Contenu connexe
Similaire à news on Nov 26
Similaire à news on Nov 26 (9)
Plus de Burma Democratic Concern (BDC)
Plus de Burma Democratic Concern (BDC) (20)
news on Nov 26
- 1. Uncensored Burma - Daily News ( 2010 Nov 26 )
ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖြေများ
အင်တာဗျူး
နိုဝင်ဘာ ၂၆၊ ၂၀၁၀ မိုးမခ
ယနေ့ညနေမှာ မိုးမခက အင်န်အယ်ဒီပါတီ ခေါင်းဆောင်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့
ခေတ္တခဏ တွေ့ဆုံမေးမြန်းခွင့်ရခဲ့ပါတယ်။ မိုးမခက လက်ခံရရှိထားတဲ့ ပြည်တွင်း ပြည်ပက မြန်မာများရဲ့
မေးမြန်းချက်တွေ၊ သဘောထားတွေကို တင်ပြပြီး ဒေါ်စုရဲ့ တုန့်ပြန်ချက်ကို ကောက်နုတ်ဖော်ပြလိုက်တာ
ဖြစ်ပါတယ်။
ပထမဦးဆုံး မြန်မာပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့အတွက် ၀မ်းမြောက်ဝမ်းသာ
ဖြစ်ကြတယ်။ အားတက်ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး၊ လုံခြုံရေး၊ အမျိုးသားရေးလုပ်ငန်းတွေ
အစီအစဉ်တွေကို အားလုံးက အဆင်ပြေ ချောမွေ့ အောင်မြင်စေဖို့ ဆုမွန်ကောင်းတွေ တောင်းနေကြတယ်၊
မေတ္တာပို့နေကြတယ်၊ ထောက်ခံ အားပေးလျက် ရှိတယ် ဆိုတဲ့ အကြောင်းကို အရင်ဆုံး တင်ပြလိုပါတယ်။
ကျေးဇူးတင်ပါတယ်။ ကျမတို့ အခုလို ကြားသိရတဲ့အတွက်လည်း ၀မ်းသာပါတယ်။
နောက်တခုကတော့ ပြည်ပမှာ မြန်မာအမျိုးသားတွေကလည်း လူမှုရေးကွန်ယက်တွေအဖြစ် တယောက်တလက်
ကိုယ်ထူကိုယ်ထ လူမှုရေးလုပ်ငန်းတွေ လုပ်ကိုင်နေကြတာတွေ ရှိတယ်။ ပြည်တွင်းက
လူမှုရေးစွမ်းဆောင်သူတွေကို အားပေး ဂုဏ်ပြုကြတာတွေ လုပ်နေကြတာတွေ ရှိပါတယ်။ ဥပမာအားဖြင့်
ပြည်သူ့ဂုဏ်ရည် လှုပ်ရှားမှုတွေ စသည်ဖြင့် အဲသည်အတွက်ကို ဘာများ ပြောလိုပါသလဲ။
ကျမ ဒီအကြောင်းကို ကြားရ သိရပါတယ်။ ၀မ်းသာပါတယ်။ ဒါမျိုးတွေကို ဆက်ပြီးတော့ လုပ်သွားကြပါ။
သားတို့အနေနဲ့ ညီညီညွတ်ညွတ် လုပ်ကြရမယ်နော်။ အပြင်က အဖွဲ့တွေက အကွဲကွဲအပြားပြားဖြစ်နေတယ်လို့
ခဏခဏ အပြောခံရတာ မကောင်းဘူးနော်။ တခါတလေမှာ နိုင်ငံရေးအရ နဲနဲ ကွဲပြားနေကြတာတွေကို
လူမှုရေးလုပ်ငန်းတွေ အတူတူလုပ်ရင်းနဲ့ ရင်ကြားစေ့ကြလို့ ရှိရင် အခြေအနေတွေ ကောင်းလာလိမ့်မယ် လို့
ထင်ပါတယ်။
ဟုတ်ကဲ့ပါ။ ပြည်ပက မြန်မာအမျိုးသားတွေ၊ တိုင်းရင်းသားတွေက မြန်မာပြည်ပြင်ပမှာ၊ နယ်စပ်ဒေသတွေမှာ
ရွှေ့ပြောင်းနေထိုင်ကြနေကြရတယ်။ အခုဆိုရင် နှစ်ပေါင်း ၂၀ လောက် ရှိပြီ။ သို့သော် တိုင်းပြည်ရဲ့
အမျိုးသားရေးနဲ့ ပတ်သက်ရင်တော့ အမြဲတန်း စိတ်ဝင်တစား၊ တက်တက်ကြွကြွနဲ့ ရောက်ရာ
ကျရာနေရာတွေကနေ လှုပ်ရှားမှုတွေ၊ တောင်းဆိုမှုတွေ၊ ရပ်တည်မှုတွေကို နှုတ်ပိတ်ခံထားရတဲ့ ပြည်တွင်းက
ပြည်သူတွေကိုယ်စား ဆောင်ရွက်နေကြတာတွေ ရှိပါတယ်။ ဥပမာအားဖြင့် ၂၀၀၈ အခြေခံဥပဒေတို့၊ ၂၀၁၀
ရွေးကောက်ပွဲတွေကို လက်မခံဘူး၊ ကန့်ကွက် ဆန့်ကျင်ခဲ့ကြတယ်။ အဲသည်အတွက်ကို ဘာပြောချင်ပါသလဲ။
အခုလိုမျိုး လုပ်ကိုင် ဆောင်ရွက်တာတွေဟာ ခုချိန်မှာ အရေးကြီးတယ် လို့ ပြောချင်ပါတယ်။
တိုင်းရင်းသားတွေနဲ့ လက်တွဲလုပ်ကြဖို့ကိုလည်း မမေ့ကြစေချင်ဘူးနော်။ အခုချိန်ဟာ တကယ်တော့
PDF created with pdfFactory trial version www.pdffactory.com
- 2. ကျမတို့အတွက် အလွန်အရေးကြီးတဲ့ အချိန်ဖြစ်ပါတယ်။ အခုချိန်မှာ အားလုံးက စုပေါင်းအင်အားနဲ့
လှုပ်ရှားရမယ့် အချိန်ဖြစ်ပါတယ်။ ဒါကို သားတို့က သိမှာပါ။
အခုအချိန်မှာ အဖွဲ့ချုပ်အနေနဲ့ ပြည်တွင်းမှာ အရင်တုန်းကနဲ့ မတူတဲ့ ထောက်ခံမှုတွေ ရနေတယ်။
ဒါပေမယ့် တချိန်တည်းမှာလည်း အဖွဲ့ချူပ်ကို မှတ်ပုံတင်ထားတဲ့ အဖွဲ့ချူပ်မဟုတ်ဘူးဆိုတာမျိုး ဖြစ်အောင်လို့
လုပ်နေတာတွေလည်း ရှိနေတဲ့ အချိန်လည်း ဖြစ်နေတော့။ ဒါတွေက အများကြီး လုပ်ရမယ့် အချိန်ပဲ။
ဟုတ်ကဲ့ပါ။ ကျနော်တို့ ကြားသိ တွေ့မြင်ရသလောက်ကတော့ မြန်မာပြည်သူတွေ အားလုံးလိုလိုက
အင်န်အယ်ဒီဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ဟာ နိုင်ငံရေးပါတီတခုအနေနဲ့တင်သာမကဘူး၊
မြန်မာပြည်သားတွေရဲ့ လူမှုအဖွဲ့အစည်း၊ နိုင်ငံပြု အဖွဲ့အစည်းလို မှတ်ယူထားပြီးသား ဖြစ်ပါတယ်လို့
ပြောချင်ပါတယ်။ နိုင်ငံတကာဖက်ကအနေနဲ့ကော ဘယ်လိုမျိုး မြင်ချင် တွေ့ချင်တာ ရှိပါသလဲ။
ဟုတ်ကဲ့။ နောက်တခုကလည်းလေ ဥပဒေကြောင်းအရ တတ်နိုင်သမျှ ၀န်းရံပြီးတော့
ပြောပေးစေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဖွဲ့ချူပ်ကို မှတ်ပုံတင်ထားတာကို ဖျက်မယ်ဆိုတာဟာ ဥပဒေနဲ့
မညီဘူး။ ကျမတို့ ရှေ့နေတွေနဲ့ သေသေချာချာ တင်ထားတယ်။ ဥပဒေကြောင်းအရသာ ဖြစ်ရမယ်ဆိုရင်တော့
အဖွဲ့ချူပ်ကို မှတ်ပုံတင် ရုပ်သိမ်းလို့ မရဘူး။ အဲဒါကို ကမ္ဘာတလွှားက ပညာရှင်တွေကနေပြီးတော့ ဒီဟာကို
ထောက်ပြပြီးတော့ ဥပဒေအမြင်ကနေပြီးတော့ ထောက်ခံပေးတာကိုလည်း လုပ်ပေးစေချင်တယ်။ သားတို့လည်း
လုပ်ပေးစေချင်တယ်။
ဟုတ်ကဲ့ပါ။ မြန်မာပြည်တွင်းက ဒေါ်စုတို့လို နိုင်ငံရေးခေါင်းဆောင်တွေ၊ အမျိုးသားခေါင်းဆောင်တွေ၊
နိုင်ငံရေးအင်အားစုတွေရဲ့ ဆောင်ရွက်မှုတွေ၊ ချမှတ်ဖော်ဆောင်မှုတွေကိုလည်း အားလုံးက နားစွင့်ပြီး၊ စောင့်ပြီး
နားထောင်ပြီး လိုက်ပါဆောင်ရွက်နေကြတယ်ဆိုတဲ့အကြောင်းကိုလည်း ပြောနေကြပါတယ် ခင်ဗျာ။
ကျေးဇူးတင်ပါတယ် သားရယ်။
နောက်တချက်ကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေး အလုပ်တွေ၊ လှုပ်ရှားမှုတွေမှာ
အင်န်အယ်ဒီပါတီဘက်က ရပ်တည်ပေးနေကြတဲ့ ပြည်သူလူထုတွေ ရှိတယ်၊ တိုင်းရင်းသားတွေ နိုင်ငံရေး
အစုအဖွဲ့တွေ ရှိနေတယ်။ ဒ့ါအပြင် တဖက်ကကြည့်ရင်လည်း တပ်မတော်တို့၊ မကြာခင်မှာ ပေါ်ထွန်းလာနိုင်တဲ့
လွှတ်တော်တို့ အခြားနိုင်ငံရေးအင်အားစုတွေနဲ့ကော ဘယ်လိုမျိုး လက်တွဲပြီး လုပ်သွားမယ်ဆိုပြီး
မျှော်လင့်ထားသလဲဆိုတာကိုလည်း သိချင်ကြပါတယ်။
အန်တီတို့က ကြိုးစားနေတာပဲ။ အခုဆိုရင်လည်း ရွေးကောက်ပွဲဝင်ခဲ့တဲ့ ပါတီ ၁ ခု ၂ ခု နဲ့၊
