SlideShare une entreprise Scribd logo
1  sur  18
Télécharger pour lire hors ligne
1 | P a g e , I s r a e l A g r i c u l t u r e I n d u s t r y D i a r y , 2 0 1 7
ကမ္ဘာ့ ထိတ်တန်း စိုက်ပျိုးသီးနှံထုတ်လုပ်တဲ့ အစ္စရေးနိုင်ငံကို
၃ပတ်သင်တန်း (ဒေါ်သိန်းသိန်းအောင်၊ စိုက်ပျိုးပညာရှင်)
26, Nov 2017Leaving to Israel for 3 weeks training....before departure with dear
sister ThandaAye and lovely niece KyawtKaythi, and Ko Thein Naing family. အစ္စရေး ကို
ခဏသွားလတ်အူးမယ်နော်၊ ၃ ပါတ်တောင် ဆောင်းခို သင်တန်းတက်ရမှာဆိုတော့ အနွေးထည်တွေဘာတွေနဲ့
၂ အိတ်ပြင်သွားတာ ၊ ရန်ကုန်ကနေ ဘန်ကောက်ထိ TG ကတော့ ၂ လုံးရပေမဲ့ ၊ ဆက်စီးရမဲ့ transit အစ္စရေး
လေကြောင်းလိုင်း YL က လူတယောက် အိတ်တလုံးပဲ baggage ပေးလို့ သေတ္တာအသေးကို hand carry
လုပ်ဖို့ ပစ္စည်းတွေပြန်ပြောင်းထဲ့ရတာ ဖတ်ဖတ်မောသွားတာပဲ။ ဒါလဲ မဟာ lesson learn ပါတကား၊
နိုင်ငံတကာ ခရီးမသွားဖြစ်တာကြာလို့ သတိမထား ကြိုမစုံစမ်းထားတဲ့ ပစ်မှုပေါ့။ TG counter က ကလေးမ
ကသေချာ မှာလိုက်သေးတယ်၊ အပြန်လဲ transit ကို တလုံးပဲ ရမှာနော်တဲ့။ ဟဲဟဲ လက်ဆောင်တွေဘာတွေ
မျော်လင့်နေသူတွေ သဘောပေါက်။
26, Nov. 2017၊ ပြူတင်းပေါက်သေးသေးလေးတွေနဲ့၊ လူတွေမျက်နှာကျောတော်တော်တင်း၊
ကိုယ်များများရီပြမှ နဲနဲလေး ပြန်ရီပြတယ်လေ၊ ဒါလဲ စိတ်ဝင်စားစရာပဲ၊
သင်တန်းသားတွေ နေရတဲ့ appartment က kitchen လေးရယ်၊ ဧည့်ခန်း၊ ဝရံတာလေးရယ်၊ အခန်း ၅ ခန်း မှာ
တယောက်တခန်းစီ၊ တနင်္ဂနွေနေ့ရောက်သူတွေ ကွကိုယ် စားနိုင်အောင် ရေခဲသေတ္တာထဲ ပေါင်မုန့်၊ ကြက်ဥ၊
ထောပတ်၊ နွားနို့ ၊ ကော်ဖီ၊ အသီးအနှံ အပြည့်ထဲ့ပေးထားတယ်၊ ခဏနေရင် ချက်ပြုတ်စားသောက်တော့မယ်။
စားစရာ တွေထဲ့ပေးလိုက်တဲ့ သယ်ရင်းလေးတွေ ကျေးကျေးပါလို့၊ အချိန်ကတော့ ရန်ကုန်ထက် ၄နာရီခွဲ
နောက်ကျတယ်၊ နောက်နေ့တွေ့တာတွေ ထပ်ရေးအူးမယ်နော်၊ မျက်စေ့နောက်ရင် ကျော်သွားကြပါ
.-----------------------------------------------------------------------------------
.27, Nov. 2017
5 hrs · Rehovot, Israel ·
ဒီနေ့သိရတာတွေ အများကြီးထဲက စိတ်ဝင်စားဖို့ကောင်းတာ တခုက အခုရောက်နေတဲ့ စိုက်ပျိုးရေးမဟာဌာန
နေရာ ၊ စာသင်ဆောင် ၊ လူနေဆောင် အားလုံးဟာ Weitz Center for Sustainable Development ခေါ်တဲ့
NGO ကြီးကပိုင်တာဖြစ်ပြီး၊ စိုက်ပျိုးရေး တက္ကသိုလ် ကနေရာ ငှါးခ နဲ့ ဝန်ဆောင်မှုတွေအတွက် ပြန်ပေးရတယ်
ဆိုတာရယ်၊ NGO နဲ့ အစိုးရ ပူးပေါင်းဆောင်ရွက်မှု အရမ်းကောင်းတာရယ်၊ တက္ကသိုလ်နဲ့ NGO ပေါင်းပြီး
လက်တွေ့အသုံးချသုတေသနတွေ လုပ်တာ အရမ်းကောင်းတာရယ်။
2 | P a g e , I s r a e l A g r i c u l t u r e I n d u s t r y D i a r y , 2 0 1 7
အစ္စရေး ဟာ အလွန်သေးတဲ့ နိုင်ငံလေး ဖြစ်တာကြောင့် ဝင်ငွေအရမ်းမများတာမို့. သူ့လောက်
မဖွံ့ဖြိုးတဲ့နိုင်ငံတွေကို ကူညီဖို့ရာမှာ အခြေခံ အဆောက်အဦလို စရိတ်များတာတွေ အတွက်မကူနိုင်ပေမဲ့၊
နည်းပညာ အလွန်ရှေ့တန်းရောက်တဲ့ပြင် သုတေသနတွေ ဖွံ့ဖြိုးလှတာမို့ ၊ Capacity building လို့ခေါ်တဲ့
နည်းပညာဖြန့်ဖြူးပေးမှုမှာတော့ ရှေ့တန်းက လုပ်ဆောင်ပေးနေတယ်။ လူတွေကို နည်းပညာ အသိပညာဖြန့်ပေး
ရာမှ ကိုယ်တိုင် ကိုယ်ပိုင် တိုးတက် ရှေ့တန်းရောက်လာနိုင်မှုအပေါ် သက်ဝင်ယုံကြည်စွာ လုပ်ဆောင်ကြတယ်။
အစ္စရေးနိုင်ငံ အကြောင်း နဲ့ စိုက်ပျိုးရေးဖွံဖြိုးမှု အကြောင်း ပြောတော့ နိုင်ငံရေး၊ လူမျိုးရေး၊ ယုံကြည်မှု နဲ့ သမိုင်း
ဆိုင်ရာတွေ ရှုတ်ထွေးတာကို ကြိုသိပြီးသား ဖတ်ပြီးသိပြီးသားဖြစ်တာတောင် မေးစရာမေးခွန်းတွေ အများကြီးပဲ၊
သင်တန်းသားတွေကလဲ မေးခွန်းမေးပါဆို အာ့အကြောင်းတွေပဲမေးကြတော့ ဆရာခမျာ အချိန်မှီ
ပြီးရမှာတွေပြီးအောင် မနဲ ကြိုးစားရတယ်။ ချွေးတွေကို ပြိုက်ပြိုက်ကျတဲ့ထိပဲ။ သင်တန်းသားတွေကလဲ
အများစုက သူ့နိုင်ငံရဲ့ policy maker ဒါမှမဟုတ် အဓိကဆက်စပ်နေသူတွေဆိုတော့ မေးမယ် ဆိုတာချည်းပဲ။
အချိန်နောက်ကျသွားလို့ country presentation ပေးဖို့ ၁၅ နိုင်ငံမှာ ဒီနေ့ တစ်နိုင်ငံ ကပဲ ပေးဖို့ volunteer
ခေါ်တော့ တယောက်မျက်နှာ တယောက်ကြည့် ဘယ်သူမှ မစတော့ထုံးစံအတိုင်း မြန်မာ့သတ္တိနဲ့ အရင်ဆုံး
ထပြောပလိုက်တယ်။ ဘာရမလဲ မဟုတ်ရင် အကြွေးကျန်ရင် ညလဲ ဒီအကြောင်းပဲတွေးနေရမှာလေ၊
ပထမဆုံးဆိုတော့ မှားမှား မှန်မှန် မြန်မြန်နှေးနှေး အေးဆေးပဲပေါ့။ ဖွံဖြိုးမှုနောက်ကျဆုံး နိုင်ငံက ဘာများ policy
ဝေဖန်စရာ များများရှိမှာလဲ၊ ရှိလဲ မပြောသေးဘူးလေ၊ ဆရာ သင်ဖို့ချန်ထားတယ်။ တစ်ယောက်ထဲဆိုတော့
တင်ပြချိန် အချိန်ကန့်သတ်ထားပေမဲ့ ဆွေးနွေးချိန် အများကြီးရတော့ အားလုံးက ကိုယ်နဲ့ တကွ နိုင်ငံကို
သေချာမှတ်မိသွားတာ အမြတ်ပဲ၊ သိတယ်မလား ဂျင်းထည့်စရာရှိ မြန်မြန်ထဲ့မှ။
.-----------------------------------------------------------------------------------
28, Nov 2017
ဒီနေ့ တော့ ၁၅ နိုင်ငံက သင်တန်းသား အသီးသီး ကိုယ့်နိုင်ငံရဲ့ စိုက်ပျိုးရေးနဲ့ ကျေးလက် ဒေသဖွံဖြိုးရေး ဆိုင်ရာ
မူဝါဒတွေ၊ မဟာဗျူဟာ တွေရဲ့ အားသာချက်၊ အားနဲချက်၊ ရင်ဆိုင်နေရတဲ့ ပြသနာတွေကို
သုံးသပ်တင်ပြကြတယ်။ အားလုံးခြုံကြည့်ရင် မဖွံ့ဖြိုးပဲကျန်ခဲ့တဲ့ အဓိက တရားခံက မူဝါဒ မကောင်းလို့ မဟုတ်ဖူး၊
လူတွေ မကောင်းတာဖြစ်တဲ့ အဂတိ လိုက်စားမှုတွေကို မထိမ်းချုပ်နိုင်တာကိုပဲ တော်တော် အပြောများတယ်။
နောက်တစ်ချက်တော်တော်တူတာက အစိုးရ ဝန်ကြီးဌာန အခြင်းခြင်းရော၊ ဝန်ကြီးဌာနတူ ဌာနအချင်းချင်းရော
ချိတ်ဆက် ပူးပေါင်းပြီး ရည်ရွယ်ချက် တူရာဆီ သွားတာမှာ ညီညွတ်မှု နဲ့ ပူးပေါင်းဆောင်ရွက်နိုင်တဲ့
စွမ်းရည်အားနည်းတာပဲ၊ တော်တော်များများက ကျေးလက်ဒေသ စိုက်ပျိုးထုတ်လုပ်ရေးမှာ သမဝါယမစံနစ် လို့
ခေါ်လို့ရတဲ့ ပူးပေါင်းဆောင်ရွက်မှုပုံစံကို ချဉ်းကပ်ဆွေးနွေးကြပြီး၊ မူကောင်းပေမဲ့ လူမကောင်းတဲ့ပြသနာ၊
မထိန်းချုပ် မကိုင်တွယ်နိုင်တဲ့ ပြသနာကို ဇောင်းပေးကြတယ်။
ဒီနေ့အဖို့ တော်တော်ကြိုက်တဲ့ စာလုံးလေးတစ်ခုကတော့ မြန်မာနိုင်ငံ စိုက်ပျိုးရေးနဲ့ ကျေးလက်ဖွံဖြိုးရေး
အတွက်လဲ အရေးတကြီးလိုအပ်နေပြီလို့ထင်တဲ့ Agro Food Production ကို အခြေခံတဲ့ Food and Economic
Security ဆိုတဲ့ အကြောင်းအရာပါ။ စိုက်ပျိုးရေးထွက်ကုန်တွေကို ကုန်ကြမ်းချည်းပဲရောင်းနေပြီး အစားအစာ
အဖြစ်ပြောင်းလဲထုတ်လုပ်နိုင်တဲ့ နည်းပညာ အတတ်ပညာ ကျွမ်းကျင်မှုတွေ မရှိလာမချင်း ၊ ရင်းနှီးမြှုပ်နှံမှုတွေ
မရှိနိုင်ပဲ စီးပွားရေးဖွံဖြိုး တိုးတက်မှုကလဲ မရှိနိုင်ဘူးလေ။
အတွေးတစ်စ မျှပါ။ ကိုယ့်သဘောထားနဲ့ ကိုက်ညီလို့ မှတ်တမ်းတင်ဖြစ်ပြီး နောက်နေ့ သင်ရမဲ့စာတွေနဲ့
ချိန်ညှိရအုံးမှာပါ။
3 | P a g e , I s r a e l A g r i c u l t u r e I n d u s t r y D i a r y , 2 0 1 7
ဒီညနေ မှာ Rehovot မြို့လေးထဲ ခြေလျင်ပတ်ပြီး လျောက်သွားရတာတော့ အတွေ့ကြုံကောင်းလေးပါ။
ခလေးဘဝ ပြန်ရောက်သွားသလို အရမ်းပျော်ကြတယ်။ အစစ အရာရာဈေးကြီးတဲ့ နိုင်ငံပါဘဲ။ အရမ်းအေးတဲ့
ရာသီဥတုမှာ ချွေးပြိုက်ပြိုက်ကျပြီး မောမောနဲ့ လမ်းဘေး ရေခဲမုန့်ဝယ်စားကြတယ်။ ဓာတ်ဖမ်းကြတယ်၊
အဆောင်ပြန်ရောက်တော့ ညနေစာစားတော့ ပါလာတဲ့ လ္ဘက်တွေသုတ်ကျွေးတော့ အရမ်းကြိုက်ကြတယ်။
တစ်နေ့တာ အကြောင်းတွေ ပြန်ပြီး စားမြုံ့ပြန်ကြ၊ ရီကြ ကျောင်းသူလေးတွေဘဝ ပီပီပြင်ပြင်ပြန်ရ။ ဘဝ ကြီးက
သာသာယာယာရှိသား။
ဒီမှာ ထပ်ဆင့်ကံကောင်းတာလေးကတော့ အရင်တစ်ပါတ် ရှမ်းပြည်မှာ Irrigation training လာပေးတဲ့ expert
က viber ကနေ ဆက်သွယ်လာပြီး လာမဲ့ စနေ အားလပ်ချိန်မှာ Israel Agriculture အကြောင်း
အချိန်တိုတွင်းလေ့လာနိုင်ဖို့ ကားနဲ့လာခေါ်ပြီး လိုက်ပြမယ်ဆိုတော့ အတိုင်းထက်လွန် ထီပေါက်သလိုပေါ့။
တစိမ်းနိုင်ငံ တခုမှာ ကိုယ့်ကို အိမ်ရှင်အနေနဲ့ ဧည့်ခံပေးမဲ့သူရှိတာလဲ မင်္ဂလာ တစ်ပါးပါတကား။ အမှန်တော့
သူနေတဲ့ မြို့က ကိုယ်ရောက်နေတဲ့ မြို့လေးနဲ့ တော်တော်ဝေးပါတယ်။ ကျေးဇူးပါပဲ ဆရာရေ။
ဆက်ရေးအုံးမှာနော်.....
.-----------------------------------------------------------------------------------
1. December 2017
2 hrs · အစ္စရေး နိုင်ငံ ဖြစ်ပေါ်လာတဲ့သမိုင်းကြောင်း အထိုက်အလျောက်ဖတ်ဖူးသိဖူးပေမဲ့ ဒီနေ့ စာသင်တဲ့
ဆရာမကိုယ်တိုင်ပြောပြတဲ့ သူ့ မိခင်ရဲ့ အမေ ၊ သူ့ အဖွားအကြောင်း ဥပမာလေး ကို နားထောင်ကြည့်ရတော့
တော်တော်လေးနက်လှပါတယ်။ အတိုချုပ် ပြန်ပြောရရင်တော့ နိုင်ငံအသီးသီးမှာ ပြန့်ကျဲနေထိုင်ကြတဲ့ ဂျူး
လူမျိုးတွေအနက် သူ့အဖွားကတော့ ပိုလန် နိုင်ငံကပါ။ မောင်နှမ ၁၃ ယောက်ရှိပြီး၊ ၁၉၂၉ ခုနှစ်မှာ ၁၉
နှစ်အရွယ် ရှိနေခဲ့တယ်။ အာ့ အချိန်တုံးက ဂျူးတွေရဲ့ ရှေးရိုးအယူအဆအရ ဂျေရုဆလင် ခေါ်တဲ့ သူတို့ရဲ့
ဘုရားရှိရာ အရပ် ကို သွားချင်တိုင်းသွားလိုမရပဲ၊ ဘုရားရှင် က သတ်မှတ် သွားခွင့်ပြုမှ သွားရပါတယ်။
အဲ့ဒါကလဲ ဘယ်တော့မှန်းမသိပဲ အမိန့်တော်ကိုစောါ့် ဆိုင်းနေရတဲ့သဘောပါ။
တစ်ညမှာ တော့ စွန့်စားလိုသူ၊ မစောင့်ဆိုင်းလိုသူ သူမလို ၁၉ နှစ် ၂၀ နှစ် အရွယ် လူငယ်တစ်စုဟာ
လှေကြီးတစ်စင်းနဲ့ ရွက်လွှင့်ပြီး ဘုရားသခင်နိုင်ငံတော်ကိုရှာဖွေပြီး ကိုယ်ပိုင် နိုင်ငံ
ဖြစ်လာရေးစွန့်စားခရီးထွက်လာကြတယ်။ သူမ အဖေက သိပ်စိတ်ဆိုးပြီး ဘုရား အလိုတော် ကို
ဆန့်ကျင်လို့ဆိုပြီး သေလူ အဖြစ်သတ်မှတ်လိုက်တယ်။
ဂျေရုဆလင် တဝိုက် ကို ရောက်လာတဲ့ လူငယ် လေးတွေ အခက်အခဲ နဲ့ ရောဂါမျိုးစုံ အစားအစာ
မရှိမှုတွေကြားထဲက ကြိုးစားပြီး စိုက်ပျိုး လုပ်ကိုင် ပြီး မြေနေရာတွေချဲ့ထွင် နေထိုင်ကြတယ်။ နေရာကလဲ
လူတွေသိပ်မနေလိုတဲ့ သဲကန္တာရမို့ သူတို့ကို အာ့နေရာက မူလနေသူတွေက မြေတွေပြန်ရောင်း ကြတယ်။
နောက် ၁၀ နှစ်အကြာ ၁၉၃၉ မှာ ပိုလန်က ဂျူးလူမျိုး ၃ သိန်းလောက်ကို နာဇီ ဂျာမန်တွေက အစုလိုက်
အပြုံလိုက် သတ်ပစ်လိုက်တော့ သူမရဲ့ မောင်နှမ အားလုံးရော အမေရော အသတ်ခံလိုက်ရပြီး အဖေကတော့
လွတ်လာခဲ့တယ်။
သူမ ဆီကို သူ့ အဖေရောက်လာတော့ သူမမှာ သမီးလေး တစ်ယောက်ရှိနေပီ၊ သူ့ အဖေက သူ့ အမှား သိပြီး
သူ့သမီးရဲ့ ခြေဖျားကို ငုံ့နမ်းခဲ့တယ်။ အဲဒီအမျိုးသ္မီးလေးက ဒီနေ့ စာသင်တဲ့ ဆရာမလေး ရဲ့ အဖွားတော်သူပေါ့။
ဇာတ်လမ်းလေးကို ရိုးရိုးလေးပဲပြောပြပါတယ်။ ပေးချင်တဲ့ အကြောင်းအရာ message ကတော့ သူတို့လူမျိုးတွေ
ဟာ သမိုင်းက သင်ပေးခဲ့တဲ့ သင်ခဏ်းစာကြောင့် အမြဲ သူများ သို့မဟုတ် တယောက်ယောက် က ခွင့်ပြုမှ၊
ခိုင်းမှ၊ အမိန့်ပေးမှ တစ်ခုခုကို လုပ်ရမယ် ဆိုတဲ့ စိတ်ကို အပြီးတိုင်စွန့်လွှတ်ခဲ့တယ်။.အမြဲ ကြိုတင် စဉ်းစားတယ်၊
ကြိုလုပ်တယ်၊ သူများခိုင်းတာ မစောင့်ဘူး၊ Proactive ဖြစ်တယ်။
Entreprenership စိတ် အပြည့်ရှိတယ်။ နိုင်ငံ ဖွံ့ဖြိုးဖို့ ကြိုးစားတဲ့နေရာမှာလဲ ဒီလိုပဲ နှလုံးသွင်းတယ်။
4 | P a g e , I s r a e l A g r i c u l t u r e I n d u s t r y D i a r y , 2 0 1 7
အရမ်းကြိုးစားကြသူတွေဖြစ်တယ်၊ နိုင်ငံမရှိပဲ နေခဲ့ရတဲ့ ၊ မျက်နှာ ငယ်ခဲ့ရတဲ့ ဘိုးဘွား တွေရဲ့ ဘဝကို
အစဉ်အောင့်မေ့ကြတယ်။
သင်တန်းနဲ့ ဆက်စပ်ပြောရရင် အစ္စရေး လယ်သမားတိုင်း ဟာ business men ချည်းပဲ။ အမြဲ အသစ်အသစ်တွေ
တီထွင်ကြံဆ ရှာဖွေနေပြီး အစိုးရကလဲ သုတေသန ကို အဆက်မပြတ် ဖွံဖြိုးနေအောင် အားပေးခြင်းဖြင့် နိုင်ငံကို
လွတ်လပ်ရေးရပြီး နှစ်တိုတို အတွင်း ဖွံဖြိုးတဲ့ နိုင်ငံဖြစ်အောင် လုပ်နိုင်ခဲ့တယ်။
သူတို့ရဲ့ ဖွံ့ဖြိုး ရေး အယူအဆ တွေမှာ ABCD ခေါ်တဲ့ Access Based Community Development approach
ရယ်၊ Leaky Bucket concept ရယ် က အလွန်ကောင်းတဲ့ အယူ အဆဖြစ်ပြီး၊ အရာရာတိုင်း ဟာ
တိုင်းသူပြည်သားတွေ ကိုပဲ ဗဟိုပြုစဉ်းစား တဲ့ အယူအဆ နဲ့ လုပ်ငန်းစဉ်ဖြစ်တယ်။
နောက်မှ သတ်သတ် ထပ်ရေးပါ့မယ်။ ကျေးလက် နဲ့ မြို့ပြ ရဲ့ ဖွံဖြိုးမှု ချိန်ခွင်လျာ ချိန်ညှိတဲ့ အကြောင်းလေးပါ။
ကျောင်းသားဘဝ ရဲ့ ပျော်စရာ ရသ အပြည့်စီစဉ်ပေးထားလို့ တော်တော် ကောင်းတဲ့ program လေးပါ။
နောက်လူတွေ လျောက်ပြီးတက်ကြစေချင်တယ်။
နက်ဖြန် ဂျေရုဆလင် အလည်မသွား ခင် အမြီး ပေါ့နော် ။
အစ္စရေး ရဲ့ ထူးခြားမှု များစွာထဲက အထူးခြားဆုံးက အလုပ်စရက် တနင်္ဂနွေ ဖြစ်ပြီး၊ သောကြာ၊ စနေ
ပိတ်ရက်ဖြစ်ပါတယ်။.အာ့ ၂ ရက်မှာ လမ်းဘေးဆိုင်တောင် မဖွင့်ပါ။ အစားအသောက်တွေ ကြိုပြီး
ဝယ်ထားရပါတယ်။
..-----------------------------------------------------------------------------------
.
3.Dec.2017
ဒီနေ့တော့ Rural Revitalization ၂၃ ယောက်၊ Green Growth ၂၆ ယောက် ပေါင်း ၄၉ ယောက် စလုံး
