြုံတွေ့ရမယ်။ - စုံစမ်းနှောက်ယှက်ခြင်းတွေ - ကျနော်လို့ လိင်ကိစ္စ အခက်အခဲကြီးတွေ - ကြုံတွေ့နေရသူများ - ကျနော်လို ၀မ်းနည်းခြင်းကနေ ၀မ်းမြောက်မယ်
  • 21. Page 21 of 29 - နောက်တခါ ပြန်မလုပ်တော့ပဲ - လွတ်မြောက်ခြင်းနဲ့ ခံစား၊ နိုင်ပါမယ်။ . God Bless,,, ဘုရားသခင်ကောင်းချီးပေးပါစေ။ . . ///////////////////////////////////////////// . (၂) ဟစ် Hip ဆိုတဲ့ ဗီယက်နမ်လူငယ်လေး ငယ်စဉ်က သြစကြေးလျားမှာ ပြည့်စုံတယ်ဆိုတဲ့ ဘ၀ ခံစားနေထိုင်ခဲ့ပါတယ်။ မျိုးချစ်စိတ် ရှိတယ်ပြောရမလား ဗီယက်နမ်တွေကိုချစ်တတ်ပြီး ဥရောပအသားဖြူတွေကို မုန်းတယ် လူမျိုးခွဲခြားမှုရှိတယ်။ ရီးစား မိန်းကလေး တခါတည်း ၂ယောက် ပျော်ပါး၊ လောင်းကစား ညတိုင်း အပြာကားမကြည့်ရ မနေနိုင် . တနေ့မှာ ခရစ်ယာန်မိန်းကလေး ချစ်သူနဲ့တွေ့တယ် ကျနော်က ဗုဒ္ဓဘာသာမိသားစု ကျနော့်မှာ ပိုက်ဆံရှိတယ် အလုပ်ရှိတယ် မိသားစုရှိတယ် ချစ်သူရှိတယ် ၁၆နှစ်လူငယ်အရွယ် ဘ၀ဟာ ပြည့်စုံတယ်လို့ပဲ ခံယူခဲ့ပါတယ်။ . ဒါပေမဲ့ ချစ်သူကွယ်ရာမှာ မကောင်းတဲ့ မိန်းမဆီ သွားတယ် ပညာမရှိတော့ တနေ့မျာ အဖေ၊ အမေ ရန်ဖြစ်၊ မိဘ၂ဦး ခွဲခွာသွားပြီး ကျနော့်ဘ၀ဟာ အရင်လိုမဟုတ်တော့
  • 22. Page 22 of 29 အသက်တာ ပျင်းရိစရာ ဖြစ်လာတယ် နောက်ဆုံး လောကကြီးက အဓိပ္ပါယ်မရှိတော့ ကိုယ့်ကိုယ်ကို သတ်သေချင်လာတယ် မနာမကြင်ပဲ သေတဲ့နည်းလမ်းရှာမိတယ် . အဲဒီလိုအချိန်မျာ ကျနော်ချစ်သူ ခရစ်ယန်မိန်းကလေးက သူ့အသင်းတော်ကို လာဖို့ခေါ်တယ် ဘာထူးခြားတာရှိလဲ မေးတော့ ကနေဒါက သင်းအုပ်ဆရာတဦး တဲ့ သူက ၀ိညာဉ်တော်နဲ့ ကျနော့်အကြောင်းတွေ သိနိုင်တယ် မသွားချင်ပေမဲ့ သောင်္ကြာ၊ စနေ၊ တနင်္ဂနွေတွေ သွားနားထောင်ဖြစ်တယ်။ နေ့တိုင်း တရားဟောပွဲ မပြီးခင်ပြန်လာတယ် ဒီဆရာနဲ့ စကားပြောရမှာ ရှောင်ရှားချင်တယ်၊ ကြောက်သလိုဖြစ်မိတယ်။ ဒါပေမဲ့ ကားမောင်းပြီး ဈေးဝယ်လိုက်ပို့မိတယ် နောက် ကော်ဖီဆိုင် ခဏထိုင် စကားပြောကြတယ်။ . ကော်ဖီဆိုင်မှာ ပြောစကားတွေ မကြားသလိုဟန်ဆောင်ပေမဲ့ နောက်ဆုံး မိမိရဲ့ဘ၀အကြောင်း ဖွင့်ချ ပြောမိသွားတယ် ကျနော် နှလုံးသားပြောင်းလဲပြီး ဘုရားမေတ္တာတွေ ဝိညာဉ်တော် ထိတွေ့မှု ခံစားရတယ် မာနကြီး၊ မာကြောသူ ကျနော်ဟန်မဆောင်နိုင် ထိန်းမရ လူကြားမှာ ငိုချလိုက်မိတယ်။ ကလေးလိုပဲ ငိုမိတယ် Forgive Me Jesus -- Forgive Me Jesus အော်ဟစ်ပြီး ဒူးထောက်ချလိုက်ပါတယ် လေးလံနေတဲ့ ရှက်ကြောက်မှု၊ အပြစ်များ တဖြေးဖြေး ပပျောက်၊ လွတ်မြောက်ခြင်း ခံစားခဲ့ရပါတယ်။