တသီးပုဂ္ဂလတွေနဲ့လည်း တွေ့ပြီးပါပြီ။ အများကောင်းကျိုးကို တတ်နိုင်သမျှ လက်တွဲပြီး လုပ်ကြမယ်ဆိုတဲ့
သဘောတူညီချက် ရခဲ့ပါတယ်။ ဒီထက်ပိုပြီး ထပ် ထပ် ပြီးတော့ ပိုပြီးတော့ ပူးပေါင်းဆောင်ရွက်နိုင်တဲ့
အခြေအနေတွေ ဖြစ်အောင်လို့ ကြိုးစားသွားမှာပါ။ အဲသည်တော့ သားတို့တွေ အနေနဲ့ကလည်း
သည်လိုကြိုးစားမှုတွေကို ထောက်ခံမယ် ပံ့ပိုးမယ်လို့ ဆိုတာကို ယုံကြည်ထားပြီးသားပါ။
အဲသည်မှာ မေးခွန်းတခုကတော့လေ … ဒီမိုကရေစီရေး လှုပ်ရှားမှုတွေထဲမှာ အင်န်အယ်ဒီရဲ့ ရပ်တည်မှုတွေထဲက
အခြေခံအချက်တခုဖြစ်တဲ့ ၂၀၀၈ အခြေခံဥပဒေကို ပြုပြင်ပြောင်းလဲရမယ်၊ ဒီမိုကရေစီရေးကို အခြေခံတဲ့
အာမခံတဲ့ အခြေခံဥပဒေတရပ် ပေါ်ထွန်းလာရေးကို ထောက်ခံပြီး ဦးတည်ပြီး ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။
PDF created with pdfFactory trial version www.pdffactory.com
- 3. စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးကို ရည်မှန်းကြတယ်။ ဒီလိုမျိုး ဆောင်ရွက်နိုင်အောင်လို့
အခြားအင်အားစုတွေ၊ နိုင်ငံရေးအင်အားစုတွေကို အားလုံးက ဘယ်လို စည်းရုံးကြမယ်လို့ မျှော်လင့်ပါသလဲ
ခင်ဗျာ။
ဒါကတော့ ရွေးကောက်ပွဲဝင်ပြီးတဲ့သူတွေလည်း တော်တော် အခြေအနေတွေကို သိလာကြပါပြီ။
ဒီအတိုင်းဆက်သွားမယ်ဆိုရင် အစတုန်းကတော့ Political Space ရဖို့လုပ်ခဲ့ကြတာ လို့ ဆိုတယ်။
တကယ်တန်းကျတော့ Political Space ရှိရဲ့လား၊ မရှိဘူးလား ဆိုတာကို လက်တွေ့ကျကျ သုံးသပ်ကြဖို့
လိုတယ်ဆိုတာကိုတော့ သားတို့က ထောက်ပြကြရလိမ့်မယ် ထင်တယ်။
အဲဒါကတော့ ဆောင်ရွက်ကြရတဲ့နေရာမှလည်းပဲ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေပေါ်မှာ မူတည်ပါတယ်။
ဒီကိစ္စတွေက ဘာနဲ့ စရမှာလဲ ဆိုတော့ နှစ်ဦး နှစ်ဖက် တွေ့ဆုံဆွေးနွေးတာနဲ့ စရမယ်။ အခုသုံးနေကြတဲ့
စကားကတော့ Exchange ပေါ့။ Engagement ပေါ့။ Exchange ရှိရမယ်။ Engagement ရှိရမယ်။ Exchange
of Ideas ရှိရမယ်။ အပြန်အလှန်ဆွေးနွေးကြပြီးတော့မှ ကိုယ်ကနေပြီးတော့ ဘယ်လိုပုံစံနဲ့ပြောရင်
သူတို့နားလည်သဘောပေါက်မယ် ဆိုတာ အဲလိုဆုံးဖြတ်ရမှာပေါ့။
အဖွဲ့ချုပ်ကို လက်ရှိစစ်အစိုးရနဲ့ အခြားနိုင်ငံရေးအင်အားစုတွေက အနှောက်အယှက်ပေးတယ်။ မတရားမှုတွေ
လုပ်လာတာမျိုးတွေ ရှိလာရင်၊ ဖြစ်လာရင် ပြည်သူလူထုအားလုံး ပါဝင်နိုင်တဲ့ လှုပ်ရှားဆောင်ရွက်မှုတွေ
ဘယ်လိုမျိုး ၀ိုင်းဝန်းပြီး လုပ်ကြရင် ကောင်းမှာလဲ ဆိုတာ ဘယ်လိုပြောချင်ပါသလဲ ခင်ဗျာ။
ပထမဦးဆုံးအဓိကအချက်ကတော့ Awareness ပိုပြီးရှိလာအောင် လုပ်ကြဖို့ ဖြစ်တယ် လို့
ပြောချင်ပါတယ်။ နိုင်ငံတကာအဆင့်နဲ့ကို Awareness ရှိလာအောင်လို့၊ ရှိနေအောင်လို၊့ အခြေအနေကို
အများကနေပြီးတော့ ပိုပြီး သိလာအောင်လို့၊ ထောက်ခံလာအောင်လို့ လုပ်ကြတဲ့နေရာမှာ အပြင်က
လုပ်ပေးနိုင်တာက အထဲမှာ အန်တီတို့ မလုပ်ပေးနိုင်တာ အများကြီး ရှိတယ်။ အထဲမှာ အန်တီတို့လုပ်မယ့်
လှုပ်ရှားမှုတွေကို အပြင်ကလည်း သိမှာပဲ။ သိကြလို့ရှိရင် ကိုယ့်အထိုက်အလျောက် ၀ိုင်းကြဖို့၊ ၀န်းကြဖို့ပါပဲ။
ဒါတွေက အန်တီတောင် ပြောဖို့ မလိုဘူး ထင်ပါတယ်။ အခု သားတို့ လုပ်နေကြပဲ။ လုပ်ပေးနေကြပဲ။
ဟုတ်ကဲ့ပါ။ အဲသည် လုပ်ပေးနေကြပဲ ဆိုတဲ့နေရာမှာ တခုကတော့ နိုင်ငံတကာက စစ်အစိုးရကို
ပိတ်ဆို့အရေးယူထားတဲ့ Sanction ဆိုတဲ့အပေါ် ဒီဘက်ကသဘောထားတွေ အနေနဲ့ ပြောချင်ပါတယ်။ ဒီ
နိုင်ငံတကာက ဒီမိုကရေစီလိုလားတဲ့ နိုင်ငံတွေက မြန်မာစစ်အစိုးရကို ပိတ်ဆို့အရေးယူထားတယ်ဆိုတာက
မြန်မာပြည်ရဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေကို ထောက်ခံတဲ့ သဘောကို ပြတဲ့အနေနဲ့ အရေးယူမှုဖြစ်တယ်။
ထောက်ခံမှုကို ပြသတဲ့ သဘောအဖြစ် မှတ်ယူထားကြတာဖြစ်ပါတယ်။ ဒါတွေဟာ မြန်မာပြည်ဒီမိုကရေစီရေးမှာ
မြင်သာတဲ့ တိုးတက်ပြောင်းလဲမှုတွေ မဖြစ်မချင်းမှာ ဆက်လက်ကိုင်စွဲသွားရမယ့် အရေးယူမှုတခုဖြစ်တယ်လို့
ဒီမိုကရေစီရေးလိုလားသူ မြန်မာကွန်မြူနီတီတွေရဲ့ သဘောထားလို့ ပြောပြချင်ပါတယ် ခင်ဗျာ။
ဒါလဲ အန်တီတို့က သဘောတူပါတယ်။ အန်တီတို့အနေနဲ့က အခြေအနေတွေကို ပြန်ပြီး Review
လုပ်မယ်လို့ပဲ ပြောတာပါ။ အခုလို ပြောပြတာတွေနဲ့ ပတ်သက်လို့ သဘောမတူစရာအကြောင်း
အန်တီတို့ဖက်က ဘာမှ မရှိဘူး။ Sanction တွေကြောင့်မို့လို ဒီမှာ စီးပွားရေးအခြေအနေတွေ မကောင်းတာပါ
လို့ပြောနေကြတာကလဲ မဟုတ်ဘူး ဆိုတာကို ယုံတယ်။ ဒါကိုလည်း ထင်ထင်ရှားရှားပေါ်လွင်အောင်လည်း
PDF created with pdfFactory trial version www.pdffactory.com
- 4. အန်တီတို့အနေနဲ့က လုပ်မယ်။ လူထုကို ထိခိုက်နေတာတွေ ရှိတယ် ဆိုရင်လည်း ကြည့်ပြီးတော့
ပြန်စဉ်းစားရမှာပေါ့။ ဒါပေမယ့် ခုနက သားပြောသွားတာတွေကလည်း အန်တီတို့ရဲ့ အခြေခံမူပါပဲ။
နောက်တဆင့်ထပ်ပြောချင်တာကတော့ ဒီလိုမျိုး နိုင်ငံတကာက စစ်အစိုးရကို ပိတ်ဆို့အရေးယူထားတာတွေ
ရှိတဲ့ကြားထဲကပဲ နောက်ပိုင်းတွေမှာ ၂၀၀၃ မေလ ဒီပဲယင်းလုပ်ကြံမှုလိုမျိုး ဒေါ်စုနဲ့ အင်န်အယ်ဒီကို
အကြမ်းဖက်မှုတွေ လုပ်တယ်။ နောက်ပိုင်း ထင်ရှားတာတွေက ၂၀၀၇ သံဃာ့အရေးအခင်းတွေ၊ ၂၀၀၈
နာဂစ်အရေးအခင်းတွေမှာ လက်နက်မဲ့တဲ့ အပြစ်မဲ့တဲ့ ပြည်သူလူထုအပေါ်မှာ စစ်အစိုးရနဲ့ အပေါင်းအပါတွေက
မတရားမှုတွေ လုပ်တယ်၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ဖမ်းဆီး သတ်ဖြတ် နှိပ်စက် ထောင်ချတာတွေကို
လုပ်တယ်။ ဒါတွေကို နောင်ဆက်မဖြစ်အောင် ဟန့်တားနိုင်အောင်လို့၊ ဖြစ်ခဲ့တာတွေကိုလည်း
အမှန်တရားအတိုင်း ပေါ်ပေါက်ဖော်ထုတ်နိုင်အောင်လို့ ကုလသမဂ္ဂလိုမျိုး အဖွဲ့အစည်းတွေနဲ့
နိုင်ငံတကာဥပဒေအရ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေ ပေါ်လာအောင် အရေးယူနိုင်အောင် လုပ်လာကြတာတွေ
ဖြစ်တယ် ဆိုတာကလည်း ဒီမှာရှိနေတဲ့ မြန်မာကွန်မြူနီတီတွေကိုယ်တိုင်ရဲ့ သဘောထားဖြစ်တယ်လို့