ကားကြီးတစ်စီးနဲ့ ကမ္ဘာအထင်ကရ ဘာသာရေးနေရာ ဖြစ်တဲ့ ဂျေရုဆလင်မြို့ ကို သွားခဲ့ကြတယ်။ ဘာသာပြန်
ပေးတဲ့ Jacob ဆိုတဲ့အဖိုးကြီးက တော်တော် professional ကျတယ်။
အဓိ က ၂ နေရာနဲ့တင် တစ်နေကုန်သွားပြီး အခုတော့ အဆောင်ပြန်ရောက် ခြေကုန်လက်ပမ်းကျနေပေမဲ့
စာရေးတဲ့ တာဝန်လေးတော့ ထမ်းဆောင် လိုက်အုံးမယ်။
ပထမ ရောက်ခဲ့တဲ့နေရာက ဂျူးတွေကို ဂျာမန်တွေက အညှိုးတကြီး လူမျိုးတုန်းသတ်ဖြတ်ခဲ့တာတွေကို
စံနစ်တကျမှတ်တမ်းတင်ပြသထားတဲ့ ပြတိုက်ပါ၊ ဓာတ်ပုံ မရိုက်ရပါဘူး။ အရှည်မရေးလိုပါဘူး၊
အားလုံးပြီးသွားတဲ့ အချိန်မှာအဓိကပေးချင်တဲ့ message ကတော့ သမိုင်းကို မေ့ဖျောက်ပစ်လို့မရသလို၊
အတိတ်ထဲမှာ ချည်းပဲလဲ နေ မနေပဲ မခံချင်စိတ်၊ အောင်မြင်လိုစိတ်၊ စုစည်းညီညွတ်တဲ့စိတ်တွေ
အတူတူထားကြပြီးအစ္စရေး နိုင်ငံသစ်ပြန်လည်ထူထောင်တဲ့အခါ မှာ အရာရာ တိုင်းထက်
မျိုးဆက်သစ်တွေအတွက် ပညာရေးကို ပဓာနထားပြီး၊ သုတေသန နဲ့ တီထွင်ဖန်တီးကြံဆမှုတွေ အဆက်မပြတ်
လုပ်ဆောင်ခဲ့မှုကြောင့် ဒီလောက်သေးငယ်ပြီး၊ ဘာ သယံဇာတမှ မရှိတဲ့ သဲကန္တာရ နိုင်ငံငယ်လေးဟာ
ဖွံ့ဖြိုးတဲ့နိုင်ငံစာရင်းထဲကို လွတ်လပ်ရေးရပြီး နှစ် ၅၀ လောက်အတွင်းရောက်လာခဲ့တယ်။ လက်စားချေဖို့ထက်
ကိုယ့်လူမျိုးတွေ တိုးတက်ဖို့ကို အဓိကထားတယ်။ သတိတော့ အစဉ်ရှိဖို့လိုတာပေါ့။
တလမ်းလုံးကြည့်လိုက်ရင် ကုန်းမြေ၊ ကျောက်တောင်မြေ ခြောက်ကပ်ကပ်တွေပဲရှိတယ်၊ သစ်ပင် ကြီးငယ်
အားလုံး လူတွေ စိုက်ထားပြီး တစ်ပင်မကျန် အစက်ချ စံနစ်နဲ့ ရေပေးပြီး ပါတ်ဝန်းကျင်
စိမ်းစိုအောင်ကြိုးစားထားတယ်။
Rehovot ကနေ ဂျေရုဆလင် ကို သွားတော့ ပါလက်စတိုင်း တွေနေတဲ့ နေရာ ကနေဖြတ်သွားရတယ်။
တံတိုင်းကြီးခြားထားပေမဲ့ အားလုံး သာသာယာယာပဲ၊ ဂျေရုဆလင်မှာလဲ ရပ်ကွက်သပ်သပ်စီနဲ့ ရောနှော
နေထိုင်ကြတယ်။ ပါလက်စတိုင်းအိမ်မှန်းသိသာစေတဲ့ ခွဲခြါးထားတဲ့ အချက်က ပါလက်စတိုင်း အိမ်တွေ
5 | P a g e , I s r a e l A g r i c u l t u r e I n d u s t r y D i a r y , 2 0 1 7
ခေါင်မိုးတိုင်းမှာ အနက်ရောင် ရေတိုင်ကီတွေ ရှိတယ်။ သူတို့ဆီကို အစ္စရေး ကပဲ ရေပေးစံနစ်နဲ့
ရေပေးထားတာတွေ့ရတယ်။
ဖွံ့ဖြိုးရေး ခရီးစဉ်မို့ ဘယ်သူမှ နိုင်ငံရေး အစွန်းမလွတ်တဲ့ စကားတွေမပြောကြဘူး။
ဘာသာရေးလဲ ဒီလိုပဲ၊ ပါရှန်အင်ပါယာ လက်ထက်ထဲက အုတ်တံတိုင်းကြီး နောက်က ရှေးဟောင်းမြို့တော်ကြီး၊
မွတ်စလင်တွေ အတွက်ရော၊ ခရစ်ယန်တွေအတွက် အထင်ကရ နေရာ ၊ ရေရှု ခရစ်တော် လက်ဝါးကပ်တိုင်
တင်ခံရတဲ့နေရာ ၊ မြှုပ်နှံခံရရာနေရာ၊ ရှင်သန်ထမြောက်ရာ နေရာ စသည်ဖြင့် အဓိက နေရာပေါင်းများစွာကို
လေ့လာဖို့ ကျောက်သားတွေ အပြည့်နဲ့ ဆောက်ထားတဲ့ ရှေးမြို့တော်ကြီးထဲမှာ တနေကုန် တက်လိုက်
ဆင်းလိုက် လေ့လာလိုက်တာ ညနေ ၄ နာရီခွဲရော။
လာလိုက်ကြတဲ့ ကမ္ဘာလှည့်ခရီးသည်တွေ ၊ ဘာသာရေး ကိုင်းရှိုင်းသူတွေလဲ ကြိတ်ကြိတ်တိုးပဲ။
သမိုင်း အရတော့ ရေရှု ခရစ်တော် ကို စတင်ကိုးကွယ်ခဲ့တာ အာမေးနီးယန်း လူမျိုးတွေလို့သိရတယ်။
အာမေးနီးယန်း စားသောက်ဆိုင်မှာ နေ့လည်စာ စားတယ်။သူငယ်ချင်း အာမေးနီးယန်း မလေး ခမျာ တွေ့ရ
သိရသမျှ ပျော်လွန်း စိတ်လှုပ်ရှားလွန်းလို့ မျက်ရည်တွေကျလိုက်၊ ရီလိုက် နဲ့ ထမင်းတောင် စားမဝင်ဘူး။
ကိုယ်ချင်းစာမိပါတယ်၊ အာမေးနီးယန်း ကတော့ ယ္ခုတိုင် အတွင်းအပြင် ပြဿနာတွေနဲ့ ဖွံဖြိုးမှု
နောက်ကျဆဲပါပဲ။
Western wall ဆိုတဲ့ ခရစ်ဘာသာဝင်တွေ အထူးဆုတောင်းတဲ့ နံရံကြီးကလဲ လူတွေကြိတ်ကြိတ်တိုးပဲ။
ကိုယ်လဲ ရောက်မှတော့ ဝင်ပြီး ကမ္ဘာကြီးရော မြန်မာပြည်ကြီးရော ငြိမ်းချမ်းသာယာဖို့၊ ညီညွတ်မျှတဖို့၊
ချစ်ကြည်ရင်းနှီးကြဖို့ အတွက် တစ်ဒေါင့်တနေရာက ထိထိရေါက်ရေါက် ပါဝင်ဆောင်ရွက်နိုင်အောင်
ဆုတောင်းလိုက်တယ်၊ ဆုတောင်း လောဘမကြီးပါဘူး၊ အာ့အချိန်မှာ ဖြစ်လာတဲ့ ဆန္ဒအမှန်ပါ။
ဒီနေ့ တွေ့ခဲ့ မှတ်ခဲ့သမျှ မျှဝေတာပါ၊ အမှားပါရင် ခွင့်လွတ်ကြပါ၊ အမှန်ပြင်ပေးကြပါ ချစ်သယ်ရင်းများ။
..-----------------------------------------------------------------------------------
.
5.Dec.2017
တစ်နေ့ နဲနဲရေးမှ ဖြစ်မှာမို့ ရေးပါရစေ။ လေ့လာ ရသမျှကို ကိုယ်ပိုင် ရှုဒေါင့်ကနေ ရေးကြည့်ချင်တာပါ။
အစ္စရေး ကတော့ နိုင်ငံသေးသေးလေးဖြစ်ပြီး လူမျိုးတစ်မျိုးတည်း ရာခိုင်နှန်းများပါတယ်၊ လယ်ယာစိုက်ပျိုး
ထုတ်လုပ်သူကလဲ နဂိုထဲ ရာနှုန်းနည်းတဲ့ပြင် တခြား ကဏ္ဍတွေတိုးတက်လွန်းတော့ လူတွေဟာ
လယ်ယာလုပ်ငန်းကို ပိုပိုပြီးစွန့်ခွာလာကြလို့ ကျေးလက်ဒေသ ပြန်လည်အသက်ဝင်ကောင်းမွန်ရေး
အစိုးရရဲ့ကြိုးပမ်းမှု အမျိုးမျိုးမှာ အရေးကြီးတဲ့ အချက်တွေဖြစ်တဲ့ ကျေးလက်ဖွံဖြိုးရေး
ဘတ်ဂျက်ခွဲဝေချထားပေးမှု၊ လယ်သမားတွေ စိုက်ပျိုးရေးအပြင် တခြားလုပ်ငန်း များက
အပိုဝင်ငွေရအောင်ဖန်တီးမှုကို အားပေးကူညီ လမ်းညွှန်ကြပ်မတ်ပေးမှုတွေ စာတွေ့ လက်တွေ့ လေ့လာရတယ်။
အထူးသဖြင့် ပြည်တွင်းပြည်ပခရီးသွားသူတွေ လယ်ယာစိုက်ကွင်းတွေဆီ ပိုမိုလည်ပတ် အချိန်ဖြုန်း ငွေသုံး နိုင်ဖို့
လယ်သမားမိသားစုဝင်တွေရဲ့ အကြံနဲ့ အားထုတ်မှု အသစ်တွေကို အနီးကပ် အကြံပေးခြင်း၊ လုပ်ငန်းစီမံခန့်ခွဲမှု
သင်တန်း၊ ငွေကြေးစီမံမှုသင်တန်း၊ စသဖြင့် ကူညီပေးတဲ့ပြင် လုပ်ငန်းသစ်ဟာ စီးပွားရေးတွက်ခြေကိုက်ပြီး
ရေရှည်တည်တန့်နိုင်မှု ရှိမရှိ ကူညီစဉ်းစားပေးခြင်း၊ ငွေကြေး တချို့တဝက်ကို grant နဲ့ ပေးပြီး၊ တချို့ကို easy
loan ပုံစံနဲ့ ထုတ်ချေးခြင်း၊ ဆိုင်ရာ ပြည်နယ် အစိုးရတခုခြင်းကလဲ အနီးကပ်ကြီးကြပ်ခြင်းတွေကို
လေ့လာရတယ်။
လုပ်ငန်း အမျိုးအစား တွေကတော့ စုံလင်လွန်းလို့ ရေးရင် အရမ်းရှည်သွားပါမယ်။
အစိုးရက ဘယ်သူ့ကိုမှ ဘယ်အလုပ်လုပ်ပါလို့ ဖိအားမပေး၊ မပြောပါဘူး၊ ကိုယ့်အကြံနဲ့ကိုယ် တက်လာခဲ့၊
ကူညီဖို့ အဆင်သင့်ပဲ ဆိုတဲ့ အနေအထားပါ။
စိုက်ပျိုးနိုင်တဲ့ မြေက ဒီအကျယ်အတိုင်း၊ စိုက်ပျိုးတဲ့ လူဦးရေကနဲသွားတော့ တစိဦးချင်း ပိုင်တဲ့နှုန်းကတော့
6 | P a g e , I s r a e l A g r i c u l t u r e I n d u s t r y D i a r y , 2 0 1 7
ကြီးလာတာပေါ့။
လေ့လာရေး အနေနဲ့ အစ္စရေးရဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေ နိုင်ငံတည်ဆောက်စဉ်တုံးကတည်းက သုံးခဲ့တဲ့
ကွန်မြူနစ်နဲ့ ဆိုရှယ်လစ် အတွေးအခေါ်ပေါ် အခြေခံပြီးစခဲ့တဲ့ kibbutz နဲ့ moshav ဆိုတဲ့ လူအများ အတူနေ
အတူလုပ် အတူစား အမြတ်အတူတူခွဲယူတဲ့ပုံစံနဲ့ အလုပ်လုပ်နေတဲ့ ကျေးရွာတွေလေ့လာရတယ်၊ အရင်
ကအတွေး အခေါ်တွေ အချိန်နဲ့ အမျှ ပြောင်းလဲခဲ့ပြီး လူ့ ဆန္ဒတွေေုပါင်းလဲမှု အရ အပြောင်းအလဲ အမြတ်ခွဲဝေမှု
အပြောင်းအလဲ ၊ အလုပ်တွေကို စီမံပုံ အပြောင်းအလဲတွေ ထဲကလဲ သခဏ်းစာယူစရာတွေ အများကြီးရသလို ၊
အတုယူသင့်တာလဲများသား။ အထူးသဖြင့် ရွာထဲမှာ ခလေးလေးတွေကို ၆ လလောက်ထဲက အားလုံး
အတူထိမ်းကျောင်းတဲ့နေရာကိုပို့ပြီး မိခင်တွေ စိတ်ချလက်ချ အလုပ်လုပ်နိုင်တာ၊ ခလေးချင်း ချစ်ခင်ပံ့ပိုးကြတာ၊
ဆော့ကစားပြီးကျန်းမာပျော်ရွှင်ကြတာတွေက မြို့ပြမှာ မရနိုင်တော့လို့ ၊ ခုဆို အနီးက မြို့တွေက မိဘတွေက
သူတို့ ကလေးတွေကို အချိန်ပိုင်းနဲ့ အာ့နေရာတွေမှာ လာအပ်ကြတာ တွေ့ရတယ်။ မြို့က လူလတ်တန်းစားတွေ
ရွာထဲပြောင်းနေကြတယ်။ ရွာစည်းကမ်းလိုက်နာမှ လက်ခံတယ်....စသဖြင့်ပေါ့လေ။
အစ္စရေး နိုင်ငံ ကိုကယ်တင်လိုတဲ့ လူငယ်တစ်စုရဲ့ ဒုတိယ ကမ္ဘာစစ်တွင်း မြေအောက် မှာ တွင်းတူးပြီး
သေနပ်ကျည်ဆံထုတ်လုပ် တဲ့ စက်ရုံ၊ အင်္ဂလိပ်တွေ အုပ်စိုးဝိုင်းရံထားတဲ့ အန္တရာယ်တွေကြားမှာ ပိပိရိရိ ၃
နှစ်တိတိ လျို့ဝှက်လှုပ်ရှားပြီး၊ အပေါ်မှာတော့ ရွာတည် စိုက်ပျိုးရေးလုပ်၊ အသံမြည်တာ လူမသိအောင်
အဝတ်လျှော်လုပ်ငန်း နဲ့ ကုန်ကြမ်း ကုန်ချော အဝင်အထွက် လုပ်ဖို့ မုန်ုဖုတ်လုပ်ငန်းလုပ်ကြတဲ့ မြေအောက်
လက်နက်စက်ရုံ လေ့လာရေးက ပေးတဲ့ message ကတော့ နိုင်ငံတစ်ခုတည်ဆောက်ဖို့
လူငယ်တွေရဲ့ကြိုးပမ်းမှု၊ ပါးနပ်မှု၊ ပိရိမှု၊ ရန်သူကို တန်ပြန်အသုံးချနိုင်မှု၊ ကြိုတင်မျှော်မှန်းနိုင်မှု၊
စည်းလုံးညီညွတ်မှု၊ စီးပွားရေးကို အချိန်တိုင်း ချိတ်ဆက်စဉ်းစားနိုင်မှုပါပဲ။
Weitzman Science Center ရောက်တော့ လဲ အံ့မခန်း တိုးတက်တဲ့ သုတသန တွေ အကြောင်းလေ့လာရလို့ ၊
ကိုယ့်နိုင်ငံ က လူငယ်လေးတွေကိုပဲ ပြေးသတိရနေမိပါတယ်။ ကိုယ်တွေကတော့ သိပ္ပံပညာရှင်ဖြစ်ဖို့
အခွင့်အရေးမရှိတော့ဘူးလေ။ ဒါပေမဲ့ အစ္စရေး လူမျိုးတွေရဲ့ စူးစမ်းလေ့လာချင်စိတ်နဲ့ ကိုယ့်လူမျိုးရော
ကမ္ဘာလောကြီးကိုရော အကျိုးပြုလိုစိတ် ကို နက်နက်နဲနဲတွေ့ခွင့်သိခွင့်ရခဲ့တယ်။
ဘာပဲဖြစ်ဖြစ် ကျောင်းသားဘဝ လေးလို ခဏပြန်ရလို့ ရော၊ ရာသီဥတု က ဆောင်းတွင်းပိုင်းအေးချမ်းနေလို့ရော၊
သင်တန်း အစီအစဉ်တွေ ကောင်းလွန်းတာကြောင့်ရော၊ သစ်သီးတွေ အလျှံပယ်စားရတာကြောင့်ရော
တော်တော် ပျော်ရပါတယ်။
ဟီးဘရူးသီချင်းလဲ သင်ရ ဆိုရတယ်၊ ဒီတပါတ် ယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ်အတွက် ဆိုရမလား၊
ကရမလား၊ အစားအသောက်လုပ်ပြရင်ကောင်းမလား စဉ်းစားရအုံးမှာမို့ ဒါလောက်ပဲနော်။
ကျောင်းသူလေး.. � � �
..-----------------------------------------------------------------------------------
.
6.12.2017
အစ္စရေးက ဆောင်းတွင်းမိုးရွာတဲ့နိုင်ငံဖြစ်ပြီး ဒီနေ့ကတော့ သူတို့ မိုးရာသီအတွက် ပထမဆုံး မိုးရွာတာပါ။ သူတို့
တစ်နှစ်စာ မိုးရေချိန် ကမြန်မာနိုင်ငံ ၊ ရှမ်းပြည်နယ် မှာ ၄ ရက်ရွာစာနဲ့ ညီတာဆိုတော့ အစ္စရေးတွေ အတွက်
ပျော်စရာနေ့ပဲ၊ လေတွေလဲတော်တော်တိုက်တော့ အရမ်းချမ်းတယ်။
ဒီနေ့က ကျောင်းပြင်လေ့လာရေးထွက်တာနဲ့ လဲတိုက်ဆိုင်တယ်။
မနက်ပိုင်း သွားတဲ့ ကမ္ဘာ့ ထိပ်ဆုံး irrigation technology ထုတ်လုပ်ရောင်းချတဲ့ Netafim ကို ရောက်ခဲ့တယ်။
ပညာရပ်ဆိုင်ရာ အသေးစိတ်တွေ ကိုတော့ အရမ်းရှည်သွား မှာမို့မရေးတော့ပါဘူး။ Netafim က အခု
မြန်မာပြည် မှာလဲ စပြီးဖြန့်နေပါပြီ။ drip irrigation က စိုက်ပျိုးရေးမှာ အကျိုးကျေးဇူးများတာမို့ နိုင်ငံကြီး
7 | P a g e , I s r a e l A g r i c u l t u r e I n d u s t r y D i a r y , 2 0 1 7
တချို့မှာတော့ အစိုးရက Netafim နဲ့ ပူးပေါင်းပြီး စီမံကိန်းကြီး လို ကျယ်ကျယ်ပြန့်ပြန့်
အကောင်အထည်ဖော်တော့ နည်းပညာ ပျံ့နှံမှု မြန်ဆန်တယ်။ သင်တန်းသားအများစုကတော့ တခုခုဆို
ဈေးနှုန်းမေးကြတယ်။ အမှန်ကတော့ နည်းပညာသစ်တစ်ခုကို adopt လုပ်မယ်ဆို cost effectivness or
return on investment ကို စဉ်းစားတွက်ချက်ရမယ်၊ ဒီနည်းပညာသုံးပြီး ဘယ်သီးနှံစိုက်၊ ဘယ်ဈေးကွက်ကို
ထိုးဖောက်ရောင်းချနိုင်ရင် ၊ အမြတ် ဘယ်လိုရနိုင်တယ် စသဖြင့်ပေါ့။
မြန်မာပြည်မှာလဲ Family Drip Irrigation Kit တွေ သင့်တင့်တဲ့ဈေးနဲ့ ရနေပြီး ၊ ကိုယ် လုပ်နေတဲ့ စီမံကိန်းကလဲ
ဒီ နည်းပညာတွေ ကို အမျိုးသမီးလုပ်ကွက်ငယ်တောင်သူတွေ ကို နည်းပညာ မိတ်ဆက်ပေးပြီး၊ ပုဂ္ဂလိက
ဖြန့်ဖြူးသူတွေနဲ့လဲ ချိတ်ဆက်သွားဖို့လုပ်နေတော့ ဒီနေ့ ပျော်ရတဲ့ subject ပါပဲ။
စိတ်လှုပ်ရှားဖို့ကောင်းတာက အစ္စရေး နဲ့ ပါလက်စတိုင်း နယ်စပ် ခြားထားတဲ့ နံရံကြီး တလျှောက် တနေကုန်
ခရီးထွက်ရတာရယ်၊ မြင်နေရတဲ့ အာရပ် ၊ ပါလက်စတိုင်း အိမ်တွေ မြို့တွေ၊ လူတွေရယ် ၊အဲဒီ အမြဲဘဲ
မငြိမ်းချမ်းဖြစ်နေခဲ့တဲ့ ဒေသ မှာ ဒီလောက် တိုးတက်အောင် ကြိုးစားခဲ့ကြတဲ့ ဂျူး တွေရဲ့ သမဝါယမ စိတ်ဓာတ်၊
သမဝါယမကျေး ရွာလို့ အမည်ပေးရမဲ့ kibbutz လို့ခေါ်တဲ့ လူမှု အဖွဲ့အစည်းနေထိုင်မှုပုံစံတွေရယ်၊ အဲ့ဒီလို
မငြိမ်းချမ်းတဲ့ ဒေသမှာ အဲဒီလို တိုးတက်ကောင်းမွန်တဲ့ စိတ်ဓာတ် အတွေးအခေါ် အယူအဆတွေနဲ့
ရှင်သန်နေထိုင်နေကြတဲ့ ဂျူး ဆိုတဲ့ သူတွေရဲ့ စရိုက် လက္ခဏာက အံ့မခမ်းပါ။ စာထဲမှာ ဖတ်ခဲ့တာတွေထက်
အပြင်မှာ ပိုပါတယ်။ ခက်ခဲကြမ်းတမ်းတဲ့ အချိန်မှာ သမဝါယမ ပုံစံ အတူလုပ်၊ အတူစား၊ အတူနေ၊
အမြတ်အတူခွဲ မော်ဒယ်က အလုပ်ဖြစ်ပေမဲ့ ခေတ် စံနစ်တွေပြောင်းလာတာနဲ့အမျှ လူ့ အတွေး၊ လူ့လိုအပ်ချက်
တွေ ပြောင်းလဲလာတဲ့ အခါ သူတို့ ဘယ်လို ညှိနှိုင်း adapt လုပ်ယူကြပြီး၊ ရှေးရိုး ပဲခေါ်ခေါ် ဂျူးတွေရဲ့ ယဉ်
ကျေးမှု အရ တန်ဘိုးထားသင့်တဲ့ အရာတွေကိုတော့ democracy နည်းကျကျဆုံးဖြတ်ပြီး kibbutz
မှာထိမ်းသိမ်းပုံ ၊ ခေတ်မှီ တီထွင် ဆန်းသစ်တဲ့ kibbutz ရဲ့ ဈေးကွက် စီးပွားရေး၊ အားလုံး က
စိတ်လှုပ်ရှားစရာတွေပါပဲ၊ ကိုယ့်နိုင်ငံ မှာ တိုက်ရိုက် အသုံးမဝင်ပေမဲ့ သွယ်ဝိုက် အသုံးချနိုင်တာတွေက
အများကြီးပဲ။ ထူးခြားတာကတော့ အိမ်တိုင်းမှာ ကျည်ဆံလုံတဲ့ security room တခန်းဆီ ထည့်ဆောက်ရတယ်။
ရွာတိုင်းမှာ ဗုံးခိုကျင်း ရှိတယ်လေ။
ဒီနေ့ ရောက်တဲ့နေရာက အစ္စရေးမြေပုံကိုကြည့်ရင် အကျဉ်းဆုံးဖြစ်တဲ့ မြေထဲပင်လယ်နဲ့ ဂေါ်ဒန် ကြားက