  • 23. Page 23 of 29 . . သက်သေခံခြင်းများအပြီး ဆရာဒေးဗစ်လား ပြောပါတယ်။ သြစကြေးလျားက အသက်၂၅နှစ် မက်သရူး သူလို လိင်၊ မတရားသောမေထုန် ချည်နှောင်ခြင်းခံရသူများ လွတ်မြာက် အမှုဆောင်ဖြစ်နေကြတယ်။ ဗီယက်နမ်လူမျိုး ဟစ်ပ် လိုပဲ သူ့လူမျိုး လူငယ်များစွာ သူ့ရဲ့ သက်သေပြမှုနဲ့ ပြောင်းလဲနေကြပါတယ်။ ညစ်ညမ်းတဲ့ လိင်၊မူးရစ်၊ လောင်းကစား ချည်နှောင်စွဲလမ်းခြင်းခံနေရသူများ သန့်ရှင်းသောဝိညာဉ် ထိတွေ့မှုနဲ့ ဘုရားသခင် အသုံးချခြင်းခံရတယ်။ အပြစ်အားလုံး လွှတ်ခြင်း၊ ၀မ်းမြောက်ခြင်း ခံစားရပါစေလို့ .. . GMYC ချင်းမိုင်မြို့ လူငယ်တွေ့ဆုံပွဲမှ သက်သေခံခြင်းများစွာမှ ၂ခု ဖြစ်ပါတယ်။ .. ကျမ်း ပိုဒ် (၂ ကော ၅း၁၇) လူ မည် သည် ကား ခရစ် တော် ၌ ရှိ လျှင် အ သစ် ပြု ပြင် သော သ တ္တ ၀ါ ဖြစ် ၏။ ဟောင်း သော အ ရာ တို့ သည် ပြောင်း လဲ ၍ ခပ် သိမ်း သော အ ရာ တို့ သည် အ သစ် ဖြစ် ကြ ပြီ။ ထို သို့ ဖြစ် သော် ဘု ရား သ ခင် ၏ တန် ခိုး တော် အား ဖြင့် ဖြစ် ကြ ၏။
  • 24. Page 24 of 29 Murann Ezine May 7 at 11:32am · GMYC လူငယ်တွေ့ဆုံပွဲ (ချင်းမိုင်) က ဆရာစံတိုး တရားဟောတာနားထောင်ဖြစ်ပါတယ်။ ဆရာဒေးဗစ်လား အပါအ၀င် မြန်မာနိုင်ငံက တရားဟောဆရာများ၊ တကမ္ဘာလုံးက ယုံကြည်သူ လူငယ်များ တွေ့ဆုံ၊ ချီးမွမ်း၊ သက်သေခံ၊ မိတ်သဟာရ၊ ကျမ်းစာသင်ကြားခြင်းနဲ့ ၄ည ဆက်တိုက် ဓမ္မသဘင် (တတိယအကြိမ်) ဖြစ်ပါတယ်။ . Youtube မှာ GMYC ရိုက်ပြီးရျာကြည့်ရင် ဆရာဒေးဗစ်လား၊ ဆရာစံတိုး၊ ဆရာဗစ်တာမိုး၊ ဆရာ Thang Thawng ဆရာဦးဇော်မင်း(MCA), ဆရာဒိုမနစ်၊ ဆရာများစွာရဲ့ ဟောပြောချက်များ၊ ပါဝင်သူများရဲ့ ချီးမွမ်းသီဆိုခြင်းများ၊ သက်သေခံခြင်း ဗွီဒီယိုများစွာ တွေ့နိုင်ပါတယ်။ Links... https://www.youtube.com/results?q=GMYC&sp=SADqAwA%253D . . ဆရာစံတိုး .. လွန်ခဲ့တဲ့ ၁၀နှစ်ကျော်က မြစ်ကြီးနားမြို့၊ ဧ၀ံဂေလိအသင်းတော်ကလေး တခုက သင်းအုပ်ဆရာလေး ဆရာစံတိုး၊ ပိုင်ရှင်မဲ့အသုဘများကို သဂြိုလ်ပေးတယ်