ပြောချင်ပါတယ်။
ဒါလဲ အန်တီတို့ သဘောတူပါတယ်။ သဘောမတူစရာ အကြောင်းမရှိပါဘူး။ ဒီမူတွေဟာ မှန်တယ်လို့
အန်တီတို့ ယုံကြည်တယ်။ ဒါပေမယ့်လည်း အချိန်ကာလအလျောက် ပြန်ပြီးတော့ Review လုပ်မယ်
ဆိုတာကလည်း တာဝန်အရ Review လုပ်မှာပေါ့နော်။ Review လုပ်တယ် ဆိုတာကလည်း အန်တီတို့
တွေ့တိုင်းအတိုင်းပဲ ထုတ်ဖော် ပြောဆိုမှာ ဖြစ်ပါတယ်။ အန်တီအနေနဲ့ကလည်း စီးပွားရေးဒုက္ခတွေ
ဖြစ်နေတာဟာ Sanction တွေကြောင့် မဟုတ်ဘူးဆိုတာလည်း ပေါ်လွင်အောင် ဆွေးနွေးပြီးတော့
ဖော်ထုတ်ပေးရမှာပေါ့။ အဲဒါကိုလည်း အန်တီတို့ကလည်း တန်ဖိုးထားပါတယ်။
နောက်ဆုံးတခုအနေနဲ့ကတော့ ပင်လုံညီလာခံကြီးကို ၀ိုင်းဝန်းဆောင်ရွက်ကြဖို့ကို အားလုံးက မျှော်လင့်နေတယ်။
မြန်မာပြည်သူတွေကိုယ်တိုင်ကလည်း ရောက်ရာ၊ ရာရာနေရာတွေကနေပြီး ဘယ်လို အခမ်းကဏ္ဍတွေကနေပြီး
ဘယ်လို ၀ိုင်းဝန်းကြရမလဲဆိုတာကို ကြိုဆိုနေကြတယ် လို့ ပြောကြားနေကြတဲ့အကြောင်း၊
စိတ်အားထက်သန်နေကြတဲ့အကြောင်းကို ပြောပြလိုပါတယ်။
ကျေးဇူးတင်တယ် သားရယ်။ ဒါနဲ့ ပတ်သက်လို့လဲ အန်တီတို့က အကူအညီလိုမှာပါ။
အကူအညီလိုတဲ့အခါကျရင် အန်တီတို့ ဆက်သွယ်မယ်လေ။ ဆက်သွယ်လို့ရအောင်ကိုလည်း အဖွဲ့ချုပ်က
တာဝန်ရှိသူတွေကို ပြောပြထားကြရင် ကောင်းမယ် ထင်တယ်နော်။ အခုလို ပြောကြတာတွေဟာ
တန်ဖိုးရှိပါတယ်။ ဒီလိုပြောတဲ့အခါကျတော့လည်း အတွင်းမှာရှိတဲ့ အန်တီတို့ သဘောထားတွေနဲ့ အပြင်က
သဘောထားတွေနဲ့က ကွာခြားမှုမရှိဘူး။ ကွာဟမှု မရှိဘူး ဆိုတာ သိရတော့လည်း အန်တီတို့အတွက်
အားတက်စရာပေါ့။
သားတို့အားလုံး ကျန်းကျန်းမာမာရှိအောင် နေကြနော်။ ကျန်တဲ့သူတွေကိုလည်း အန်တီက
နှုတ်ဆက်လိုက်တယ်။ မေတ္တာပို့လိုက်ပါတယ်လို့ ပြောလိုက်ပါနော်။
ဒါတွေကတော့ ၂၆ ရက် နိုဝင်ဘာ ညနေခင်းမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ခေတ္တ ဆုံတွေ့ခွင့်ရချိန်မှာ
မိုးမခ၀ိုင်းတော်သားများရဲ့ တင်ပြဆွေးနွေးမှုတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖြေများပဲ ဖြစ်ပါတယ်။
PDF created with pdfFactory trial version www.pdffactory.com
- 5. အဲသည်လို တွေ့ဆုံချိန်လေးအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်က ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ မြန်မာပြည်ရဲ့
ကဗျာဆရာကြီး ဦးတင်မိုးအကြောင်းကို အမှတ်တရ စကားပြောပါတယ်။ ဆရာ့အစီအစဉ်တွေကို
လေလှိုင်းများကတဆင့် အမြဲတမ်း နားထောင်နေခဲ့တဲ့အကြောင်း ဆရာဦးတင်မိုးရဲ့ သမီးငယ် မိုးချိုသင်းကိုလည်း
နှုတ်ဆက်စကားပြောပါတယ်။
အခုတော့ ဆရာဦးတင်မိုးအသံတွေ မကြားရတော့ပေမယ့် ဆရာ့ဦးတင်မိုးရဲ့ မိတ်ဆွေ ဆရာမောင်စွမ်းရည်ရဲ့
အသံတွေကတော့ ဆက်ကြားနေဆဲ ဖြစ်ကြောင်းနဲ့ ဆရာမောင်စွမ်းရည်နဲ့ စာပေမိတ်ဆွေများကို
နှုတ်ဆက်လိုက်ကြောင်းကိုလည်း စကားလက်ဆောင် ပေးခဲ့ပါတယ်။
စစ်အစိုးရက လုံခြုံရေး တင်းကြပ်လိုသဖြင့် ဗုံးလှန့်
ခင်နှင်းလွင်၊ ရန်ကုန်
နိုဝင်ဘာ ၂၆၊ ၂၀၁၀ မိုးမခ
ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့လယ်ရှိ အင်တာနက်ဆိုင် တစ်ချို့တွင် အရပ်ဝတ်ရဲ တပ်ဖွဲ့ဝင်တို့က
မြို့တော်ခန်းမအနီးရှိ စီးတီးစတား ဟိုတယ်အောက်ထပ်မှ အင်တာနက်ဆိုင်တွင် ဗုံးထောင်ခဲ့သည်ဟု ယူဆရသူ
ဖောက်ခွဲရေးသမားနှစ်ယောက် ဓါတ်ပုံများကိုလိုက်ပြသပြီး အင်တာနက်ဆိုင်များတွင် မသင်္ကာဘွယ်ရာတွေ့ပါက
သူတို့ထံ ဆက်သွယ် သတင်းပို့ဖို့ ပြောဆိုလျက်ရှိသည်ဟု အင်တာနက် သုံးစွဲသူများ၏ ပြောဆိုချက်အရ
သိရှိရသည်။
`စီးတီးစတား အင်တာနက်ဆိုင်မှာ ဗုံးထောင်ခဲ့တဲ့ ဖောက်ခွဲရေး သမားဓါတ်ပုံတွေ ဆိုတဲ့ပုံတွေ
ကိုကိုင်ပြီးတော့ အင်တာနက်ဆိုင်ထဲ အက်စီဘီလို့ ယူဆရတဲ့သူ တစ်ယောက်ဝင်လာတယ်။ ဒီလူတွေကို မြင်ရင်
လက်မခံဖို့ သတင်းပေးဖို့၊ဘာညာပေါ့။ ပုံတွေကလည်း မှုန်ဝါးဝါးနဲ့ မပြတ်သားဘူး။ သူတို့ကဘာရည်ရွယ်ချက်
ရှိလည်းမသိနိုင်ဘူးလေ။ ဒါကိုအကြောင်းပြပြီးတော့ အင်တာနက် ဆိုင်တွေကို ဗုံးခွဲမလား၊ လုံခြုံရေး
တင်းကြပ်ချင်တာလားမသိဘူး´ ဟု အင်တာနက်သုံးစွဲသူ တစ်ဦးကပြောပြသည်။
နိုဝင်ဘာ ဒုတိယပတ်အတွင်းက အစိုးရထုတ် သတင်းစာများအရ စီးတီးစတား ဟိုတယ်အောက်ရှိ
အင်တာနက်ဆိုင်တွင် လူနှစ်ဦးက ဗုံးထောင်ခဲ့သော်လည်း အချိန်မီတွေ့ရှိခဲ့ခြင်းကြောင့် အသက်ဆုံးရှုံးမှုကို
ကာကွယ်နိုင်ခဲ့ကြောင်းနှင့် ဗုံးထောင်သူဟု ယူဆရသူနှစ်ဦးရဲ့ ဓါတ်ပုံတွေကိုလည်း သတင်းထုတ်ပြန်ခဲ့သည်။
သို့ရာတွင် အဆိုပါ ဓါတ်ပုံပါသူ နှစ်ဦးသည် ဗုံးထောင်သူများ မဟုတ်ပဲ ကုလသမဂ္ဂအဖွဲ့အစည်းမှ
ဌါနေ၀န်ထမ်း နှစ်ဦးဖြစ်နေသည်ပြီး သူတို့၏ တာဝန်ထမ်းဆောင်ရာ အဖွဲ့မှ သက်ဆိုင်ရာသို့
ကန့်ကွက်စာပေးပို့ထားသည်ဟုလည်း သတင်းထွက်ပေါ်လျက်ရှိသည်။
အစိုးရအနေဖြင့် လုံခြုံရေး ပိုမိုတင်းကြပ်လိုသဖြင့် ယခုလို ဇတ်လမ်းမျိုး ဖန်တီးခြင်း ဖြစ်နိုင်သည်ဟုသာ
ရန်ကုန်မြို့ခံများက ကောက်ချက်ချကြသည်။ ဗုံးတွေ့ရှိသည့် သတင်းများ၊ ဗုံးကွဲသည့် သတင်းများအများစုကို
အစိုးရ၏ နိုင်ငံရေး လှည့်ကွက်များအဖြစ်သာ ပြည်သူလူထုက ကောက်ချက်ချရှုမြင်ကြသည်။
အဘယ်ကြောင့်ဆိုသော် မည်သည့်ဗုံးတွေ့ရှိခြင်း၊ ဗုံးကွဲခြင်းတို့ကိုမှ ဖမ်းမိပြီးနောက် ရှင်းရှင်းလင်းလင်း
ပြောဆိုထုတ်ပြန်ခြင်း မရှိခဲ့ခြင်းကြောင့်လည်း ဖြစ်သည်။
PDF created with pdfFactory trial version www.pdffactory.com
- 6. ဗိုလ်ခင်ညွန့် ဘယ်ပျောက်နေသလဲ
မိုးမခအထောက်တော် အမှတ် ၀၀၂
နိုဝင်ဘာ ၂၆၊ ၂၀၁၀ မိုးမခ
အကျယ်ချုပ် ချခံနေရသော ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ကို ပြောင်းရွှေ့ချုပ်နှောင်သည့်မြင်ကွင်းဟု ယူဆရသည့်
ဗီဒီယိုဖိုင်တခု မကြာသေးမီက အင်တာနက်စာမျက်နှာသို့ ရောက်လာသည်။
FaceBook အင်တာနက် လူမှုကွန်ရက်တွင် အကောင့် ရှိသူများ