နေရာဆိုတော့ သူတို့နိုင်ငံအတွက် နိင်ငံလုံခြုံရေးအရ အရေးကြီးဆုံးပဲ၊ အာရပ်တွေ ဝင်ပြီးတိုက်ရင်
အချိန်တိုတိုလေးအတွင်း နိုင်ငံ ၂ ပိုင်းဖြစ်သွားနိုင်တာမို့ အထူးဂရုစိုက်ရတဲ့ ဒေသလဲဖြစ်နေပါတယ်။
တလမ်းလုံးတော့ လိမ္မော်ခင်း၊ ထောပတ်သီးခင်း၊ သံလွင် ပင် အခင်းတွေ များတယ်၊ သစ်ပင်ကြီးတွေကိုလဲ
လိုအပ်သလို အမိုးအုပ်ပြီးစိုက်ကြတာတွေ့ရတယ်။ အခင်းကျယ်တွေချည်းပဲ။
အာရပ်တွေ နေတဲ့နေရာကလဲ ခပ်လှမ်းလှမ်းလေးပဲ အနီးကပ်မြင်နေရတယ်။ အခြေအနေအရ အစ္စရေး
ပိုင်နက်ထဲ ရောက်လာတဲ့မြေတွေကတော့ အားလုံး သေချာ စီမံပြီးစိုက်ပျိုးရေးလုပ်ကြတော့
သာသာယာယာမြင်ရတယ်၊ ပါလက်စတိုင်းဘက်ကတော့ မြင်မြင်သမျှ အိမ်တွေပဲ
ပြွ်ပ်ကျပ်နေအောင်ဆောက်ထားတယ်။ လူဦးရေသိပ်များတာကိုး။ နေ့စဉ် အစ္စရေးဘက်မှာ အလုပ်လာလုပ်တဲ့
အာရပ်တွေလဲ လုံခြုံရေးဂိတ်ဖြတ်ပြီး လာကြတာ မြင်နေရတယ်။ ဘာမှ မဖြစ်ရင် ဘာမှ မဖြစ် ၊ ဖြစ်ရင်တော့....
အကောင်းဆုံးကတော့ Kibbutz Megal လို့ခေါ်တဲ့ ရွာမှာ နေ့လည်စာ စားချိန် တစ်ရွာလုံး လာစားတဲ့
ထမင်းစားခန်းမှာ စားရတဲ့ဟင်းတွေကောင်းတာရော၊ သန့်ရှင်းလတ်ဆတ်တာရော၊ ရွေးချယ်စရာ များတာရော၊
စားပြီး ထမင်းပန်းကန်တွေ စားကျွင်းစားကျန်ပြန်သိမ်းတဲ့စံနစ်ရော သေချာမှတ် သား ထားလိုက်ပါပီ။
ဒီနေ့တော့ ဒါလောက်ပါဘဲ။
..-----------------------------------------------------------------------------------
8 | P a g e , I s r a e l A g r i c u l t u r e I n d u s t r y D i a r y , 2 0 1 7
.
7.12.2017
ဒီနေ့ ပို့စ်ကိုကြည့်ုပီးရင်တော့ ရလိုက်တဲ့ ရသ ကို ပြောခဲ့ကြပါ �
Rural Revitalization နဲ့ Green Growth သင်တန်း ၂ ခုပေါင်း ၂၄ နိုင်ငံ ရဲ့ ယဉ်ကျေးမှု ဖလှယ်ပွဲ မှာ
ကိုယ့်နိုင်ငံရဲ့ ဝတ်စားဆင်ယင်မှု၊ အစားအသောက်၊ အထင်အရနေရာတွေ၊ သီချင်း နဲ့ အကတွေ၊
ထူးခြားချက်တွေ၊ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေ၊ အနုပညာရှင်တွေနဲ့ လူမှုဖွဲ့စည်းနေထိုင်မှုပုံစံ စသဖြင့် ကိုယ်
ကြိုက်တဲ့ပုံစံ အမျိုးမျိုးနဲ့ သရုပ်ပြရတယ်။
မြန်မာပြည်က သွားတဲ့ ၂ယောက်က ဆရာခွန်းဒူ က ကချင် ၊ သူ့အဝတ်အစားယူလာတယ်။ ကိုယ်က ရခိုင် ပေမဲ့
ရှမ်းကို အသွားများတော့ နောက်ဆုံးဝယ်ဖြစ်တဲ့ အကြိုက်ဆုံး အစိမ်းရောင် ရှမ်းလုံချည်လေးနဲ့ လိုက်မဲ့
လက်ရှည်အကျီ င်္တထည်ကိုယူသွားတယ်။ နိုင်ငံကိုယ်စားပြု ဘာလုပ်ကြမလဲတိုင်ပင်တော့ ကိုယ်ကလဲ
ခြေလက်လှုပ်ယုံကလွဲလို့ ဘာအက မှ မကတတ်၊ သီချင်းကလဲ ကမ္ဘာမကျေ ကလွဲလို့ တစ်ပုဒ်မှ အဆုံးထိမရ၊
မြန်မာ တစ်နိုင်ငံလုံး တိုင်းရင်းသားတွေရော၊ နေရာ တွေရော ကိုယ်စားပြုတဲ့ documentry ရိုက်ထားတာ
youtube မှာအနှံ့လိုက်ရှာပါသော်လည်း သိပ်ကိုယ်စားမပြုပဲ တချို့နေရာလေးတွေပဲ ကွက်ပြီး
ရိုက်ပြတဲ့အပြင်ရိုက်ထား၊ တင်ထားတဲ့သူတွေက နိုင်ငံခြားသားတွေဖြစ်နေတော့ တင်ပြပုံက တမျိုးဖြစ်နေပြီး
မသင့်တော်။
နောက်ဆုံး ဆရာ ခွန်းဒူ ဆီပါလာတဲ့ ကချင် တွေ စုပေါင်းကတဲ့ အကပဲ ကကြဖို့ ဆုံးဖြတ်လိုက်တယ်လေ၊
အကြံကတော့ သင်တန်းသား အားလုံးကိုခေါ်ကပစ်မယ်ပေါ့။ အစ္စရေး က နိုင်ငံခြားဆက်ဆံရေး သင်ယူနေတဲ့
အလယ်တန်းနဲ့ အထက်တန်း ကျောင်းသားလေးတွေလဲ လာကြမယ်ဆိုတော့ အခန်းကျယ်မှာ
လုပ်မယ်ထင်ခဲ့တာလေ � �။
တကယ်လဲ လုပ်ရော စာသင်ခန်း ထဲမှာပဲ ဆိုတော့ ပုံမှာပြတဲ့အတိုင်း ကျဲလိုက်ရတာပေါ့။
အဝတ်အစားလှလွန်းလို့ဆိုပြီး video ရိုက်ပေးသူကရှိသေးတော့ တင်ပေးလိုက်တယ် � � �။
မှတ်ချက်။ မနေ့က မိုးရွာထားတော့ ဒီနေ့အရမ်းအေးပါတယ်။ ၁၅ ဒီဂရီလောက်ပဲရှိတာ။.ဒါကြောင့် အပေါ်ဝတ်
ကုတ်အကျီ် မချွတ်ပဲ အခုဝတ်ထားတဲ့ စတိုင်ကိုပဲ မြန်မာ စတိုင်လုပ်လိုက်တယ်လေ � � �။ မကခင်တော့
လူမျိုးစုတွေ အကြောင်းရယ်၊ တေါင်ပေါ် မြေပြန့်၊ နဲ့ ကမ်းရိုးတမ်း အားလုံးပေါင်းဆုံ မှပြည့်စုံတဲ့ မြန်မာပြည်ရဲ့
ကမ္ဘာပေါ်မှာ ထူးခြားဆုံး အစားအစာ လ္ဘက်သုတ်အကြောင်း ၊ ကိုယ်ဝတ်ထားတဲ့ hybrid စတိုင် ( ဂျင်း
စတိုင်ပေါ့ �) မြန်မာ ဝတ်စုံ အကြောင်း နဲနဲပြော ပြီး အာ့လိုလေး ကပြလိုက်တော့ သတ်မှတ်ထားတဲ့ ၅ မိနစ်
ပြည့်သွားရော။ ဆရာခွန်းဒူ ရဲ့ ကချင်အကကို ကျေးဇူးတင်ရတယ်။
နိုင်ငံတကာ က သူတွေရဲ့ တင်ပြမှုတွေကလဲ အရမ်း ကောင်းလွန်းတယ်။
ဒီနေ့ ကတော့ ဆယ်လီ လုပ်တဲ့နေ့ဖြစ်ပါကြောင်းနဲ့ မှတ်သားစရာရယ်၊ သတိပြုမိတာရယ်က လာတဲ့နိုင်ငံတွေရဲ့
၉၀ ရာနှုန်းလောက်က နိုင်ငံ ကို လွှမ်းခြုံကိုယ်စားပြုပြီး၊ နိုင်ငံတကာကိုလဲ တကယ်ကောင်းတဲ့
အချက်အလက်တွေ၊ စိတ်ဝင်စားအောင် ဆွဲဆောင်တင်ပြနိုင်တဲ့ documentry တွေ အသေအချာရှိနေတာပဲ။
မြန်မာ မှာလဲ အာ့လိုရှိရင် သိမ်မငယ်ရဘူးပေါ့။ ခုခေတ်မှာ လူငယ်၊လူကြီး အသီးသီး နိုင်ငံခြား
ပညာတော်သင်သွား၊ ယဉ်ကျေးမှု ဖလှယ်ကြတာဆိုတော့ ဒီလို documentry video ကလဲ ကိုယ့်နိုင်ငံ၊ လူမျိုး၊
တည်နေရာ၊ သမိုင်း၊ ထုတ်ကုန်တွေ၊ လည်ပတ်သင့်တဲ့နေရာတွေ၊ အစားအသောက်တွေ၊ အထင်ကရ တွေ ၊
ဝတ်စားဆင်ယင်ပုံတွေကို ကမ္ဘာကို ချပြ တဲ့နေရာမှာ အဆင့်မြင့်မြင့် ၊ တိုတိုနဲ့ လိုရင်း လေးရှိသင့်တာပေါ့နော်။
ကိုယ့်အတွေးပါ။
ရှိပြီးသား ရှိရင်လဲ သိတဲ့လူ link ပေးကြပါ။
ကိုယ်တွေ ခမျာတော့ တော်တော် ဥာဏ်များပြီး သတ်မှတ်ချိန်ကို ပြီးဆုံးအောင် ဟာသလေးနဲ့
9 | P a g e , I s r a e l A g r i c u l t u r e I n d u s t r y D i a r y , 2 0 1 7
ကျော်ဖြတ်လိုက်ရပါကြောင်း � � �။ ပျော်ကြပါစေ။
နက်ဖြန် သောကြာနေ့ ကျောင်းပိတ်တယ်၊ Tel Aviv ကို သွားလည်လိုက်အူးမယ်။
.-----------------------------------------------------------------------------------.
.
10.12.2017 (Sunday)
ဒီနေ့တော့ Sea of Galilee လို့ခေါ်တဲ့ ၊ အစ္စရေးနိုင်ငံ မြောက်ပိုင်း၊ တချိန်က တနိုင်ငံလုံးတွက်သောက်ရေ
အဓိကအားထားရာ တစ်ခုတည်းသော ရေချိုကန် ကြီးဖြစ်ပြီး ၊ ပတ်ဝန်းကျင် တဝိုက်လုံးကလဲ တောင်တွေ
ပါတ်ချာလည်ဝိုင်းလို့ ရေရှု ခရစ်တော်ရဲ့ ကြီးပြင်းခဲ့ရာ နေရာ ၊ မယ်တော် မာရီရဲ့ နေရာ စသည်ဖြင့် များလှ
စွာသော ခရစ်ယန် ဘာသာဝင်များအတွက် အထွတ်အမြတ်ထားရာ church တွေ ၊ အထင် ကရ နေရာတွေ ကို
တနေကုန် ကုန်းဆင်း ကုန်းတက် သွားရောက် လည်ပတ်ရပါတယ်။
Nazareth လို့ ခေါ်တဲ့ ထူးခြားဆုံး နေရာ အပါအဝင်ပေါ့၊ ခရစ်ယန်တွေကတော့ ပိုသိမှာပါ။
သွားလမ်း တလျောက် မှာ ပါလက်စတိုင်း ဒေသကို ဖြတ်သွား ရသလို၊ ဂါလီလေး ရောက်တော့လဲ ဂိုလန်
တောင်ကုန်း တွေ ကျော်ပြီး ၊ဆီးရီးယား နဲ့ ဂျော်ဒန် ဘက်ကို တောင်ပေါ်ကနေ အနီးကပ်မြင်နေရပါတယ်၊
အစ္စရေးဘက်မှာတော့ ခြောက်သွေ့တဲ့ တောင်ဇောင်းတွေ ပေါ်မှာ ကျယ်ပြန့် လှတဲ့ ငှက်ပျော ပင် စိုက်ခင်းများ
ကို ရေငွေ့ပျံမှု နဲအောင် အမိုးတွေအုပ် အသီးတွေ အပြာရောင် အိတ်တွေနဲ့ စွတ်ထားတာ မျက်စေ့တဆုံး၊
သံလွင်ပင်၊ လိမ္မော်ပင် တွေ နဲ့ သရက်ပင်တွေလဲ တမျှော်တခေါ်ဆိုတော့ ကျောက်တုံး ချည်းရှိတဲ့
ခြောက်သွေ့ဒေသ ဆိုတာ သိပ်မခံစားရပါဘူး၊ တဘက် က ဆီးရီးယား နဲ့ ဂျော်ဒန်ကတော့ လွင်တီးခေါင် ပါပဲ။
စိုက်ပျိုးရေး သမားအနေ နဲ့စိတ်ဝင်စားမိတာကတော့ အစ္စရေး အတွက် ရေချိုကို sea if galilee ကပဲ တချိန်က
ယူခဲ့ပေမဲ့ ၊ ခုတော့ မိုးခေါင်မှုများပြီး ကန်ရေပြင်ကျုံ့လာတာကြောင့် လုံးဝမသုံးတော့ပါဘူး၊ တနိုင်ငံလုံး
စိုက်ပျိုးရေမှန်သမျှ မြို့ပြနဲ့ ကျေးလက် အိမ်သုံးစွန့်ပစ်ရေတွေကို ပြန်လည်သန့်စင်ပြီးသုံးပါတယ်၊ တနိုင်ငံလုံး ၅
နေရာလောက် စွန့်ပစ်ရေသန့် စက်ရုံကြီးတွေ ၊ ကန်ကြီးတွေရှိပါတယ်။ တနိုင်ငံလုံးမှာ ခရမ်းရောင်
ပိုက်ခေါင်းတွေကို မြင်ရင် သန့်စင်ပြီးစွန့်ပစ် စိုက်ပျိုးရေဆိုတဲ့ အဓိပ္ပါယ်ပေါ့။
သောက်သုံးရေ ကျပြန်တော့လဲ Mediterranean sea လို့ခေါ်တဲ့ မြေထဲပင်လယ် ကရေကို ဆားငံ
ထုတ်ပစ်သန့်စင်ပြီး တနိုင်လုံးသုံးပါတယ်။ ဘုံဘိုင်ရေ ပဲ လူတိုင်းသောက်ပါတယ်၊ ရေသန့်ဝယ်သောက်ရင်
လီတာဝက်ကို မြန်မာငွေ ၄၀၀၀ ကျပ်လောက်ကျတယ်။ Tour guide ကြီး ထပ်ခါတလဲလဲ ဂုဏ်ယူစွာပြောတဲ့
စကားကတော့ အစ္စရေး နိုင်ငံမှာ မိုးတစက်မှ မရွာ တော့ရင်လဲ မြေထဲပင်လယ်ကြီးရှိသရွေ့ အေးအေးဆေးဆေးပဲ
သောက်ရေ ရော စိုက်ပျိုးရေပါရအောင် စီမံထားပြီးသားပါတဲ့။ ကဲ ဘယ်လောက်တောင် proactive ဖြသ်တဲ့
လူမျိုးလဲ စဉ်းစားသာကြည့်ပေတော့။
ရေချိုးတဲ့ ပိုက်ခေါင်း၊ ရေဘုံပိုင်...စတဲ့ ရေထွက်ပေါက်မှန်သမျှလဲ နေိုင်ငံအနှံ့နေရာတိုင်းမှာ pressure သုံးပြီး
ရေကုန်သက်သာစေတဲ့ နည်းပညာသုံးထားတာ သတိထားမိတယ်။
Sea of Galilee ကိုတော့ ဒီအတိုင်းကို ကမ္ဘာ့ သမိုင်းဝင် ကန်ကြီးအဖြစ် သေချာထိန်းသိမ်းထားပြီး နိုင်ငံပေါင်းစုံ
ခရီးသွားတွေ ကလဲ ဘယ်တော့မှ ပြတ်တယ် မရှိပါဘူး။
ဒီနေ့ထူးခြားတာတော့ ရောက်တဲ့ နေရာ တွေမှာ ဘယ်နိုင်ငံ ကလဲ မေးခံရတယ်၊ ဝတ်ထားတဲ့ Israel
စာတမ်းပါတဲ့ T Shirt လေး ဘယ်ဆိုင်ကဝယ်ခဲ့တာလဲ၊ မြန်မာပြည်က လို့ ပြန်ဖြေလိုက်တာနဲ့
ကြွက်ကြွက်ညံအောင် ပျော်ကြပြီး ငါတို့သိတယ်၊ နောက်နှစ်လာလည်ဖို့ စဉ်းစားထားပြီးသားလို့ ပြောကြတယ်၊။
အမှန်တော့ ဝတ်စရာ ကုန်ပြီမို့ အမှတ်တရဝယ်ထားတာ ထုတ်ဝတ်ရတာလေ �။
Kinneret ဆိုတဲ့ နေရာမှာတော့ ဂျော်ဒန်မြစ်ရေ ထဲ ဆင်းပြီး နှစ်ခြင်း ခရစ်ယန်တွေ Beptistize ပြန်လုပ်နိုင်တဲ့
ထူးခြားလှပတဲ့ ဂျော်ဒန်မြစ်ရိုးလေး ထဲမှာလဲ လာကြတဲ့သူတွေ ကမ္ဘာအနှံကပဲ ၊ ဒါလောက်အေးတဲ့ ၅ ဒီဂရီပဲရှိတဲ့
10 | P a g e , I s r a e l A g r i c u l t u r e I n d u s t r y D i a r y , 2 0 1 7
ရေထဲမှာ နှစ်ခြင်းခံယူသူတွေက ပျော် တပြုံးပြုံးပဲ။
Sea of Galilee ပတ်လည်တောင်ကုန်းတွေ က ကျောက်တုံးတွေက တချိန်က မီးတောင်ပေါက်ခဲ့ လို့
မဲနက်နေတဲ့ ပြင် ပါတ်ဝန်းကျင် လွင်ပြင်ကြီးကလဲ ပြန့်ပြော လှပပြီး မြေဆီမြေသားတွေ ကောင်းလွန်းလို့
စိုက်ခင်းကျယ်ကြီးတွေနဲ့ အလှဆုံးနေရာတွေပါဘဲ။
ဒီနေ့ အပူချိန်ကတော့ မနက်ပိုင်း ၅ ဒီဂရီ ၊ နေ့လည် ၁၈ လောက်မို့ သွားရ လာရ လျှောက်ရတာ များပေမဲ့
သိပ်မပင်ပမ်းဘူးထင်ရပါတယ်။ အမှန်ကတော့ ကမ္ဘာ အံသြဘွယ်နေရာတွေ လေ့လာရ သိရှိရတာနဲ့တင်
အချိန်ကုန်လို့ ကုန်မှန်း ကို မသိလိုက်တာပါ။
.-----------------------------------------------------------------------------------
11. Dec. 2017
ဒီနေ့ လေ့လာရတာတော့ Sustainable and Eco Tourism အကြောင်းပေါ့။ Tourism ဆိုတာက လဲ
ကျယ်ပြန့်တယ်လေ၊ ပင်လယ်ကမ်းခြေတွေ၊ ဘာသာရေးဆိုင်ရာ နေရာတွေ၊ ရှေးဟောင်းသမိုင်းဝင်နေရာတွေ၊
အစားအသောက်ကောင်းတွေ စဉ်ဖြင့် ခရီးသွားတွေကို ဆွဲဆောင်တဲ့လုပ်ငန်းပဲကိုး။
သဘောကျမိတာ ၊မှတ်မှတ်ရရ ဖြစ်သွားတာကတော့ အစ္စရေး ရဲ့ ပင်လယ်ကမ်းခြေ သောင်ပြင် တွေအားလုံးက
ဥပဒေအရ နိုင်ငံပိုင်ဖြစ်တယ်။ ဒါကြောင့် army and navy base နေရာ တချို့ကလွဲရင် အားလုံးပြည်သူတွေ
အတွက်ပဲ၊ ဒါကြောင့် ပုဂ္ဂလိကပိုင် ဟိုတယ်ကြီးတွေ ရှိလဲ ရှေ့က သောင်ပြင် နဲ့ ဆက်စပ်နေရာ အချို့ကို
အပိုင်စီးလို့ မရဘူး။
ရုတ်တရက် မြန်မာပြည် က ချောင်းသာ လို beach မှာ သူဌေးကြီးတွေရဲ့ ဟိုတယ်တွေ ဆက်တိုက် ဆောက်ပြီး
ဝင်းခြံတွေ အခိုင်အမာခတ်ထားလို့ ၊ ငွေကြေးမပြည့်စုံတဲ့ ၊ ဟိုတယ်ကြီး မတည်းနိုင်တဲ့ ပြည်သူတွေ
ဖြတ်ပြီးသောင်ပြင်ဆင်းလို့ မရတာ တွေးမိသွားတယ်။ ဟိုတယ် တွေ ကို ဆက်နေတာ ၂ မိုင်လောက်ရှည်ပြီး၊
အများပြည်သူ သုံးနိုင်တဲ့ သောင်ပြင်ဆင်းတက် လမ်းက ထိပ်၂ ဖက်မှာပဲပေးထားတော့ သာမန်ပြည်သူ အများ
သောင်ပြင် ကို ဆင်းရတာ ပြန်တက်ရတာ ဝေးလွန်းပြီး အကျိုး ခံစားရတာ နည်းပါတယ်။ ငွေဆောင်လဲ
ဒီလိုပါဘဲ။ အများပြည်သူတွက် ထည့်စဉ်းစားခြင်း မရှိတဲ့ သဘောတွေကို နှိုင်းယှဉ်ကြည့်မိသွားတယ်။
အစ္စရေးမှာတော့ Tourism လုပ်ငန်း ကို အဆိုးအကောင်း တွေ သေချာ သုံးသပ်ပြီး ၊ tourism ကရတဲ့
ဝင်ငွေတွေကို ငွေကြေး ရင်းနှီးမြှုပ်နှံနိုင်တဲ့ လုပ်ငန်းရှင် နည်းနည်းကပဲ မျှယူတဲ့ ပုံစံ မဖြစ်စေပဲ၊ ဆိုင်ရာ ဒေသခံ
ပြည်သူတွေလဲ အကျိုးအမြတ်ရှိစေဖို့ ၊ ခရီးသွားကို ဆွဲဆောင်နိုင်ဖို့ နည်းလမ်း အမျိုးမျိုးကို ၊ ထူးခြားမှု အမျိုးမျိုးနဲ့
ဖန်တီးပြီး ဒေသခံတွေ ဝင်ငွေရအောင် လုပ်ထားတဲ့ နမူနာတွေ က နိုင်ငံ အနှံ့ပဲလေ။
နမူနာယူတတ်ရင်ပညာချည်းပဲမို့ ကိုယ့်လူမျိုး ယဉ်ကျေးမှုနဲ့ ကိုက်ညီနိုင်မဲ့ နည်းလမ်းတွေ တီထွင်ဖို့ လိုပါမယ်။
အကောင်းနဲ့ အဆိုးကတော့ အမြဲ ဒွန်တွဲပါတတ်တာမို့ အရှည်စဉ်းစားပြီး ကြိုတင်ပြင်ဆင်ရမဲ့သဘောပါ။
ခရီးသွားလုပ်ငန်းဆိုတာကလဲ ငွေရပေါက် များသလောက် မရေရာတဲ့ လုပ်ငန်းတမျိုးလဲဖြစ်ပါတယ်။
အရမ်းကောင်း နေတဲ့ အခြေအနေမှာလဲ နိုင်ငံရေး နဲ့ အခြား အကြောင်း တစ်မျိုးမျိုးကြောင့် ချက်ခြင်း
အခြေအနေပြောင်းသွားနိုင်သလို၊ ချက်ခြင်း ရုတ်တရက် အရမ်း ခရီးသွားများလာတတ်တာလဲရှိတော့