  • 25. Page 25 of 29 လူသေက ဘာမှမတောင်းဆိုဘူး.. အသုဘမှာ တနာရီပဲ နားထောင်ဖို့ ဆရာစံတိုး တောင်းဆိုတရားဟောခဲ့ပါတယ်။ . ကချင်ပြည်နယ်ကနေ ထိုင်း၊ မလေးရှား၊ စင်ကာပူရောက်လာခဲ့တယ်။ စင်ကာပူယုဒသန်အသင်းတော် သင်းအုပ်ဆရာ ဆရာဘုတ်တို့နဲ့ ၂လလောက် အတူသွားလာ တရားဒေသနာဟောကြားခဲ့တာ သတိရမိပါတယ်။ စင်ကာပူက မြန်မာကလေးငယ်တဦးက ဆရာဘုတ်နဲ့ဆရာစံတိုး ဘယ်သူက ဆရာကြီးလဲ မေးတယ်လို့ဆိုပါတယ်။ . ဆရာစံတိုး ဘန်ကောက် အမ်စီအေ အသင်းတော်မှာ မကြာခဏ တရားဒေသနာဟောတယ် ရှင်းလင်းပြက်သားတယ် ခရစ်ယာန်ဘာသာရေးထက် ခရစ်တော်ဘုရားကို ကိုးကွယ်ကြောင်း သူ့ဘ၀ သက်သေခံခြင်းနဲ့ ရယ်စရာများစွာ ပြောရင်း လူများစွာ ပြောင်းလဲစေပါတယ် အိုင်စီအဆိုကျော် မျိုးကြီးရဲ့ ဇနီးသည် ဆရာမ လုံးလုံး ကိုယ်တိုင်သက်သေခံပါတယ်။ . နောက်ပိုင်းတော့ ဆရာဒေးဗစ်လားနဲ့ ပေါင်းပြီး ကမ္ဘာလှည့် တရားဟောတယ် အမေရိက၊ ကနေဒါ၊ ဥရောပနိုင်ငံများက မြန်မာခရစ်ယန်များဆီ ရောက်တယ် အင်တာနက်ဗွီဒီယို အလွန်ခေတ်စားချိန် ယူကြု မှာ သောင်း၊ သိန်းမက မြန်မာတွေ နားထောင်ကြတယ် . ဆရာစံတိုး GMYC 2017 မှာ ယုံကြည်သူများ အရက်၊ဘီယာ ဆေးလိပ် ခိုင်နီး ကွမ်း သုံးစွဲသင့်ပါသလား .. အမေးအဖြေကဏ္ဍမှာ မေးခွန်းကို ကျမ်းစာကိုးကားပြီး ဖြေပါတယ်။ ၁။ အရက်ဘီယာ၊ ...စပျစ်ရည်သည် လှည့်စားတတ်၏။ သေရည်သေရက်သည် ရုန်းရင်ခန်ပြုခြင်း အမှုကို ဖြစ်စေတတ်၏။ .. (သုတ္တံ ၂၀း၁) ၊ အလာတူကျမ်းပိုဒ်တွေ အများကြီးရှိတယ်။
  • 26. Page 26 of 29 ၂။ ဆေးလိပ် ... သူတို့ဥည် အဓမ္မအမှုဖြင့် တပြည်လုံးကို ပြည့်စေ၍ ငါ၏အမျက်ကို အထပ်ထပ် နှိုးဆော်ကြပြီ။ သစ်ခက်တို့ကိုလည်း မိမိတို့နှာခေါင်းဝ၌ ကပ်၍ထိုင်ကြ၏ (ယေစတြေလ ၈း၁ရ).. ဒါက ဆေးလိပ်ပါပဲ။ လောကမှာလည်း အရက်တို့ ဆေးလိပ်တို့ကို ကြော်ငြာတာတောင် ဥပဒေအရ ဒါတွေဟာမကောင်းဘူး ပြောပြီး ကြော်ငြာရပါတယ်။ ၃။ ကွမ်း၊ ခိုင်ပီ .. နှမြောသဖြင့် မစွန့်ရက်ဘဲ မိမိပါးစပ်၌ ငုံသော်လည်းကောင်း၊ စားပြီးလျင် သူ၏၀မ်းထဲမှာ သဘောပြောင်၍ မြွေဆိုးအဆိပ်တောက် ဖြစ်လိမ့်မည်.. (ယောဘ ၂၀း၁၄)။ ခိုင်ပိး ၊ ကွမ်း တွေကို ဆိုလိုပါတယ်။ . ဘုရားမကြိုက်တာတွေ မလုပ်ကြပါနဲ့... https://www.youtube.com/watch?v=Q8-A8BmVKbA . ယေရှုရဲ့ ဘုရားဇာတိ၊ လူဇာတိ မိမိရဲ့အသရေကို စွန့်လွှတ် အစေခံကျွန်အဖြစ် လူကဲ့သို့သောအဖြစ်ကို ခံယူကြောင်း ဘုရားသခင်ရဲ့ တဦးတည်းသောသားတော် ယေရှုရဲ့ ညီအစ်ကိုဆိုတာ လူသားတွေဖြစ်ကြောင်း တရားဒေသနာဟောတယ်၊ အံ့သြဘွယ်နမိတ်လက္ခဏများ ပြတယ် အပြစ်မရှိပေမဲ့ လက်ဝါးကပ်တိုင်မှာ အသေခံတယ် လူသားတွေရဲ့အပြစ်အတွက် အသွေးသွန်းလောင်းခဲ့တယ်။ သုံးရက်မြောက်နေ့ ရှင်ပြန်ထမြောက်တယ်၊ တပည့်တော်များကို ကိုယ်ထင်ပြပြီး ခမည်းတော်ရဲ့ လက်ယာဘက် ကောင်းကင်ဘုံ ပြန်သွားပါတယ်။ ယေရှု လူဇာတိ ခံယူချိန် ခမည်းတော်ရဲ့အလိုတော်ကို နားထောင်ခြင်းကို လက်တွေ့ပြသခဲ့ပါတယ်။ ငါတို့သခင် ယေရှုခရစ်၏ ကျေးဇူးတော်သည် သင်တို့၌ ရှိစေသတည်း။ အာမင် (၁သက်၅း၂၈) . ပုံ - GMYC Chiang Mai ၂၀၁၇ မှ ဆရာစံတိုး
  • 27. Page 27 of 29 Global Myanmar Youth Conference April 23 at 10:44pm · Time table, Special talk or lecture 8:00 – 9:00 Praise & Worship 9:00 – 10:30 Lecture 1 10:30 – 12:00 Lecture 2 12:00 – 1:00 Lunch 1:00 – 1:30 Praise & Worship 1:30 – 3:00 Lecture 3 3:00 – 3:15 Coffee break 3:30 – 5:00 Workshop 5:00 – 6:00 Private time 6:00 – 7:00 Dinner 7:00 – 11:00 Revival အသင်းတော်အကြောင်း - Pastor True Chain True worship - Pastor Kim Pau ခရစ်ယာန်အသက်တာ - Rev. Augustine Father’s heart - Rev. Tu Ja Quiet time – Rev. Ohm Myint ခရစ်ယာန်အိမ်ထောင် - Rev. Zaw Min အမှုတော်ဆောင်များအတွက် - Rev. U Tin Maung Tun သန့်ရှင်းသောဝိညာဉ်တော် - Rev. Kennedy Global Myanmar Youth Conference April 23 at 10:01pm · Online registration- http://www.gmycchiangmai.com/register/ GMYC gmail - gmycmyanmar@gmail.com Add contact persons - For Australia - contact Pastor Victor Moe- +61 433344492 or Dr. Ahsar mee- 0447475557, 0393957515 - For USA - contact Pastor Sang Puia at mccdllas@gmail.com - For the whole EUROPE - contact Ko Na Lian +45 2282-7766 - For New Zealand - Joy Pwinty Lay 09-7959-6848-1, email - hpsoe86@gmail.com
  • 28. Page 28 of 29 တတိယအကြိမ်မြောက် GMYC ကျင့်ပဖို့ ရက်အနည်းငယ်သာ လိုတော့တဲ့အတွက် ပါဝင်မဲ့သူများနေဖြင့် မိမိရဲ့ဒေသ တာဝန်ခံခေါင်းဆောင်များ (ကြည့်ရန် နှိပ်ပါ) ထံ အမြန်ဆုံးဆက်သွယ်ပြီး စရင်းပေးသွင်းကြပါရန်တိုက်တွန်းအပ်နိုးဆော်အပ်ပါသည်။ Area Contact Person and .......................... Online registration- http://www.gmycchiangmai.com/register/ GMYC Website - http://www.gmycchiangmai.com/ GMYC gmail - gmycmyanmar@gmail.com