http://www.facebook.com/video/?id=100001219370983#!/video/video.php?v=14421260229605
1 တွင် သွားရောက် ကြည့်ရှုနိုင်သည်။
မိုး အနည်းငယ်ရွာနေသည့် ညဘက်တွင် ရန်ကုန်မြို့ရှိ ဦးခင်ညွန့်၏ အိမ်ရှေ့သို့ လုံခြုံရေး အရာရှိတချို့ 
စုဝေးနေပုံကို ဗီဒီယို အစပိုင်းတွင် တွေ့ရသည်။ ခြံတခါးဝ၊ အိမ်ရှေ့တံခါးဝတို့တွင် ၂ မိနစ်ကြာမျှ
စောင့်ဆိုင်းပြီးနောက် ဦးခင်ညွန့်၊ ဇနီးဖြစ်သူ ဒေါ်ခင်ဝင်းရွှေတို့ တံခါးဖွင့်ပေးသည်ကို တွေ့ရသည်။
ဆံပင်ဆေးဆိုးမထားသည့် ဦးခင်ညွန့်သည် ပုဆိုး၊ ဂျာကင်အဖြူတို့ကို ၀တ်ဆင်ထားသည်။
အရာရှိများထဲမှ ရဲချုပ်ခင်ရီဟု ယူဆရသူက ဦးခင်ညွန့်ကို အလေးပြုပြီး အိမ်ထဲသို့ ၀င်သွားကြသည်။
ဦးခင်ညွန့်က ပြန်လည် အလေးပြုခြင်း မရှိပေ။
ထို့နောက် အရာရှိများနှင့် ဦးခင်ညွန့်တို့ ၀ိုင်းဖွဲ့စကားပြောပုံကို တွေ့ရသည်။ ဦးခင်ညွန့်က စကား အများဆုံး
ပြောဆိုကြောင်း တွေ့ရသည်။ သို့သော်လည်း ဗီဒီယိုဖိုင်တွင် အသံ ပါဝင်ခြင်း မရှိသဖြင့်
မည်သည့်အကြောင်းအရာများကို ပြောနေကြောင်း မသိရပေ။
ဦးခင်ညွန့သည် ယခင်က ကဲ့သို့ ကိုယ်လက်အမူအယာဖြင့် သွက်လက်စွာ စကားပြောနေသည်ကို မြင်ရသည်။
်
မကြာမီ ဇနီးမောင်နှံ ၂ ဦး အိတ်ငယ် ကိုယ်စီဖြင့် အပေါ်ထပ်မှ ဆင်းလာသည့်ပုံကို တွေ့ရသည်။
အမျိုးသမီး လေးဦးခန့်ကိုလည်း တွေ့ရသည်။ တချို့က ကလေးများကို ပွေ့ထားကြသည်။ ဦးခင်ညွန့်က
ကလေးများကို နမ်းရှုံ့ပြီးနောက် အိမ်မှ ထွက်ကြသည်။
အဆောက်အအုံတခုသို့ အရောက်တွင် ၎င်းတို့ လင်မယားကို ကြိုဆိုသူများ ရှိနေသည်။ အမျိုးသမီး ၂ ဦးက
လက်သုတ်ပုဝါများ ပေးကြသည်။
PDF created with pdfFactory trial version www.pdffactory.com
- 7. ဧည့်ခန်းအတွင်း စကားဝိုင်း ဖွဲ့ပုံကို ပြရာ ဦးခင်ညွန့်က စကားအများဆုံး ပြောသည်ကို တွေ့ရသည်။
ထိုမြင်ကွင်းများကို မကြာခဏ ဓာတ်ပုံရိုက် မှတ်တမ်းတင်နေသည်။
ဦးခင်ညွန့်သည် ၂၀၀၄ ခုနှစ် အောက်တိုဘာလတွင် ရာထူးမှ ဖယ်ရှားခံရပြီး မကြာမီ ထောင်ဒဏ် ၄၄ နှစ်
ချမှတ်ခံရပြီး မိသားစုလိုက် နေအိမ်အကျယ်ချုပ် ချခံခဲ့ရသည်။
ဤမှတ်တမ်းဗီဒီယိုကို မည်သည့်အချိန်က ရိုက်ကူးထားမှန်း မသိရပေ။
လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိုအိမ်ဝန်းကျင်တွင် မတွေ့ရသည်မှာ တလကျော်ခန့် ရှိပြီဟု ၎င်း၏ အိမ်အနီး နေထိုင်သူ
မိုးမခ ပရိသတ် တဦးက ပြောသည်။
ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်ကို နေရာပြောင်း
By ကျော်ကျော်သိန်း သောကြာ, 26 နိုဝင်ဘာ 2010
နေအိမ်အကျယ်ချုပ် ချခံထားရတဲ့ စစ်ကောင်စီအတွင်းရေးမှူး (၁) ထောက်လှမ်းရေးမှူးချုပ်ဟောင်း၊
ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နဲ့ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီတို့ တွေ့ဆုံ ဆွေးနွေးကြတာတွေကို ရိုက်ကူးထားတဲ့
ဗွီဒီယိုတခုဟာ နာမည်ကျော် Facebook စာမျက်နှာကတဆင့် ပြည်ပရောက် မြန်မာနိုင်ငံသားတွေအကြား
အင်တာနက်ပေါ်မှာ ပြန့်နှံ့နေပါတယ်။ ဘယ်တုန်းက တွေ့ကြတယ်ဆိုတဲ့ရက်ကို အတိအကျမသိရသလို
ဘာတွေဆွေးနွေးကြတယ်ဆိုတာကိုလည်း အသံမပါတဲ့အတွက် မသိကြရပါဘူး။
ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ရဲ့ ကမ္ဘာအေးဘုရားနားကနေအိမ်မှာ တွေ့ဆုံကြတာဖြစ်ပြီး အဲဒီနောက် သူ့ကို
တခြားနေရာတခုကို ခေါ်သွားခဲ့ပါတယ်။ သူ့ကို ဘယ်နေရာကို ရွှေ့လိုက်တာဖြစ်နိုင်တယ်၊ ဘာအတွက်ကြောင့်
ရွှေ့လိုက်နိုင်တယ် ဆိုတာတွေကို ဗိုလ်ချုပ်ကြီးခင်ညွန့်လက်အောက်မှာ အမှုထမ်းခဲ့ဖူးတဲ့ စစ်ထောက်လှမ်းရေး
အရာရှိဟောင်းတဦးလည်းဖြစ်၊ အမေရိကန်နိုင်ငံ ဆိုင်ရာ မြန်မာသံရုံးမှာ သံရုံးယာယီတာဝန်ခံအဆင့်ထိ
တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်က အခုလို သုံးသပ်ပြပါတယ်။
“ခေါ်သွားတဲ့နေရာကတော့ နောက်ပိုင်းပေါ့လေ။ ကျနော်တို့ တပ်မ (၁၁) ဧရိယာ ရဲမွန်တပ်နယ်ဘက်မှာ
ဆောက်းထားတဲ့ လုံချင်းပေါ့လေ။ Guest house အနေအထားမျိုး ဖြစ်မယ်လို့ ထင်ပါတယ်။ အဲဒီမှာတော့
ကျနော်တို့ အကျဉ်းဦးစီး ညွှန်ချုပ် ဦးဇော်ဝင်း၊ ရဲချုပ် ကိုခင်ရီ ရဲမှူးချုပ်ပေါ့လေ။ ကိုမြင့်သိန်းတို့ကို ကျနော်
တွေ့ရမှာဖြစ်ပါတယ်။
ကျနော့်အမြင် ပြောရရင်တော့ အခုချိန်ခါ နိုင်ငံရေးအခင်းအကျဉ်းတွေ အရ၊ ဆိုလိုတာကတော့
တိုင်းရင်းသားအဖွဲ့တွေက ဗိုလ်ချုပ်ခင်ညွှန့်ပြောရင်တော့ လက်ခံတဲ့အနေအထားမျိုး ရှိတယ်လို့ မြင်ပါတယ်။
တဘက်ကလည်း ဒုတိယပေါ့လေ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဲန်အယ်လ်ဒီ အမျိုးသားညီလာခံ
ပြန်တက်ရောက်ရေးမှာ ညှိနှိုင်းဆွေးနွေးခဲ့တာတွေ ရှိခဲ့ဖူးပါတယ်။
PDF created with pdfFactory trial version www.pdffactory.com
- 8. ဒါတွေလည်း တစိတ်တပိုင်းအားဖြင့်တော့ အောင်မြင်ခဲ့တဲ့ အနေအထားမျိုးတွေ ရှိခဲ့တယ်။ အဲဒီတော့ အခု
အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုတဲ့ လမ်းကြောင်းပေါ့လေ။
ဒီလမ်းကြောင်းပေါ်တက်ဖို့ဆိုတာ ဗိုလ်ချုပ်ကြီးခင်ညွှန့် အနေနဲ့လည်း သူ့အနေနဲ့ ဒီဖြစ်စဉ်တွေမှာ
ပံ့ပိုးပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်။
ဒီ့အတွက်ကြောင့်လည်း ဗိုလ်ချုပ်ကြီး ခင်ညွှန့်နဲ့ လွတ်လွတ်လပ်လပ် လူကြီးပိုင်း တွေ့ဆုံစကားပြောလို့ရအောင်
အခြား တနေရာကို ရွှေ့ပြောင်းသွားတယ်လို့ ကျနော်တော့ အဲဒီလိုပဲ အကောင်းမြင်ပါတယ်ခင်ဗျ။”
ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်အပေါ် လာဘ်စားမှုဆိုင်ရာ စွဲချက်တွေနဲ့ ၂၀၀၄ ခုနှစ်မှာ ထောင်ဒဏ် ၄၄ နှစ် ချမှတ်
အပြစ်ပေးခဲ့ပြီး စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့အမိန့်နဲ့ နေအိမ်မှာ အကျယ်ချုပ်ချထားတာပါ။
သူဟာ အကျဉ်းချခံထားရသူ ဖြစ်တဲ့အတွက် သူ့ကို အကျဉ်းသားတဦးလိုပဲ ဆက်ဆံရတယ်လို့လည်း
ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်က ပြောပါတယ်။
ဝမ်းသာကြည်နူးစွာဖြင့် . . . .