နေရာထိုင်ခင်း ကြိုတင်ပြင်ဆင်မှုတွေ၊ သန့်ရှင်းမှုတွေ လိုပါတယ်။ ခရီးသွားလုပ်ငန်းကြောင့် ပတ်ဝန်းကျင်နဲ့
လူနေမှုတွေ ထိခိုက်နစ်နာတာတွေလဲရှိတော့ မူဝါဒနဲ့ အစီအမံတွေ ကောင်းဖို့ ရှေ့က မှားခဲ့ပြီးသား
နိုင်ငံတွေဆီက အလွယ် အတုယူနိုင်ပါတယ်။
စိုက်ပျိုးရေး နဲ့ ခရီးသွားလုပ်ငန်းကိုတော့ အစ္စရေး အစိုးရက မူဝါဒ ချပြီးတော့ကို Agro tourism အနေနဲ့
ပြည်တွင်းပြည်ပ ဧည့်သည်တွေ လယ်ယာလုပ်ငန်းတွေ နဲ့ လယ်သမား မိသားစုတွေဆီ လာရောက် လည်ပတ်ပြီး
စိတ်ကျေနပ်မှု ရစေမဲ့ အစီအမံတွေက ထူးခြားပြောင်မြောက်လှပါတယ်။ Entrepreneur အမျိုးမျိုး ကို
11 | P a g e , I s r a e l A g r i c u l t u r e I n d u s t r y D i a r y , 2 0 1 7
အရမ်းအားပေးပါတယ်။ ငွေကြေးနဲ့ နည်းပညာတွေ ပံပိုးပေးပါတယ်။ ဒါမှလဲ ဖွံဖြိုးပြီးနိုင်ငံတစ်ခုမှာ တဖြေးဖြေး
လူကြိုက်နည်းလာတဲ့ ကျေးရွာ မှာ မနေလို ကြတော့တဲ့ လူငယ် မျိုးဆက်တွေကို ဆွဲဆောင်နိုင်တဲ့ လယ်ယာ
ပြင်ပ ဝင်ငွေရ လုပ်ငန်းတွေ ထွန်းကားပြီး ကျေးလက်ဒေသ ပြန်လည်အသက်ဝင်ထွန်းကားစေမှာ ဖြစ်ပါတယ်။
ကျေးလက်မြို့ပြ ဝင်ငွေ ကွာဟမှု နည်းစေတာပေါ့နော်။ ဒါလဲ သိသင့် နားလည်သင့်တဲ့ public policy
တစ်မျိုးပါဘဲ။
နောက် တစ်ချိန်ကတော့ OFANMI ဆိုတဲ့ NGO ရဲ့ ကျေးလက်နဲ့ ဝေးလံခေါင်ပါးဒေသက ၉ နှစ် က ၁၂ နှစ်ကြား
ခလေးတွေကို အဆင့်မြင့် နည်းပညာတွေနဲ့ မိတ်ဆက်ပေးနေတဲ့၊ ခလေးတွေရဲ့ အတွေးတွေ နဲ့ အိပ်မက်တွေ၊
သင်ယူလိုစိတ်နဲ့ အနာဂတ်ကို ကောင်းမွန်စွာ ဖန်တီးလိုစိတ်တွေ မြင့်မားလာစေရေး ကြိုးပမ်းမှု ကို
တစ်ပါတ်တစ်ခါ ကွန်ပြူတာတွေ ၊ laboratory တွေနဲ့ မွမ်းမံထားတဲ့ ဘတ်စ်ကားကြီးပေါ်မှာ တင်ပြီး
အထူးလေ့ကျင့်ပေးထားတဲ့ ဆရာတွေနဲ့ သင်ကြားပေးနေတဲ့ အစီအစဉ်ကို လေ့လာရပါတယ်။
ထပ်လေ့လာလိုသူတွေ နာမယ်အတိုင်း website ရှာဖတ်နိုင်ပါတယ်။ သိပ်ကောင်းတဲ့ အားထုတ်မှုပါပဲ။
ဒီနေ့တော့ ပြည်သူလူထုကို ဗဟိုပြုတဲ့ ပြည်သူ့ရေးရာ မူဝါဒနဲ့ အစီအမံတွေ ကြားရလေ့လာရတာ နဲ့
မြန်မာပြည်ပြန်ရောက်ရင် လုပ်စရာတွေ၊ ပြောစရာတွေ များလှပါလားလို့ ခံစားတွေးတောရင်း ဒီစာလေး
ရေးဖြစ်အောင် ရေးလိုက်ပါတယ်။
.
.-----------------------------------------------------------------------------------
12. Dec. 2017
ဒီနေ့ အကျဉ်းချုပ်လေးရေးရရင်တော့ အစ္စရေးရဲ့ တောင်ဘက်ပိုင်း သဲကန္တရ ခရီးရှည်ကြီးသွားခဲ့ပြီး ၊
မျှော်ကြည့်လိုက်တိုင်း သဲလွင်ပြင် နဲ့ တောင်ဂတုံးတွေ ကြားမှာ ရွေ့လျားနေထိုင် အခြေချနေကြတဲ့ Beduin
လို့ခေါ်တဲ့ အာရပ် မွတ်ဆလင်ရွာလေး များစွာထဲက တစ်ခု ရယ်၊ Lakia ဆိုတဲ့
အနီးဆုံးမြို့ငယ်လေးရယ်ရောက်ခဲ့တယ်။
Beduin တွေက နေရာ အတည်တကျ မနေဘဲ သိုးဆိတ်တွေမွေးပြီး အာရပ် အာဖရိက တခွင်
လှည့်လည်နေထိုင်သူတွေပါ။ အခုသွားခဲ့တဲ့ရွာကလူတွေကတော့ အစ္စရေးရောက်တာ နှစ်၄၀ ကျော်ပြီး၊
ကလေးတွေ အများကြီးနဲ့ လူနေမှုနိမ့်ကျတယ်၊ အာရပ်စကားပဲပြောတယ်၊ သိုးနဲ့ ကုလားအုပ်တွေမွေးတယ်၊
အနီးဆုံး Lakia ဆိုတဲ့ မြို့လေးမှာ Beduin women တွေတွက် NGO ထူထောင်ပေးထားပြီး ဝင်ငွေတိုးအောင်
သိုးမွေးကော်ဇောတွေယက်ပြီး ကမ္ဘာအနှံ့ တင်ပို့နိုင်ဖို့ အကူအညီတွေပေးတယ်၊ အဲဒီက
ဦးဆောင်အမျိုးသမီးရှင်းပြတာက သူတို့ အရင်က အမျိုးသ္မီးတွေက ကလေးပဲမွေးပြီး အလုပ်ကြမ်းပဲလုပ်ရ၊
ဝင်ငွေမရှိတော့ စာလဲမတတ်ပဲ အရမ်းနိမ့်ကျရာကနေ ပြောင်းလဲလာပုံတွေပြောပြတာ သနားဖို့ကောင်းတယ်၊
ယောကျားတွေက မိန်းမတွေအလုပ်ကို ကူလုပ်ပေးတာ သူတို့မှာ ခုထိ ထုံးစံမရှိဖူးတဲ့။
ဒီအာရပ်တွေကတော့ အစ္စရေး နဲ့သင့်မြတ်စွာ နေထိုင်နိုင်ကြသူတွေပေါ့။ အစိုးရကလဲ အပြည့်အဝ
မထောက်ပံ့နိုင်တော့ ပြသနာတွေတော့ များဆဲပါပဲ။ ခက်တာက သူတို့ ယဉ်ကျေးမှု နှစ်ခု အရမ်းကွာဟတော့
အရာရာ နီးစပ်ဖို့တော့ တော်တော်ခက်ပုံပါဘဲ။
နေ့လည်ပိုင်း ရောက်တဲ့ Ramat Negev ဆိုတဲ့ သဲကန္တာရ သုတေသန ဌာနကတော့ အစ္စရေး
နိုင်ငံထူထောင်စဉ်ကတဲက ကမ္ဘာ့နိုင်ငံ အသီးသီးက ပြန်လာတဲ့ ဂျူးလူမျိုးတွေကို နေရာချ အလုပ်ပေးနိုင်ဖို့
သဲကန္တာရ လွင်တီးခေါင် ရဲ့ အားသာချက်ကိုယူ အားနည်းချက်ကို ကျော်လွှားနိုင်မဲ့ နည်းစံနစ်နဲ့ သီးနှံသစ်များစွာ
အဆက်မပြတ် သုတေသနပြုပြီး တောင်သူတွေကို a to z အနီးကပ် နည်းပညာပံ့ပိုးရာ နေရာဖြစ်ပါတယ်၊
cherry tomato လို့ခေါ်တဲ့ ခရမ်းချဉ်သီးလုံး သေးသေးလေးတွေ အထွက်နှုန်းမြင့်မားဆုံး၊ အကောင်းဆုံး၊
12 | P a g e , I s r a e l A g r i c u l t u r e I n d u s t r y D i a r y , 2 0 1 7
ဥရောပကို တင်ပို့မှု အမြင့်ဆုံးနေရာဖြစ်တယ်။ အဓိက ကတော့ ဈေးကွကိကို အခိုင်အမာရထားပြီး
ထိမ်းထားနိုင်ဖို့လဲ အမြဲကျိုးစားနေကြတယ်။
အပြန်မှာ ဝင်ခဲ့တဲ့ နေရာကတော့ David Ben Gurion လို့ခေါ်တဲ့ အစ္စရေးမြေကို ဂျူးတို့ရဲ့ နိုင်ငံ အဖြစ်
လွင်တီးခေါင် သဲကန္တာရ မြေမှ ကမ္ဘာ့ တီထွင်မှု အမြင့်ဆုံးနဲ့ တိုးတက်တဲ့ နိုင်ငံအဖြစ် အမြန်ရောက်စေဖို့
အစီအမံတွေချရာမှာ ရှေ့အနာဂတ်ကို ကြိုတင်မျှော်မှန်းပြီး ကြိုးစားကြံဆ တာမှာ ဂုရုကြီးတစ်ဆူဖြစ်ခဲ့တဲ့
နိုင်ငံခေါင်းဆောင်သူပါ။ အစ္စရေး နဲ့ မြန်မာ လွတ်လပ်ရေး ရနှစ်လဲတူတော့ မြန်မာကို နိုင်ငံခေါင်းဆောင်
အလည်အပတ် အဖြစ် ဝန်ကြီးချုပ်ဦးနုနဲ့ တွေ့ခဲ့ပြီး ဖွံ့ဖြိုးရေး အစီအစဉ်တွေ ဖလှယ်ဆွေးနွေးခဲ့ဖူးတယ်လို့
သိရပါတယ်။
မြန်မာပြည် အလယ်ပိုင်း ဇုံတွေလဲ ခြောက်သွေ့ပေမဲ့ မတူတာက သူတို့မြေတွေက ရွံ့စေးမှုံလေးတွေဖြစ်ပြီး၊
သွင်းရေကို ထိန်းနိုင်အားကောင်းတယ်။ မြန်မာက သဲမြေများလို့ ရေထိန်းအားမကောင်းဘူး။ ဒာပေမဲ့
မိုးနဲလွန်းတော့ သူတို့ တောင်တန်းတွေက အပင်ဆို တစ်ပင်မှကို မပေါက်တာ အရမ်း အံသြစရာပါဘဲ။
ဒီနေ့ လမ်း တလျောက် လွင်တီးခေါင်မှာ အခင်းကျယ်ကြီးတွေနဲ့ green house ပုံစံအမျိုးမျိုးနဲ့ ရွာစုလေးတွေရဲ့
စွန်ပလွန်၊ သံလွင် ပင် စိုက်ခင်း ၊ ဂျုံစိုက်ခင်း တမျှော်တခေါ် တွေ့ရတယ်၊ ရာသီဥတုက အရမ်းအေးတယ်၊
နေကြဲကြဲပူနေလို့သာ နေသာတာ၊ ညဆို ရေခဲမှတ်လောက်အေးတယ်။
အကျဉ်းပြန်ချုပ်ရရင်တော့ လောကမှာ ဖြစ်ချင်စိတ် ကောင်းသော ဆန္ဒ ပြင်းပြ ရင်၊ ကြိုးစားရင်၊
အကောင်းမြင်တတ်ရင်၊ ရှေ့ကိုကြိုတွေးတတ်ရင် ၊ မဖြစ်နိုင်တာ မရှိ၊ မဖြစ်သေးတာပဲရှိတယ်ဆိုတာ ကို
အစ္စရေးဆိုတဲ့ အခက်အခဲအမျိုးမျိုးကြားမှာ ရှင်သန်ရပေမဲ့ ၊ ခုလဲ အခက်အခဲတွေ ရင်ဆိုင်နေရဆဲဖြစ်ပေမဲ့
နိုးကြားတက်ကြွ ပညာရေး ရှေ့တန်းတင် ငြိမ်းချမ်းရေး ရှေးရှု ပေမဲ့ ၊ စစ်ရေး မှာလဲ ထိပ်တန်းဖြစ်နေတဲ့ နိုင်ငံနဲ့
လူမျိုးက သက်သေ ရှိတယ်ဆိုတာပါဘဲ။
အမိမြန်မာပြည်ရေ...ဘယ်တော့များမှ ရှင်သန်တက်ကြွ နိုးထကြမှာလဲ၊ သဘာဝသယံဇာတပုံကြီးကြားမှာ
သာယာမနေပဲ ၊ တယောက်နဲ့တယောက်လဲ အတိတ်တွေ ပြန်မျှော်ပြီး အပစ်တွေ အပြန်အလှန် မတင်ကြတော့ပဲ
စုစည်းညီညွတ်ကြပြီး၊ အနာဂတ်လူငယ်လေးတွေအတွက် သာယာကောင်းမွန်တဲ့ အခြေအနေကို ချန်ရစ်ခဲ့ဖို့
လူတိုင်းမှာတာဝန်ရှိတယ်ဆိုတာ အလေးအနက် ခံယူပြီး အလုပ်လုပ်ကြပါစို့နော်။
.-----------------------------------------------------------------------------------
13. Dec. 2017
ဒီနေ့ ညနေတော့ MASHAV လို့ခေါ်တဲ့ အစ္စရေး နိုင်ငံ စိုက်ပျိုးရေးနဲ့ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေး အဖွဲ့
အစည်းကြီးရဲ့ နှစ် ၆၀ ပြည့်မွေးနေ့ ပွဲ ဖြစ်ပြီး ၊ ဟာနူခါ လို့ခေါ်တဲ့ ဖယောင်းတိုင် မီးထွန်းညှိခြင်း ပွဲတော် ကို
ဂျေရုဆလင် က MASHAV ရုံးချုပ် အဆောက် အအုံမှာ နိုင်ငံပေါင်း ၅၀ ကျော် က ၊ အစီ အစဉ် အသီးသီး အရ
အစ္စရေးမှာ ရောက်ရှိနေတဲ့ သင်တန်းသား ၁၀၀ ကျော် လောက် ပါ တက်ရောက်ခဲ့ကြပါတယ်။
နိုင်ငံရပ်ခြားမှာ ကိုယ့်နိုင်ငံသား အခြင်းခြင်း ပြန်ဆုံရတာလဲ တော်တော်ပျော်စရာကောင်းတယ်၊ ခလေး နဲ့ မိခင်
ကျန်းမာရေး အစီအစဉ် အရ ရောက်နေတဲ့ အခြားမြန်မာ ၂ ယောက်ရယ်၊ မြန်မာ သံရုံးက ဒုတိယ သံမှူးရယ်နဲ့
ဆုံတွေ့ကြပြီး အသီးသီးကိုယ်စီ အတွေ့အကြုံ ဗဟုသုတ အတွေးတွေ ဝေမျှဖြစ်ကြပါတယ်။
မနက်ပိုင်း ကတော့ CultivAid လို့ခေါ်တဲ့ Israel NGO အဖွဲ့ရဲ့ အီသီယိုပီးယား နိုင်ငံ အစိုးရ ထောက်ပံ့ငွေနဲ့
အကောင်အထည်ဖော်တဲ့ စိုက်ပျိုး ရေး ကဏ္ဍ တိုးတက်ရေး နည်းပညာပံ့ပိုးရေး စီမံကိန်း အကြောင်းရယ်။
စိုက်ပျိုးရေး ကဏ္ဍ ဖွံ့ဖြိုးရေးမှာ ICT လို့ အတိုကောက် သုံးနှုန်းတဲ့ Information and Communication
Technology - သတင်းအချက်အလက်နဲ့ နည်းပညာ အသုံးချမှုမှာ အစ္စရေး လယ်သမားများရဲ့ ရှေ့တန်းရောက်
13 | P a g e , I s r a e l A g r i c u l t u r e I n d u s t r y D i a r y , 2 0 1 7
နေမှု၊ ICT အကျိုး ကျေးဇူး ကို နိုင်ငံ အသီးသီးမှာ သဘောပေါက်လက်ခံမှု အခြေအနေ တွေ
ဆွေးနွေးသွားပါတယ်။
သိလိုက် ရတာတွေ အများကြီးထဲက တစ်ခုကတော့ အစ္စရေး လယ်သမား ဆိုတာ ကိုယ်စိုက်တဲ့အပင်
အကြောင်းကို စက်ရုံ တခုလို ကျွမ်းကျင် နှံ့စပ်ပြီး ICT ၊ green house နဲ့ ကွန်ပြူတာ အသုံးပြုကာ၊
ဈေးကွက်လိုအပ်ချက်အရ လိုချင်တဲ့ အချိန် လိုသလို အပင်ကို ခိုင်းစေပြီး အသီးအပွင့် ကို စောပြီးဖြစ်စေ၊
နောက်ကျပြီးစေ ကိုယ်လိုချင်သလို ဖြစ်အောင်ကို ထုတ်လုပ် နိုင်တဲ့သူတွေ အ
ဖြစ်အထူးလေ့ကျင့်ထားတဲ့သူတွေ၊ သုတေသနပြုချက်တွေ ကို လက်လှမ်းမှီသူတွေုဖြစ်နေတာပါဘဲ။
ဒါကလဲ နိုင်ငံနဲ့ လူမျိုးရဲ့ ထူးခြားတဲ့ ဝိသေသ လို့လဲပြောနိုင်ပါတယ်။ နိုင်ငံက ငယ်တယ်၊ ဆိုရှယ်လစ် အခြေခံ
ဝါဒနဲ့ အတူလုပ်အတူစား အတူခွဲယူပြီး စိုက်ပျိုးရေးကို စခဲ့တဲ့ အချိန်က ဘယ်သူမှ စိုက်ပျိုးရေး အကြောင်း
ရေရေရာရာ မသိကြပဲ၊ နိုင်ငံထူထောင်ရေးတွက်ဆို စိုက်ပျိုးရေး လုပ်မှ ဖြစ်မယ်ဆိုတဲ့ အသိနဲ့ စခဲ့ တဲ့
ဘိုးဘွားတွေလက်ထက်တည်းက ၊ တီထွင်ဖန်တီးသုတေသန လုပ်ကြ သလို ၊ တွေ့ရှိမှု အသစ်တခု ရတာနဲ့
အခြင်းခြင်း ပညာမျှဝေကြတယ်၊ နောက်ပိုင်းမှာလဲ ဘာ နည်းပညာ သစ်တွေ့တွေ့ လယ်သမားဆီကို ၂
ပါတ်လောက်တွင်း ရောက်အောင် အသိပေးဆောင်ရွက်တဲ့ extension mechanism တွေလဲရှိနေတယ် ဆိုတော့
၊ အရွှမ်းဖောက်ပြီးပြောရရင် အစ္စရေး ဆိုတာ အတင်းပြောသန်တဲ့ ရွာကြီးတစ်ရွာလိုပဲတဲ့လေ၊ တခုခု ဆိုရင်
တယောက်ထဲ၊ တဖွဲ့ထဲ ဖွက်မထား လျှို မထားဘဲ အချင်းချင်းမျှဝေမှု မြန်လွန်းပြီး လူတိုင်းကို သိစေနိုင်တဲ့
အချက်ကိုက ၊ လူတိုင်းစေ့ မြန်မြန် တိုးတက်ကြပြီး ဒီနိုင်ငံဟာ ကမ္ဘာမှာ တိုးတက်ဖို့
အကြောင်းတရားတစ်ခုပါဘဲတဲ့၊ မှတ်သားစရာပါနော်။
ဒါ ကြောင့် ဒီနေ့ နှစ် ၆၀ ပြည့်တဲ့ မာရှပ် အဖွဲ့ရဲ့ ကြိုးပမ်းမှုဟာလဲ အစ္စရေးရဲ့ ပြင်ပ ကမ္ဘာက ညီနောင် မောင်နှမ
များဆီ အသိပညာ အတတ်ပညာ မျှဝေမှု သမိုင်းရဲ့ နှစ်၆၀ မှတ်တိုင်ပဲမို့ တိုက်ဆိုင်စွာ မဆိုင်းမငံ့
မြန်မြန်ဆန်ဆန်ပဲ မျှဝေလိုက်ပါတယ်။
.-----------------------------------------------------------------------------------
16.Dec.2017
Today is a truely wonderful day visiting the DEAD Sea and Masada. I just love the trip
experience.
ဒီနေ့ ကတော့ weekend ဆိုတော့ အဖွဲ့လိုက်ကြီးဘဲ အစ္စရေး နဲ့ ဂျော်ဒန် နယ်ခြား က နာမည်ကြီးလှတဲ့
ပင်လယ်သေ Dead Sea ခေါ်. ကုန်းတွင်းပိတ် ပင်လယ် ဒေသကို မနက်စောကြီးထဲက ထွက်ကြတယ်၊
ဂျေရုဆလင် ကိုဖြတ်လာပြီး ချက်ခြင်းဆိုသလိုပဲ မြင်ကွင်းတွေကပြောင်းသွားတယ်၊ ဘာဆို ဘာပင်မှ မပေါက်တဲ့
တောင်တန်း ကုန်းမြင့်ကြီးတွေ အနီးကပ်ဖြတ်သွားရတာ အရမ်းထူးခြားတယ်။.လမ်းတလျောက်
တောင်ကြားလျိုတွေမှာ သဲကန္တာရ ဂျစ်ပဆီ လို့ခော်တဲ့ Beduin အုပ်စုတွေ အစုလိုက်လေးတွေ
အခြေချနေထိုင်ကြပြီး သိုးအုပ်၊ ဆိတ်အုပ် အများကြီးမွေးထားကြတာတွေ့ရတယ်။
ဂျေရုဆလင်က ပင်လယ်ထက် မီတာ ၈၀၀ မြင့်ပြီး၊ Dead sea ကတော့ ကမ္ဘာမှာ အနိမ့်ဆုံး နေရာပါ၊
ပင်လယ်မျက်နှာပြင်ထက် မီတာ ၄၀၀ နိမ့်ပါတယ်။ မျက်စေ့တဆုံး သဲကန္တာရကြီး ထဲမှာ လဲ လျပ်စစ်မီးရော၊
လမ်းတွေရော ဖောက်ထားပေးနိုင်တော့ သဘာဝပေါက်ပင်သာမရှိတာ လူတွေစိုက်ထားတဲ့ စွန်ပလွံပင်တွေ
မျက်စေ့တဆုံး အစက်ချ ရေပေးစံနစ်နဲ့ စိုက်ထားတယ်၊ တခြား ဟင်းသီးဟင်းရွက်တွေလဲ မျိုးစုံပဲ ပင်လယ်သေ
ရပ်ဝန်းမှာတွေ့ရတော့ တော်တော်အမြင် ဆန်းပါတယ်။
တဖက်ကမ်းက ဂျော်ဒန်နဲ့လဲ ငြိမ်းချမ်းရေးယူထားတော့ အနီးလေး မြင်နေရပါတယ်။
မနက်ပိုင်းမှာ ပင်လယ်သေ တောင်ဘက်ပိုင်းက Mesada လို့ခေါ်တဲ့ လွန်ခဲ့တဲ့ နှစ် ၂၀၀၀ တုံးက ရိုမန် တွေက
ဂျူးတွေကို တိုက်ခိုက် အင်ပါယာချဲ့စဉ်က စစ်ရှုံးမှာ သေချာသွားတဲ့ ဂျူးလူမျိုး ၁၀၀၀ နီးပါးဟာ ၊ သူတို့ ရဲ့
Isreal.certificate.by.thein.thein
Isreal.certificate.by.thein.thein
Isreal.certificate.by.thein.thein
Isreal.certificate.by.thein.thein
Isreal.certificate.by.thein.thein