ကျော်သူ
နိုဝင်ဘာ ၂၇၊ ၂၀၁၀ မိုးမခ
၂၅. ၁၁. ၂၀၁၀ (ကြာသပတေးနေ့) နံနက် (၁၀း၀၀) နာရီ အချိန်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်)
တည်ရှိရာ အမှတ် ၁၃/က၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်သို့ Myanmar Solar Rays
Co.,Ltd. မိသားစု (အမှတ် - ၄၂၊ ပါရမီလမ်း၊ (၆) ရပ်ကွက်၊ လှိုင်မြို့နယ်) မှ နာရေးကူညီမှုအသင်း (ရန်ကုန်)တွင်
အသုံးပြုရန် TOYOTA Light Truck တန်ဖိုးငွေကျပ် ၁၁,၃၀၀,၀၀၀/- (တစ်ရာတစ်ဆယ့် သုံးသိန်း) တန်
မော်တော်ယာဉ်တစီးအား လာရောက်လှူဒါန်းသွားပါသည်။
ယင်း လှူဒါန်းပွဲတွင် ဝဋ်ကြွေးတော်ပြေ ရန်အောင်မြေကျောင်းတိုက် ဆရာတော် (၅) ပါးအား ပင့်ဆောင်၍
နေ့ဆွမ်းဆက်ကပ်ကာ ရေစက်သွန်းချ လှူဒါန်းခဲ့ပါသည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ပိတ်ရက်မရှိ အများပြည်သူတို့၏ နာရေးကိစ္စများ၊ ကျန်းမာရေးကိစ္စများအား
နိစ္စဓူဝ ထမ်းဆောင်ပေးလျှက်ရှိရာ အသင်းပိုင် မော်တော်ယာဉ် (ဝန်ထမ်း ကြို/ပို့) တစီးဖြင့်သာ
လုပ်ဆောင်နေရသည်ဖြစ်၍ ရုံးကိစ္စများ၊ အလှူငွေကိစ္စများ အခြား အခြားသော လူမှုရေးကိစ္စများအပြင်
နာရေးလမ်းကြောင်းများတွင် ဝတ်ရွတ်အဖွဲ့ လိုက်လံရွတ်ဖတ်ခြင်းတို့ကို ပြုလုပ်နေရသည်ဖြစ်သောကြောင့်
လုပ်ငန်းလုပ်ဆောင်ရာတွင် အားနည်းချက်များ၊ နှောင့်နှေးမှုများ ကြုံတွေ့ခဲ့ရသည်။ ယခုကဲ့သို့ Myanmar Solar
Rays Co.,Ltd. မိသားစု (အမှတ် - ၄၂၊ ပါရမီလမ်း၊ (၆) ရပ်ကွက်၊ လှိုင်မြို့နယ်) မှ နာရေးကူညီမှုအသင်း
(ရန်ကုန်)တွင် အသုံးပြုရန် TOYOTA Light Truck မော်တော်ယာဉ်တစီး လှူဒါန်းခဲ့ခြင်းကြောင့် အသင်း၏
ပေးဆပ်မှုလုပ်ငန်းများကို အချိန်နှင့်တပြေးညီ ကူညီမှုများ၊ ထမ်းဆောင်မှုများ ပြုလုပ်နိုင်တော့မည်ဖြစ်ပါသည်။
ထို့အတွက် အလှူရှင် ဦးဝင်းမြင့်သိန်း၊ ဒေါ်ခင်မြတ်လှိုင် (Myanmar Solar Rays Co., Ltd.) မိသားစုတို့အား
နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဝမ်းမြောက်ဝမ်းသာစွာဖြင့် သာဓု .. သာဓု .. သာဓု ဟု ခေါ်ဆိုလိုက်ရပါသည်။
PDF created with pdfFactory trial version www.pdffactory.com
- 9. နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် ပတ်သက်ဆက်စပ်သမျှ ဒေဝတာနတ်မင်း အပေါင်း၊ မြင်အပ် မမြင်အပ်သော
ပုဂ္ဂိုလ်အပေါင်းနှင့် (၇) ရက်သားသမီး အသင်းသူ/သားများမှ ဝမ်းသာကြည်နူးစွာဖြင့် သာဓု အနုမောဒနာ
ခေါ်ဆိုလိုက်ပါသည်။
သတင်းစာဆရာတဦးနဲ့ မိုးမခစကားလက်ဆုံ
ဒေါ်စုနဲ့ အင်န်အယ်ဒီ ဟာ ပြည်ထောင်စုဖြိုခွဲသူလား
မိုးမခ
နိုဝင်ဘာ ၂၆၊ ၂၀၁၀ မိုးမခ
ဒီတပတ်မှာ သတင်းစာဆရာတဦးနဲ့ စကားလက်ဆုံမှာတော့ ၂၀၀၇ နောက်ပိုင်း အခြေအနေတွေကို
တွေ့မိမြင်မိသလောက် ပြောဆိုဖြစ်တာတွေ ဖြစ်ပါတယ်။
အယင်က စကားဆက်ကို ပြန်ကောက်ရရင်တော့ ၂၀၀၇ သံဃာ့အရေးအခင်းနောက်ပိုင်းမှာ
နိုင်ငံတကာဖိအားတွေအရ ပြည်တွင်းက လူထုရဲ့ နိုင်ငံရေးအရ တင်းမာမှုတွေ ဖြစ်လာတာကြောင့် စစ်အစိုးရက
ဒေါ်စုနဲ့ တွေ့ဆုံဆွေးနွေးတာတွေ၊ ကုလကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခွင့်ပေးတာတွေ လုပ်လာတယ်။
အဲသည်မှာလည်း ဒေါ်စုနဲ့လည်း အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးတယ်လို့ သိရပါတယ်။ အဲသည်မှာလည်းပဲ လူထုက
ဘာမှ မသိရှိရတဲ့ လျို့ဝှက်ဆွေးနွေးပွဲတွေပဲ ဖြစ်တာပဲ မဟုတ်လား။
ဟုတ်ပါတယ်။ ၂၀၀၇ သံဃာ့အရေးအခင်းကြောင့် နိုင်ငံတကာဖိအားတွေ၊ ပြည်တွင်းနိုင်ငံရေး တင်းမာမှုတွေကို
ဖြေရှင်းနိုင်တဲ့သူ၊ မျှော်လင့်ချက်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍ ဖြစ်လာတယ်။
စစ်အစိုးရကိုယ်တိုင်ကလည်း တွေ့ဆုံတယ်။ ဒါပေမယ့်လည်း တွေ့ဆုံဆွေးနွေးနေတာတွေက ဘာမှ
သတင်းထုတ်ပြန်မှုတွေ ၂ ဖက်စလုံးဆီက လူထုက မကြားသိရဘူး။ နောက်တော့ ဗိုလ်သန်းရွှေက ဒေါ်စုနဲ့
တွေ့ဖို့ကို ကြိုတင်သတ်မှတ်ချက်တွေ ချလိုက်တာက တွေ့ဆုံရေးကို ပျက်ပြားသွားစေတယ်။
ဟုတ်ကဲ့။ ၂၀၀၇ အောက်တိုဘာမှာ ဗိုလ်သန်းရွှေက ဒေါ်စုသည် တိုင်းပြည်ကို ပျက်စီးစေတဲ့
စီးပွားရေးပိတ်ဆို့မှုတွေနဲ့ ပတ်သက်ပြီး၊ နောက် ထိပ်တိုက်ရင်ဆိုင်ရေးသဘောထားတွေကို စွန့်လွှတ်ကြောင်း
ကြေငြာမှသာလျင် သူက ဒေါ်စုနဲ့ တွေ့ဆုံမယ်လို့ ပြောလိုက်တာ မဟုတ်လား ဆရာ။
ဟုတ်တယ်။ အဲသည်နောက်မှာ စစ်အစိုးရက အမျိုးသားညီလာခံရဲ့ ရလဒ် အခြေခံဥပဒေဥပဒေကို
လူထုဆန္ဒမဲခံယူပြီးတော့ အတည်ပြုချက် ခံယူတော့မယ်ဆိုပြီး လုပ်လာတယ်။ အဲသည်မှာ ပြည်တွင်း ပြည်ပမှာ
သဘောထားတွေ မျိုးစုံပေါ်ပေါက်လာတယ်။ အဲသည်မှာ အင်န်အယ်ဒီပါတီက ထူးခြားတဲ့ ထုတ်ဖော်ပြောဆိုမှု
မလုပ်နိုင်ဘူး။ ဒေါ်စုကိုယ်တိုင်ကလည်း အင်န်အယ်ဒီပါတီကနေပြီး တဆင့် ထုတ်ဖော်ပြောဆိုမှုတွေ
လုပ်နေတာထက် တကိုယ်တော်နိုင်ငံရေးအလုပ်တွေ၊ ထုတ်ဖော်ပြောဆိုမှုတွေ လုပ်လာတယ်လို့ ထင်တယ်။
ဥပမာ - ကုလကိုယ်စားလှယ် ဂမ်ဘာရီကနေတဆင့် စာရေးသားပြီး ခုနင်ကပြောသလို ပြည်သူတွေ၊
တိုင်းရင်းသားတွေကသာ လက်ခံတယ်ဆိုရင် ကျမက ဆောင်ရွက်ပါ့မယ် ဆိုတာမျိုး ပြောလာတာ။ ခြံရှေ့က
တံခါးထိပ်မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းကောက်နုတ်ချက်တွေ ချိတ်ဆွဲထားတာတွေ။
ဟုတ်ကဲ့။ အဲသည်အချိန်တုန်းက ပြည်တွင်းက တယောက်တလက်နိုင်ငံရေး အင်အားစုတွေကြားမှာ မဲပေးရေး၊
မပေးရေး လှုပ်ရှားမှုတွေ၊ ဆွေးနွေးချက်တွေ ပေါ်လာတယ်။ ကိုဇာဂနာကလည်း အဲသည်တုန်းက အပြင်မှာ
PDF created with pdfFactory trial version www.pdffactory.com
- 10. ရှိနေသေးတယ်။ တချို့က ကန့်ကွက်မဲပေးမယ်။ တချို့က မဲမပေးဘူး။ ဒါမျိုး ကွဲလွဲကြတယ် မဟုတ်လား ဆရာ။
ပြည်တွင်းမှာ ကန့်ကွက်မဲပေးဖို့ လှုပ်ရှားကြတယ် ထင်တယ်။ Vote No လှုပ်ရှားမှု …
ဟုတ်ပါတယ်။ ဒေါ်စုက ကန့်ကွက်မဲပေးမယ်လို့ ပြောတယ်ဆိုပြီး သတင်းထွက်လာတယ်။ ၂၀၀၈
အခြေခံဥပဒေဆိုတာက အမျိုးသားညီလာခံကနေ ပြည်သူတွေဆန္ဒမပါဘဲ စစ်အာဏာရှင်အလိုကျ ရေးဆွဲတာ