Contenu connexe

Plus de Zaw Aung

David lah.2014., sermon articles
David lah.2014., sermon articlesDavid lah.2014., sermon articles
David lah.2014., sermon articlesZaw Aung
 
Clean coal technologies in japan.and.myanmar.electricity.2018
Clean coal technologies in japan.and.myanmar.electricity.2018Clean coal technologies in japan.and.myanmar.electricity.2018
Clean coal technologies in japan.and.myanmar.electricity.2018Zaw Aung
 
Clean Coal Technology & Haing oo.coal.fire.power.plants
Clean Coal Technology & Haing oo.coal.fire.power.plantsClean Coal Technology & Haing oo.coal.fire.power.plants
Clean Coal Technology & Haing oo.coal.fire.power.plantsZaw Aung
 
Coal.power.hlaingoo
Coal.power.hlaingooCoal.power.hlaingoo
Coal.power.hlaingooZaw Aung
 
Electricity.2018.and.ppp
Electricity.2018.and.pppElectricity.2018.and.ppp
Electricity.2018.and.pppZaw Aung
 
M zaw aung business post collection from facebook update
M zaw aung business post collection from facebook updateM zaw aung business post collection from facebook update
M zaw aung business post collection from facebook updateZaw Aung
 
Yangon.new.city.and.hdb.2018
Yangon.new.city.and.hdb.2018Yangon.new.city.and.hdb.2018
Yangon.new.city.and.hdb.2018Zaw Aung
 
Electricity.myanmar.rev5.oct2017.total 105pages
Electricity.myanmar.rev5.oct2017.total 105pagesElectricity.myanmar.rev5.oct2017.total 105pages
Electricity.myanmar.rev5.oct2017.total 105pagesZaw Aung
 
Tour.oversea.burmese
Tour.oversea.burmeseTour.oversea.burmese
Tour.oversea.burmeseZaw Aung
 
Than shwe.book.by.thaung.wai.oo
Than shwe.book.by.thaung.wai.ooThan shwe.book.by.thaung.wai.oo
Than shwe.book.by.thaung.wai.ooZaw Aung
 
Chinese100.burmese5
Chinese100.burmese5Chinese100.burmese5
Chinese100.burmese5Zaw Aung
 
Electricity.myanmar.2016.by.government
Electricity.myanmar.2016.by.governmentElectricity.myanmar.2016.by.government
Electricity.myanmar.2016.by.governmentZaw Aung
 
Peter drucker-kw
Peter drucker-kwPeter drucker-kw
Peter drucker-kwZaw Aung
 
Utmw ဦးတင်မောင်ဝင်း၊ by U Aung Khin
Utmw ဦးတင်မောင်ဝင်း၊ by U Aung KhinUtmw ဦးတင်မောင်ဝင်း၊ by U Aung Khin
Utmw ဦးတင်မောင်ဝင်း၊ by U Aung KhinZaw Aung
 
Global myanmar youth conference 2017
Global myanmar youth conference 2017Global myanmar youth conference 2017
Global myanmar youth conference 2017Zaw Aung
 
ှSEZ်for Myanmar to learn, VSIP.industrial.park.by.singapore.government.semb...
ှSEZ်for Myanmar to learn, VSIP.industrial.park.by.singapore.government.semb...ှSEZ်for Myanmar to learn, VSIP.industrial.park.by.singapore.government.semb...
ှSEZ်for Myanmar to learn, VSIP.industrial.park.by.singapore.government.semb...Zaw Aung
 
ဘာသာပြန် ကွိ(မြန်မာပြန်)
ဘာသာပြန်   ကွိ(မြန်မာပြန်)ဘာသာပြန်   ကွိ(မြန်မာပြန်)
ဘာသာပြန် ကွိ(မြန်မာပြန်)Zaw Aung
 
Nld.uwintin.by.hlasoewai
Nld.uwintin.by.hlasoewaiNld.uwintin.by.hlasoewai
Nld.uwintin.by.hlasoewaiZaw Aung
 
Sr401 china-and-myanmar-peace-process
Sr401 china-and-myanmar-peace-processSr401 china-and-myanmar-peace-process
Sr401 china-and-myanmar-peace-processZaw Aung
 
Useinwin bio
Useinwin bioUseinwin bio
Useinwin bioZaw Aung
 

Plus de Zaw Aung (20)

David lah.2014., sermon articles
David lah.2014., sermon articlesDavid lah.2014., sermon articles
David lah.2014., sermon articles
 
Clean coal technologies in japan.and.myanmar.electricity.2018
Clean coal technologies in japan.and.myanmar.electricity.2018Clean coal technologies in japan.and.myanmar.electricity.2018
Clean coal technologies in japan.and.myanmar.electricity.2018
 
Clean Coal Technology & Haing oo.coal.fire.power.plants
Clean Coal Technology & Haing oo.coal.fire.power.plantsClean Coal Technology & Haing oo.coal.fire.power.plants
Clean Coal Technology & Haing oo.coal.fire.power.plants
 
Coal.power.hlaingoo
Coal.power.hlaingooCoal.power.hlaingoo
Coal.power.hlaingoo
 
Electricity.2018.and.ppp
Electricity.2018.and.pppElectricity.2018.and.ppp
Electricity.2018.and.ppp
 
M zaw aung business post collection from facebook update
M zaw aung business post collection from facebook updateM zaw aung business post collection from facebook update
M zaw aung business post collection from facebook update
 
Yangon.new.city.and.hdb.2018
Yangon.new.city.and.hdb.2018Yangon.new.city.and.hdb.2018
Yangon.new.city.and.hdb.2018
 
Electricity.myanmar.rev5.oct2017.total 105pages
Electricity.myanmar.rev5.oct2017.total 105pagesElectricity.myanmar.rev5.oct2017.total 105pages
Electricity.myanmar.rev5.oct2017.total 105pages
 
Tour.oversea.burmese
Tour.oversea.burmeseTour.oversea.burmese
Tour.oversea.burmese
 
Than shwe.book.by.thaung.wai.oo
Than shwe.book.by.thaung.wai.ooThan shwe.book.by.thaung.wai.oo
Than shwe.book.by.thaung.wai.oo
 
Chinese100.burmese5
Chinese100.burmese5Chinese100.burmese5
Chinese100.burmese5
 
Electricity.myanmar.2016.by.government
Electricity.myanmar.2016.by.governmentElectricity.myanmar.2016.by.government
Electricity.myanmar.2016.by.government
 
Peter drucker-kw
Peter drucker-kwPeter drucker-kw
Peter drucker-kw
 
Utmw ဦးတင်မောင်ဝင်း၊ by U Aung Khin
Utmw ဦးတင်မောင်ဝင်း၊ by U Aung KhinUtmw ဦးတင်မောင်ဝင်း၊ by U Aung Khin
Utmw ဦးတင်မောင်ဝင်း၊ by U Aung Khin
 
Global myanmar youth conference 2017
Global myanmar youth conference 2017Global myanmar youth conference 2017
Global myanmar youth conference 2017
 
ှSEZ်for Myanmar to learn, VSIP.industrial.park.by.singapore.government.semb...
ှSEZ်for Myanmar to learn, VSIP.industrial.park.by.singapore.government.semb...ှSEZ်for Myanmar to learn, VSIP.industrial.park.by.singapore.government.semb...
ှSEZ်for Myanmar to learn, VSIP.industrial.park.by.singapore.government.semb...
 