ဖြစ်တဲ့အတွက် သူ့အနေနဲ့ ကန့်ကွက်မဲ ထည့်မယ်။ Vote No လို့ ပြောတယ် ဆိုပြီး သတင်းဖြစ်တယ်။ အပြင်မှာ
အခု ၂၀၁၀ ရွေးကောက်ပွဲကို လက်ခံသင့် မခံသင့် အင်န်အယ်ဒီက ဆုံးဖြတ်ချိန် ဒေါ်စုက
ဗူးသီးကြီးပေးလိုက်တယ် ဆိုသလိုမျိုး ဟိုးလေးတကျော် မဖြစ်ခဲ့ဘူး။ အဲသည်တုန်းကလည်း တယောက်တလက်
နိုင်ငံရေးလှုပ်ရှားမှုပဲ။ ဒေါ်စုကိုယ်တိုင်ကလည်း သူတဦးတည်း သဘောအဖြစ် ကန့်ကွက်မဲပေးတယ်လို့ ပဲ
လူတွေက နားလည်တယ်။ အားလုံးကို လုပ်ခိုင်းတယ်လို့ သိပ်မမြင်ခဲ့ကြဘူး ထင်ပါတယ်။
ဟုတ်ကဲ့။ အဲသည်တုန်းက ပြန်ကြည့်မယ်ဆိုရင် ၂၀၀၇ မှ သံဃာအရေးအခင်းဖြစ်တယ်။ ဒေါ်စုကို စစ်အစိုးရက
ဟန်ပြ ပွဲထုတ်တယ်။ ၂၀၀၈ အခြေခံဥပဒေ ပြဋ္ဌာန်းမယ်ဆိုပြီးတော့ သူတို့စိတ်ကြိုက် ရှေ့တိုးလာတယ်လို့ ပြောရင်
ရမှာလား။ အဲသည်အချိန်မှာတုန်းက တချို့က ပြောတာကတော့ ၂၀၀၇ သံဃာ့အရေးအခင်းအကြောင်းပြုပြီး
၂၀၀၈ အခြေခံဥပဒေ အတည်ပြုခွင့်ရသွားတယ်။ စစ်အစိုးရဖက်က နိုင်ငံရေး လုပ်ငန်းစဉ်တွေ ပိုမို
လျင်မြန်လာတယ် ဆိုပြီး အကောင်းမြင်ကြတဲ့ သူတွေလည်း ရှိလာတယ် မဟုတ်လား။
ဟုတ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က သူ့ရှေ့နေတွေဖြစ်တဲ့ ဦးဉာဏ်ဝင်းတို့၊ ဦးကြည်ဝင်းတို့နဲ့
တွေ့ဆုံဆွေးနွေးခွင့်တွေ ရပါတယ်။ ဒါပေမယ့် သူတို့တွေက အင်န်အယ်ဒီခေါင်းဆောင်ပိုင်းတွေက မဟုတ်တော့
ပြည်သူတွေ သိရှိနိုင်တဲ့ သတင်းစကားတွေကို ထုတ်ပြန်နိုင်ဖို့က အရမ်းမဖြစ်နိုင်ဘူး ထင်တယ်လေ။
ဘာပဲပြောပြော ၂၀၀၈ မှာ အခြေခံဥပဒေအတည်ပြုဖို့ ဆန္ဒခံယူပွဲ ကျင်းပလိုက်တယ်။ အဲသည်မှာလည်းပဲ
နာဂစ်မုန်တိုင်းကြီး ကျတယ်။ ပြည်သူတွေကလည်း လက်ရှိသူတို့ရှိနေတဲ့ အနေအထားအတိုင်း
တယောက်တလက်၊ ကိုယ်ထူကိုယ်ထ လူမှုရေးလုပ်ငန်းတွေနဲ့ ဒုက္ခသည်တွေကို ကူညီဖို့ ကြိုးစားတယ်။
အဲသည်မှာ လူတွေရဲ့ ကြားထဲမှာ ထင်ရှားတာက ကိုကျော်သူတို့၊ ကိုဇာဂနာတို့ရဲ့ ဦးဆောင်တဲ့
လူမှုကယ်ဆယ်ရေး လုပ်ငန်းတွေ၊ ဒေသအလိုက် နယ်ပယ်အလိုက် ဆရာတော်တွေ
ဦးဆောင်မှုတွေနောက်လိုက်ပြီး လှုပ်ရှားကြတယ်လို့ ထင်ပါတယ်။
ဟုတ်ကဲ့။ အဲသည်မှာ ဖြည့်ပြီးပြောချင်တာတခုက ဒေါ်စုနဲ့ ၂၀၀၇ နှောင်းပိုင်းမှာ စစ်အစိုးရက ခေါ်ယူတွေ့ဆုံဖို့
ဆောင်ရွက်ခဲ့သလိုပဲ ကိုဇာဂနာကိုလည်း စစ်အစိုးရက ခေါ်ယူတွေ့ဆုံတာတွေ ရှိပါတယ်။
ကိုဇာဂနာကိုယ်တိုင်ကလည်း တွေ့ဆုံဆွေးနွေးမှုတွေရဲ့ ဖြစ်ထွန်းမှုတွေကို ထုတ်မပြောခဲ့ဘူး။ ဒေါ်စုနဲ့တောင်
ကိုဇာဂနာကိုယ်တိုင် စစ်အစိုးရတွေရဲ့ တွေ့ဆုံမှုတခုမှာ အ၀င်အထွက် တွေ့ခဲ့ကြသေးတယ်လို့ ပြောတယ်။
ကိုဇာဂနာကို ဒေါ်စုက အမှာစကားတခုပြောခဲ့တဲ့နေရာမှာ ကိုဇာဂနာက အမျိုးသားရေးကို လုပ်ကိုင်လာတဲ့ဆီမှာ
ပြည်သူတွေရဲ့ အသံနဲ့ ခံစားချက်ကို ကိုယ်စားပြုသူတဦးအဖြစ် ရပ်တည်သွားပါလို့ မှာသွားခဲ့တယ်လို့ ကျနော်တို့
ကြားသိခဲ့ရပါတယ်။ သို့သော်လည်း ကိုဇာဂနာနဲ့ စစ်အစိုးရလူတွေ ဘယ်လိုပဲ အ၀င်အထွက် ရှိရှိ နောက်ဆုံးမှာ
နာဂစ်အရေးအခင်းနဲ့ ပတ်သက်ပြီး ကိုဇာဂနာက စစ်အစိုးရကို ဝေဖန်ပြစ်တင်တာတွေ လုပ်လာလို့ဆိုပြီးတော့
ကိုဇာဂနာကို ထောင်ဒဏ် အနှစ် ၆၀ ကျော်ချပြီး အရေးယူပစ်လိုက်တယ် မဟုတ်လား ဆရာ။
ဟုတ်ပါတယ်။ ဗိုလ်သန်းရွှေက ဒေါ်စုဟာ စီးပွားရေးပိတ်ဆို့မှုတွေ၊ ထိပ်တိုက်ရင်ဆိုင်ရေးတွေကို စွန့်လွှတ်မယ့်သူ
မဟုတ်ဘူး၊ ဒါကြောင့် တွေ့ဆုံဆွေးနွေးခြင်း မဖြစ်မြောက်ဘူး။ ဒီလိုအချက်တွေကြောင့် စစ်အစိုးရအနေနဲ့
တိုင်းပြည်ကြီး ပြည်ထောင်စုကြီးရဲ့ အကျိုးစီးပွားအတွက်က ၂၀၀၈ အခြေခံဥပဒေကို ၀ိုင်းပြီး
PDF created with pdfFactory trial version www.pdffactory.com
- 11. အတည်ပြုကြပြီးတော့ စည်းကမ်းရှိတဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်ကြဖို့ ဆိုပြီးတော့
ခြေလှမ်းလိုက်တာ ဖြစ်တယ်။ ဒေါ်စုတို့ အင်န်အယ်ဒီတို့ရဲ့ အခမ်းကဏ္ဍကို ဖယ်ရှားလိုက်သလိုမျိုးတောင် ပြောချင်
ရတယ်။ နာဂစ်မုန်တိုင်းဖြစ်လာတာက သူတို့အတွက် တဖက်က နိုင်ငံတကာမှာ အရှက်ရတာတွေ ရှိသော်လည်းပဲ
သူတို့အတည်ပြုချင်တဲ့ ၂၀၀၈ အခြေခံဥပဒေကို အတည်ပြုနိုင်ခဲ့တယ်။ ပြည်တွင်း ပြည်ပက
မဲဆန္ဒခံယူတာတွေဟာ မှန်ကန်မှုမရှိဘူးလို့ ပြောတဲ့ကြားကပဲ အတည်ပြုခဲ့တာ ဖြစ်တယ်။
ဟုတ်ကဲ့ပါဆရာ။ ဒါပေမယ့် နာဂစ်အရေးအခင်းအလွန်မှာ ဒေါ်စုကိုယ်တိုင်ကလည်း ကုလကိုယ်စားလှယ်တွေနဲ့
တွေ့ဆုံနေတာတွေကို ၂၀၀၈ သြဂုတ်လမှာ ငြင်းပယ်လိုက်တယ်။ ၂၀၀၈ အခြေခံဥပဒေအရ ရွေးကောက်ပွဲ
ကျင်းပတော့မယ့် အလားအလာက ပြည်တွင်းမှာ ပေါ်လာတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့
နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍကလည်းပဲ ပြည်သူတွေက မည်သို့ပင် မျှော်လင့်နေစေကာမူ စစ်အစိုးရဘက်က
အရေးယူပိတ်ဆို့မှုတွေကြောင့် ပြန်လည် မှေးမှိန်သွားတယ်လို့ ပြောရင် ရမယ်ထင်ပါတယ် ဆရာ။
ပြည်သူတွေထဲက တယောက်တလက်၊ ကိုယ်ထူကိုယ်ထနိုင်ငံရေးလှုပ်ရှားမှုတွေကိုယ်တိုင်လည်း စစ်အစိုးရရဲ့
စိန်ခေါ်မှု၊ ကန့်သတ်မှုတွေကြောင့် အေးစက်မှုတွေ ပြန်ဖြစ်လာတယ်လို့ ပြောရမလားပဲ။
ဟုတ်တယ်။ ဒါပေမယ့် ၂၀၀၈ စက်တင်ဘာမှာ ထောင်ဒဏ်အနှစ် ၂၀ နီးပါးကျခံနေရတဲ့ ဦးဝင်းတင် ပြန်လည်
လွတ်မြောက်လာတယ်။ အဲသည်မှာ မြန်မာပြည်သူတွေ မျှော်လင့်နေသလိုပဲ ဆရာဦးဝင်းတင်ကိုယ်တိုင်က
မီဒီယာတွေက တဆင့် သူ့သဘောထားတွေ အတွေ့အကြုံတွေကို ပွင့်ပွင့်လင်းလင်း ပြောလာတယ်။
အင်န်အယ်ဒီနဲ့တကွ နိုင်ငံရေး၊ စာပေစာနယ်ဇင်း အသိုင်းအ၀ိုင်းကြားမှာ သွားလာ လှုပ်ရှားပြီးတော့ ပြန်လည်
နိုးထမှုတွေ ဖြစ်ပေါ်လာစေတယ်လို့ ပြောရင် ရမယ် ထင်ပါတယ်။ ဦးဝင်းတင် လွတ်မြောက်လာတဲ့အခါ
အလုပ်လမ်းညွှန်တွေ၊ တွေးခေါ်မှုတွေ၊ လုပ်ငန်းစဉ်တွေ ပေးလာတယ် လို့ မြင်ပါတယ်။ ဒါကြောင့် ၂၀၀၈
အခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲ အလားအလာကို ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ ဆရာဦးဝင်းတင်တို့က