ဘာသာပြန် ကွိ(မြန်မာပြန်)
ဘာသာပြန်   ကွိ(မြန်မာပြန်)ဘာသာပြန်   ကွိ(မြန်မာပြန်)
ဘာသာပြန် ကွိ(မြန်မာပြန်)
 
Nld.uwintin.by.hlasoewai
Nld.uwintin.by.hlasoewaiNld.uwintin.by.hlasoewai
Nld.uwintin.by.hlasoewai
 
Sr401 china-and-myanmar-peace-process
Sr401 china-and-myanmar-peace-processSr401 china-and-myanmar-peace-process
Sr401 china-and-myanmar-peace-process
 
Useinwin bio
Useinwin bioUseinwin bio
Useinwin bio
 

Isreal.certificate.by.thein.thein

  • 1. 1 | P a g e , I s r a e l A g r i c u l t u r e I n d u s t r y D i a r y , 2 0 1 7 ကမ္ဘာ့ ထိတ်တန်း စိုက်ပျိုးသီးနှံထုတ်လုပ်တဲ့ အစ္စရေးနိုင်ငံကို ၃ပတ်သင်တန်း (ဒေါ်သိန်းသိန်းအောင်၊ စိုက်ပျိုးပညာရှင်) 26, Nov 2017Leaving to Israel for 3 weeks training....before departure with dear sister ThandaAye and lovely niece KyawtKaythi, and Ko Thein Naing family. အစ္စရေး ကို ခဏသွားလတ်အူးမယ်နော်၊ ၃ ပါတ်တောင် ဆောင်းခို သင်တန်းတက်ရမှာဆိုတော့ အနွေးထည်တွေဘာတွေနဲ့ ၂ အိတ်ပြင်သွားတာ ၊ ရန်ကုန်ကနေ ဘန်ကောက်ထိ TG ကတော့ ၂ လုံးရပေမဲ့ ၊ ဆက်စီးရမဲ့ transit အစ္စရေး လေကြောင်းလိုင်း YL က လူတယောက် အိတ်တလုံးပဲ baggage ပေးလို့ သေတ္တာအသေးကို hand carry လုပ်ဖို့ ပစ္စည်းတွေပြန်ပြောင်းထဲ့ရတာ ဖတ်ဖတ်မောသွားတာပဲ။ ဒါလဲ မဟာ lesson learn ပါတကား၊ နိုင်ငံတကာ ခရီးမသွားဖြစ်တာကြာလို့ သတိမထား ကြိုမစုံစမ်းထားတဲ့ ပစ်မှုပေါ့။ TG counter က ကလေးမ ကသေချာ မှာလိုက်သေးတယ်၊ အပြန်လဲ transit ကို တလုံးပဲ ရမှာနော်တဲ့။ ဟဲဟဲ လက်ဆောင်တွေဘာတွေ မျော်လင့်နေသူတွေ သဘောပေါက်။ 26, Nov. 2017၊ ပြူတင်းပေါက်သေးသေးလေးတွေနဲ့၊ လူတွေမျက်နှာကျောတော်တော်တင်း၊ ကိုယ်များများရီပြမှ နဲနဲလေး ပြန်ရီပြတယ်လေ၊ ဒါလဲ စိတ်ဝင်စားစရာပဲ၊ သင်တန်းသားတွေ နေရတဲ့ appartment က kitchen လေးရယ်၊ ဧည့်ခန်း၊ ဝရံတာလေးရယ်၊ အခန်း ၅ ခန်း မှာ တယောက်တခန်းစီ၊ တနင်္ဂနွေနေ့ရောက်သူတွေ ကွကိုယ် စားနိုင်အောင် ရေခဲသေတ္တာထဲ ပေါင်မုန့်၊ ကြက်ဥ၊ ထောပတ်၊ နွားနို့ ၊ ကော်ဖီ၊ အသီးအနှံ အပြည့်ထဲ့ပေးထားတယ်၊ ခဏနေရင် ချက်ပြုတ်စားသောက်တော့မယ်။ စားစရာ တွေထဲ့ပေးလိုက်တဲ့ သယ်ရင်းလေးတွေ ကျေးကျေးပါလို့၊ အချိန်ကတော့ ရန်ကုန်ထက် ၄နာရီခွဲ နောက်ကျတယ်၊ နောက်နေ့တွေ့တာတွေ ထပ်ရေးအူးမယ်နော်၊ မျက်စေ့နောက်ရင် ကျော်သွားကြပါ .----------------------------------------------------------------------------------- .27, Nov. 2017 5 hrs · Rehovot, Israel · ဒီနေ့သိရတာတွေ အများကြီးထဲက စိတ်ဝင်စားဖို့ကောင်းတာ တခုက အခုရောက်နေတဲ့ စိုက်ပျိုးရေးမဟာဌာန နေရာ ၊ စာသင်ဆောင် ၊ လူနေဆောင် အားလုံးဟာ Weitz Center for Sustainable Development ခေါ်တဲ့ NGO ကြီးကပိုင်တာဖြစ်ပြီး၊ စိုက်ပျိုးရေး တက္ကသိုလ် ကနေရာ ငှါးခ နဲ့ ဝန်ဆောင်မှုတွေအတွက် ပြန်ပေးရတယ် ဆိုတာရယ်၊ NGO နဲ့ အစိုးရ ပူးပေါင်းဆောင်ရွက်မှု အရမ်းကောင်းတာရယ်၊ တက္ကသိုလ်နဲ့ NGO ပေါင်းပြီး လက်တွေ့အသုံးချသုတေသနတွေ လုပ်တာ အရမ်းကောင်းတာရယ်။
  • 2. 2 | P a g e , I s r a e l A g r i c u l t u r e I n d u s t r y D i a r y , 2 0 1 7 အစ္စရေး ဟာ အလွန်သေးတဲ့ နိုင်ငံလေး ဖြစ်တာကြောင့် ဝင်ငွေအရမ်းမများတာမို့. သူ့လောက် မဖွံ့ဖြိုးတဲ့နိုင်ငံတွေကို ကူညီဖို့ရာမှာ အခြေခံ အဆောက်အဦလို စရိတ်များတာတွေ အတွက်မကူနိုင်ပေမဲ့၊ နည်းပညာ အလွန်ရှေ့တန်းရောက်တဲ့ပြင် သုတေသနတွေ ဖွံ့ဖြိုးလှတာမို့ ၊ Capacity building လို့ခေါ်တဲ့ နည်းပညာဖြန့်ဖြူးပေးမှုမှာတော့ ရှေ့တန်းက လုပ်ဆောင်ပေးနေတယ်။ လူတွေကို နည်းပညာ အသိပညာဖြန့်ပေး ရာမှ ကိုယ်တိုင် ကိုယ်ပိုင် တိုးတက် ရှေ့တန်းရောက်လာနိုင်မှုအပေါ် သက်ဝင်ယုံကြည်စွာ လုပ်ဆောင်ကြတယ်။ အစ္စရေးနိုင်ငံ အကြောင်း နဲ့ စိုက်ပျိုးရေးဖွံဖြိုးမှု အကြောင်း ပြောတော့ နိုင်ငံရေး၊ လူမျိုးရေး၊ ယုံကြည်မှု နဲ့ သမိုင်း ဆိုင်ရာတွေ ရှုတ်ထွေးတာကို ကြိုသိပြီးသား ဖတ်ပြီးသိပြီးသားဖြစ်တာတောင် မေးစရာမေးခွန်းတွေ အများကြီးပဲ၊ သင်တန်းသားတွေကလဲ မေးခွန်းမေးပါဆို အာ့အကြောင်းတွေပဲမေးကြတော့ ဆရာခမျာ အချိန်မှီ ပြီးရမှာတွေပြီးအောင် မနဲ ကြိုးစားရတယ်။ ချွေးတွေကို ပြိုက်ပြိုက်ကျတဲ့ထိပဲ။ သင်တန်းသားတွေကလဲ အများစုက သူ့နိုင်ငံရဲ့ policy maker ဒါမှမဟုတ် အဓိကဆက်စပ်နေသူတွေဆိုတော့ မေးမယ် ဆိုတာချည်းပဲ။ အချိန်နောက်ကျသွားလို့ country presentation ပေးဖို့ ၁၅ နိုင်ငံမှာ ဒီနေ့ တစ်နိုင်ငံ ကပဲ ပေးဖို့ volunteer ခေါ်တော့ တယောက်မျက်နှာ တယောက်ကြည့် ဘယ်သူမှ မစတော့ထုံးစံအတိုင်း မြန်မာ့သတ္တိနဲ့ အရင်ဆုံး ထပြောပလိုက်တယ်။ ဘာရမလဲ မဟုတ်ရင် အကြွေးကျန်ရင် ညလဲ ဒီအကြောင်းပဲတွေးနေရမှာလေ၊ ပထမဆုံးဆိုတော့ မှားမှား မှန်မှန် မြန်မြန်နှေးနှေး အေးဆေးပဲပေါ့။ ဖွံဖြိုးမှုနောက်ကျဆုံး နိုင်ငံက ဘာများ policy ဝေဖန်စရာ များများရှိမှာလဲ၊ ရှိလဲ မပြောသေးဘူးလေ၊ ဆရာ သင်ဖို့ချန်ထားတယ်။ တစ်ယောက်ထဲဆိုတော့ တင်ပြချိန် အချိန်ကန့်သတ်ထားပေမဲ့ ဆွေးနွေးချိန် အများကြီးရတော့ အားလုံးက ကိုယ်နဲ့ တကွ နိုင်ငံကို သေချာမှတ်မိသွားတာ အမြတ်ပဲ၊ သိတယ်မလား ဂျင်းထည့်စရာရှိ မြန်မြန်ထဲ့မှ။ .----------------------------------------------------------------------------------- 28, Nov 2017 ဒီနေ့ တော့ ၁၅ နိုင်ငံက သင်တန်းသား အသီးသီး ကိုယ့်နိုင်ငံရဲ့ စိုက်ပျိုးရေးနဲ့ ကျေးလက် ဒေသဖွံဖြိုးရေး ဆိုင်ရာ မူဝါဒတွေ၊ မဟာဗျူဟာ တွေရဲ့ အားသာချက်၊ အားနဲချက်၊ ရင်ဆိုင်နေရတဲ့ ပြသနာတွေကို သုံးသပ်တင်ပြကြတယ်။ အားလုံးခြုံကြည့်ရင် မဖွံ့ဖြိုးပဲကျန်ခဲ့တဲ့ အဓိက တရားခံက မူဝါဒ မကောင်းလို့ မဟုတ်ဖူး၊ လူတွေ မကောင်းတာဖြစ်တဲ့ အဂတိ လိုက်စားမှုတွေကို မထိမ်းချုပ်နိုင်တာကိုပဲ တော်တော် အပြောများတယ်။ နောက်တစ်ချက်တော်တော်တူတာက အစိုးရ ဝန်ကြီးဌာန အခြင်းခြင်းရော၊ ဝန်ကြီးဌာနတူ ဌာနအချင်းချင်းရော ချိတ်ဆက် ပူးပေါင်းပြီး ရည်ရွယ်ချက် တူရာဆီ သွားတာမှာ ညီညွတ်မှု နဲ့ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ စွမ်းရည်အားနည်းတာပဲ၊ တော်တော်များများက ကျေးလက်ဒေသ စိုက်ပျိုးထုတ်လုပ်ရေးမှာ သမဝါယမစံနစ် လို့ ခေါ်လို့ရတဲ့ ပူးပေါင်းဆောင်ရွက်မှုပုံစံကို ချဉ်းကပ်ဆွေးနွေးကြပြီး၊ မူကောင်းပေမဲ့ လူမကောင်းတဲ့ပြသနာ၊ မထိန်းချုပ် မကိုင်တွယ်နိုင်တဲ့ ပြသနာကို ဇောင်းပေးကြတယ်။ ဒီနေ့အဖို့ တော်တော်ကြိုက်တဲ့ စာလုံးလေးတစ်ခုကတော့ မြန်မာနိုင်ငံ စိုက်ပျိုးရေးနဲ့ ကျေးလက်ဖွံဖြိုးရေး အတွက်လဲ အရေးတကြီးလိုအပ်နေပြီလို့ထင်တဲ့ Agro Food Production ကို အခြေခံတဲ့ Food and Economic Security ဆိုတဲ့ အကြောင်းအရာပါ။ စိုက်ပျိုးရေးထွက်ကုန်တွေကို ကုန်ကြမ်းချည်းပဲရောင်းနေပြီး အစားအစာ အဖြစ်ပြောင်းလဲထုတ်လုပ်နိုင်တဲ့ နည်းပညာ အတတ်ပညာ ကျွမ်းကျင်မှုတွေ မရှိလာမချင်း ၊ ရင်းနှီးမြှုပ်နှံမှုတွေ မရှိနိုင်ပဲ စီးပွားရေးဖွံဖြိုး တိုးတက်မှုကလဲ မရှိနိုင်ဘူးလေ။ အတွေးတစ်စ မျှပါ။ ကိုယ့်သဘောထားနဲ့ ကိုက်ညီလို့ မှတ်တမ်းတင်ဖြစ်ပြီး နောက်နေ့ သင်ရမဲ့စာတွေနဲ့ ချိန်ညှိရအုံးမှာပါ။
  • 3. 3 | P a g e , I s r a e l A g r i c u l t u r e I n d u s t r y D i a r y , 2 0 1 7 ဒီညနေ မှာ Rehovot မြို့လေးထဲ ခြေလျင်ပတ်ပြီး လျောက်သွားရတာတော့ အတွေ့ကြုံကောင်းလေးပါ။ ခလေးဘဝ ပြန်ရောက်သွားသလို အရမ်းပျော်ကြတယ်။ အစစ အရာရာဈေးကြီးတဲ့ နိုင်ငံပါဘဲ။ အရမ်းအေးတဲ့ ရာသီဥတုမှာ ချွေးပြိုက်ပြိုက်ကျပြီး မောမောနဲ့ လမ်းဘေး ရေခဲမုန့်ဝယ်စားကြတယ်။ ဓာတ်ဖမ်းကြတယ်၊ အဆောင်ပြန်ရောက်တော့ ညနေစာစားတော့ ပါလာတဲ့ လ္ဘက်တွေသုတ်ကျွေးတော့ အရမ်းကြိုက်ကြတယ်။ တစ်နေ့တာ အကြောင်းတွေ ပြန်ပြီး စားမြုံ့ပြန်ကြ၊ ရီကြ ကျောင်းသူလေးတွေဘဝ ပီပီပြင်ပြင်ပြန်ရ။ ဘဝ ကြီးက သာသာယာယာရှိသား။ ဒီမှာ ထပ်ဆင့်ကံကောင်းတာလေးကတော့ အရင်တစ်ပါတ် ရှမ်းပြည်မှာ Irrigation training လာပေးတဲ့ expert က viber ကနေ ဆက်သွယ်လာပြီး လာမဲ့ စနေ အားလပ်ချိန်မှာ Israel Agriculture အကြောင်း အချိန်တိုတွင်းလေ့လာနိုင်ဖို့ ကားနဲ့လာခေါ်ပြီး လိုက်ပြမယ်ဆိုတော့ အတိုင်းထက်လွန် ထီပေါက်သလိုပေါ့။ တစိမ်းနိုင်ငံ တခုမှာ ကိုယ့်ကို အိမ်ရှင်အနေနဲ့ ဧည့်ခံပေးမဲ့သူရှိတာလဲ မင်္ဂလာ တစ်ပါးပါတကား။ အမှန်တော့ သူနေတဲ့ မြို့က ကိုယ်ရောက်နေတဲ့ မြို့လေးနဲ့ တော်တော်ဝေးပါတယ်။ ကျေးဇူးပါပဲ ဆရာရေ။ ဆက်ရေးအုံးမှာနော်..... .----------------------------------------------------------------------------------- 1. December 2017 2 hrs · အစ္စရေး နိုင်ငံ ဖြစ်ပေါ်လာတဲ့သမိုင်းကြောင်း အထိုက်အလျောက်ဖတ်ဖူးသိဖူးပေမဲ့ ဒီနေ့ စာသင်တဲ့ ဆရာမကိုယ်တိုင်ပြောပြတဲ့ သူ့ မိခင်ရဲ့ အမေ ၊ သူ့ အဖွားအကြောင်း ဥပမာလေး ကို နားထောင်ကြည့်ရတော့ တော်တော်လေးနက်လှပါတယ်။ အတိုချုပ် ပြန်ပြောရရင်တော့ နိုင်ငံအသီးသီးမှာ ပြန့်ကျဲနေထိုင်ကြတဲ့ ဂျူး လူမျိုးတွေအနက် သူ့အဖွားကတော့ ပိုလန် နိုင်ငံကပါ။ မောင်နှမ ၁၃ ယောက်ရှိပြီး၊ ၁၉၂၉ ခုနှစ်မှာ ၁၉ နှစ်အရွယ် ရှိနေခဲ့တယ်။ အာ့ အချိန်တုံးက ဂျူးတွေရဲ့ ရှေးရိုးအယူအဆအရ ဂျေရုဆလင် ခေါ်တဲ့ သူတို့ရဲ့ ဘုရားရှိရာ အရပ် ကို သွားချင်တိုင်းသွားလိုမရပဲ၊ ဘုရားရှင် က သတ်မှတ် သွားခွင့်ပြုမှ သွားရပါတယ်။ အဲ့ဒါကလဲ ဘယ်တော့မှန်းမသိပဲ အမိန့်တော်ကိုစောါ့် ဆိုင်းနေရတဲ့သဘောပါ။ တစ်ညမှာ တော့ စွန့်စားလိုသူ၊ မစောင့်ဆိုင်းလိုသူ သူမလို ၁၉ နှစ် ၂၀ နှစ် အရွယ် လူငယ်တစ်စုဟာ လှေကြီးတစ်စင်းနဲ့ ရွက်လွှင့်ပြီး ဘုရားသခင်နိုင်ငံတော်ကိုရှာဖွေပြီး ကိုယ်ပိုင် နိုင်ငံ ဖြစ်လာရေးစွန့်စားခရီးထွက်လာကြတယ်။ သူမ အဖေက သိပ်စိတ်ဆိုးပြီး ဘုရား အလိုတော် ကို ဆန့်ကျင်လို့ဆိုပြီး သေလူ အဖြစ်သတ်မှတ်လိုက်တယ်။ ဂျေရုဆလင် တဝိုက် ကို ရောက်လာတဲ့ လူငယ် လေးတွေ အခက်အခဲ နဲ့ ရောဂါမျိုးစုံ အစားအစာ မရှိမှုတွေကြားထဲက ကြိုးစားပြီး စိုက်ပျိုး လုပ်ကိုင် ပြီး မြေနေရာတွေချဲ့ထွင် နေထိုင်ကြတယ်။ နေရာကလဲ လူတွေသိပ်မနေလိုတဲ့ သဲကန္တာရမို့ သူတို့ကို အာ့နေရာက မူလနေသူတွေက မြေတွေပြန်ရောင်း ကြတယ်။ နောက် ၁၀ နှစ်အကြာ ၁၉၃၉ မှာ ပိုလန်က ဂျူးလူမျိုး ၃ သိန်းလောက်ကို နာဇီ ဂျာမန်တွေက အစုလိုက် အပြုံလိုက် သတ်ပစ်လိုက်တော့ သူမရဲ့ မောင်နှမ အားလုံးရော အမေရော အသတ်ခံလိုက်ရပြီး အဖေကတော့ လွတ်လာခဲ့တယ်။ သူမ ဆီကို သူ့ အဖေရောက်လာတော့ သူမမှာ သမီးလေး တစ်ယောက်ရှိနေပီ၊ သူ့ အဖေက သူ့ အမှား သိပြီး သူ့သမီးရဲ့ ခြေဖျားကို ငုံ့နမ်းခဲ့တယ်။ အဲဒီအမျိုးသ္မီးလေးက ဒီနေ့ စာသင်တဲ့ ဆရာမလေး ရဲ့ အဖွားတော်သူပေါ့။ ဇာတ်လမ်းလေးကို ရိုးရိုးလေးပဲပြောပြပါတယ်။ ပေးချင်တဲ့ အကြောင်းအရာ message ကတော့ သူတို့လူမျိုးတွေ ဟာ သမိုင်းက သင်ပေးခဲ့တဲ့ သင်ခဏ်းစာကြောင့် အမြဲ သူများ သို့မဟုတ် တယောက်ယောက် က ခွင့်ပြုမှ၊ ခိုင်းမှ၊ အမိန့်ပေးမှ တစ်ခုခုကို လုပ်ရမယ် ဆိုတဲ့ စိတ်ကို အပြီးတိုင်စွန့်လွှတ်ခဲ့တယ်။.အမြဲ ကြိုတင် စဉ်းစားတယ်၊ ကြိုလုပ်တယ်၊ သူများခိုင်းတာ မစောင့်ဘူး၊ Proactive ဖြစ်တယ်။ Entreprenership စိတ် အပြည့်ရှိတယ်။ နိုင်ငံ ဖွံ့ဖြိုးဖို့ ကြိုးစားတဲ့နေရာမှာလဲ ဒီလိုပဲ နှလုံးသွင်းတယ်။
  • 4. 4 | P a g e , I s r a e l A g r i c u l t u r e I n d u s t r y D i a r y , 2 0 1 7 အရမ်းကြိုးစားကြသူတွေဖြစ်တယ်၊ နိုင်ငံမရှိပဲ နေခဲ့ရတဲ့ ၊ မျက်နှာ ငယ်ခဲ့ရတဲ့ ဘိုးဘွား တွေရဲ့ ဘဝကို အစဉ်အောင့်မေ့ကြတယ်။ သင်တန်းနဲ့ ဆက်စပ်ပြောရရင် အစ္စရေး လယ်သမားတိုင်း ဟာ business men ချည်းပဲ။ အမြဲ အသစ်အသစ်တွေ တီထွင်ကြံဆ ရှာဖွေနေပြီး အစိုးရကလဲ သုတေသန ကို အဆက်မပြတ် ဖွံဖြိုးနေအောင် အားပေးခြင်းဖြင့် နိုင်ငံကို လွတ်လပ်ရေးရပြီး နှစ်တိုတို အတွင်း ဖွံဖြိုးတဲ့ နိုင်ငံဖြစ်အောင် လုပ်နိုင်ခဲ့တယ်။ သူတို့ရဲ့ ဖွံ့ဖြိုး ရေး အယူအဆ တွေမှာ ABCD ခေါ်တဲ့ Access Based Community Development approach ရယ်၊ Leaky Bucket concept ရယ် က အလွန်ကောင်းတဲ့ အယူ အဆဖြစ်ပြီး၊ အရာရာတိုင်း ဟာ တိုင်းသူပြည်သားတွေ ကိုပဲ ဗဟိုပြုစဉ်းစား တဲ့ အယူအဆ နဲ့ လုပ်ငန်းစဉ်ဖြစ်တယ်။ နောက်မှ သတ်သတ် ထပ်ရေးပါ့မယ်။ ကျေးလက် နဲ့ မြို့ပြ ရဲ့ ဖွံဖြိုးမှု ချိန်ခွင်လျာ ချိန်ညှိတဲ့ အကြောင်းလေးပါ။ ကျောင်းသားဘဝ ရဲ့ ပျော်စရာ ရသ အပြည့်စီစဉ်ပေးထားလို့ တော်တော် ကောင်းတဲ့ program လေးပါ။ နောက်လူတွေ လျောက်ပြီးတက်ကြစေချင်တယ်။ နက်ဖြန် ဂျေရုဆလင် အလည်မသွား ခင် အမြီး ပေါ့နော် ။ အစ္စရေး ရဲ့ ထူးခြားမှု များစွာထဲက အထူးခြားဆုံးက အလုပ်စရက် တနင်္ဂနွေ ဖြစ်ပြီး၊ သောကြာ၊ စနေ ပိတ်ရက်ဖြစ်ပါတယ်။.အာ့ ၂ ရက်မှာ လမ်းဘေးဆိုင်တောင် မဖွင့်ပါ။ အစားအသောက်တွေ ကြိုပြီး ဝယ်ထားရပါတယ်။ ..----------------------------------------------------------------------------------- . 3.Dec.2017 ဒီနေ့တော့ Rural Revitalization ၂၃ ယောက်၊ Green Growth ၂၆ ယောက် ပေါင်း ၄၉ ယောက် စလုံး ကားကြီးတစ်စီးနဲ့ ကမ္ဘာအထင်ကရ ဘာသာရေးနေရာ ဖြစ်တဲ့ ဂျေရုဆလင်မြို့ ကို သွားခဲ့ကြတယ်။ ဘာသာပြန် ပေးတဲ့ Jacob ဆိုတဲ့အဖိုးကြီးက တော်တော် professional ကျတယ်။ အဓိ က ၂ နေရာနဲ့တင် တစ်နေကုန်သွားပြီး အခုတော့ အဆောင်ပြန်ရောက် ခြေကုန်လက်ပမ်းကျနေပေမဲ့ စာရေးတဲ့ တာဝန်လေးတော့ ထမ်းဆောင် လိုက်အုံးမယ်။ ပထမ ရောက်ခဲ့တဲ့နေရာက ဂျူးတွေကို ဂျာမန်တွေက အညှိုးတကြီး လူမျိုးတုန်းသတ်ဖြတ်ခဲ့တာတွေကို စံနစ်တကျမှတ်တမ်းတင်ပြသထားတဲ့ ပြတိုက်ပါ၊ ဓာတ်ပုံ မရိုက်ရပါဘူး။ အရှည်မရေးလိုပါဘူး၊ အားလုံးပြီးသွားတဲ့ အချိန်မှာအဓိကပေးချင်တဲ့ message ကတော့ သမိုင်းကို မေ့ဖျောက်ပစ်လို့မရသလို၊ အတိတ်ထဲမှာ ချည်းပဲလဲ နေ မနေပဲ မခံချင်စိတ်၊ အောင်မြင်လိုစိတ်၊ စုစည်းညီညွတ်တဲ့စိတ်တွေ အတူတူထားကြပြီးအစ္စရေး နိုင်ငံသစ်ပြန်လည်ထူထောင်တဲ့အခါ မှာ အရာရာ တိုင်းထက် မျိုးဆက်သစ်တွေအတွက် ပညာရေးကို ပဓာနထားပြီး၊ သုတေသန နဲ့ တီထွင်ဖန်တီးကြံဆမှုတွေ အဆက်မပြတ် လုပ်ဆောင်ခဲ့မှုကြောင့် ဒီလောက်သေးငယ်ပြီး၊ ဘာ သယံဇာတမှ မရှိတဲ့ သဲကန္တာရ နိုင်ငံငယ်လေးဟာ ဖွံ့ဖြိုးတဲ့နိုင်ငံစာရင်းထဲကို လွတ်လပ်ရေးရပြီး နှစ် ၅၀ လောက်အတွင်းရောက်လာခဲ့တယ်။ လက်စားချေဖို့ထက် ကိုယ့်လူမျိုးတွေ တိုးတက်ဖို့ကို အဓိကထားတယ်။ သတိတော့ အစဉ်ရှိဖို့လိုတာပေါ့။ တလမ်းလုံးကြည့်လိုက်ရင် ကုန်းမြေ၊ ကျောက်တောင်မြေ ခြောက်ကပ်ကပ်တွေပဲရှိတယ်၊ သစ်ပင် ကြီးငယ် အားလုံး လူတွေ စိုက်ထားပြီး တစ်ပင်မကျန် အစက်ချ စံနစ်နဲ့ ရေပေးပြီး ပါတ်ဝန်းကျင် စိမ်းစိုအောင်ကြိုးစားထားတယ်။ Rehovot ကနေ ဂျေရုဆလင် ကို သွားတော့ ပါလက်စတိုင်း တွေနေတဲ့ နေရာ ကနေဖြတ်သွားရတယ်။ တံတိုင်းကြီးခြားထားပေမဲ့ အားလုံး သာသာယာယာပဲ၊ ဂျေရုဆလင်မှာလဲ ရပ်ကွက်သပ်သပ်စီနဲ့ ရောနှော နေထိုင်ကြတယ်။ ပါလက်စတိုင်းအိမ်မှန်းသိသာစေတဲ့ ခွဲခြါးထားတဲ့ အချက်က ပါလက်စတိုင်း အိမ်တွေ