၂၀၀၉ ဧပြီမှာ ရွှေဂုံတိုင်ကြေငြာစာတမ်း ထုတ်ပြန်လိုက်တယ်လေ။ အခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့၊ ဒေါ်စုနဲ့ တကွ
နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့၊ တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ကိုင်ဖို့ ဆိုတာတွေ ထုတ်ဖော်ပြောဆိုတဲ့
ရပ်တည်ချက်တွေလေ။
ဟုတ်ကဲ့ပါ ဆရာ။ ၂၀၀၉ မေမှာ ဒေါ်စုကို နိုင်ငံခြားသား ယက်တော နေအိမ်ထဲ ၀င်ရောက်တာနဲ့ စစ်အစိုးရက
အင်းစိန်ထောင်ကို ဖမ်းဆီးအရေးယူခဲ့တယ်။ ဦးဝင်းတင်နဲ့ အယ်န်အယ်ဒီပါတီဝင်တွေက အင်းစိန်ထောင်ရှေ့မှာ
လူထုဆန္ဒကို ထုတ်ဖော်ပြသဖို့ ကြိုးစားတယ်။ ဒေါ်စုကိုယ်တိုင်ကလည်း ပါတီက ဥပဒေပညာရှင်တွေနဲ့
တွဲပြီးတော့ စစ်အစိုးရကို တရားဥပဒေကြောင်းထဲက ရင်ဆိုင်ဖို့ ကြိုးစားခဲ့တယ်။ ဒါတွေဟာ ၂၀၀၉ ရဲ့
ထင်ရှားမှုတွေပဲ။ နိုင်ငံတကာနဲ့ ပြည်တွင်းက သဘောထားတွေ၊ လှုပ်ရှားမှုတွေက ဒေါ်စုရဲ့ အမှုကိစ္စမှာ
တသားတည်း၊ တသံတည်း ရပ်တည်မှုတွေက ထင်ရှားနေတာကြောင့် နောက်တော့ ဒေါ်စုကို အကျယ်ချုပ် ၁၈
လ ချမှတ်ပြီး အရေးယူလိုက်တယ် မဟုတ်လား ဆရာ။ ဒီအကျယ်ချုပ် ချမှတ်မှုဟာ စစ်အစိုးကျင်းပလိုတဲ့
ရွေးကောက်ပွဲအတွက် ဒေါ်စုနဲ့ အင်န်အယ်ဒီရဲ့ အခမ်းကဏ္ဍကို ကြိုတင်ကန့်သတ်မှုတခု မဟုတ်လားဆရာ။
အဲသလို ပြောမယ်ဆိုရင် ပြောလို့ ရမယ် ထင်ပါတယ်။ အဲသည်နောက်မှာ ၂၀၁၀ နှစ်ဆန်းမှာ ရွေးကောက်ပွဲ
ကျင်းပတော့မယ်လို့ စစ်အစိုးရ ကြေညာလိုက်တာတွေ၊ အင်န်အယ်ဒီထဲကနေ တချို့က ပဲ့ထွက်လာပြီးတော့
ရွေးကောက်ပွဲ ၀င်လာကြတာတွေ့၊ ဒါတွေကို ဒေါ်စုကော၊ အင်န်အယ်ဒီပါတီဝင်တွေကော၊ ဦးဝင်းတင်တို့၊
ဦးတင်ဦးတို့တွေက ဘယ်လို ရင်ဆိုင်ခဲ့ကြတယ် ဆိုတာကတော့ ခင်ဗျားတို့ရဲ့ အင်တာဗျူးတွေမှာ
ဆရာဦးဝင်းတင်က အသေးစိတ်ပြောခဲ့ပြီပဲလေ။ အခုလက်ငင်းအခြေအနေတွေကိုလည်း စာဖတ်ပရိသတ်က
သိနေပြီ ဖြစ်မှတော့ ဒါကို ဒီမှာပဲ တခန်းရပ်လိုက်ရင် ကောင်းမယ် ထင်ပါတယ်။
PDF created with pdfFactory trial version www.pdffactory.com
- 12. ဟုတ်ကဲ့ပါဆရာ။ အခုအချိန်မှာတော့ဖြင့် စစ်အစိုးရနဲ့ အပေါင်းအပါတွေက ၂၀၀၈ အခြေခံဥပဒေတွေ၊ ၂၀၁၀
ရွေးကောက်ပွဲတွေနဲ့ စစ်အာဏာရှင်အလိုကျ ပြည်ထောင်စုကြီး ထူထောင်ဖို့ အရေးကနေပြီး အခုအချိန်မှာ
ဒေါ်စုနဲ့ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားတွေ၊ နိုင်ငံရေး အင်အားစုတွေရဲ့ နိုင်ငံရေးပေါင်းစည်းမှုနဲ့
ဖယ်ဒရယ်ပြည်ထောင်စုထူထောင်နိုင်ဖို့အရေးက ပြန်လည်နိုးထလာပြီလို့ ပြောရင်းနဲ့ တခန်းရပ်လိုက်ပါမယ်
ဆရာရေ။
အစားထိုး ဖတ်ရန်
ရဆကသအ ကို “ဓ”
ဥက္ကဋ္ဌ ကို “ဥက္ကဋ္ဌ”
ဒုတိယပင်လုံအတွက် စီအာပီပီ အစည်းဝေြးုပလုပ်
နန်းခမ်းကယောက် ၂၆ နိုဝင်ဘာ ၂ဝ၁ဝ - DVB
ပြည်သူ့လွတ်တော်ကိုယ်စာြးုပကော်မီတီ စီအာပီပီ ဒီကနေ့ အစည်းဝေးကျင်းပတဲ့အကြောင်းတင်ပြလိုပါတယ်။
အန်အယ်လ်ဒီရုံးမှာ ကျင်းပတဲ့အဲဒီအစည်းဝေးကို စီအာပီပီ အဖွဲ့ဝင်တွေဖြစ် တဲ့ ဦးတင်ဦး၊
ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးညွန့် ဝေနဲ့ တိုင်းရင်းသားတွေ ဘက်က
ဦးအေးသာအောင်၊ ပုကျင်းရှင်းထန်၊ ဦးထောင်ကို ထန်၊ နိုင်ထွန်းသိန်း။ ဦးသိန်းဖေနဲ့
ဦးစိုးဝင်းတို့တက်ရောက်ခဲ့တယ်တို့သိရပါတယ်။
ဆွေးနွေးတဲ့ အရဆကသအိးကအကြောင်းရာကတော့ ဒုတိယပင်လုံညီလာခံခေါ်ရေး ဖြစ်တယ်တို့
အဖွဲ့ရဲ့အတွင်းရေးမှူး ဦးအေးသာအောင်က အခုလို စတင်ပြောပြထား ပါတယ်။
“အရဆကသအိးက အကြောင်းအရာကတော့ အန်အယ်ဒီ ဆက်လက်ပြီးတော့ ရပ် တည်နိုင်ဖို့ ကိစ္စကို
ဆွေးနွေးပါတယ်။ နောက်အရဆကသအိးက အရေးကြီးတဲ့ တချက်ကတော့ ဒုတိယပင်လုံညီလာခံ ခေါ်ယူရေးနဲ့
ပတ်သက်ပြီးတော့ ဆွေးနွေးကြပါတယ်။”
နန်းခမ်းကယောက်။ ။ ဒုတိယပင်လုံညီလာခံခေါ်ယူရေး ကိစ္စမှာ မနေ့က ဦးသုဝေ တို့တောင်း ဆိုချက်ကတော့
ဒုတိယနေရာမှာ ထားဖို့ပေါ့လေ၊ အဲဒီအပေါ်မှာကော ဦးအေးသာအောင်အနေနဲ့ ဘယ်လိုမျိုး ပြောချင်လဲရှင့်။
“ဟုတ်ကဲ့ æ ဒါကိုလည်း ထည့်ဆွေးနွေးကြပါတယ်။ ဆွေးနွေးတဲ့အခါမှာ ဒီနေ့က ဒါဟာ အရေးကြီးတဲ့
အရဆကသအိးက လုပ်ဆောင်ရမယ့် အခြေအနေမှာ ရှိနေပါ တယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံက
လွတ်လပ်ရေးရတာ၊ အနှစ် ၆ဝ ကျော် ပြီ၊ ပြည်တွင်းစစ်က အခုထက်ထိ မငြိမ်းသေးဘူး၊ ပြီးတော့
ပြည်တွင်းစစ်က ကျယ် ပြန့်လာမယ့် အရိပ်လက္ခဏာတွေလည်း တွေ့နေ ရတယ်၊ ဒီကေဘီအေနဲ့ တပ်တွေ နဲ့
တိုက်ပွဲတွေ ဖြစ်တာ၊ နောက်ထပ်ကေအိုင်အို၊ ယူဒဘလျူ အက်စ်အေ၊ မွန်ပြည် သစ် အက်အက်စ်အေတပ်မဟာ
ဒီအဖွဲ့အစည်းများနဲ့လည်း တင်းမာနေ ပြီးတော့ အခုရွေးကောက်ပွဲ အပြီးမှာ ဆက်လက်ပြီး ဖြစ်လာနိုင်တယ်။
ပြည်တွင်းစစ်က ကျယ် ပြန့်လာနိုင်တဲ့ အနေအထားမို့လို့ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိပါတယ်။
PDF created with pdfFactory trial version www.pdffactory.com
- 13. “ဒီလိုဖြစ်ရတဲ့ အကြောင်းက နှစ် ၆ဝ ကျော်အတွင်းမှာ တိုင်းရင်းသား စည်း လုံးညီညွတ် ရေးကို
ေºကွးကြော်ခဲ့ပေမယ့် တကယ့် စစ်မှန်တဲ့ စည်းလုံးညီညွတ်ရေး ကို မတည်ဆောက်နိုင်ခဲ့ဘူး၊
ဒါဘာကြောင့်လည်းဆိုရင် တိုင်းရင်းသားများရဲ့ အခွင့် အရေးကို မဖော်ဆောင်နိုင်ခဲ့လို့ ဖြစ်တယ်၊ ဒါကြောင့်မို့လို့
တကယ့်စစ်မှန်တဲ့ အမျိုး သားပြန်လည် သင့်မြတ်ရေးရှိမှလည်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို တည်
ဆောက်မယ်ဆိုရင် အမျိုးသားပြန်လည်သင့်မြတ်ရေးကို မဖြစ်မနေလုပ်ကြရမယ်၊ အဲလိုလုပ်ဖို့ဆိုရင် ပင်လုံကို
ပင်လုံစိတ်ရဆကသအါးတ် ပြည်ထောင်စု စိတ်ရဆကသအားတ်နဲ့ ဒုတိယ ပင်လုံညီလာခံကို ခေါ်ပြီးတော့
အားလုံး ဝိုင်းဝန်းဆွေးနွေးကြမှသာလျှင် တကယ့် စစ် မှန်တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို
တည်ဆောက်နိုင်မယ်၊ ဒါမှသာလျှင် ဒီမိုကရေစီနိုင်ငံခောတ်မှီ တိုးတက်တဲ့ နိုင်ငံကို တည်ဆောက်နိုင်မယ်လို့
ယုံကြည်တဲ့ အတွက် ဒုတိယ ပင်လုံညီလာခံကို ဦးစားပေး ခေါ်ယူနိုင်ဖို့ ဆွေးနွေးဆုံးဖြတ်ကြတာ ဖြစ်တယ်။”