  • 5. 5 | P a g e , I s r a e l A g r i c u l t u r e I n d u s t r y D i a r y , 2 0 1 7 ခေါင်မိုးတိုင်းမှာ အနက်ရောင် ရေတိုင်ကီတွေ ရှိတယ်။ သူတို့ဆီကို အစ္စရေး ကပဲ ရေပေးစံနစ်နဲ့ ရေပေးထားတာတွေ့ရတယ်။ ဖွံ့ဖြိုးရေး ခရီးစဉ်မို့ ဘယ်သူမှ နိုင်ငံရေး အစွန်းမလွတ်တဲ့ စကားတွေမပြောကြဘူး။ ဘာသာရေးလဲ ဒီလိုပဲ၊ ပါရှန်အင်ပါယာ လက်ထက်ထဲက အုတ်တံတိုင်းကြီး နောက်က ရှေးဟောင်းမြို့တော်ကြီး၊ မွတ်စလင်တွေ အတွက်ရော၊ ခရစ်ယန်တွေအတွက် အထင်ကရ နေရာ ၊ ရေရှု ခရစ်တော် လက်ဝါးကပ်တိုင် တင်ခံရတဲ့နေရာ ၊ မြှုပ်နှံခံရရာနေရာ၊ ရှင်သန်ထမြောက်ရာ နေရာ စသည်ဖြင့် အဓိက နေရာပေါင်းများစွာကို လေ့လာဖို့ ကျောက်သားတွေ အပြည့်နဲ့ ဆောက်ထားတဲ့ ရှေးမြို့တော်ကြီးထဲမှာ တနေကုန် တက်လိုက် ဆင်းလိုက် လေ့လာလိုက်တာ ညနေ ၄ နာရီခွဲရော။ လာလိုက်ကြတဲ့ ကမ္ဘာလှည့်ခရီးသည်တွေ ၊ ဘာသာရေး ကိုင်းရှိုင်းသူတွေလဲ ကြိတ်ကြိတ်တိုးပဲ။ သမိုင်း အရတော့ ရေရှု ခရစ်တော် ကို စတင်ကိုးကွယ်ခဲ့တာ အာမေးနီးယန်း လူမျိုးတွေလို့သိရတယ်။ အာမေးနီးယန်း စားသောက်ဆိုင်မှာ နေ့လည်စာ စားတယ်။သူငယ်ချင်း အာမေးနီးယန်း မလေး ခမျာ တွေ့ရ သိရသမျှ ပျော်လွန်း စိတ်လှုပ်ရှားလွန်းလို့ မျက်ရည်တွေကျလိုက်၊ ရီလိုက် နဲ့ ထမင်းတောင် စားမဝင်ဘူး။ ကိုယ်ချင်းစာမိပါတယ်၊ အာမေးနီးယန်း ကတော့ ယ္ခုတိုင် အတွင်းအပြင် ပြဿနာတွေနဲ့ ဖွံဖြိုးမှု နောက်ကျဆဲပါပဲ။ Western wall ဆိုတဲ့ ခရစ်ဘာသာဝင်တွေ အထူးဆုတောင်းတဲ့ နံရံကြီးကလဲ လူတွေကြိတ်ကြိတ်တိုးပဲ။ ကိုယ်လဲ ရောက်မှတော့ ဝင်ပြီး ကမ္ဘာကြီးရော မြန်မာပြည်ကြီးရော ငြိမ်းချမ်းသာယာဖို့၊ ညီညွတ်မျှတဖို့၊ ချစ်ကြည်ရင်းနှီးကြဖို့ အတွက် တစ်ဒေါင့်တနေရာက ထိထိရေါက်ရေါက် ပါဝင်ဆောင်ရွက်နိုင်အောင် ဆုတောင်းလိုက်တယ်၊ ဆုတောင်း လောဘမကြီးပါဘူး၊ အာ့အချိန်မှာ ဖြစ်လာတဲ့ ဆန္ဒအမှန်ပါ။ ဒီနေ့ တွေ့ခဲ့ မှတ်ခဲ့သမျှ မျှဝေတာပါ၊ အမှားပါရင် ခွင့်လွတ်ကြပါ၊ အမှန်ပြင်ပေးကြပါ ချစ်သယ်ရင်းများ။ ..----------------------------------------------------------------------------------- . 5.Dec.2017 တစ်နေ့ နဲနဲရေးမှ ဖြစ်မှာမို့ ရေးပါရစေ။ လေ့လာ ရသမျှကို ကိုယ်ပိုင် ရှုဒေါင့်ကနေ ရေးကြည့်ချင်တာပါ။ အစ္စရေး ကတော့ နိုင်ငံသေးသေးလေးဖြစ်ပြီး လူမျိုးတစ်မျိုးတည်း ရာခိုင်နှန်းများပါတယ်၊ လယ်ယာစိုက်ပျိုး ထုတ်လုပ်သူကလဲ နဂိုထဲ ရာနှုန်းနည်းတဲ့ပြင် တခြား ကဏ္ဍတွေတိုးတက်လွန်းတော့ လူတွေဟာ လယ်ယာလုပ်ငန်းကို ပိုပိုပြီးစွန့်ခွာလာကြလို့ ကျေးလက်ဒေသ ပြန်လည်အသက်ဝင်ကောင်းမွန်ရေး အစိုးရရဲ့ကြိုးပမ်းမှု အမျိုးမျိုးမှာ အရေးကြီးတဲ့ အချက်တွေဖြစ်တဲ့ ကျေးလက်ဖွံဖြိုးရေး ဘတ်ဂျက်ခွဲဝေချထားပေးမှု၊ လယ်သမားတွေ စိုက်ပျိုးရေးအပြင် တခြားလုပ်ငန်း များက အပိုဝင်ငွေရအောင်ဖန်တီးမှုကို အားပေးကူညီ လမ်းညွှန်ကြပ်မတ်ပေးမှုတွေ စာတွေ့ လက်တွေ့ လေ့လာရတယ်။ အထူးသဖြင့် ပြည်တွင်းပြည်ပခရီးသွားသူတွေ လယ်ယာစိုက်ကွင်းတွေဆီ ပိုမိုလည်ပတ် အချိန်ဖြုန်း ငွေသုံး နိုင်ဖို့ လယ်သမားမိသားစုဝင်တွေရဲ့ အကြံနဲ့ အားထုတ်မှု အသစ်တွေကို အနီးကပ် အကြံပေးခြင်း၊ လုပ်ငန်းစီမံခန့်ခွဲမှု သင်တန်း၊ ငွေကြေးစီမံမှုသင်တန်း၊ စသဖြင့် ကူညီပေးတဲ့ပြင် လုပ်ငန်းသစ်ဟာ စီးပွားရေးတွက်ခြေကိုက်ပြီး ရေရှည်တည်တန့်နိုင်မှု ရှိမရှိ ကူညီစဉ်းစားပေးခြင်း၊ ငွေကြေး တချို့တဝက်ကို grant နဲ့ ပေးပြီး၊ တချို့ကို easy loan ပုံစံနဲ့ ထုတ်ချေးခြင်း၊ ဆိုင်ရာ ပြည်နယ် အစိုးရတခုခြင်းကလဲ အနီးကပ်ကြီးကြပ်ခြင်းတွေကို လေ့လာရတယ်။ လုပ်ငန်း အမျိုးအစား တွေကတော့ စုံလင်လွန်းလို့ ရေးရင် အရမ်းရှည်သွားပါမယ်။ အစိုးရက ဘယ်သူ့ကိုမှ ဘယ်အလုပ်လုပ်ပါလို့ ဖိအားမပေး၊ မပြောပါဘူး၊ ကိုယ့်အကြံနဲ့ကိုယ် တက်လာခဲ့၊ ကူညီဖို့ အဆင်သင့်ပဲ ဆိုတဲ့ အနေအထားပါ။ စိုက်ပျိုးနိုင်တဲ့ မြေက ဒီအကျယ်အတိုင်း၊ စိုက်ပျိုးတဲ့ လူဦးရေကနဲသွားတော့ တစိဦးချင်း ပိုင်တဲ့နှုန်းကတော့
  • 6. 6 | P a g e , I s r a e l A g r i c u l t u r e I n d u s t r y D i a r y , 2 0 1 7 ကြီးလာတာပေါ့။ လေ့လာရေး အနေနဲ့ အစ္စရေးရဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေ နိုင်ငံတည်ဆောက်စဉ်တုံးကတည်းက သုံးခဲ့တဲ့ ကွန်မြူနစ်နဲ့ ဆိုရှယ်လစ် အတွေးအခေါ်ပေါ် အခြေခံပြီးစခဲ့တဲ့ kibbutz နဲ့ moshav ဆိုတဲ့ လူအများ အတူနေ အတူလုပ် အတူစား အမြတ်အတူတူခွဲယူတဲ့ပုံစံနဲ့ အလုပ်လုပ်နေတဲ့ ကျေးရွာတွေလေ့လာရတယ်၊ အရင် ကအတွေး အခေါ်တွေ အချိန်နဲ့ အမျှ ပြောင်းလဲခဲ့ပြီး လူ့ ဆန္ဒတွေေုပါင်းလဲမှု အရ အပြောင်းအလဲ အမြတ်ခွဲဝေမှု အပြောင်းအလဲ ၊ အလုပ်တွေကို စီမံပုံ အပြောင်းအလဲတွေ ထဲကလဲ သခဏ်းစာယူစရာတွေ အများကြီးရသလို ၊ အတုယူသင့်တာလဲများသား။ အထူးသဖြင့် ရွာထဲမှာ ခလေးလေးတွေကို ၆ လလောက်ထဲက အားလုံး အတူထိမ်းကျောင်းတဲ့နေရာကိုပို့ပြီး မိခင်တွေ စိတ်ချလက်ချ အလုပ်လုပ်နိုင်တာ၊ ခလေးချင်း ချစ်ခင်ပံ့ပိုးကြတာ၊ ဆော့ကစားပြီးကျန်းမာပျော်ရွှင်ကြတာတွေက မြို့ပြမှာ မရနိုင်တော့လို့ ၊ ခုဆို အနီးက မြို့တွေက မိဘတွေက သူတို့ ကလေးတွေကို အချိန်ပိုင်းနဲ့ အာ့နေရာတွေမှာ လာအပ်ကြတာ တွေ့ရတယ်။ မြို့က လူလတ်တန်းစားတွေ ရွာထဲပြောင်းနေကြတယ်။ ရွာစည်းကမ်းလိုက်နာမှ လက်ခံတယ်....စသဖြင့်ပေါ့လေ။ အစ္စရေး နိုင်ငံ ကိုကယ်တင်လိုတဲ့ လူငယ်တစ်စုရဲ့ ဒုတိယ ကမ္ဘာစစ်တွင်း မြေအောက် မှာ တွင်းတူးပြီး သေနပ်ကျည်ဆံထုတ်လုပ် တဲ့ စက်ရုံ၊ အင်္ဂလိပ်တွေ အုပ်စိုးဝိုင်းရံထားတဲ့ အန္တရာယ်တွေကြားမှာ ပိပိရိရိ ၃ နှစ်တိတိ လျို့ဝှက်လှုပ်ရှားပြီး၊ အပေါ်မှာတော့ ရွာတည် စိုက်ပျိုးရေးလုပ်၊ အသံမြည်တာ လူမသိအောင် အဝတ်လျှော်လုပ်ငန်း နဲ့ ကုန်ကြမ်း ကုန်ချော အဝင်အထွက် လုပ်ဖို့ မုန်ုဖုတ်လုပ်ငန်းလုပ်ကြတဲ့ မြေအောက် လက်နက်စက်ရုံ လေ့လာရေးက ပေးတဲ့ message ကတော့ နိုင်ငံတစ်ခုတည်ဆောက်ဖို့ လူငယ်တွေရဲ့ကြိုးပမ်းမှု၊ ပါးနပ်မှု၊ ပိရိမှု၊ ရန်သူကို တန်ပြန်အသုံးချနိုင်မှု၊ ကြိုတင်မျှော်မှန်းနိုင်မှု၊ စည်းလုံးညီညွတ်မှု၊ စီးပွားရေးကို အချိန်တိုင်း ချိတ်ဆက်စဉ်းစားနိုင်မှုပါပဲ။ Weitzman Science Center ရောက်တော့ လဲ အံ့မခန်း တိုးတက်တဲ့ သုတသန တွေ အကြောင်းလေ့လာရလို့ ၊ ကိုယ့်နိုင်ငံ က လူငယ်လေးတွေကိုပဲ ပြေးသတိရနေမိပါတယ်။ ကိုယ်တွေကတော့ သိပ္ပံပညာရှင်ဖြစ်ဖို့ အခွင့်အရေးမရှိတော့ဘူးလေ။ ဒါပေမဲ့ အစ္စရေး လူမျိုးတွေရဲ့ စူးစမ်းလေ့လာချင်စိတ်နဲ့ ကိုယ့်လူမျိုးရော ကမ္ဘာလောကြီးကိုရော အကျိုးပြုလိုစိတ် ကို နက်နက်နဲနဲတွေ့ခွင့်သိခွင့်ရခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ကျောင်းသားဘဝ လေးလို ခဏပြန်ရလို့ ရော၊ ရာသီဥတု က ဆောင်းတွင်းပိုင်းအေးချမ်းနေလို့ရော၊ သင်တန်း အစီအစဉ်တွေ ကောင်းလွန်းတာကြောင့်ရော၊ သစ်သီးတွေ အလျှံပယ်စားရတာကြောင့်ရော တော်တော် ပျော်ရပါတယ်။ ဟီးဘရူးသီချင်းလဲ သင်ရ ဆိုရတယ်၊ ဒီတပါတ် ယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ်အတွက် ဆိုရမလား၊ ကရမလား၊ အစားအသောက်လုပ်ပြရင်ကောင်းမလား စဉ်းစားရအုံးမှာမို့ ဒါလောက်ပဲနော်။ ကျောင်းသူလေး.. � � � ..----------------------------------------------------------------------------------- . 6.12.2017 အစ္စရေးက ဆောင်းတွင်းမိုးရွာတဲ့နိုင်ငံဖြစ်ပြီး ဒီနေ့ကတော့ သူတို့ မိုးရာသီအတွက် ပထမဆုံး မိုးရွာတာပါ။ သူတို့ တစ်နှစ်စာ မိုးရေချိန် ကမြန်မာနိုင်ငံ ၊ ရှမ်းပြည်နယ် မှာ ၄ ရက်ရွာစာနဲ့ ညီတာဆိုတော့ အစ္စရေးတွေ အတွက် ပျော်စရာနေ့ပဲ၊ လေတွေလဲတော်တော်တိုက်တော့ အရမ်းချမ်းတယ်။ ဒီနေ့က ကျောင်းပြင်လေ့လာရေးထွက်တာနဲ့ လဲတိုက်ဆိုင်တယ်။ မနက်ပိုင်း သွားတဲ့ ကမ္ဘာ့ ထိပ်ဆုံး irrigation technology ထုတ်လုပ်ရောင်းချတဲ့ Netafim ကို ရောက်ခဲ့တယ်။ ပညာရပ်ဆိုင်ရာ အသေးစိတ်တွေ ကိုတော့ အရမ်းရှည်သွား မှာမို့မရေးတော့ပါဘူး။ Netafim က အခု မြန်မာပြည် မှာလဲ စပြီးဖြန့်နေပါပြီ။ drip irrigation က စိုက်ပျိုးရေးမှာ အကျိုးကျေးဇူးများတာမို့ နိုင်ငံကြီး
  • 7. 7 | P a g e , I s r a e l A g r i c u l t u r e I n d u s t r y D i a r y , 2 0 1 7 တချို့မှာတော့ အစိုးရက Netafim နဲ့ ပူးပေါင်းပြီး စီမံကိန်းကြီး လို ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်တော့ နည်းပညာ ပျံ့နှံမှု မြန်ဆန်တယ်။ သင်တန်းသားအများစုကတော့ တခုခုဆို ဈေးနှုန်းမေးကြတယ်။ အမှန်ကတော့ နည်းပညာသစ်တစ်ခုကို adopt လုပ်မယ်ဆို cost effectivness or return on investment ကို စဉ်းစားတွက်ချက်ရမယ်၊ ဒီနည်းပညာသုံးပြီး ဘယ်သီးနှံစိုက်၊ ဘယ်ဈေးကွက်ကို ထိုးဖောက်ရောင်းချနိုင်ရင် ၊ အမြတ် ဘယ်လိုရနိုင်တယ် စသဖြင့်ပေါ့။ မြန်မာပြည်မှာလဲ Family Drip Irrigation Kit တွေ သင့်တင့်တဲ့ဈေးနဲ့ ရနေပြီး ၊ ကိုယ် လုပ်နေတဲ့ စီမံကိန်းကလဲ ဒီ နည်းပညာတွေ ကို အမျိုးသမီးလုပ်ကွက်ငယ်တောင်သူတွေ ကို နည်းပညာ မိတ်ဆက်ပေးပြီး၊ ပုဂ္ဂလိက ဖြန့်ဖြူးသူတွေနဲ့လဲ ချိတ်ဆက်သွားဖို့လုပ်နေတော့ ဒီနေ့ ပျော်ရတဲ့ subject ပါပဲ။ စိတ်လှုပ်ရှားဖို့ကောင်းတာက အစ္စရေး နဲ့ ပါလက်စတိုင်း နယ်စပ် ခြားထားတဲ့ နံရံကြီး တလျှောက် တနေကုန် ခရီးထွက်ရတာရယ်၊ မြင်နေရတဲ့ အာရပ် ၊ ပါလက်စတိုင်း အိမ်တွေ မြို့တွေ၊ လူတွေရယ် ၊အဲဒီ အမြဲဘဲ မငြိမ်းချမ်းဖြစ်နေခဲ့တဲ့ ဒေသ မှာ ဒီလောက် တိုးတက်အောင် ကြိုးစားခဲ့ကြတဲ့ ဂျူး တွေရဲ့ သမဝါယမ စိတ်ဓာတ်၊ သမဝါယမကျေး ရွာလို့ အမည်ပေးရမဲ့ kibbutz လို့ခေါ်တဲ့ လူမှု အဖွဲ့အစည်းနေထိုင်မှုပုံစံတွေရယ်၊ အဲ့ဒီလို မငြိမ်းချမ်းတဲ့ ဒေသမှာ အဲဒီလို တိုးတက်ကောင်းမွန်တဲ့ စိတ်ဓာတ် အတွေးအခေါ် အယူအဆတွေနဲ့ ရှင်သန်နေထိုင်နေကြတဲ့ ဂျူး ဆိုတဲ့ သူတွေရဲ့ စရိုက် လက္ခဏာက အံ့မခမ်းပါ။ စာထဲမှာ ဖတ်ခဲ့တာတွေထက် အပြင်မှာ ပိုပါတယ်။ ခက်ခဲကြမ်းတမ်းတဲ့ အချိန်မှာ သမဝါယမ ပုံစံ အတူလုပ်၊ အတူစား၊ အတူနေ၊ အမြတ်အတူခွဲ မော်ဒယ်က အလုပ်ဖြစ်ပေမဲ့ ခေတ် စံနစ်တွေပြောင်းလာတာနဲ့အမျှ လူ့ အတွေး၊ လူ့လိုအပ်ချက် တွေ ပြောင်းလဲလာတဲ့ အခါ သူတို့ ဘယ်လို ညှိနှိုင်း adapt လုပ်ယူကြပြီး၊ ရှေးရိုး ပဲခေါ်ခေါ် ဂျူးတွေရဲ့ ယဉ် ကျေးမှု အရ တန်ဘိုးထားသင့်တဲ့ အရာတွေကိုတော့ democracy နည်းကျကျဆုံးဖြတ်ပြီး kibbutz မှာထိမ်းသိမ်းပုံ ၊ ခေတ်မှီ တီထွင် ဆန်းသစ်တဲ့ kibbutz ရဲ့ ဈေးကွက် စီးပွားရေး၊ အားလုံး က စိတ်လှုပ်ရှားစရာတွေပါပဲ၊ ကိုယ့်နိုင်ငံ မှာ တိုက်ရိုက် အသုံးမဝင်ပေမဲ့ သွယ်ဝိုက် အသုံးချနိုင်တာတွေက အများကြီးပဲ။ ထူးခြားတာကတော့ အိမ်တိုင်းမှာ ကျည်ဆံလုံတဲ့ security room တခန်းဆီ ထည့်ဆောက်ရတယ်။ ရွာတိုင်းမှာ ဗုံးခိုကျင်း ရှိတယ်လေ။ ဒီနေ့ ရောက်တဲ့နေရာက အစ္စရေးမြေပုံကိုကြည့်ရင် အကျဉ်းဆုံးဖြစ်တဲ့ မြေထဲပင်လယ်နဲ့ ဂေါ်ဒန် ကြားက နေရာဆိုတော့ သူတို့နိုင်ငံအတွက် နိင်ငံလုံခြုံရေးအရ အရေးကြီးဆုံးပဲ၊ အာရပ်တွေ ဝင်ပြီးတိုက်ရင် အချိန်တိုတိုလေးအတွင်း နိုင်ငံ ၂ ပိုင်းဖြစ်သွားနိုင်တာမို့ အထူးဂရုစိုက်ရတဲ့ ဒေသလဲဖြစ်နေပါတယ်။ တလမ်းလုံးတော့ လိမ္မော်ခင်း၊ ထောပတ်သီးခင်း၊ သံလွင် ပင် အခင်းတွေ များတယ်၊ သစ်ပင်ကြီးတွေကိုလဲ လိုအပ်သလို အမိုးအုပ်ပြီးစိုက်ကြတာတွေ့ရတယ်။ အခင်းကျယ်တွေချည်းပဲ။ အာရပ်တွေ နေတဲ့နေရာကလဲ ခပ်လှမ်းလှမ်းလေးပဲ အနီးကပ်မြင်နေရတယ်။ အခြေအနေအရ အစ္စရေး ပိုင်နက်ထဲ ရောက်လာတဲ့မြေတွေကတော့ အားလုံး သေချာ စီမံပြီးစိုက်ပျိုးရေးလုပ်ကြတော့ သာသာယာယာမြင်ရတယ်၊ ပါလက်စတိုင်းဘက်ကတော့ မြင်မြင်သမျှ အိမ်တွေပဲ ပြွ်ပ်ကျပ်နေအောင်ဆောက်ထားတယ်။ လူဦးရေသိပ်များတာကိုး။ နေ့စဉ် အစ္စရေးဘက်မှာ အလုပ်လာလုပ်တဲ့ အာရပ်တွေလဲ လုံခြုံရေးဂိတ်ဖြတ်ပြီး လာကြတာ မြင်နေရတယ်။ ဘာမှ မဖြစ်ရင် ဘာမှ မဖြစ် ၊ ဖြစ်ရင်တော့.... အကောင်းဆုံးကတော့ Kibbutz Megal လို့ခေါ်တဲ့ ရွာမှာ နေ့လည်စာ စားချိန် တစ်ရွာလုံး လာစားတဲ့ ထမင်းစားခန်းမှာ စားရတဲ့ဟင်းတွေကောင်းတာရော၊ သန့်ရှင်းလတ်ဆတ်တာရော၊ ရွေးချယ်စရာ များတာရော၊ စားပြီး ထမင်းပန်းကန်တွေ စားကျွင်းစားကျန်ပြန်သိမ်းတဲ့စံနစ်ရော သေချာမှတ် သား ထားလိုက်ပါပီ။ ဒီနေ့တော့ ဒါလောက်ပါဘဲ။ ..-----------------------------------------------------------------------------------
  • 8. 8 | P a g e , I s r a e l A g r i c u l t u r e I n d u s t r y D i a r y , 2 0 1 7 . 7.12.2017 ဒီနေ့ ပို့စ်ကိုကြည့်ုပီးရင်တော့ ရလိုက်တဲ့ ရသ ကို ပြောခဲ့ကြပါ � Rural Revitalization နဲ့ Green Growth သင်တန်း ၂ ခုပေါင်း ၂၄ နိုင်ငံ ရဲ့ ယဉ်ကျေးမှု ဖလှယ်ပွဲ မှာ ကိုယ့်နိုင်ငံရဲ့ ဝတ်စားဆင်ယင်မှု၊ အစားအသောက်၊ အထင်အရနေရာတွေ၊ သီချင်း နဲ့ အကတွေ၊ ထူးခြားချက်တွေ၊ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေ၊ အနုပညာရှင်တွေနဲ့ လူမှုဖွဲ့စည်းနေထိုင်မှုပုံစံ စသဖြင့် ကိုယ် ကြိုက်တဲ့ပုံစံ အမျိုးမျိုးနဲ့ သရုပ်ပြရတယ်။ မြန်မာပြည်က သွားတဲ့ ၂ယောက်က ဆရာခွန်းဒူ က ကချင် ၊ သူ့အဝတ်အစားယူလာတယ်။ ကိုယ်က ရခိုင် ပေမဲ့ ရှမ်းကို အသွားများတော့ နောက်ဆုံးဝယ်ဖြစ်တဲ့ အကြိုက်ဆုံး အစိမ်းရောင် ရှမ်းလုံချည်လေးနဲ့ လိုက်မဲ့ လက်ရှည်အကျီ င်္တထည်ကိုယူသွားတယ်။ နိုင်ငံကိုယ်စားပြု ဘာလုပ်ကြမလဲတိုင်ပင်တော့ ကိုယ်ကလဲ ခြေလက်လှုပ်ယုံကလွဲလို့ ဘာအက မှ မကတတ်၊ သီချင်းကလဲ ကမ္ဘာမကျေ ကလွဲလို့ တစ်ပုဒ်မှ အဆုံးထိမရ၊ မြန်မာ တစ်နိုင်ငံလုံး တိုင်းရင်းသားတွေရော၊ နေရာ တွေရော ကိုယ်စားပြုတဲ့ documentry ရိုက်ထားတာ youtube မှာအနှံ့လိုက်ရှာပါသော်လည်း သိပ်ကိုယ်စားမပြုပဲ တချို့နေရာလေးတွေပဲ ကွက်ပြီး ရိုက်ပြတဲ့အပြင်ရိုက်ထား၊ တင်ထားတဲ့သူတွေက နိုင်ငံခြားသားတွေဖြစ်နေတော့ တင်ပြပုံက တမျိုးဖြစ်နေပြီး မသင့်တော်။ နောက်ဆုံး ဆရာ ခွန်းဒူ ဆီပါလာတဲ့ ကချင် တွေ စုပေါင်းကတဲ့ အကပဲ ကကြဖို့ ဆုံးဖြတ်လိုက်တယ်လေ၊ အကြံကတော့ သင်တန်းသား အားလုံးကိုခေါ်ကပစ်မယ်ပေါ့။ အစ္စရေး က နိုင်ငံခြားဆက်ဆံရေး သင်ယူနေတဲ့ အလယ်တန်းနဲ့ အထက်တန်း ကျောင်းသားလေးတွေလဲ လာကြမယ်ဆိုတော့ အခန်းကျယ်မှာ လုပ်မယ်ထင်ခဲ့တာလေ � �။ တကယ်လဲ လုပ်ရော စာသင်ခန်း ထဲမှာပဲ ဆိုတော့ ပုံမှာပြတဲ့အတိုင်း ကျဲလိုက်ရတာပေါ့။ အဝတ်အစားလှလွန်းလို့ဆိုပြီး video ရိုက်ပေးသူကရှိသေးတော့ တင်ပေးလိုက်တယ် � � �။ မှတ်ချက်။ မနေ့က မိုးရွာထားတော့ ဒီနေ့အရမ်းအေးပါတယ်။ ၁၅ ဒီဂရီလောက်ပဲရှိတာ။.ဒါကြောင့် အပေါ်ဝတ် ကုတ်အကျီ် မချွတ်ပဲ အခုဝတ်ထားတဲ့ စတိုင်ကိုပဲ မြန်မာ စတိုင်လုပ်လိုက်တယ်လေ � � �။ မကခင်တော့ လူမျိုးစုတွေ အကြောင်းရယ်၊ တေါင်ပေါ် မြေပြန့်၊ နဲ့ ကမ်းရိုးတမ်း အားလုံးပေါင်းဆုံ မှပြည့်စုံတဲ့ မြန်မာပြည်ရဲ့ ကမ္ဘာပေါ်မှာ ထူးခြားဆုံး အစားအစာ လ္ဘက်သုတ်အကြောင်း ၊ ကိုယ်ဝတ်ထားတဲ့ hybrid စတိုင် ( ဂျင်း စတိုင်ပေါ့ �) မြန်မာ ဝတ်စုံ အကြောင်း နဲနဲပြော ပြီး အာ့လိုလေး ကပြလိုက်တော့ သတ်မှတ်ထားတဲ့ ၅ မိနစ် ပြည့်သွားရော။ ဆရာခွန်းဒူ ရဲ့ ကချင်အကကို ကျေးဇူးတင်ရတယ်။ နိုင်ငံတကာ က သူတွေရဲ့ တင်ပြမှုတွေကလဲ အရမ်း ကောင်းလွန်းတယ်။ ဒီနေ့ ကတော့ ဆယ်လီ လုပ်တဲ့နေ့ဖြစ်ပါကြောင်းနဲ့ မှတ်သားစရာရယ်၊ သတိပြုမိတာရယ်က လာတဲ့နိုင်ငံတွေရဲ့ ၉၀ ရာနှုန်းလောက်က နိုင်ငံ ကို လွှမ်းခြုံကိုယ်စားပြုပြီး၊ နိုင်ငံတကာကိုလဲ တကယ်ကောင်းတဲ့ အချက်အလက်တွေ၊ စိတ်ဝင်စားအောင် ဆွဲဆောင်တင်ပြနိုင်တဲ့ documentry တွေ အသေအချာရှိနေတာပဲ။ မြန်မာ မှာလဲ အာ့လိုရှိရင် သိမ်မငယ်ရဘူးပေါ့။ ခုခေတ်မှာ လူငယ်၊လူကြီး အသီးသီး နိုင်ငံခြား ပညာတော်သင်သွား၊ ယဉ်ကျေးမှု ဖလှယ်ကြတာဆိုတော့ ဒီလို documentry video ကလဲ ကိုယ့်နိုင်ငံ၊ လူမျိုး၊ တည်နေရာ၊ သမိုင်း၊ ထုတ်ကုန်တွေ၊ လည်ပတ်သင့်တဲ့နေရာတွေ၊ အစားအသောက်တွေ၊ အထင်ကရ တွေ ၊ ဝတ်စားဆင်ယင်ပုံတွေကို ကမ္ဘာကို ချပြ တဲ့နေရာမှာ အဆင့်မြင့်မြင့် ၊ တိုတိုနဲ့ လိုရင်း လေးရှိသင့်တာပေါ့နော်။ ကိုယ့်အတွေးပါ။ ရှိပြီးသား ရှိရင်လဲ သိတဲ့လူ link ပေးကြပါ။ ကိုယ်တွေ ခမျာတော့ တော်တော် ဥာဏ်များပြီး သတ်မှတ်ချိန်ကို ပြီးဆုံးအောင် ဟာသလေးနဲ့
  • 9. 9 | P a g e , I s r a e l A g r i c u l t u r e I n d u s t r y D i a r y , 2 0 1 7 ကျော်ဖြတ်လိုက်ရပါကြောင်း � � �။ ပျော်ကြပါစေ။ နက်ဖြန် သောကြာနေ့ ကျောင်းပိတ်တယ်၊ Tel Aviv ကို သွားလည်လိုက်အူးမယ်။ .-----------------------------------------------------------------------------------. . 10.12.2017 (Sunday) ဒီနေ့တော့ Sea of Galilee လို့ခေါ်တဲ့ ၊ အစ္စရေးနိုင်ငံ မြောက်ပိုင်း၊ တချိန်က တနိုင်ငံလုံးတွက်သောက်ရေ အဓိကအားထားရာ တစ်ခုတည်းသော ရေချိုကန် ကြီးဖြစ်ပြီး ၊ ပတ်ဝန်းကျင် တဝိုက်လုံးကလဲ တောင်တွေ ပါတ်ချာလည်ဝိုင်းလို့ ရေရှု ခရစ်တော်ရဲ့ ကြီးပြင်းခဲ့ရာ နေရာ ၊ မယ်တော် မာရီရဲ့ နေရာ စသည်ဖြင့် များလှ စွာသော ခရစ်ယန် ဘာသာဝင်များအတွက် အထွတ်အမြတ်ထားရာ church တွေ ၊ အထင် ကရ နေရာတွေ ကို တနေကုန် ကုန်းဆင်း ကုန်းတက် သွားရောက် လည်ပတ်ရပါတယ်။ Nazareth လို့ ခေါ်တဲ့ ထူးခြားဆုံး နေရာ အပါအဝင်ပေါ့၊ ခရစ်ယန်တွေကတော့ ပိုသိမှာပါ။ သွားလမ်း တလျောက် မှာ ပါလက်စတိုင်း ဒေသကို ဖြတ်သွား ရသလို၊ ဂါလီလေး ရောက်တော့လဲ ဂိုလန် တောင်ကုန်း တွေ ကျော်ပြီး ၊ဆီးရီးယား နဲ့ ဂျော်ဒန် ဘက်ကို တောင်ပေါ်ကနေ အနီးကပ်မြင်နေရပါတယ်၊ အစ္စရေးဘက်မှာတော့ ခြောက်သွေ့တဲ့ တောင်ဇောင်းတွေ ပေါ်မှာ ကျယ်ပြန့် လှတဲ့ ငှက်ပျော ပင် စိုက်ခင်းများ ကို ရေငွေ့ပျံမှု နဲအောင် အမိုးတွေအုပ် အသီးတွေ အပြာရောင် အိတ်တွေနဲ့ စွတ်ထားတာ မျက်စေ့တဆုံး၊ သံလွင်ပင်၊ လိမ္မော်ပင် တွေ နဲ့ သရက်ပင်တွေလဲ တမျှော်တခေါ်ဆိုတော့ ကျောက်တုံး ချည်းရှိတဲ့ ခြောက်သွေ့ဒေသ ဆိုတာ သိပ်မခံစားရပါဘူး၊ တဘက် က ဆီးရီးယား နဲ့ ဂျော်ဒန်ကတော့ လွင်တီးခေါင် ပါပဲ။ စိုက်ပျိုးရေး သမားအနေ နဲ့စိတ်ဝင်စားမိတာကတော့ အစ္စရေး အတွက် ရေချိုကို sea if galilee ကပဲ တချိန်က ယူခဲ့ပေမဲ့ ၊ ခုတော့ မိုးခေါင်မှုများပြီး ကန်ရေပြင်ကျုံ့လာတာကြောင့် လုံးဝမသုံးတော့ပါဘူး၊ တနိုင်ငံလုံး စိုက်ပျိုးရေမှန်သမျှ မြို့ပြနဲ့ ကျေးလက် အိမ်သုံးစွန့်ပစ်ရေတွေကို ပြန်လည်သန့်စင်ပြီးသုံးပါတယ်၊ တနိုင်ငံလုံး ၅ နေရာလောက် စွန့်ပစ်ရေသန့် စက်ရုံကြီးတွေ ၊ ကန်ကြီးတွေရှိပါတယ်။ တနိုင်ငံလုံးမှာ ခရမ်းရောင် ပိုက်ခေါင်းတွေကို မြင်ရင် သန့်စင်ပြီးစွန့်ပစ် စိုက်ပျိုးရေဆိုတဲ့ အဓိပ္ပါယ်ပေါ့။ သောက်သုံးရေ ကျပြန်တော့လဲ Mediterranean sea လို့ခေါ်တဲ့ မြေထဲပင်လယ် ကရေကို ဆားငံ ထုတ်ပစ်သန့်စင်ပြီး တနိုင်လုံးသုံးပါတယ်။ ဘုံဘိုင်ရေ ပဲ လူတိုင်းသောက်ပါတယ်၊ ရေသန့်ဝယ်သောက်ရင် လီတာဝက်ကို မြန်မာငွေ ၄၀၀၀ ကျပ်လောက်ကျတယ်။ Tour guide ကြီး ထပ်ခါတလဲလဲ ဂုဏ်ယူစွာပြောတဲ့ စကားကတော့ အစ္စရေး နိုင်ငံမှာ မိုးတစက်မှ မရွာ တော့ရင်လဲ မြေထဲပင်လယ်ကြီးရှိသရွေ့ အေးအေးဆေးဆေးပဲ သောက်ရေ ရော စိုက်ပျိုးရေပါရအောင် စီမံထားပြီးသားပါတဲ့။ ကဲ ဘယ်လောက်တောင် proactive ဖြသ်တဲ့ လူမျိုးလဲ စဉ်းစားသာကြည့်ပေတော့။ ရေချိုးတဲ့ ပိုက်ခေါင်း၊ ရေဘုံပိုင်...စတဲ့ ရေထွက်ပေါက်မှန်သမျှလဲ နေိုင်ငံအနှံ့နေရာတိုင်းမှာ pressure သုံးပြီး ရေကုန်သက်သာစေတဲ့ နည်းပညာသုံးထားတာ သတိထားမိတယ်။ Sea of Galilee ကိုတော့ ဒီအတိုင်းကို ကမ္ဘာ့ သမိုင်းဝင် ကန်ကြီးအဖြစ် သေချာထိန်းသိမ်းထားပြီး နိုင်ငံပေါင်းစုံ ခရီးသွားတွေ ကလဲ ဘယ်တော့မှ ပြတ်တယ် မရှိပါဘူး။ ဒီနေ့ထူးခြားတာတော့ ရောက်တဲ့ နေရာ တွေမှာ ဘယ်နိုင်ငံ ကလဲ မေးခံရတယ်၊ ဝတ်ထားတဲ့ Israel စာတမ်းပါတဲ့ T Shirt လေး ဘယ်ဆိုင်ကဝယ်ခဲ့တာလဲ၊ မြန်မာပြည်က လို့ ပြန်ဖြေလိုက်တာနဲ့ ကြွက်ကြွက်ညံအောင် ပျော်ကြပြီး ငါတို့သိတယ်၊ နောက်နှစ်လာလည်ဖို့ စဉ်းစားထားပြီးသားလို့ ပြောကြတယ်၊။ အမှန်တော့ ဝတ်စရာ ကုန်ပြီမို့ အမှတ်တရဝယ်ထားတာ ထုတ်ဝတ်ရတာလေ �။ Kinneret ဆိုတဲ့ နေရာမှာတော့ ဂျော်ဒန်မြစ်ရေ ထဲ ဆင်းပြီး နှစ်ခြင်း ခရစ်ယန်တွေ Beptistize ပြန်လုပ်နိုင်တဲ့ ထူးခြားလှပတဲ့ ဂျော်ဒန်မြစ်ရိုးလေး ထဲမှာလဲ လာကြတဲ့သူတွေ ကမ္ဘာအနှံကပဲ ၊ ဒါလောက်အေးတဲ့ ၅ ဒီဂရီပဲရှိတဲ့
  • 10. 10 | P a g e , I s r a e l A g r i c u l t u r e I n d u s t r y D i a r y , 2 0 1 7 ရေထဲမှာ နှစ်ခြင်းခံယူသူတွေက ပျော် တပြုံးပြုံးပဲ။ Sea of Galilee ပတ်လည်တောင်ကုန်းတွေ က ကျောက်တုံးတွေက တချိန်က မီးတောင်ပေါက်ခဲ့ လို့ မဲနက်နေတဲ့ ပြင် ပါတ်ဝန်းကျင် လွင်ပြင်ကြီးကလဲ ပြန့်ပြော လှပပြီး မြေဆီမြေသားတွေ ကောင်းလွန်းလို့ စိုက်ခင်းကျယ်ကြီးတွေနဲ့ အလှဆုံးနေရာတွေပါဘဲ။ ဒီနေ့ အပူချိန်ကတော့ မနက်ပိုင်း ၅ ဒီဂရီ ၊ နေ့လည် ၁၈ လောက်မို့ သွားရ လာရ လျှောက်ရတာ များပေမဲ့ သိပ်မပင်ပမ်းဘူးထင်ရပါတယ်။ အမှန်ကတော့ ကမ္ဘာ အံသြဘွယ်နေရာတွေ လေ့လာရ သိရှိရတာနဲ့တင် အချိန်ကုန်လို့ ကုန်မှန်း ကို မသိလိုက်တာပါ။ .----------------------------------------------------------------------------------- 11. Dec. 2017 ဒီနေ့ လေ့လာရတာတော့ Sustainable and Eco Tourism အကြောင်းပေါ့။ Tourism ဆိုတာက လဲ ကျယ်ပြန့်တယ်လေ၊ ပင်လယ်ကမ်းခြေတွေ၊ ဘာသာရေးဆိုင်ရာ နေရာတွေ၊ ရှေးဟောင်းသမိုင်းဝင်နေရာတွေ၊ အစားအသောက်ကောင်းတွေ စဉ်ဖြင့် ခရီးသွားတွေကို ဆွဲဆောင်တဲ့လုပ်ငန်းပဲကိုး။ သဘောကျမိတာ ၊မှတ်မှတ်ရရ ဖြစ်သွားတာကတော့ အစ္စရေး ရဲ့ ပင်လယ်ကမ်းခြေ သောင်ပြင် တွေအားလုံးက ဥပဒေအရ နိုင်ငံပိုင်ဖြစ်တယ်။ ဒါကြောင့် army and navy base နေရာ တချို့ကလွဲရင် အားလုံးပြည်သူတွေ အတွက်ပဲ၊ ဒါကြောင့် ပုဂ္ဂလိကပိုင် ဟိုတယ်ကြီးတွေ ရှိလဲ ရှေ့က သောင်ပြင် နဲ့ ဆက်စပ်နေရာ အချို့ကို အပိုင်စီးလို့ မရဘူး။ ရုတ်တရက် မြန်မာပြည် က ချောင်းသာ လို beach မှာ သူဌေးကြီးတွေရဲ့ ဟိုတယ်တွေ ဆက်တိုက် ဆောက်ပြီး ဝင်းခြံတွေ အခိုင်အမာခတ်ထားလို့ ၊ ငွေကြေးမပြည့်စုံတဲ့ ၊ ဟိုတယ်ကြီး မတည်းနိုင်တဲ့ ပြည်သူတွေ ဖြတ်ပြီးသောင်ပြင်ဆင်းလို့ မရတာ တွေးမိသွားတယ်။ ဟိုတယ် တွေ ကို ဆက်နေတာ ၂ မိုင်လောက်ရှည်ပြီး၊ အများပြည်သူ သုံးနိုင်တဲ့ သောင်ပြင်ဆင်းတက် လမ်းက ထိပ်၂ ဖက်မှာပဲပေးထားတော့ သာမန်ပြည်သူ အများ သောင်ပြင် ကို ဆင်းရတာ ပြန်တက်ရတာ ဝေးလွန်းပြီး အကျိုး ခံစားရတာ နည်းပါတယ်။ ငွေဆောင်လဲ ဒီလိုပါဘဲ။ အများပြည်သူတွက် ထည့်စဉ်းစားခြင်း မရှိတဲ့ သဘောတွေကို နှိုင်းယှဉ်ကြည့်မိသွားတယ်။ အစ္စရေးမှာတော့ Tourism လုပ်ငန်း ကို အဆိုးအကောင်း တွေ သေချာ သုံးသပ်ပြီး ၊ tourism ကရတဲ့ ဝင်ငွေတွေကို ငွေကြေး ရင်းနှီးမြှုပ်နှံနိုင်တဲ့ လုပ်ငန်းရှင် နည်းနည်းကပဲ မျှယူတဲ့ ပုံစံ မဖြစ်စေပဲ၊ ဆိုင်ရာ ဒေသခံ ပြည်သူတွေလဲ အကျိုးအမြတ်ရှိစေဖို့ ၊ ခရီးသွားကို ဆွဲဆောင်နိုင်ဖို့ နည်းလမ်း အမျိုးမျိုးကို ၊ ထူးခြားမှု အမျိုးမျိုးနဲ့ ဖန်တီးပြီး ဒေသခံတွေ ဝင်ငွေရအောင် လုပ်ထားတဲ့ နမူနာတွေ က နိုင်ငံ အနှံ့ပဲလေ။ နမူနာယူတတ်ရင်ပညာချည်းပဲမို့ ကိုယ့်လူမျိုး ယဉ်ကျေးမှုနဲ့ ကိုက်ညီနိုင်မဲ့ နည်းလမ်းတွေ တီထွင်ဖို့ လိုပါမယ်။ အကောင်းနဲ့ အဆိုးကတော့ အမြဲ ဒွန်တွဲပါတတ်တာမို့ အရှည်စဉ်းစားပြီး ကြိုတင်ပြင်ဆင်ရမဲ့သဘောပါ။ ခရီးသွားလုပ်ငန်းဆိုတာကလဲ ငွေရပေါက် များသလောက် မရေရာတဲ့ လုပ်ငန်းတမျိုးလဲဖြစ်ပါတယ်။ အရမ်းကောင်း နေတဲ့ အခြေအနေမှာလဲ နိုင်ငံရေး နဲ့ အခြား အကြောင်း တစ်မျိုးမျိုးကြောင့် ချက်ခြင်း အခြေအနေပြောင်းသွားနိုင်သလို၊ ချက်ခြင်း ရုတ်တရက် အရမ်း ခရီးသွားများလာတတ်တာလဲရှိတော့ နေရာထိုင်ခင်း ကြိုတင်ပြင်ဆင်မှုတွေ၊ သန့်ရှင်းမှုတွေ လိုပါတယ်။ ခရီးသွားလုပ်ငန်းကြောင့် ပတ်ဝန်းကျင်နဲ့ လူနေမှုတွေ ထိခိုက်နစ်နာတာတွေလဲရှိတော့ မူဝါဒနဲ့ အစီအမံတွေ ကောင်းဖို့ ရှေ့က မှားခဲ့ပြီးသား နိုင်ငံတွေဆီက အလွယ် အတုယူနိုင်ပါတယ်။ စိုက်ပျိုးရေး နဲ့ ခရီးသွားလုပ်ငန်းကိုတော့ အစ္စရေး အစိုးရက မူဝါဒ ချပြီးတော့ကို Agro tourism အနေနဲ့ ပြည်တွင်းပြည်ပ ဧည့်သည်တွေ လယ်ယာလုပ်ငန်းတွေ နဲ့ လယ်သမား မိသားစုတွေဆီ လာရောက် လည်ပတ်ပြီး စိတ်ကျေနပ်မှု ရစေမဲ့ အစီအမံတွေက ထူးခြားပြောင်မြောက်လှပါတယ်။ Entrepreneur အမျိုးမျိုး ကို
  • 11. 11 | P a g e , I s r a e l A g r i c u l t u r e I n d u s t r y D i a r y , 2 0 1 7 အရမ်းအားပေးပါတယ်။ ငွေကြေးနဲ့ နည်းပညာတွေ ပံပိုးပေးပါတယ်။ ဒါမှလဲ ဖွံဖြိုးပြီးနိုင်ငံတစ်ခုမှာ တဖြေးဖြေး လူကြိုက်နည်းလာတဲ့ ကျေးရွာ မှာ မနေလို ကြတော့တဲ့ လူငယ် မျိုးဆက်တွေကို ဆွဲဆောင်နိုင်တဲ့ လယ်ယာ ပြင်ပ ဝင်ငွေရ လုပ်ငန်းတွေ ထွန်းကားပြီး ကျေးလက်ဒေသ ပြန်လည်အသက်ဝင်ထွန်းကားစေမှာ ဖြစ်ပါတယ်။ ကျေးလက်မြို့ပြ ဝင်ငွေ ကွာဟမှု နည်းစေတာပေါ့နော်။ ဒါလဲ သိသင့် နားလည်သင့်တဲ့ public policy တစ်မျိုးပါဘဲ။ နောက် တစ်ချိန်ကတော့ OFANMI ဆိုတဲ့ NGO ရဲ့ ကျေးလက်နဲ့ ဝေးလံခေါင်ပါးဒေသက ၉ နှစ် က ၁၂ နှစ်ကြား ခလေးတွေကို အဆင့်မြင့် နည်းပညာတွေနဲ့ မိတ်ဆက်ပေးနေတဲ့၊ ခလေးတွေရဲ့ အတွေးတွေ နဲ့ အိပ်မက်တွေ၊ သင်ယူလိုစိတ်နဲ့ အနာဂတ်ကို ကောင်းမွန်စွာ ဖန်တီးလိုစိတ်တွေ မြင့်မားလာစေရေး ကြိုးပမ်းမှု ကို တစ်ပါတ်တစ်ခါ ကွန်ပြူတာတွေ ၊ laboratory တွေနဲ့ မွမ်းမံထားတဲ့ ဘတ်စ်ကားကြီးပေါ်မှာ တင်ပြီး အထူးလေ့ကျင့်ပေးထားတဲ့ ဆရာတွေနဲ့ သင်ကြားပေးနေတဲ့ အစီအစဉ်ကို လေ့လာရပါတယ်။ ထပ်လေ့လာလိုသူတွေ နာမယ်အတိုင်း website ရှာဖတ်နိုင်ပါတယ်။ သိပ်ကောင်းတဲ့ အားထုတ်မှုပါပဲ။ ဒီနေ့တော့ ပြည်သူလူထုကို ဗဟိုပြုတဲ့ ပြည်သူ့ရေးရာ မူဝါဒနဲ့ အစီအမံတွေ ကြားရလေ့လာရတာ နဲ့ မြန်မာပြည်ပြန်ရောက်ရင် လုပ်စရာတွေ၊ ပြောစရာတွေ များလှပါလားလို့ ခံစားတွေးတောရင်း ဒီစာလေး ရေးဖြစ်အောင် ရေးလိုက်ပါတယ်။ . .----------------------------------------------------------------------------------- 12. Dec. 2017 ဒီနေ့ အကျဉ်းချုပ်လေးရေးရရင်တော့ အစ္စရေးရဲ့ တောင်ဘက်ပိုင်း သဲကန္တရ ခရီးရှည်ကြီးသွားခဲ့ပြီး ၊ မျှော်ကြည့်လိုက်တိုင်း သဲလွင်ပြင် နဲ့ တောင်ဂတုံးတွေ ကြားမှာ ရွေ့လျားနေထိုင် အခြေချနေကြတဲ့ Beduin လို့ခေါ်တဲ့ အာရပ် မွတ်ဆလင်ရွာလေး များစွာထဲက တစ်ခု ရယ်၊ Lakia ဆိုတဲ့ အနီးဆုံးမြို့ငယ်လေးရယ်ရောက်ခဲ့တယ်။ Beduin တွေက နေရာ အတည်တကျ မနေဘဲ သိုးဆိတ်တွေမွေးပြီး အာရပ် အာဖရိက တခွင် လှည့်လည်နေထိုင်သူတွေပါ။ အခုသွားခဲ့တဲ့ရွာကလူတွေကတော့ အစ္စရေးရောက်တာ နှစ်၄၀ ကျော်ပြီး၊ ကလေးတွေ အများကြီးနဲ့ လူနေမှုနိမ့်ကျတယ်၊ အာရပ်စကားပဲပြောတယ်၊ သိုးနဲ့ ကုလားအုပ်တွေမွေးတယ်၊ အနီးဆုံး Lakia ဆိုတဲ့ မြို့လေးမှာ Beduin women တွေတွက် NGO ထူထောင်ပေးထားပြီး ဝင်ငွေတိုးအောင် သိုးမွေးကော်ဇောတွေယက်ပြီး ကမ္ဘာအနှံ့ တင်ပို့နိုင်ဖို့ အကူအညီတွေပေးတယ်၊ အဲဒီက ဦးဆောင်အမျိုးသမီးရှင်းပြတာက သူတို့ အရင်က အမျိုးသ္မီးတွေက ကလေးပဲမွေးပြီး အလုပ်ကြမ်းပဲလုပ်ရ၊ ဝင်ငွေမရှိတော့ စာလဲမတတ်ပဲ အရမ်းနိမ့်ကျရာကနေ ပြောင်းလဲလာပုံတွေပြောပြတာ သနားဖို့ကောင်းတယ်၊ ယောကျားတွေက မိန်းမတွေအလုပ်ကို ကူလုပ်ပေးတာ သူတို့မှာ ခုထိ ထုံးစံမရှိဖူးတဲ့။ ဒီအာရပ်တွေကတော့ အစ္စရေး နဲ့သင့်မြတ်စွာ နေထိုင်နိုင်ကြသူတွေပေါ့။ အစိုးရကလဲ အပြည့်အဝ မထောက်ပံ့နိုင်တော့ ပြသနာတွေတော့ များဆဲပါပဲ။ ခက်တာက သူတို့ ယဉ်ကျေးမှု နှစ်ခု အရမ်းကွာဟတော့ အရာရာ နီးစပ်ဖို့တော့ တော်တော်ခက်ပုံပါဘဲ။ နေ့လည်ပိုင်း ရောက်တဲ့ Ramat Negev ဆိုတဲ့ သဲကန္တာရ သုတေသန ဌာနကတော့ အစ္စရေး နိုင်ငံထူထောင်စဉ်ကတဲက ကမ္ဘာ့နိုင်ငံ အသီးသီးက ပြန်လာတဲ့ ဂျူးလူမျိုးတွေကို နေရာချ အလုပ်ပေးနိုင်ဖို့ သဲကန္တာရ လွင်တီးခေါင် ရဲ့ အားသာချက်ကိုယူ အားနည်းချက်ကို ကျော်လွှားနိုင်မဲ့ နည်းစံနစ်နဲ့ သီးနှံသစ်များစွာ အဆက်မပြတ် သုတေသနပြုပြီး တောင်သူတွေကို a to z အနီးကပ် နည်းပညာပံ့ပိုးရာ နေရာဖြစ်ပါတယ်၊ cherry tomato လို့ခေါ်တဲ့ ခရမ်းချဉ်သီးလုံး သေးသေးလေးတွေ အထွက်နှုန်းမြင့်မားဆုံး၊ အကောင်းဆုံး၊
  • 12. 12 | P a g e , I s r a e l A g r i c u l t u r e I n d u s t r y D i a r y , 2 0 1 7 ဥရောပကို တင်ပို့မှု အမြင့်ဆုံးနေရာဖြစ်တယ်။ အဓိက ကတော့ ဈေးကွကိကို အခိုင်အမာရထားပြီး ထိမ်းထားနိုင်ဖို့လဲ အမြဲကျိုးစားနေကြတယ်။ အပြန်မှာ ဝင်ခဲ့တဲ့ နေရာကတော့ David Ben Gurion လို့ခေါ်တဲ့ အစ္စရေးမြေကို ဂျူးတို့ရဲ့ နိုင်ငံ အဖြစ် လွင်တီးခေါင် သဲကန္တာရ မြေမှ ကမ္ဘာ့ တီထွင်မှု အမြင့်ဆုံးနဲ့ တိုးတက်တဲ့ နိုင်ငံအဖြစ် အမြန်ရောက်စေဖို့ အစီအမံတွေချရာမှာ ရှေ့အနာဂတ်ကို ကြိုတင်မျှော်မှန်းပြီး ကြိုးစားကြံဆ တာမှာ ဂုရုကြီးတစ်ဆူဖြစ်ခဲ့တဲ့ နိုင်ငံခေါင်းဆောင်သူပါ။ အစ္စရေး နဲ့ မြန်မာ လွတ်လပ်ရေး ရနှစ်လဲတူတော့ မြန်မာကို နိုင်ငံခေါင်းဆောင် အလည်အပတ် အဖြစ် ဝန်ကြီးချုပ်ဦးနုနဲ့ တွေ့ခဲ့ပြီး ဖွံ့ဖြိုးရေး အစီအစဉ်တွေ ဖလှယ်ဆွေးနွေးခဲ့ဖူးတယ်လို့ သိရပါတယ်။ မြန်မာပြည် အလယ်ပိုင်း ဇုံတွေလဲ ခြောက်သွေ့ပေမဲ့ မတူတာက သူတို့မြေတွေက ရွံ့စေးမှုံလေးတွေဖြစ်ပြီး၊ သွင်းရေကို ထိန်းနိုင်အားကောင်းတယ်။ မြန်မာက သဲမြေများလို့ ရေထိန်းအားမကောင်းဘူး။ ဒာပေမဲ့ မိုးနဲလွန်းတော့ သူတို့ တောင်တန်းတွေက အပင်ဆို တစ်ပင်မှကို မပေါက်တာ အရမ်း အံသြစရာပါဘဲ။ ဒီနေ့ လမ်း တလျောက် လွင်တီးခေါင်မှာ အခင်းကျယ်ကြီးတွေနဲ့ green house ပုံစံအမျိုးမျိုးနဲ့ ရွာစုလေးတွေရဲ့ စွန်ပလွန်၊ သံလွင် ပင် စိုက်ခင်း ၊ ဂျုံစိုက်ခင်း တမျှော်တခေါ် တွေ့ရတယ်၊ ရာသီဥတုက အရမ်းအေးတယ်၊ နေကြဲကြဲပူနေလို့သာ နေသာတာ၊ ညဆို ရေခဲမှတ်လောက်အေးတယ်။ အကျဉ်းပြန်ချုပ်ရရင်တော့ လောကမှာ ဖြစ်ချင်စိတ် ကောင်းသော ဆန္ဒ ပြင်းပြ ရင်၊ ကြိုးစားရင်၊ အကောင်းမြင်တတ်ရင်၊ ရှေ့ကိုကြိုတွေးတတ်ရင် ၊ မဖြစ်နိုင်တာ မရှိ၊ မဖြစ်သေးတာပဲရှိတယ်ဆိုတာ ကို အစ္စရေးဆိုတဲ့ အခက်အခဲအမျိုးမျိုးကြားမှာ ရှင်သန်ရပေမဲ့ ၊ ခုလဲ အခက်အခဲတွေ ရင်ဆိုင်နေရဆဲဖြစ်ပေမဲ့ နိုးကြားတက်ကြွ ပညာရေး ရှေ့တန်းတင် ငြိမ်းချမ်းရေး ရှေးရှု ပေမဲ့ ၊ စစ်ရေး မှာလဲ ထိပ်တန်းဖြစ်နေတဲ့ နိုင်ငံနဲ့ လူမျိုးက သက်သေ ရှိတယ်ဆိုတာပါဘဲ။ အမိမြန်မာပြည်ရေ...ဘယ်တော့များမှ ရှင်သန်တက်ကြွ နိုးထကြမှာလဲ၊ သဘာဝသယံဇာတပုံကြီးကြားမှာ သာယာမနေပဲ ၊ တယောက်နဲ့တယောက်လဲ အတိတ်တွေ ပြန်မျှော်ပြီး အပစ်တွေ အပြန်အလှန် မတင်ကြတော့ပဲ စုစည်းညီညွတ်ကြပြီး၊ အနာဂတ်လူငယ်လေးတွေအတွက် သာယာကောင်းမွန်တဲ့ အခြေအနေကို ချန်ရစ်ခဲ့ဖို့ လူတိုင်းမှာတာဝန်ရှိတယ်ဆိုတာ အလေးအနက် ခံယူပြီး အလုပ်လုပ်ကြပါစို့နော်။ .----------------------------------------------------------------------------------- 13. Dec. 2017 ဒီနေ့ ညနေတော့ MASHAV လို့ခေါ်တဲ့ အစ္စရေး နိုင်ငံ စိုက်ပျိုးရေးနဲ့ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေး အဖွဲ့ အစည်းကြီးရဲ့ နှစ် ၆၀ ပြည့်မွေးနေ့ ပွဲ ဖြစ်ပြီး ၊ ဟာနူခါ လို့ခေါ်တဲ့ ဖယောင်းတိုင် မီးထွန်းညှိခြင်း ပွဲတော် ကို ဂျေရုဆလင် က MASHAV ရုံးချုပ် အဆောက် အအုံမှာ နိုင်ငံပေါင်း ၅၀ ကျော် က ၊ အစီ အစဉ် အသီးသီး အရ အစ္စရေးမှာ ရောက်ရှိနေတဲ့ သင်တန်းသား ၁၀၀ ကျော် လောက် ပါ တက်ရောက်ခဲ့ကြပါတယ်။ နိုင်ငံရပ်ခြားမှာ ကိုယ့်နိုင်ငံသား အခြင်းခြင်း ပြန်ဆုံရတာလဲ တော်တော်ပျော်စရာကောင်းတယ်၊ ခလေး နဲ့ မိခင် ကျန်းမာရေး အစီအစဉ် အရ ရောက်နေတဲ့ အခြားမြန်မာ ၂ ယောက်ရယ်၊ မြန်မာ သံရုံးက ဒုတိယ သံမှူးရယ်နဲ့ ဆုံတွေ့ကြပြီး အသီးသီးကိုယ်စီ အတွေ့အကြုံ ဗဟုသုတ အတွေးတွေ ဝေမျှဖြစ်ကြပါတယ်။ မနက်ပိုင်း ကတော့ CultivAid လို့ခေါ်တဲ့ Israel NGO အဖွဲ့ရဲ့ အီသီယိုပီးယား နိုင်ငံ အစိုးရ ထောက်ပံ့ငွေနဲ့ အကောင်အထည်ဖော်တဲ့ စိုက်ပျိုး ရေး ကဏ္ဍ တိုးတက်ရေး နည်းပညာပံ့ပိုးရေး စီမံကိန်း အကြောင်းရယ်။ စိုက်ပျိုးရေး ကဏ္ဍ ဖွံ့ဖြိုးရေးမှာ ICT လို့ အတိုကောက် သုံးနှုန်းတဲ့ Information and Communication Technology - သတင်းအချက်အလက်နဲ့ နည်းပညာ အသုံးချမှုမှာ အစ္စရေး လယ်သမားများရဲ့ ရှေ့တန်းရောက်
  • 13. 13 | P a g e , I s r a e l A g r i c u l t u r e I n d u s t r y D i a r y , 2 0 1 7 နေမှု၊ ICT အကျိုး ကျေးဇူး ကို နိုင်ငံ အသီးသီးမှာ သဘောပေါက်လက်ခံမှု အခြေအနေ တွေ ဆွေးနွေးသွားပါတယ်။ သိလိုက် ရတာတွေ အများကြီးထဲက တစ်ခုကတော့ အစ္စရေး လယ်သမား ဆိုတာ ကိုယ်စိုက်တဲ့အပင် အကြောင်းကို စက်ရုံ တခုလို ကျွမ်းကျင် နှံ့စပ်ပြီး ICT ၊ green house နဲ့ ကွန်ပြူတာ အသုံးပြုကာ၊ ဈေးကွက်လိုအပ်ချက်အရ လိုချင်တဲ့ အချိန် လိုသလို အပင်ကို ခိုင်းစေပြီး အသီးအပွင့် ကို စောပြီးဖြစ်စေ၊ နောက်ကျပြီးစေ ကိုယ်လိုချင်သလို ဖြစ်အောင်ကို ထုတ်လုပ် နိုင်တဲ့သူတွေ အ ဖြစ်အထူးလေ့ကျင့်ထားတဲ့သူတွေ၊ သုတေသနပြုချက်တွေ ကို လက်လှမ်းမှီသူတွေုဖြစ်နေတာပါဘဲ။ ဒါကလဲ နိုင်ငံနဲ့ လူမျိုးရဲ့ ထူးခြားတဲ့ ဝိသေသ လို့လဲပြောနိုင်ပါတယ်။ နိုင်ငံက ငယ်တယ်၊ ဆိုရှယ်လစ် အခြေခံ ဝါဒနဲ့ အတူလုပ်အတူစား အတူခွဲယူပြီး စိုက်ပျိုးရေးကို စခဲ့တဲ့ အချိန်က ဘယ်သူမှ စိုက်ပျိုးရေး အကြောင်း ရေရေရာရာ မသိကြပဲ၊ နိုင်ငံထူထောင်ရေးတွက်ဆို စိုက်ပျိုးရေး လုပ်မှ ဖြစ်မယ်ဆိုတဲ့ အသိနဲ့ စခဲ့ တဲ့ ဘိုးဘွားတွေလက်ထက်တည်းက ၊ တီထွင်ဖန်တီးသုတေသန လုပ်ကြ သလို ၊ တွေ့ရှိမှု အသစ်တခု ရတာနဲ့ အခြင်းခြင်း ပညာမျှဝေကြတယ်၊ နောက်ပိုင်းမှာလဲ ဘာ နည်းပညာ သစ်တွေ့တွေ့ လယ်သမားဆီကို ၂ ပါတ်လောက်တွင်း ရောက်အောင် အသိပေးဆောင်ရွက်တဲ့ extension mechanism တွေလဲရှိနေတယ် ဆိုတော့ ၊ အရွှမ်းဖောက်ပြီးပြောရရင် အစ္စရေး ဆိုတာ အတင်းပြောသန်တဲ့ ရွာကြီးတစ်ရွာလိုပဲတဲ့လေ၊ တခုခု ဆိုရင် တယောက်ထဲ၊ တဖွဲ့ထဲ ဖွက်မထား လျှို မထားဘဲ အချင်းချင်းမျှဝေမှု မြန်လွန်းပြီး လူတိုင်းကို သိစေနိုင်တဲ့ အချက်ကိုက ၊ လူတိုင်းစေ့ မြန်မြန် တိုးတက်ကြပြီး ဒီနိုင်ငံဟာ ကမ္ဘာမှာ တိုးတက်ဖို့ အကြောင်းတရားတစ်ခုပါဘဲတဲ့၊ မှတ်သားစရာပါနော်။ ဒါ ကြောင့် ဒီနေ့ နှစ် ၆၀ ပြည့်တဲ့ မာရှပ် အဖွဲ့ရဲ့ ကြိုးပမ်းမှုဟာလဲ အစ္စရေးရဲ့ ပြင်ပ ကမ္ဘာက ညီနောင် မောင်နှမ များဆီ အသိပညာ အတတ်ပညာ မျှဝေမှု သမိုင်းရဲ့ နှစ်၆၀ မှတ်တိုင်ပဲမို့ တိုက်ဆိုင်စွာ မဆိုင်းမငံ့ မြန်မြန်ဆန်ဆန်ပဲ မျှဝေလိုက်ပါတယ်။ .----------------------------------------------------------------------------------- 16.Dec.2017 Today is a truely wonderful day visiting the DEAD Sea and Masada. I just love the trip experience. ဒီနေ့ ကတော့ weekend ဆိုတော့ အဖွဲ့လိုက်ကြီးဘဲ အစ္စရေး နဲ့ ဂျော်ဒန် နယ်ခြား က နာမည်ကြီးလှတဲ့ ပင်လယ်သေ Dead Sea ခေါ်. ကုန်းတွင်းပိတ် ပင်လယ် ဒေသကို မနက်စောကြီးထဲက ထွက်ကြတယ်၊ ဂျေရုဆလင် ကိုဖြတ်လာပြီး ချက်ခြင်းဆိုသလိုပဲ မြင်ကွင်းတွေကပြောင်းသွားတယ်၊ ဘာဆို ဘာပင်မှ မပေါက်တဲ့ တောင်တန်း ကုန်းမြင့်ကြီးတွေ အနီးကပ်ဖြတ်သွားရတာ အရမ်းထူးခြားတယ်။.လမ်းတလျောက် တောင်ကြားလျိုတွေမှာ သဲကန္တာရ ဂျစ်ပဆီ လို့ခော်တဲ့ Beduin အုပ်စုတွေ အစုလိုက်လေးတွေ အခြေချနေထိုင်ကြပြီး သိုးအုပ်၊ ဆိတ်အုပ် အများကြီးမွေးထားကြတာတွေ့ရတယ်။ ဂျေရုဆလင်က ပင်လယ်ထက် မီတာ ၈၀၀ မြင့်ပြီး၊ Dead sea ကတော့ ကမ္ဘာမှာ အနိမ့်ဆုံး နေရာပါ၊ ပင်လယ်မျက်နှာပြင်ထက် မီတာ ၄၀၀ နိမ့်ပါတယ်။ မျက်စေ့တဆုံး သဲကန္တာရကြီး ထဲမှာ လဲ လျပ်စစ်မီးရော၊ လမ်းတွေရော ဖောက်ထားပေးနိုင်တော့ သဘာဝပေါက်ပင်သာမရှိတာ လူတွေစိုက်ထားတဲ့ စွန်ပလွံပင်တွေ မျက်စေ့တဆုံး အစက်ချ ရေပေးစံနစ်နဲ့ စိုက်ထားတယ်၊ တခြား ဟင်းသီးဟင်းရွက်တွေလဲ မျိုးစုံပဲ ပင်လယ်သေ ရပ်ဝန်းမှာတွေ့ရတော့ တော်တော်အမြင် ဆန်းပါတယ်။ တဖက်ကမ်းက ဂျော်ဒန်နဲ့လဲ ငြိမ်းချမ်းရေးယူထားတော့ အနီးလေး မြင်နေရပါတယ်။ မနက်ပိုင်းမှာ ပင်လယ်သေ တောင်ဘက်ပိုင်းက Mesada လို့ခေါ်တဲ့ လွန်ခဲ့တဲ့ နှစ် ၂၀၀၀ တုံးက ရိုမန် တွေက ဂျူးတွေကို တိုက်ခိုက် အင်ပါယာချဲ့စဉ်က စစ်ရှုံးမှာ သေချာသွားတဲ့ ဂျူးလူမျိုး ၁၀၀၀ နီးပါးဟာ ၊ သူတို့ ရဲ့