နန်းခမ်းကယောက်။ ။ နောက်အခု အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ဘယ်လိုနည်းနဲ့ သွားနိုင်မလဲရှင့်။
စစ်အစိုးရ ဘက်ကကော ဒီကိစ္စကို လက်ခံမယ့် သဘောရှိလားရှင့်၊ တွေ့ဆုံချင်တဲ့ သဘောရှိမလားရှင့်။ “ဟုတ်ကဲ့
အရဆကသအိးကတော့ တပ်မတော် အင်အားစု အပါအဝင် တိုင်းရင်းသား များသာ ဒီမိုကရေစီအင်အားစုများပါ၊
အားလုံးဝိုင်းဆွေးနွေးမယ်ဆိုရင် အမျိုးသား ညီညွတ်ရေးကိုရမယ်။ ဒါပေမယ့် လက်ရှိအခြေအနေမှာ ထိအောင်
တပ်မတော် အင် အားစုဘက်က ပါလာနိုင်တဲ့ အနေအထားမျိုး မတွေ့ရသေးဘူး၊ ဒါပေမယ့် ကျနော် တို့
ဒီအင်အားစုတွေ ပါလာအောင် ကျနော်တို့ ကြိုးပမ်းမယ်၊ မပါလာသေးဘူးဆိုရင် လည်း ကျန်တဲ့ အင်အားစုတွေနဲ့
ဒုတိယပင်လုံ ညီလာခံကို ကျင်းပမယ်။”
ဒီနေ့ကျင်းပတဲ့ အစည်းဝေးနဲ့ပတ်သက်ပြီး ဦးအေးသာအောင်နဲ့ မေးမြန်း ချက်ဖြစ်ပါ တယ်။
ကုလသမဂ္ဂကိုယ်စားလှယ် ရန်ကုန်òမိ့သို့ရောက်လာမည်
(ဦးဝင်းတင်နှင့်မေးမြန်းခန်း)
ထက်အောင်ကျော် ၂၆ နိုဝင်ဘာ ၂ဝ၁ဝ - DVB
ရန်ကုန်òမိ့ဆီရောက်လာမယ့် ကုလအထူးကိုယ်စားလှယ် မစ္စတာနမ်ဘီယာ နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့
ဘယ်လိုတွေ့ဆုံမလဲ၊ ဘာတွေ ဆွေးနွေးမလဲဆိုတာနဲ့ ပတ်သက်ပြီး သိနိုင်ဖို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ထိပ်တန်းခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင် ကို မေးမြန်းထားပါတယ်။
“ဟုတ်တယ်၊ မနက်ဖြန်ကို ရောက်မယ်၊ မစ္စတာ နမ်ဘီယာ က မနက်ဖြန်ရောက်မယ်။ ရောက်ပြီးတော့
ညနေသုံးနာရီမှာ ဒေါ်စုအိမ်မှာ အန်အယ်လ်ဒီ စီအီးစီတွေနဲ့ တွေ့မယ်၊ အဲဒါပြီးရင်
တိုင်းရင်းသားကိုယ်စားလှယ်များနဲ့လည်း တွေ့မယ်။”
ထက်အောင်ကျော်။ ။ ဆရာတို့ ဘာတွေပြောမယ်လို့ စိတ်ကူးထားလည်းခင်ဗျ၊
“ကျနော်တို့ကတော့ အခုထက်ထိတော့ တရားဝင် သတင်းရတာမဟုတ်ဘူး၊ ဒေါ်စုစီကို
သံတမန်တဦးကနေပြီးတော့ အကြောင်းကြားတယ်ဆိုပြီး သိရတာ၊ ဘယ်လိုဘဲ ဖြစ်ဖြစ် ကျနော်တို့ က
ဒီဟာကတော့ မစ္စတာ နမ်ဘီယာတို့က မြန်မာပြည်အရေးနဲ့ ပတ်သက်ပြီးတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့
အထူးကိုယ်စားလှယ်လည်းဖြစ်တယ်။ မြန်မာပြည်ဆိုင်ရာ အထူးတာဝန် ပေးထားတဲ့ ပုဂ္ဂိုလ်လည်း
ဖြစ်တဲ့အခါကျတော့ မြန်မာပြည်ရောက်လာရင်တော့ မြန်မာပြည်အရေး တွေနဲ့ ပတ်သက်ပြီးတော့
ဆွေးနွေးရမှာပေါ့၊ အဲဒီထဲမှာ အရဆကသအိးကထားဆွေးနွေးရမှာကတော့ အမျိုး သားပြန်လည် သင့်မြတ်ရေး၊
PDF created with pdfFactory trial version www.pdffactory.com
- 14. ကိစ္စတွေနဲ့ပတ်သက်လို့ ဆွေးနွေးပွဲတွေ ဖြစ်လာအောင် ဒီ စစ်အစိုး ရနဲ့ နှစ်ဖက်ညိ‡နှိုင်းမှုတွေ ဖြစ်လာအောင်
ဒါတွေ ကျနော်တို့ လုပ်ရမှာပေါ့၊
နောက်တခုကတော့ ကျနော်တို့ ပြောချင်တဲ့ ကိစ္စက၊ နိုင်ငံရေး အကျဉ်းသားတွေ ၂,ဝဝဝ ကျော်၊ ပြည်တွင်းမှာ
ရှိတဲ့ ဒီနေ့အခြေအနေတွေလည်း လွတ်မြောက်မယ့်လမ်း မပေါ်တဲ့အပြင်ကို နိုင်ငံရေးအကျဉ်းသားတွေကို
ထပ်မံပြီးတော့ ဖမ်းဆီးနေတယ်၊ ထပ်မံထောင်ချနေတယ်၊ ထပ်မံပြီးတော့ ထောင်တွေ ရွှေ့ပြောင်း နေတယ်၊
ဆိုတဲ့ကိစ္စတွေကို ပြောရမှာပေါ့၊
နောက်တခုကတော့ နယ်စပ်ဒေသတွေမှာ ဒီနေ့အထိ မငြိမ်းချမ်းနိုင်ဘူး ဖြစ်နေတဲ့ကိစ္စတွေ နောက်ပြီးတော့
စစ်ပြေးဒုက္ခတွေ အများကြီး ကြုံတွေ့နေရတဲ့ ကိစ္စတွေ နောက်ပြီးတော့ တိုင်းရင်းသားတွေနဲ့
အစိုးရတပ်တွေကြားမှာ အတိုက်အခိုက်တွေ ပိုများ ပြားလာတဲ့အတွက် ပြည်တွင်းစစ်မီးတွေက
နောက်ထပ်တောက်လောင်မယ့် အနေအထားတွေ ကျယ်ပြန့်လာမယ့် အနေအထားတွေ ရှိလာမယ်၊
အဲဒီကိစ္စတွေ အရဆကသအိးကထား ဆွေးနွေးရမယ်၊ တဆက်တည်းကတော့ လူ့အခွင့်အရေးကိစ္စတို့
နောက်တခါ အန်အယ်ဒီ ပါတီအပါအဝင် တိုင်းရင်း သားပါတီများစွာက တရားဝင်ရပ်တည်ခွင့် မရှိအောင်
ပိတ်ပင်ထားတဲ့ သဘောပေါ့၊ အဲဒါတွေကို ဆွေးနွေးဖြစ်မယ်။”
ထက်အောင်ကျော်။ ။ ကျနော်မေးချင်တာ အရင်က ရာဇလီ၊ ဂမ်ဘာရီတို့ လာခဲ့တယ်၊ ရာဇလီ ခောတ်မှာတော့
ဆွေးနွေးပွဲ ဖြစ်ပြီးတော့ နောက်ပိုင်း ပြန်ပျက်သွားတာပေါ့လေ၊ အခု အသစ်တ ယောက်ထပ် လာတော့ကော
ဆွေးနွေးပွဲတွေ ထပ်ဖြစ်လာမလား၊ ဘယ်လောက်ထိ မျှော်လင့်ချက် ရှိလည်းအန် ကယ်။
“အဲဒါကတော့ ကျနော်တို့က ပြောလို့မရဘူး၊ ဒီလိုလေ၊ ဟိုတုန်းက ဆွေးနွေးပွဲတွေ မဖြစ် တာဆိုတာကလည်း
စစ်အစိုးရ အပေါ်မှာလည်း အများကြီး မူတည်တယ်၊ ဘာလို့လည်းဆိုတော့ သူတို့ကလည်း ဒီနိုင်ငံတကာကနေ
လာပြီးတော့ စေ့စပ်ပြီးတော့ ကြားဝင်ပေးတယ်၊ ဆောင်ရွက် ပေးတယ်ဆိုတာ သူ့မှာလည်း အတိုင်းအတာတခုထိ
အကန့်အသတ်တော့ ရှိမယ်ထင်တယ်၊ အဲတော့ စစ်အစိုးရဘက်က ဘယ်လောက်လိုက်လျောမလည်း ဆိုတာ
တည်ပြီးတော့ ဂမ်ဘာရီတို့ မစ္စတာ ရာဇလီတို့ရဲ့ လုပ်ငန်းတွေက ပျက်ပြယ်ခဲ့တယ်၊ ဆုတ်ယုတ်ခဲ့တယ်၊ သို့မဟုတ်
ကျဆုံးခဲ့ တယ်ဆိုတဲ့ အနေအထားတွေ ရှိခဲ့တာကို၊ အခု နမ်ဘီယာရောက်လာတဲ့ အခါမှာလည်း ဒီအတိုင်း ဘဲ
စစ်အစိုးရက အမျိုးသား ပြန်လည်သင့်မြတ်ရေးကိစ္စ၊ လူ့အခွင့်အရေး ကိစ္စ၊ င်္ဒီမိုကရေစီရေး ကိစ္စတွေမှာ
အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုတဲ့ ကိစ္စတွေ အပေါ်မှာ ဘယ်လောက်ထိ စေတနာထားပြီးတော့
ဆောင်ရွက်မလည်း၊ ဘယ်လောက်ထိ တိုးတက်အောင် လုပ်မလည်းဆိုတဲ့ သဘောထားပေါ်မှာ တည်မှာဘဲလို့
ကျနော်ကမြင်ပါတယ်။”
ထက်အောင်ကျော်။ ။ အခု အခင်းအကျင်းကော ဆရာ ဘယ်လိုမျှော်လင့်လဲ၊ ဆိုလိုတာက အခု
ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီးတော့ အချိန်မှာ ယူအန်ကိုယ်စားလှယ်က လာတယ်၊ တစုံတ ရာများ
အရင်ထက်စာရင် ပိုထူးလာလို့ခင်ဗျာ။
“ထူးတယ်လို့ဘဲ သဘောထားပါတယ်၊ ဘာလို့လည်းဆိုတော့ အမှန်အတိုင်းပြောရင် မစ္စတာ နမ်ဘီယာ
မြန်မာပြည်လာဖို့ ကြိုးစားတာ လွန်ခဲ့တဲ့ လေးငါးလတုန်းထကြ လုပ်ခဲ့ပြီးပြီ၊ မစ္စတာ နမ်ဘီယာက မြန်မာပြည်ထဲ
ဝင်လို့မရလို့ မြန်မာပြည်က ဝင်ခွင့်မပေးလို့ အိမ်နီးချင်း နိုင်ငံတွေ လျှောက်သွားပြီးတော့ ဆွေးနွေးကြတဲ့ ကိစ္စတွေ
PDF created with pdfFactory trial version www.pdffactory.com